လေယာဉ်လက်မှတ်
-
Jul- 2026 -24 Julyသတင်း
မြစ်ကြီးနားမှာ လေယာဉ်လက်မှတ်ဝယ်ရ ပိုခက်ခဲလာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လေယာဉ်လက်မှတ်ဝယ်ယူဖို့ နှစ်လနီးပါးအထိ စောင့်ဆိုင်းနေရတာကြောင့် အရေးပေါ်ခရီးသွားရမယ့် ပြည်သူတွေအခက်အခဲကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မြစ်ကြီးနားကနေ ရန်ကုန်နဲ့ မန္တလေးမြို့တွေကို သွားမယ့်သူတွေအနေနဲ့ တရားဝင်လေကြောင်းလိုင်းတွေရဲ့ ဝက်ဘ်ဆိုက်တွေကနေ လက်မှတ်ဝယ်ယူနိုင်တယ်လို့ ထုတ်ပြန်ထားပေမယ့် လက်တွေ့မှာတော့ ခုံနေရာတွေ အပြည့်ဖြစ်နေပြီး လက်မှတ် ဝယ်ယူဖို့ မလွယ်ကူဘူးလို့ ဆိုပါတယ်။ ဒါကြောင့် လူကိုယ်တိုင် မြစ်ကြီးနားလေဆိပ်မှာ သွားရောက်ဝယ်ယူကြပေမယ့် တစ်နေ့ကို လက်မှတ် နှစ်စောင်၊ သုံးစောင်လောက်သာ ရောင်းချပေးနေပြီး အများစုကတော့ လက်မှတ်မရဘဲ နောက်လတွေအတွက်သာ Booking ယူနိုင်တဲ့အခြေအနေ ဖြစ်နေတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။ “အခု ကျွန်တော် မြစ်ကြီးနားကနေ မန္တလေးကို လက်မှတ်နှစ်စောင်လိုနေတာ။ လက်မှတ်မရနိုင်ဘူး၊ ခုံတွေပြည့်နေတယ်လို့ ပြောတယ်။ နောက်လမှရနိုင်မယ်၊ အဲဒီနောက်လတောင် ၁၀ ရက်၊ ၁၅ ရက်လောက်မှ ရနိုင်မယ်တဲ့။ ဒါပေမယ့် လူနာက အသည်းအသန်ဖြစ်နေပြီ”လို့ဆိုပါတယ်။ ဒီလို လက်မှတ်ဝယ်ယူဖို့ ကြန့်ကြာနေတာကြောင့် အရေးပေါ်အလုပ်ကိစ္စနဲ့ ခရီးသွားရမယ့်သူတွေ၊ ရန်ကုန်နဲ့ မန္တလေးလိုမြို့တွေမှာ အရေးပေါ်ဆေးကုသမှုခံယူရမယ့် လူနာတွေအတွက် အခက်အခဲတွေ ပိုများလာတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ တစ်ဖက်မှာလည်း လေယာဉ်လက်မှတ်မရတဲ့အတွက် ကားလမ်းကနေ သွားလာသူတွေဟာ လမ်းပိတ်တာ၊ ခရီးစဉ်ကြန့်ကြာတာတွေကိုပါ ထပ်မံကြုံတွေ့နေရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “သူငယ်ချင်းတွေက ကားလမ်းနဲ့သွားတာ ၅ ရက်လောက်ကြာသွားတယ်။ နောက်ပြီး လူနာဖျားလို့ သွားကြည့်မယ့်သူတစ်ယောက်လည်း လေယာဉ်လက်မှတ်မရလို့ ကားနဲ့သွားတဲ့အချိန် လမ်းတွေပြန်ပိတ်နေတော့ တော်တော်အခက်အခဲဖြစ်ခဲ့ရတယ်”လို့ ဆိုပါတယ်။ လက်ရှိအခြေအနေမှာ မြစ်ကြီးနားဒေသခံတွေအနေနဲ့ တခြားမြို့တွေကို သွားလာဖို့ သယ်ယူပို့ဆောင်ရေးအခက်အခဲမျိုးစုံကို ကြုံတွေ့နေရပြီး လုံခြုံရေးအခြေအနေကြောင့် ကုန်ကျစရိတ်ပိုများပေမယ့်လည်း လေယာဉ်နဲ့သာ ခရီးသွားဖို့ ရွေးချယ်နေကြရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က စစ်ကောင်စီလက်အောက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ရန်ကုန်–မြစ်ကြီးနား ခရီးစဉ်တွေမှာ သတ်မှတ်ထားတဲ့ လေယာဉ်လက်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချတာတွေ မဖြစ်စေဖို့ ကြပ်မတ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ လေယာဉ်လက်မှတ်ဝယ်ယူရတာ ပိုမိုခက်ခဲလာတဲ့အပြင် ဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြစ်ကြီးနား–မန္တလေး ခရီးစဉ်ဟာ ယခင် ငွေကျပ် ၇ သိန်းဝန်းကျင်ကနေ ၁၄ သိန်းအထိ မြင့်တက်လာသလို မြစ်ကြီးနား–ရန်ကုန် ခရီးစဉ်ကလည်း ၉ သိန်းဝန်းကျင်ကနေ ၁၆ သိန်းအထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်အရ လေယာဉ်လက်မှတ်ဝယ်ယူရတာ အခုလို ပိုမိုခက်ခဲလာတာဟာ ဇူလိုင်လအစပိုင်းကတည်းက စတင်ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း မြစ်ကြီးနားကနေ လေယာဉ်ခရီးစဉ်ကို တစ်နေ့တစ်ကြိမ်သာ ပြေးဆွဲနေတယ်လို့ သိရပါတယ်။ By – Hope
Read More » -
Jun- 2026 -20 Juneသတင်း
အွန်လိုင်းလေယာဉ်လက်မှတ်ဝယ်ယူရာမှ ကျပ်သိန်း ၅၀ နီးပါး အလိမ်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်သူတစ်ဦးကို လေယာဉ်လက်မှတ်ရောင်းတဲ့ Facebook Page တစ်ခုကလေယာဉ်လက်မှတ်အတု လိမ်လည်သွားခဲ့ကြောင်း ကာယကံရှင်ထံမှ သိရပါတယ်။ အလိမ်ခံရသူဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က လိမ်လည်ခံခဲ့ရတာဖြစ်ပြီး Booking တင်ထားတဲ့ စလစ်အတုများပြသကာ ကျပ်သိန်း ၅၀ နီးပါး လိမ်လည်သွားခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ “အွန်လိုင်းကနေဖြတ်တာ သူတို့က Booking တင်ပေးထားတယ်။ နာရီဝက်အတွင်း ပိုက်ဆံလွှဲရမယ်လို့ ပြောတယ်။ ကျွန်တော်တို့က ပိုက်ဆံလွှဲလိုက်တယ်။ သူတို့က Booking တင်ထားတဲ့ စလစ်ပြန်ပို့ပေးတယ်” လို့ ဆိုပါတယ်။ ဒါပေမယ့် မသင်္ကာတာကြောင့် တရားဝင် Website တွေမှာ ပြန်လည်စစ်ဆေးကြည့်ရာ လေယာဉ်လက်မှတ်ဖြတ်ထားတဲ့ ရက်၊ လေယာဉ်ထွက်မယ့်ရက် မကိုက်ညီတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနောက် တစ်ခြားလေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်များနှင့် မြစ်ကြီးနားလေဆိပ်မှာ ပြန်လည်စစ်ဆေး အတည်ပြုကြည့်ရာ လေယာဉ်လက်မှတ်များမှာ အတုဖြစ်နေကြောင်း သိရပါတယ်။ လိမ်လည်သွားတဲ့ Facebook Page မှာ Follower 22K ကျော်ရှိပြီး “Air Ticket ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်အရောင်းဌာန” အဖြစ် ဖော်ပြထားကြောင်း သိရပါတယ်။ အလိမ်ခံလိုက်ရတဲ့ ငွေပမာဏမှာ လေယာဉ်လက်မှတ် ၆ စောင်ဖိုး ကျပ် ၄,၈၃၂,၀၀၀ ဖြစ်ပြီး KPay Account အမည် U Nay Thura Lin၊ KPay ဖုန်းနံပါတ် 09766726649 မှာ လွှဲပေးလိုက်ရတာဖြစ်တယ်လို့ ပြောပါတယ်။ “လေယာဉ်လက်မှတ် လိမ်ရောင်းတဲ့ Account တွေ ရှိနေလို့ လိုင်းပေါ်တင်ပေးစေချင်တယ်။ တခြားသူတွေ အဲလိုမခံရအောင်လို့” လို့ KNG ကို ပြောပါတယ်။ အလိမ်ခံရကြောင်း သိရှိပြီးနောက်မှာတော့ အဆိုပါ Facebook Page Account ဟာ ကာယကံရှင်ကို Messenger နဲ့ Viber တို့မှ Block သွားခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းကလည်း လေယာဉ်လက်မှတ် လိမ်လည်ခံခဲ့ရသူ ၅ ဦးအထိ ရှိခဲ့ကြောင်း KNG က စုံစမ်းရရှိထားပါတယ်။…
Read More » -
16 Juneသတင်း
လေယာဉ်လက်မှတ် ဝယ်ရပိုခက်လာ
လေယာဉ်လက်မှတ်တွေကို သတ်မှတ်ဈေးနှုန်းထက် ပိုမရောင်းရန် ထုတ်ပြန်ပြီးနောက် လေယာဉ်လက်မှတ်ဝယ်ယူရ ပိုမိုခက်ခဲလာတယ်လို့ မြစ်ကြီးနားမြို့ခံတွေကနေ သိရပါတယ်။
Read More » -
5 Juneသတင်း
မြစ်ကြီးနားမြို့မှာ လေယာဉ်လက်မှတ် လိမ်လည်ရောင်းချမှုတွေ ရှိနေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လေယာဉ်လက်မှတ် လိမ်လည်ရောင်းချမှုတွေ များလာနေပြီး ခရီးသည်တချို့ အလိမ်ခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
Read More » -
May- 2026 -18 Mayသတင်း
လေယာဉ် လက်မှတ် အခက်အခဲကြောင့် ဆေးကုသမည့် လူနာများ အခက်တွေ့
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့် လူနာတွေအတွက် အခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
Read More » -
5 Mayသတင်း
လေယာဉ်လက်မှတ်ဈေးနှုန်း စစ်ဆေးပေးဖို့ တောင်းဆိုနေ
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် သက်ဆိုင်ရာ လေကြောင်းတာဝန်ရှိသူတွေဘက်က သေချာစစ်ဆေးပေးဖို့ မြစ်ကြီးနားမြို့ခံ ပြည်သူတွေ တောင်းဆိုနေကြပါတယ်။ လက်ရှိမှာ မြစ်ကြီးနား–မန္တလေး၊ မြစ်ကြီးနား–ရန်ကုန် လေယာဉ်လက်မှတ်တစ်စောင်ကို ကျပ် ၁၃ သိန်းကနေ ၁၇ သိန်းလောက်ထိ…
Read More » -
Mar- 2026 -6 Marchသတင်း
မြစ်ကြီးနားလေကြောင်းလိုင်း မတ်လ ၉ ရက်နေ့ဖွင့်မယ်ဆိုတဲ့သတင်း မှန်ကန်မှုမရှိဟုဆို
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ လေဆိပ်လေကြောင်းလိုင်းအားလုံး မတ်လ ၉ ရက်နေ့ကစပြီး ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲတော့မယ်ဆိုတဲ့သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ လေဆိပ်ဝန်ထမ်းတွေပြောပါတယ်။ လက်ရှိ လူမှုကွန်ယက်ပေါ်မှာ လေကြောင်းခရီးစဉ်တွေအားလုံး မတ်လ ၉ ရက်နေ့ကစပြီးပြန်ဖွင့်တော့မယ်ဆိုတဲသတင်းတွေနဲ့အတူ လေယာဉ်လက်မှတ်တွေလည်း ရောင်းချနေတာကို မြင်တွေ့နေရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားလေဆိပ်…
Read More » -
Nov- 2025 -7 Novemberသတင်း
ကားလမ်းပိတ်နေတဲ့အတွက် ပူတာအို – မြစ်ကြီးနားလေယာဉ်လက်မှတ်စျေးထိုးတက်
ကချင်ပြည်နယ်၊ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်နေတဲ့အတွက် လေကြောင်းလိုင်းတွေကြပ်ပြီးလေယာဥ်လက်မှတ်စျေးနှုန်းတွေတဟုန်ထိုးမြင့်တက်သွားကြောင်း လေယာဥ်လက်မှတ်အ ရောင်းဌာနက သိရပါတယ်။ မြစ်ကြီးနား–ပူတာအိုလေယာဥ်လက်မှတ်စျေးနှုန်းပုံမှန်အားဖြင့် ကျပ် ၃၅၀၀၀၀ ( သုံးသိန်းခွဲ)နဲ့ ကျပ် ၄၀၀၀၀၀( လေးသိန်း) ကြားရှိရာကနေ ကားလမ်းပိတ်သွားတဲ့နောက် ကျပ် ၅၀၀၀၀၀(ငါးသိန်း) ကျော်အထိ တက်သွားကြောင်း…
Read More » -
Sep- 2025 -16 Septemberသတင်း
မြစ်ကြီးနား – မန္တလေး – ရန်ကုန် လေယာဥ်လက်မှတ်စျေးနှုန်း အဆမတန်မြင့်တက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကနေ မန္တလေး – ရန်ကုန် လေကြောင်းလိုင်းရဲ့ လေယာဥ်လက်မှတ်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့ လေယာဥ်လက်မှတ်အရောင်းဌာနတွေဆီကနေ သိရပါတယ်။ မြစ်ကြီးနားကနေ မန္တလေး၊ ရန်ကုန်အထိ အတက်အဆင်း လေယာဥ်လက်မှတ်စျေးနှုန်းတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကနေစပြီး စမြင့်တက်လာနေတာဖြစ်တယ်လို့…
Read More » -
Apr- 2025 -9 Aprilသတင်း
မန္တလေး-မြစ်ကြီးနားလေယာဥ်လက်မှတ်စျေးအဆမတန်မြင့်တက်ပြီး ဝယ်ယူရခက်ခဲ
မန္တလေး –မြစ်ကြီးနား လေယာဥ်လက်မှတ်စျေးအဆမတန်မြင့်တက်နေပြီး ဝယ်ယူရလည်းခက်ခဲတယ်လို့ ခရီးသည်တွေပြောပါတယ်။ လက်ရှိ မန္တလေး–မြစ်ကြီးနားကိုပြေးဆွဲနေတဲ့ မြန်မာ့အမျိုးသားလေကြောင်းလိုင်း၊ မန်းရတနာပုံ၊ အေးကမ္ဘောဇလေကြောင်းလိုင်းတွေရဲ့လက်မှတ်ဈေးနှုန်းတွေဟာ ကျပ် ၇ သိန်းဝန်းကျင်အထိစျေးတက်နေတယ်လို့ လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်တစ်ဦးကKNG ကိုပြောပါတယ်။ “မန္တလေးကနေ မြစ်ကြီးနားထိ ၆ သိန်းကျော် ၇ သိန်းဝန်းကျင်ရှိတယ်။…
Read More »