သေဆုံးမှု

  • Sep- 2023 -
    3 September
    သတင်း

    ဖားကန့် မှာ ထရန်စဖော်မာပေါ်က ကေဘယ်ကြိုးတက်ခိုးယူသူ ဓါတ်လိုက်သေဆုံး

    ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စု၊ဆိုင်း‌အောင်ကျေးရွာမှာ အများပြည်သူသုံး လျှပ်စစ်ထရန်စဖော်မာ‌ပေါ်က ကေဘယ်ကြိုးကို တက်ခိုးယူတဲ့အမျိုးသားတစ်ယောက် ဓါတ်လိုက် သေဆုံးခဲ့တယ်လို့ ဆိုင်းအောင် ဒေသခံတွေဆီက သိရပါတယ်။ ဖြစ်စဥ်မှာ စက်တင်ဘာလ ၂ ရက်နေ့ည ကိုးနာရီအချိန်လောက်မှာ လျှပ်စစ်မီးလာနေချိန် ထရန်စဖော်မာပေါ်က ကေဘယ်ကြိုးအား တက်ရောက်ဖြုတ်ယူရာကနေ…

    Read More »
  • Aug- 2023 -
    17 August
    သတင်း

    ရွှေကူနယ် ဇင်းဘုံမှာတိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က ၉ ဦးထက်မနည်းသေဆုံး

    ကချင်ပြည်နယ် ရွှေကူမြို့နယ်အထက် ဇင်းဘုံကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ကြားနှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၉ ဦးထက်မနည်းသေဆုံးပြီး အထိနာနေတာကြောင့်ဇင်းဘုံရွာကိုလည်း ဝင်ရောက်မီးရှို့နေတယ်လို့ ဇင်းဘုံဒေသခံတွေဆီကနေ သိရပါတယ်။ သြဂုတ် ၁၆ရက်နေ့ မနက်ပိုင်း ရွှေကူဘက်နေ ဗန်းမော်ဘက်ကိုဆန်တက်သွားတဲ့ စစ်သဘော် ၉ စီးကိုရေကြောင်းလုံခြုံရေးပေးဖို့ အင်အား ၁၀၀ လောက်နဲ့ သြဂုတ် ၁၁ ရက်နေ့ကတည်းက ဇင်းဘုံကျေးရွာမှာဝင်ရောက်တပ်စွဲနေတဲ့စစ်ကောင်စီတပ်နဲ့ KIA ၊ PDF တို့ကြား…

    Read More »
  • 2 August
    သတင်း

    အင်းတော်နယ်တိုက်ပွဲတွင်း စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ကားသမားတစ်ဦးသေဆုံး

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲကြား စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြောင့် ကားသမားတစ်ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အင်းတော်ဘက်ကနေ နဘားကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၈၈ လက်အောင်ခံ ခမရ ၄၁၆ တပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့တွေ ဒီကနေ့ သြဂုတ်လ ၂…

    Read More »
  • Jul- 2023 -
    19 July
    သတင်း

    နမ့်ဖတ်ကာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာပြင်းထန်

    ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာအနီး စစ်ကောင်စီတပ်နဲ့ KIA ကြားတိုက်ပွဲပြင်းထန်နေပြီး နမ့်ဖတ်ကာစစ်တပ်ကနေ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ ၄ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာပြင်းထန်ကြောင်းစွာရရှိထားတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၈ ယနေ့ ညနေ ၅ နာရီခန့်ကနေ…

    Read More »
  • 8 July
    တိုက်ပွဲ

    ရှဒူးဇွပ်တိုက်ပွဲတွင် KIA ဘက်မှ ၃ ဦး ၊ ပြည်သူ့စစ်ဘက်မှ ၅ ဦး၊ ပြည်သူ ၁ ဦး သေဆုံး

    တနိုင်းသွားလမ်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မင်ဇေသန့် ပြည်သူ့စစ်တပ်ဖွဲ့ တို့ကြား ယနေ့ နံနက်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုများရှိခဲ့သည်။ ယနေ့ နံနက် နာရီမှ ၈ နာရီကျော်အထိ စုစုပေါင်း ၅ နာရီကြာဖြစ်ပွားခဲ့သောတိုက်ပွဲတွင် KIA ဘက်က ၃ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ရှဒူးဇွပ်ဒေသခံတစ်ဦးက KNG ကို ပြောသည်။ “အခုသိရသလောက်က KIA ဘက်က…

    Read More »
  • Jun- 2023 -
    21 June
    သတင်း

    ကလေးမြို့နယ်တွင် လက်နက်ကြီးထိမှန်သောကြောင့် ၅ ရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦး သေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မူကြောင့် ၅ ရက် အတွင်း ကလေးငယ်တစ်ဦး အပါအဝင် သေဆုံးသူ ၄ ဦးအထိရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များပြောသည်။ ကလေးမြို့ ဇင်းကလင်း ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကလေးမြို့ပေါ်…

    Read More »
  • 20 June
    သတင်း

    မြေရှားတူးဖော်သည့် လုပ်ကွက်တစ်ခုတွင် မြေပြိုကျမှုကြောင့် လူငယ် ၂ ဦးသေဆုံးမှုဖြစ်ပွား

    ချီဖွေမြို့နယ် ဖရဲ(Hpare)ကျေးရွာနှင့် ပန်ဝါကြား မြေရှားသတ္တုတူးဖော်သည့် ကုမ္ပဏီ လုပ်ကွက်တစ်ခုတွင် မြေပြိုကျမှုကြောင့် လူငယ် ၂ ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည် ဟုသိရသည်။ ဇွန် ၁၈ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း ၃၂ နယ်မြေတွင်ရှိသော ဖရဲကျေးရွာအနီးရှိ မြေရှားသတ္တုတူးဖော်သည့် လုပ်ကွက်နေရာတွင် မြေပြိုကျမှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖရဲဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။ “KIA တပ်ရင်း ၃၂ အနီးက လုပ်ကွက်မှာဟုတ်တယ်။ တစ်ယောက်က တရုတ်လူမျိုး၊ တစ်ယောက်က ရဝမ်လူငယ်ဟုတ်တယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ အတိအကျပြန်မသိဘူး။ အခြား ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ အလောင်းမတွေ့သေးတာလဲရှိတယ် ကြားတာပဲ ဒါပေမဲ့အတိအကျတော့ ပြန်မသိဘူး။ အဲ့လောက်ပဲသိရတယ်” ဟု ဖရဲဒေသခံတစ်ဦးက စာဖြင့်ပြောပြသည်။ မြေပြိုကျမှုထဲတွင်ပါသွားသည့် သေဆုံးသူ လူငယ် ၂ ဦး၏ ရုပ်အလောင်းသာ…

    Read More »
  • 13 June
    တိုက်ပွဲ

    စစ်ကောင်စီ နှင့် MNDAA တိုက်ပွဲကြောင့် ကလေးမိခင်တစ်ဦးသေဆုံးပြီး တစ်နှစ်ကျော်အရွယ် ကလေးငယ် ဒဏ်ရာ ရရှိ

    လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ကိုးကန့် MNDAA နှစ်ဖက်တိုက်ပွဲကြောင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးပြီး သားဖြစ်သူကလေးငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ လက်နက်ကြီးထိမှန် သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၄၀ ကျော်အရွယ် ဒေါ် မယွန် ကလေး ၅ ယောက်အမေဖြစ်ကြောင်း သိရသည်။…

    Read More »
  • May- 2023 -
    24 May
    သတင်း

    ဖားကန့်တွင် မိုးကြိုးပစ်ခံရ၍ အမျိုးသားနှစ်ဦး သေဆုံး

    ဖားကန့်မြို့နယ် လုံးခင်းနှင့် ဖားပြင်ကျေးရွာ ၂ နေရာတွင် ယနေ့နံနက်ပိုင်း လေပြင်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူနေအိမ်တစ်ချို့ပျက်စီးမှုရှိခဲ့ကာ မိုးကြိုးပစ်ခံရသည့် အမျိုးသားနှစ်ဦးလည်း သေဆုံးသွားကြောင်း ဒေသခံများမှ သိရသည်။ မေလ ၂၄ ရက် ယနေ့နံနက်ပိုင်း ၁၀ နာရီခွဲ…

    Read More »
  • 19 May
    တိုက်ပွဲ

    ဆွမ်ပီယန်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာပြင်းထန်

    ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာဘက် နယ်မြေရှင်းလင်းရေးလုပ်ရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံး ၊ ၄ ဦးဒဏ်ရာပြင်းထန်ပြီး KPDF မှ တစ်ဦးဒဏ်ရာပြင်းထန်စွာရရှိကြောင်း KPDF…

    Read More »
Back to top button