အင်းတော်ကြီး
-
Jul- 2026 -18 Julyတိုက်ပွဲ
အင်းတော်ကြီးနဲ့ ဆယ်ဇင်း နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေ
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ အနောက်ဘက်ဖက်ခြမ်းနဲ့ ဆယ်ဇင်းကျေးရွာအနီးတဝိုက်မှာ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကြားတိုက်ပွဲပြင်းထန်နေတာ ၄ ရက်ခန့်ကြာမြင့်လာပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ရှမ်းနီ SNA တပ်ဖွဲ့တွေက ကချင်လွတ်လပ်ရေးတပ်မတော် KIA ရှိတဲ့ ဟဲပန်းလမ်းခွဲနေရာဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်နေပြီး…
Read More » -
7 Julyလူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်း
KIA တပ်သားနှစ်ဦးရမ်းကားမှုကြောင့် ပြည်သူနှစ်ဦးသေဆုံးပြီး၊ နှစ်ဦးထိခိုက်ဒဏ်ရာရ
ဖားကန့် - ဝှေခါ အင်းတော်ကြီးဒေသက ဝှေလုံကျေးရွာမှာ KIA တပ်သားနှစ်ဦးရဲ့ မူးယစ်ရမ်းကားသောင်းကျန်းမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အမျိုးသမီးတစ်ဦး အသက်သေဆုံးမှုရှိခဲ့ပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
Read More » -
7 Julyသတင်း
လက်လွှတ်နယ်မြေပြန်ရဖို့ စစ်တပ်က ထိုးစစ်ဆင်နေတယ်လို့ဆို
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။
Read More » -
Jun- 2026 -22 Juneစစ်ပြေးဒုက္ခသည်များ
စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးအကူအညီလိုအပ်
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေဆီက သိရပါတယ်။ အထူးသဖြင့် အင်းတော်ကြီး၊ ဖားကန့်နဲ့ မြစ်ကြီးနားမြို့နယ်ထဲက မြို့နဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသတွေမှာ တိမ်းရှောင်နေကြရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ အရေးပေါ်ဖျားနာတဲ့အခါ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ စစ်ရှောင်အမျိုးသမီးတစ်ဦးကတော့ “ဆေးရုံနဲ့ ဆေးပေးခန်းတွေတော့ ရှိတယ်။ ဒါပေမဲ့ ဆေးဝါးမရှိဘူး။ ကလေးမွေးဖို့ နေရာတွေလည်း မရှိတော့ မိခင်တွေက မြို့ပေါ်ကို သွားရတယ်။ ဒါပေမဲ့ အခုအခြေအနေမှာ စစ်ဆေးရေးဂိတ်တွေများပြီး သွားလာရေးက ခက်ခဲနေတယ်” လို့ ပြောပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကလေးမွေးဖွားဖို့နဲ့ အရေးပေါ်ဖျားနာတဲ့အချိန်တွေမှာ လိုအပ်တဲ့ ဆေးဝါးတွေမရှိတာကြောင့် အခက်အခဲတွေ ကြုံနေရတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ လတ်တလော မြစ်ကြီးနားမြို့ပြင် ဧရာဝတီမြစ်ကမ်းဘေးက တာလောကြီး၊ ရေကြည်၊ တာပတောင်းနဲ့ ဟိုကပ် စတဲ့ ပြန်လည်နေရာချထားရေးစခန်းတွေနဲ့ နေရပ်ပြန်ကျေးရွာတွေမှာ ဆေးပေးခန်းတွေရှိပေမဲ့ ဆေးဝါးမလုံလောက်တဲ့ အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် တာလောကြီးနဲ့ တာပတောင်းဘက်ကနေ ဝိုင်းမော်–မြစ်ကြီးနားသွားတဲ့ လမ်းပိုင်းကိုလည်း ရက်နဲ့အချိန် ကန့်သတ်ပြီးသာ ဖွင့်ပေးထားတာကြောင့် ဖျားနာလာတဲ့အခါ မြို့ပေါ်ကို သွားရောက်ကုသဖို့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ အလားတူ အင်းတော်ကြီးအနောက်ဘက်ခြမ်းမှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေမှာလည်း မိုးရာသီကာလဖြစ်တာကြောင့် ဖျားတာ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတွေအဖြစ်များနေပေမယ့် ဆေးဝါးရရှိဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။ “အင်းတော်ကြီးအနောက်ဘက်မှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေမှာ အခုချိန်က မိုးရာသီဆိုတော့ ဖျားနာတာတွေ အရမ်းများနေတယ်။ ဖျားတာတွေ အရမ်းဖြစ်နေတယ်။ ပြီးခဲ့တဲ့ အပတ်ကနေ အခုလည်း တချို့တွေဆက်ဖြစ်နေတုန်း။ ဝမ်းလျှောတာတွေ အဓိကဖြစ်တယ်။ စစ်ရှောင်စခန်းတွင်းမှာ အဲလိုတွေဖြစ်နေပေမဲ့ ဆေးဝါးအရမ်းခက်ပါတယ်။ ဆေးဝါးခက်ခဲမှုက လမ်းသွားလမ်းလာ သယ်ယူနိုင်ဖို့လည်း ခက်ခဲတဲ့အခြေအနေကြောင့် ဝယ်ပြီး ဆေးထိုးနိုင်ဖို့တောင် တော်တော်စျေးကြီးလို့ ခက်ခဲနေကြပါတယ်။”လို့ နန့်မွန်းစစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အင်းတော်ကြီးဒေသမှာ ကျေးရွာတိုင်းနီးပါး စစ်ဘေးရှောင်တွေ ခိုလှုံနေကြရပြီး ညောင်ပင်ကျေးရွာမှာ စစ်ရှောင်စခန်း ၂ ခု ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ ဒီစစ်ဘေးရှောင်စခန်းတွေဆီကို ကျန်းမာရေးကူညီစောင့်ရေးအဖွဲ့အစည်းတချို့ လာရောက်ကူညီတာတွေ တစ်ခါတစ်ရံရှိပေမယ့် အဲဒီအဖွဲ့အစည်းတွေမှာလည်း အရင်လို လွတ်လပ်စွာသွားလာဖို့ ခက်ခဲသွားတဲ့အပြင် ဆေးဝါးရိက္ခာပြတ်လပ်တဲ့ ပြဿနာတွေရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် KIO ထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိကြတဲ့ စစ်ဘေးရှောင်တွေကို KIO အစိုးရမှ လက်လှမ်းမှီသလောက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ဆောင်ပေးတာ ရှိနေပေမယ့် စစ်ဘေးရှောင်တွေမှာ ဆေးဝါးပြတ်လပ်တဲ့ ပြဿနာတွေ ရှိနေဆဲဖြစ်နေပါတယ်။ ကချင်ပြည်နယ်အတွင်း အင်းတော်ကြီးဒေသ၊ ဖားကန့်မြို့နယ်နဲ့ မိုးကောင်းမြို့နယ်၊ မြစ်ကြီးနားမြို့ပြင်၊ နောင်းချိန်းကျေးရွာအုပ်စုအပြင် KIO ထိန်းချုပ်ထားတဲ့ ဆွမ်ပရွာဘွမ်မြို့နယ်နဲ့ မိုးမောက်၊ မံစီ၊ ဒေါ့ဖုန်းယန် စတဲ့နေရာဒေသအသီးသီးက စစ်ဘေးရှောင်တွေ၊ မြို့နဲ့ဝေးပြီး သွားလာရခက်ခဲတဲ့ ကျေးလက်တောရွာတွေထဲ တိမ်းရှောင်နေသူတွေ ကျန်းမာရေးစောင့်ရှောက်မှု များစွာလိုအပ်နေတာလည်း ဖြစ်ပါတယ်။ ခုလို မြို့နဲ့အလှမ်းဝေးပြီး သွားလာရခက်ခဲတဲ့ နေရာတွေမှာရှိတဲ့ စစ်ဘေးရှောင်တွေဟာ မိုးရာသီကို ဖြတ်သန်းဖို့ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရကြတယ်လို့လည်း သိရပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Apr- 2026 -20 Aprilတိုက်ပွဲ
စစ်တပ်က ဆိုင်းတောင်၊ အင်းတော်ကြီး – ဖားကန့် ဂွေခါလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ စစ်ရေးဖော်ဆောင်နေတယ်လို့ KIO ပြော
KIA က ၂ နှစ်ခန့်အကြာ ထိန်းချုပ်ထားပြီဖြစ်တဲ့ အင်းတော်ကြီး - ဖားကန့် ဂွေခါလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ ဖားကန့် ဆိုင်းတောင်ဘက်မှာ စစ်ရေးဖော်ဆောင်လာတာဖြစ်တယ်လို့ပြောပါတယ်။
Read More » -
Feb- 2026 -27 Februaryသတင်း
အင်းတော်ကြီးမှာ အရပ်သား ၅၀ ဝန်းကျင်စုဆောင်းရေးဖမ်းဆီးခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသထဲမှာ အရပ်သား ၅၀ ဝန်းကျင်ကို SNA တပ်ဖွဲ့က တပ်သားသစ်အဖြစ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက် ၈ နာရီဝန်းကျင် အင်းတော်ကြီးဒေသ နန့်မွန်းမြို့ရဲ့အနောက်ဘက် မြို့နဲ့ ၇ မိုင်အကွာ ဒေသအခေါ် (ပြည်တော်သာကွင်း)ထဲက လယ်ယာနဲ့စိုက်ခင်းတွေထဲ အလုပ်လုပ်နေတဲ့သူတွေကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ နန့်မွန်းမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လယ်ကွင်းထဲ အလုပ်လုပ်နေတဲ့လူတွေကိုဝင်ဆွဲတာ ပြီးရင် အဲ့ကွင်းဘေးကတောင်ခြေမှာ လက်လုပ်လက်စားရွှေတူးတဲ့လူတွေလည်းရှိတယ် သူတို့ပါဝင်ဆွဲခံရတယ်။ အားလုံး ၅၀ ကျော်လောက်ရှိတယ်လူဦးရေအတိအကျတော့မသိရသေးဘူး”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ဖမ်းဆီးသွားခံရသူတွေဟာ ဘိုကုန်းရွာ၊အင်းကုန်းရွာ၊ကျွန်းကုန်းရွာနဲ့ နန်းမားမြို့ထဲကနေ ပြည်တော်သာကွင်းမှာ လယ်ယာစိုက်ခင်းလာလုပ်တဲ့သူတွေနဲ့လက်လုပ်လက်စားရွှေလာတူးတဲ့သူတွေပါသွားကြောင်းသိရပါတယ်။ “ပြည်တော်သာကွင်းဆိုတာအကျယ်ကြီးပဲအဲ့မှာဘိုကုန်းတို့၊ကျွန်းကုန်းတို့နောက်ပြီးနန်းမာဘက်ကလူတွေအဲ့ကွင်းမှာအခင်းသွားလုပ်ကြရင်ဖမ်းခံရတာပြီးတော့ ကွင်းနားက ဂွချောင်းဆိုတာရှိတယ်အဲ့ချောင်းမှာရွှေတူးတဲ့သူတွေပါသွားတယ်”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဖမ်းဆီးသွားတဲ့အရပ်သား ၅၀ ကျော်မှာ အသက် ၁၈ နှစ်ကနေ အသက် ၅၀ ကျော်လူကြီးပိုင်းအထိပါဝင်တယ်လို့သိရပြီး လူလတ်ပိုင်းအရွယ် အမျိုးသမီး ၁၀ ဦးခန့်ပါတယ်လို့သိရပါတယ်။ ဒါ့အပြင် ဖမ်းဆီးသွားတဲ့ ပြည်သူတွေကို လက်ရှိ နန့်မွန်းမြို့ထဲက စစ်သင်တန်းပို့ချတဲ့ကွင်းထဲမှာ ထိန်းသိမ်းထားပြီး ဒီကနေ့ အထိပြန်လွတ်လာတဲ့သူမရှိသေးဘူးလို့သိရပါတယ်။ အဲ့ဒီ SNA တပ်တွေဟာ နန့်မွန်းအထိုင်တပ်ထဲကလို့သိရပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်း တောလမ်းကနေဝင်လာပြီး ပြည်တော်သာကွင်းပတ်ပတ်လည်ကို ပိတ်စို့ကာ ဖမ်းဆီသွားတာလို့ဒေသခံတွေကဆိုပါတယ်။ ရှမ်းနီအမျိုးသားများတပ်မတော် SNA ဟာ သူတို့ထိန်းချုပ်ထားတဲ့ လုံးတုံ၊နန်းမား၊မိုင်းနောင်၊မမံကိုင်စတဲ့ကျေးရွာတွေထဲမှာ ၂၀၂၄၊၂၀၂၅ခုနှစ်တွေကတည်းက လူငယ်တွေကိုစုဆောင်းရေးမကြာခနလုပ်နေတာကြောင့် လူငယ်၊လူလတ်အများပိုင်း ဘေးလွတ်ရာကိုတိမ်းရှောင်သွားသူတွေများတယ်လို့သိရပါတယ်။ ဒါကြောင့် အခုလို လယ်ယာစိုက်ခင်းလုပ်ကိုင်သူတွေနဲ့တောထဲလက်လုပ်လက်စားရွှေတူးတဲ့ပြည်သူတွေဘက်ကိုဦးတည်းပြီးဖမ်းဆီးနေတာလို့ဒေသခံတွေကဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ဒေသနေရာအနှံ့မှာ တော်လှန်ရေးတပ်တွေအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက တပ်သားသစ်စုဆောင်းတာကို ပိုမိုလုပ်ဆောင်လာကြတာလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
10 Februaryစစ်ရေး
အင်းတော်ကြီးမှာ စစ်တပ်ကလမ်းပိတ်ထားလို့ ကျေးရွာတစ်ချို့ ပိတ်မိနေ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း အင်းတော်ကြီးဒေသရှိ လမ်းပိုင်းတစ်ချို့ကို စစ်တပ်ပိတ်ထားတဲ့အတွက် ကျေးရွာတစ်ချို့ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရပါတယ်။ စစ်ရေးပြင်းထန်နေတဲ့ အင်းတော်ကြီးဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကစပြီး လုံးတုံ၊ ဟဲပု၊ ဟဲပါးဘက်မှာ စစ်ကောင်စီတပ်၊ ရှမ်းနီပြည်သူ့စစ်နှင့် KIA ပူးပေါင်းတပ်များကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်လာပြီးနောက် အင်းတော်ကြီး–ဝှေခါကားလမ်းပိုင်းအတွင်း အရေးပါတဲ့လမ်းပိုင်းကို ပိတ်ထားခြင်းဖြစ်တယ်လို့ အင်းတော်ကြီးဒေသ နန့်မွန်းမြို့ခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “လမ်းကို ဒီဘက် စစ်ကောင်စီနဲ့ ရှမ်းနီဘက်က ပိတ်ထားတယ်ဗျ။ လုံးတုံကနေ နန့်မွန်းတောင်ဂိတ်အကြားကို ပိတ်ထားတာပါ။ လုံးတုံကနေ ဖားကန့်ဘက်ကို အထွက်မရသလို ဖားကန့်ကနေ လုံးတုံထဲကိုလည်း ဝင်မရဘူး။ ပြီးတော့ ဟိုပင်ဘက်ကနေလာရင်လည်း နန့်မွန်းတောင်ဂိတ်မှာ အဝင်အထွက် ပိတ်ထားတယ်။ ပိတ်ထားတာ တစ်ပတ်လောက်တော့ ပြည့်တော့မယ်”လို့ ပြောပါတယ်။ ခုလိုလမ်းပိတ်ထားတဲ့အတွက် လက်ရှိ မိုင်းနောင်၊ မမုံကိုင်၊ နန့်မွန်း၊ လုံးတုံ စတဲ့ ကျေးရွာနေ ပြည်သူတွေဟာ ဟိုပင်၊ မိုးညှင်းဘက်သို့ တိမ်းရှောင်နိုင်ခြင်းမရှိပဲ ကျေးရွာအတွင်းတောတောင်တွေမှာ ယာယီတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။ “ကြားထဲက ရွာတွေကတော့ အထွက်လည်းမရ၊ အဝင်လည်းမရလို့ အခက်အခဲကြီးတယ်။ လမ်းပိတ်ထားတော့ လုံးတုံဘက်က လူတွေကတော့ ရှောင်တဲ့သူ ရှောင်ကြတယ်။ လက်နက်ကြီးတွေ ဟိုဘက်ဒီဘက် ပစ်နေတော့ ရွာထဲမှာပဲ နေတဲ့သူတွေလည်း ရှိတယ်”လို့ အထက်ဖော်ပြပါ နန့်မွန်းမြို့ခံ အမျိုးသားက ဆက်ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီပူးပေါင်းတပ်ဟာ နောက်ထပ် နန့်မွန်းတောင်နဲ့လုံးတုံအကြားကိုလည်း ဖေဖော်ဝါရီလ ၄ ရက်နေ့မှစပြီး ပိတ်ထားတဲ့အတွက် လက်ရှိ နန့်မွန်းတောင်နဲ့လုံးတုံအကြားရှိ ကျေးရွာတွေပိတ်မိနေတယ်လို့ဒေသခံများက ဆိုပါတယ်။ “ကားလည်း သွားလို့မရဘူး၊ ဆိုင်ကယ်လည်း မရဘူး။ အရေးကြီးတဲ့လူလောက်ပဲ ဒါတောင် မနည်းပြောယူပြီး သွားရတယ်။ ဆိုင်ကယ်နဲ့လည်း မလွယ်ပါဘူး၊ သွားလာဖို့ ခက်တယ်။ ကြားထဲက ရွာတွေကတော့ ပိုပြီးခက်တယ်၊ ထွက်လို့မရဘူး”လို့ အင်းတော်ကြီးဒေသခံတစ်ဦးက ပြောပါတယ်။ လတ်တလော အင်းတော်ကြီးရဲ့ တစ်ဖက်ကမ်းရှိ ဟဲပုကျေးရွာဘက်မှာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး လုံးတုံမှာတော့ နှစ်ဖက်တပ်အကြား လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ လုံးတုံအထိုင်တပ်ဟာ အင်းတော်ကြီးဒေသအတွင်း စစ်ကောင်စီတပ်ရဲ့အကြီးဆုံး အထိုင်တပ်တစ်ခုဖြစ်ပြီး နန့်မွန်းအထိုင်တပ်မှာ ဒုတိယအကြီးဆုံးဖြစ်ကြောင်း သိရပါတယ်။ လုံးတုံမှ နန့်မွန်းအထိ မိုင်းနောင်၊ မမုံကိုင်၊ ရွှေလက်ပံ စတဲ့ ကျေးရွာများကို စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ်များက ထိန်းချုပ်ထားပြီး လုံးတုံအကျော်ရှိ နန့်ပတဲ၊ နန့်မီးလောင်၊ ညောင်ပင်နှင့် အင်းတော်ကြီးကန် တစ်ဖက်ခြမ်းရှိ ဟဲပု၊ ဟဲပါး၊ ဝေလုံ၊ ချောင်းဝဘက်တို့ကို KIA ပူးပေါင်းတပ်ဘက်က ထိန်းချုပ်ထားကြောင်း သိရပါတယ်။ By – Zaw Zaw
Read More » -
Oct- 2025 -8 Octoberသတင်း
အင်းတော်ကြီး-ဂွေခါလမ်းပိုင်း စစ်တပ်ပိတ်ထားလို့ အခြေခံစားသောက်ကုန်သယ်ယူဖို့ခက်ခဲလာ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီး – ဂွေခါကားလမ်းပိုင်းကို စစ်တပ်ကပိတ်ထားတဲ့အတွက် ယင်းလမ်းပိုင်းရှိကျေးရွာတွေမှာ အခြေခံစားသောက်သယ်ယူဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။ အင်းတော်ကြီး–ဂွေခါကားလမ်းပိုင်း လုံးတုံရွာမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယအပတ်ကစပြီး ပိတ်လိုက်တာဖြစ်တယ်လို့ အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လမ်းကပိတ်လိုက်ဖွင့်လိုက်နဲ့ဒီတခေါက်ပိတ်လိုက်တာကကြာတယ် လုံးတုံကနေပိတ်ချလိုက်တော့ အင်းတော်အနောက်ဘက်ခြမ်းရွာတွေက ဘယ်မှသွားလာလို့မရဘူးဘူးပိုဆိုးတာက စားသောက်ကုန်တို့ ဆန်၊ဆီ၊ဆားသယ်ယူပို့ဖို့အရမ်းခက်ခဲသွားတယ်လမ်းမပေါက်တော့”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ခုလို လမ်းပိတ်လိုက်တာကြောင့် အင်းတော်ကြီးကန်အနောက်ဘက်ခြမ်းရှိ လုံးတုံနဲ့ ဂွေခါကြားထဲက ရွာတွေဖြစ်တဲ့ ကုန်းမန၊ဟဲပန်၊လွဲမွန် ၊ နန့်ပတဲအစရှိတဲ့ကျေးရွာတွေဟာ အခြေခံစားသောက်ကုန်၊လူသုံးကုန်နဲ့အခြားလိုအပ်တဲ့ကုန်ပစ္စည်းတွေကို တောလမ်းကနေခက်ခက်ခဲခဲသယ်ယူနေရကြောင်း အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။ “ကားလမ်းကတော့ပိတ်ထားတော့ ဟဲပန်တို့၊ကုန်းမနဘက်ကရွာတွေအခုဆန်၊ဆီ၊ဆားပေါ့လိုအပ်တဲ့ကုန်တွေကို တောလမ်းကနေဖြတ်ပြီးသယ်ယူရတာ ရွေမှော်သွားလမ်းတွေကနေတဆင့် သယ်ယူရတာပေါ့တချို့နေရာတွေတောရှင်းပြီးသွားလာရတာ ကားလည်းမပေါက်ဆိုင်ကယ်တောင်တချို့နေရာတွေပဲရတယ်ဒါတောင်မနည်းတိုးရတာ”လို့အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။ အင်းတော်ကြီး–ဂွေခါလမ်း ပိတ်ထားတာကြောင့် အထက်ဖော်ပြပါကျေးရွာတွေဟာ လိုအပ်တဲ့ကုန်တွေကို မမုံကိုင် ကျေးရွာအနောက်ဘက်ခြမ်းတောလမ်းကနေတစ်ဆင့်သယ်ယူနေကြကြောင်းသိရပါတယ်။ ဒေသခံတွေပြောချက်အရ စစ်ကောင်စီတပ်ဟာ လုံးတုံနဲ့ဂွေခါကြားကိုသာပိတ်ထားပြီး လုံးတုံနဲ့ ဟိုပင်အထိကိုတော့လမ်းဖွင့်ထားကြောင်းသိရပါတယ်။ “အင်းအနောက်ဘက်ခြမ်းပဲပိတ်တာအင်းအရှေ့ဘက်ကတော့ပုံမှန်ပါပဲ ဘာလို့ဆိုအင်းအရှေ့ဘက် လုံးတုံကနေ နန့်မွန်း၊မိုင်းနောင်တကြောက SNA တွေနဲ့စကစ တွေနေရာယူထားတော့ဖွင့် အင်းအနောက်ဘက်က တောဘက်က(KIA) ရှိနေတော့ပေးမထွက်ခိုင်းတာ”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ လုံးတုံအနောက်ဘက်ရှိကုန်း မနကျေးရွာကနေ ညောင်ပင်၊ချောင်းဝ၊ဂွေခါတကြောအထိ KIAနဲ့ပူးပေါင်းတပ်တွေနေရာယူထားတယ်လို့ သိရပါတယ်။ သြဂုတ်လကတည်းကနေပိတ်ထားတဲ့ အင်းတော်ကြီး–ဂွေခါ ကားလမ်းပိုင်း အောက်တိုဘာ ၆ ရက်နေ့ကနေ ဒီကနေ့အထိ သီတင်းကျွတ်ပိတ်ရက်ကာလတွင်း ရက်အကန့်အသတ်နဲ့ခေတ္တပြန်ဖွင့်ပေးပေမယ့် အစစ်အဆေးများတာ၊ကုန်တွေလွတ်လွတ်လပ်လပ်သယ်လို့မရတာစတဲ့ကန့်သတ်ချက်တွေရှိနေကြောင်းသိရပါတယ်။ “လမ်းခနပဲဖွင့်တာပါသီတင်းကျွတ်ပိတ်ရက်မှာခနဖွင့်ပေးတာတဲ့ ဒီနေ့ပဲပိတ်မလားမနက်ဖြန်လောက်ပိတ်မလားမသေချာဘူး။ ပြန်ပိတ်မှာလို့တော့ ပြောနေကြတယ်”လို့ နန်းမားကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။ လုံးတုံမှာထိုင်ထားတဲ့စစ်ကောင်စီတပ်ဟာ အင်းတော်ကြီး–ဂွေခါ လမ်းပိုင်းကို သြဂုတ်လနဲ့ မေလ ကြားထဲမှာလည်း မကြာခနဆိုသလို လမ်းပိတ်ထာမျိုးပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီနဲ့ရှမ်းနီပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲကိုဝင်ရောက်နိုင်တဲ့ ဂွေခါ–အင်းတော်ကြီးက လမ်းပိုင်းကိုထိန်းချုပ်ဖို့နဲ့ အင်းတော်ကြီးဒေသထဲမှာ ရှမ်းနီပြည်သူ့စစ်တွေစိုးမိုးထားနိုင်ဖို့ ပြီးခဲ့တဲ့ မေလကတည်းကနေ အင်အားသုံးပြီး ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ By – အမိုး
Read More » -
Aug- 2025 -27 Augustသတင်း
ကာကွယ်ရေးတပ်က သတိပေးထားလို့ နန့်စော်လော်ကျေးရွာပြည်သူတွေ ကြိုတင်တိမ်းရှောင်
ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသထဲက နန့်စော်လော်ရွာကို ကြိုတင်တိမ်းရှောင် ထားကြဖို့ KPDF တပ်တွေက သတိပေးထားတယ်လို့သိရပါတယ်။ အင်းတော်ကြီးဒေသ အရှေ့ခြမ်း ဟိုပင်–အင်းတော်ကြီးလမ်းပိုင်းမှာရှိတဲ့ နန့်စော်လော်ကျေးရွာကို KPDF တပ်တွေက ကြိုတင်ရှောင်တိမ်းထားကြဖို့ ကျေးရွာတာဝန်ရှိသူတွေကနေ တဆင့်သတိပေးထားတယ်လို့ အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။…
Read More » -
18 Augustတိုက်ပွဲ
လက်လွတ်လိုက်ရတဲ့ မမုံကိုင်ရွာကို KIA ပြန်သိမ်းလိုက်ပြီး မိုင်းနောင်မှာ တိုက်ပွဲပြင်းထန်နေဆဲ
မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA လက်လွတ်လိုက်ရတဲ့ မမုံကိုင်ကျေးရွာကို KIA ဘက်က ပြန်လည်သိမ်းယူလိုက်ပြီး မိုင်းနောင်ကျေးရွာဘက်မှာ ဒီကနေ့ ဩဂုတ်လ ၁၈ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၆ ရက်နေ့မှာ KIA နဲ့…
Read More »