ဧရာဝတီမြစ်

  • Jul- 2026 -
    16 July
    သတင်း

    အရက်၊ဘီယာပုလင်းခွံတွေ မြစ်ထဲစွန့်ပစ်တာတွေမလုပ်ကြဖို့ တောင်းဆို

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာဝတီမြစ်မှာအရက်၊ဘီယာပုလင်းခွံစွန့်ပစ်တာတွေ မလုပ်ကြဖို့ ရပ်ကွက်နေပြည်သူတွေ တောင်း ဆိုနေကြပါတယ်။

    Read More »
  • 14 July
    သတင်း

    ဇက်ဆိပ်တွေ တစ်ပတ်ကျော်ကြာပိတ်ထားလို့ ခရီးသွားသည်နဲ့ကားသမားတွေအခက်ကြုံ

    စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ကူး ဇက်ဆိပ်တွေ တစ်ပတ်ကျော်ကြာပိတ်ထားတဲ့အတွက် ခရီးသည်၊ ကားသမားတွေအပြင် နေ့စဉ်ဇက်ကူးသွားလာနေတဲ့ ဒေသခံတွေပါ သွားလာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၃၀ ရက်နေ့ကစပြီး မြစ်ကြီးနား–မန္တလေးလမ်းတစ်လျှောက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ကသာ–နဘားလမ်းပိုင်းအပါအဝင် နေရာအများအပြားမှာ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ် ရာနဲ့ချီ ပိတ်မိနေပါတယ်။ အရင်က မန္တလေး–မြစ်ကြီးနားလမ်းမှာ တိုက်ပွဲတွေ ပြင်းထန်လာချိန်တိုင်း ကားသမားတချို့ဟာ ဇက်ကူးလမ်းကြောင်းတွေကို အသုံးပြုပြီး ခရီးဆက်ခဲ့ကြတာဖြစ်ပေမဲ့ အခုတစ်ကြိမ်မှာတော့ လမ်းပိုင်းတွေအပြင်…

    Read More »
  • Apr- 2026 -
    28 April
    သတင်း

    ဝိုင်းမော်မှာ ရွှေကျင်းထဲပြုတ်ကျပြီး ရေနစ်သေဆုံးသူ ၂ ဦးထိရှိလာ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ၂ ရက်တာအတွင်း ရွှေတူးထားတဲ့ကျင်းထဲပြုတ်ကျပြီး ရေနစ်သေဆုံးသူ ၂ဦးထိရှိလာပြီဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။

    Read More »
  • Mar- 2026 -
    27 March
    သတင်း

    ထီးချိုင့်မြို့ ဧရာဝတီမြစ်ကူးတံတားအထိ စစ်ကောင်စီတပ်ဖွဲ့တွေရောက်ရှိလာ

    တရုတ်နီကယ်စက်ရုံရှိတဲ့ စစ်ကိုင်းတိုင်း– ကချင်အစပ်က ထီးချိုင့်မြို့ရဲ့ဧရာဝတီမြစ်ကူးတံတားအထိ စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်လာပြီး မြတောင်လမ်းဆုံကို ထိန်းချုပ်သွားပြီလို့ မြေပြင်ကဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ အတည်ပြုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ ထီးချိုင့်မြို့ဧရာဝတီမြစ်ရဲ့တစ်ဖက်ကမ်း မန္တလေးတိုင်းထဲက တကောင်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် ထီးချိုင်မြို့နယ်ဘက်ကို ပြန်လည်စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဘက်ကလည်း ထီးချိုင့်မြို့ဧရာဝတီတံတားလို့ခေါ်တဲ့ မြစ်ကူးတံတားပေါ်မှာ ရိုက်ထားတဲ့ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသားတစ်ဦးက“ အဲ့ပုံကတော့ ထီးချိုင့်တံတား မြတောင်ဘက်ထိပ်မှာရိုက်ထားတဲ့ပုံပဲ။တကောင်း ကနေရောက်လာတဲ့အဖွဲ့တွေဟုတ်တယ်။ လောလောဆယ်တိုက်ပွဲက ထီးချိုင့်မှာဖြစ်နေသေးတယ်။ အခုရက်ပိုင်းမှာက တိုက်ပွဲ‌ တွေကဖြစ်နေတာ။ တကယ်ဆိုတော်တော် များများနေရာတွေရထားပြီ။ အဲ့ချိန်ဒီစစ်ကြောင်းရောက်လာတာ။”လို့ပြောပါတယ်။ တကောင်းမြို့ကနေ ထီးချိုင့်မြို့နီကယ်စက်ရုံရှိရာ မောင်းကုန်းရွာကိုဦးတည်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား ၃၀၀ ဝန်းကျင်လောက်ရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေကခန့်မှန်းပြီး အဲ့ဒီနီကယ်စက်ရုံတစ်ဝှိုက်နှစ်ဖက်တပ်တွေတိုက်ပွဲဖြစ်ပွား ခဲ့ကြတယ်လို့သိရပါတယ်။ ဒါ့အပြင် ထီးချိုင့်မြို့နီကယ်စက်ရုံအပါအဝင် မြို့ကိုထိန်းချုပ်နိုင်ဖို့ဦးတည်နေတဲ့ အဆိုပါစစ်ကော်မရှင်စစ်ကြောင်းက စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားတာ၊ နှစ်ဖက်တိုက်ပွဲဖြစ်တာတွေကြောင့် နီကယ်စက်ရုံတစ်ဝှိုက်က ကျေးရွာတွေဘေးလွှတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ တစ်ဖက်မှာ ထီးချိုင့်မြို့နဲ့ကပ်လျှက် ကသာမြို့နယ် ဧရာဝတီမြစ်နဘေးမှာနေထိုင်နေတဲ့ဒေသခံတွေကလည်း ထီးချိုင့်မြို့ကို ရောက်လာတဲ့အဆိုပါစစ်ကြောင်းကြောင့် စိုးရိမ်မှုတွေမြင့်တက်နေကြပါတယ်။ “ဘယ်ကိုဦးတည်နေတယ်ဆိုတာကတော့ တိတိကျကျပြောဖို့တော့ခက်တယ်။ မြတောင်ဘက်ကမ်းအခြေနေကလည်း မြတောင် ကို ကျော်ပြီးတော့အထက်ဘက်ကိုတက်သွားတဲ့ပုံစံမျိုးလည်းမြင်ရတယ်။ ထီးချိုင့်မြို့ထဲကိုလည်း ပေါင်းခဲ့တယ်လို့လည်း ပြောကြတယ်။ ”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ထီးချိုင့်မြို့နယ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့နဲ့ ထိစပ်နေပြီး ကချင်ပြည်နယ်ကိုလည်း ကုန်းလမ်း၊ ရေလမ်းနဲ့ ဆက်သွယ်နိုင်တဲ့ လမ်းကြောင်းမှာရှိတဲ့အတွက် စစ်ရေးအရအရေးပါတဲ့နေရာတစ်ခုဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ ကဆိုကြပါတယ်။ တကောင်းနီးကယ်စက်ရုံကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လကတည်းက တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတာဖြစ်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ NUG နဲ့ တရုတ်တို့ဆွေးနွေးကာလည်ပတ်နေတယ်လို့ သတင်းထွက်ခဲ့ဖူးတာဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 17 March
    သတင်း

    ရွှေကူနယ်အတွင်း  KIO တားမြစ်ထားတဲ့နေရာမှာရွှေတူးဖော်မှုဆက်ရှိနေ

    ကချင်ပြည်နယ် ရွှေကူမြို့နယ်ထဲမှာ ရွှေတူးဖော်မှုတွေကိုတားမြစ်ကြောင်း KIO အမိန့်စာထုတ်ထားပေမယ့် မြို့ပေါ်ရပ်ကွက်ဧရိယာထဲမှာ ရွှေတူးဖော်မှုတွေဆက်ရှိနေတယ်လို့ ဒေသခံတွေပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ KIO က ရွှေကူနယ်တွင်းရွှေတူးဖော်မှုနဲ့ပတ်သက်ပြီး အမိန့်စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။  အမိန့်ကြေညာချက်ထဲမှာ အဓိကဖော်ပြထားတာက ရွှေကူမြို့ပေါ် ရပ်ကွက်၁၊ ရပ်ကွက် ၂၊ရပ်ကွက် ၃၊ရပ်ကွက် ၄ စတဲ့ရပ်ကွက်တွေအပါအဝင် မြို့ကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ ရွှေတူးဖော်မှုတွေကို တားမြစ်တယ်လို့ ဆိုထားပါတယ်။  ဒါပေမယ့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကစပြီး စစ်ကောင်စီတပ်က ရွှေတူးဖော်မှုကို ပြန်လည်ခွင့်ပြုလိုက်တယ်လို့ ရွှေကူဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ပြန်လုပ်နေကြပြီဗျ မြို့ခံတွေထဲကတစ်ချို့စုန်းပြူးတွေနဲ့လုပ်ငန်းရှင်တွေလုပ်ကြတာဗျ ရွှေကူ ရပ်ကွက် ၁၊၂၊၃၊၄ ပါအခုလုပ်နေတာက”လို့အသက် ၅၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ လက်ရှိတူးဖော်နေတဲ့လုပ်ငန်းရှင်တွေထဲမှာ ရွှေကူမြို့ထဲက မြို့ခံလုပ်ငန်းရှင်တွေ၊စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေနဲ့ဗန်းမော်ဘက်ကလုပ်ငန်းရှင်တွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။ “စကစနဲ့ပေါင်းနေတဲ့အဖွဲ့တွေပါ့ စစ်တပ်နဲ့အပေးအယူတည့်ပြီးလုပ်နေကြတာ ရွှေကူအထိုင်တပ်ကခွင့်ပြုပေးလို့လေးသူတို့ဆီအခွန်ဆောင်ပြီးတူးတာဟုတ်တယ်”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒီရွှေတူးဖော်မှုကို မြို့ပေါ် ရပ်ကွက် ၁၊၂၊၃၊၄ နယ်မြေ ဧရာဝတီမြစ်ကြောင်းလျှောက်မှာ ရွှေမော်တော်တွေ၊သံခွန်စက်လှေတွေနဲ့တူးဖော်နေပြီး ခန့်မှန်း အစီး ၃၀ ထက်မနည်းရှိတယ်လို့သိရပါတယ်။ အခုလိုမြစ်ကမ်းဘေးရွှေတူးဖော်မှုကြောင့်မြစ်ကြောင်းပျက်စီးတာ၊ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာတွေကြောင့် ဒေသခံတွေကန့်ကွက်မှုရှိနေပေမယ့် ထိရောက်မှုမရှိဘူးလို့ ဒေသခံတွေပြောပါတယ်။ “ရွှေတူးတော့မြစ်ရေကနှောက်တယ် တစ်ချို့ဒီကပဲသုံးရေသုံးကြတာ အခုသုံးလို့မရတော့ဘူး နောက်ပိုင်းမိုးတွင်းတွေမှာဆိုရင် မိုးရေလွှမ်းနိုင်တယ် ထိထိရောက်ရောက်တားဆီးသင့်တယ်”လို့အထက်ဖော်ပြပါအသက် ၅၀ ကျော်အရွယ်အမျိုးသားကဆက်ပြောပါတယ်။ ရွှေကူမြို့ဟာ ဧရာဝတီမြစ်ကမ်းဘေးမှာတည်ရှိတဲ့မြို့ဖြစ်တာကြောင့် မြစ်ကမ်းဘေးမှာရှိတဲ့ ဒေသခံတစ်ချို့ကတော့ မြစ်ရေအသုံးပြုသူတွေရှိတယ်လို့ သိရပါတယ်။  ဒါပေမယ့် ရွှေတူးဖော်မှုစတင်လာနေ့ကစပြီး ရေတွေနှောက်နေပြီး သုံးဖို့အဆင်မပြေတာတွေကြုံတွေ့နေရတယ်လို့ ဒေသခံတွေပြောပါတယ်။ အဲ့ဒီရွှေတူးဖော်မှုတွေကို ၂၀၂၅ ခုနှစ်ကတည်းကလုပ်ဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက KIOရဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရွှေတူးဖော်မှုတားမြစ်လိုက်ကြောင်း အမိန့်စာကြောင့် ရက်ပိုင်းနားခဲ့ပေမယ့် ဖေဖော်ဝါရီ လကုန်းပိုင်းလောက်မှာပဲ ပြန်လည်တူးဖော်နေတာလို့သိရပါတယ်။ အခုလိုမြို့ပေါ်ရွက်ကွက်ဧရိယာမှာရွှေတူးဖော်မှုကြောင့်မြို့ခံတွေသုံးရေခက်ခဲတဲ့အပြင်  ဆက်လက်ဆက်တူးဖော်နေမယ်ဆိုရင် မြစ်ကမ်းဘေးအနီးရှိ…

    Read More »
  • 13 March
    လူ့အခွင့်အရေးချိုးဖောက်မှု

    စင်းခန်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ရွှေဖောင်တွေလုပ်ငန်းရပ်နားထား

    ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်တဲ့ ရွှေဖောင်နေရာတွေ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ရွှေတူးဖော်တဲ့လုပ်ငန်းတွေ ရပ်နားထားပြီး မြစ်ကမ်းတစ်လျှောက်ရှိကျေးရွာတွေလည်း လေကြောင်းအန္တရာယ်သတိထားနေထိုင်ရတယ်လို့ သိရပါတယ်။ စင်းခန်းကျေးရွာအပါ နန့်ခုတ်၊ ဘိုတောင်း၊ မြလယ် စတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာနေပြည်သူတွေဟာ မတ်လ ၁၀ ရက်နေ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် လေကြောင်းရန်စိုးရိမ်းနေရတယ်လို့ မြလယ်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လေကြောင်းတိုက်ခိုက်ခံရမှုအဆိုးဆုံးက စင်းခန်းနဲ့ နန့်ခုတ်မှာပေါ့လေ။ အဲ့ကြောင့် ဒီကြောမှာရှိကြတဲ့ ရွာသားတွေက သတိထားပြီးနေနေရတယ်။ တစ်ချို့က အပြင်တောင်မထွက်ကြသေးဘူး။ အချင်းချင်းလည်း သတိထားပြီးနေထိုင်ကြဖို့ ပြောဆိုထားတာတွေလည်းရှိတော့ သက်ကြီးရွယ်အိုရှိတဲ့သူတွေဆို ရှောင်ထားရတဲ့အခြေအနေမှာကြုံနေရတယ်”လို့ပြောပါတယ်။ လက်ရှိမှာ မြစ်ကမ်းတစ်လျှောက်ရှိတဲ့ ကျေးရွာနေပြည်သူတွေက ဆက်သွယ်ရေးအခက်အခဲတွေကြောင့် ကျေးရွာတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြောဆိုဖို့တောင် ခက်ခဲတဲ့အခြေအနေမှာလည်း ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ မတ်လ ၁၀ ရက်နေ့ စင်းခန်းတံတားအထက် မြစ်ကမ်းတစ်လျှောက်ကို စစ်တပ်က ဂျက်ဖိုက်တာ ၃ စင်းနဲ့ ရွှေဖောင်ရှိတဲ့နေရာတွေကို တပြိုင်နက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ထဲမှာ ရွှေတူးဖော်နေတဲ့ ရွှေဖောင် ၁၀ စီးကျော် မီးလောင်ပျက်စီးသွားပြီးတော့ KNG ရဲ့ သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ ရွှေဖောင်လုပ်သား ၃၀ နဲ့ ၅၀ ကြားမှာ အသက်သေဆုံးမှုရှိခဲ့တယ်လို့ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ရွှေဖောင်လုပ်တဲ့မြစ်ကမ်းတစ်လျှောက်ကို Y -12 ၊ ဂျက်ဖိုက်တာလေယာဉ်နဲ့ လာရောက်ပျံဝဲတာတွေဆက်ရှိနေသေးတာကြောင့် လုံခြုံရေးအတွက်စိုးရိမ်ပြီး ပြည်သူတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက်လုပ်ဆောင်ဖို့ ခက်ခဲနေကြတယ်လို့ဆိုပါတယ်။ “စစ်ကြောင်းတက်တာတွေကမရှိသေးဘူး။ ဒါပမယ့် လေယာဉ်ကမနေ့ကအထိလာရောက်ပျံဝဲတာတွေရှိနေသေးတယ်။ ဒီကနေ့ကတော့ အခုချိန်အထိလာဝဲတာမရှိသေးဘူး”လို့အထက်ပါ မြလယ်ရွာအမျိုးသားကဆက်ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသွားတဲ့ အရပ်သားပြည်သူ ၃၀ နဲ့ ၅၀ ကြားရှိခဲ့ပြီး များသောအားဖြင့် ရွှေဖောင်အစီးလိုက်မီးလောင်ကျွမ်းတဲ့ မီးတွင်းထဲသေဆုံးခဲ့ရတဲ့အပြင် တစ်ချို့ရုပ်အလောင်းတွေက ရေထဲမျောပါသွားတယ်လို့ဆိုပါတယ်။ ဒါကြောင့် သေဆုံးသွားတဲ့ရုပ်အလောင်းတွေကို တိတိကျကျပြန်လည်ဖော်ယူဖို့ ခက်ခဲခဲ့တယ်လို့ ဒေသခံပြည်သူတွေပြောပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံရပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်နေတဲ့ ရွှေဖောင်လုပ်ငန်းတွေကိုလည်း ရပ်နားထားကြတယ်လို့ နောက်ထပ် စင်းခန်းဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ “လက်ရှိတော့ ရွှေဖောင်လုပ်ငန်းတွေအကုန်လုံးရပ်နားထားကြသေးတယ်။ ခဏနားတာလား ဘယ်လိုအခြေအနေရှိလဲတော့သေချာမသိရဘူး”လို့ပြောပါတယ်။ စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်တဲ့ ရွှေဖောင်အစီးရေ ထောင်ဂဏန်းခန့်ရှိပြီး စစ်တပ်က အခွန်မရရှိတဲ့အတွက် KIA ရဲ့ ဝင်ငွေပိတ်ဆို့ပေးတဲ့သဘောနဲ့ အရပ်သားတွေကို လာရောက်ပစ်ခတ်တာဖြစ်နိုင်တယ်လို့လည်း ဒေသခံပြည်သူတွေသုံးသပ်နေကြပါတယ်။ လက်ရှိ ရွှေဖောင်လုပ်ကိုင်နေတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်ဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၁၁) နယ်မြေထဲပါဝင်ပြီး အဲဒီဒေသမှာ ကွပ်ကဲနေတဲ့ တပ်မဟာ၊ တပ်ရင်းတွေရဲ့ ခွင့်ပြုချက်နဲ့ လုပ်ပိုင်ခွင့်ပေးထားတာလည်းဖြစ်နိုင်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောဆိုထားတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 5 March
    သတင်း

    မြစ်ကြီးနားမှာ သဲကျောက်ကား‌တွေကြောင့်လမ်းတွေပျက်စီးလာ

    ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့ ကရပ်ကွက်တချို့ရဲ့လမ်းကြားတွေထဲ သဲကျောက်ကားကြီးများမကြာခဏဖြတ်သန်းသွားလာနေတဲ့အတွက် ကိုယ်ထူကိုယ်ထလမ်းတွေအပါအဝင် လမ်းပိုင်းပျက်စီးမှုတွေရှိလာ‌တယ်လို့မြို့ခံတွေကပြောပါတယ်။ ဧရာဝတီမြစ်ကြောင်းရှင်းလင်းရေးခေါင်းစဥ်နဲ့ စစ်ကော်မရှင်လက်အောက်ခံ ကချင်ပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့ ပြီးခဲ့တဲ့ နှစ်တွေကတည်းက မြစ်ကြီးနားမြို့ စီတာပူ၊ မန်ခိန်၊ ရွှေစက် စတဲ့ရပ်ကွက်တွေရဲ့ မြစ်ကြောင်းတစ်လျှောက်က သဲကျောက်တွေကို တူးဖော်နေပြီး တုံဖုန်းကားကြီးတွေနဲ့နေ့စဥ်…

    Read More »
  • Feb- 2026 -
    24 February
    သတင်း

    ကသာကမ်းနားကျေးရွာများ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်ခံရ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးက ကလုံကျေးရွာနဲ့ သာဂရကျေးရွာတစ်ဝှိုက်ကို စစ်ကော်မရှင်က တိုက်ပွဲတစ်စုံတစ်ရာမရှိ၊ စစ်ရေးပစ်မှတ်မရှိဘဲ နှစ်ရက်ဆက်တိုက် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရလို့ အဲ့ဒီဒေသကဒေသခံ တွေထိတ်လန့်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။ မနေ့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်လောက်မှာဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ကလုံနဲ့သာဂရကျေးရွာတစ်ဝှိုက်ကိုပဲ…

    Read More »
  • 19 February
    ဆောင်းပါး

    ၃၈ မိုင်မြစ်ရိုးပေါ်က ရွှေတူးဖော်မှုနဲ့အာဏာဆက်စပ်မှု

    ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့၏ အထင်ကရ ဗလမင်းထင်တံတားအောက်မှ မြင်ကွင်းသည် စစ်ဘေးနှင့် စားဝတ်နေရေး အကျပ်အတည်း၊ တရားဥပဒေနှင့် နည်းလမ်းကျ တာဝန်ယူပေးမည့် အစိုးရမရှိပုံကို ဖော်ပြနေသည့် ပြယုဂ်တစ်ခု ဖြစ်နေပါပြီ။ မြစ်ကြောင်း ရှင်းလင်းရေး၊ မြစ်ကမ်း နဘေးရေကာတာ တည်ဆောက်ခြင်း၊…

    Read More »
  • 3 February
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    ရွှေကူမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေမှော်တော်အစီးရေထောင်ချီဖြင့်ရွှေတူးဖော်နေ

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ထဲမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေမော်တော်အစီးရေထောင်နဲ့ချီချပြီး ရွှေတူးဖော်နေတာကြောင့် ဒေသခံတွေရဲ့လယ်ယာ၊စိုက်ခင်းပျက်စီးမှုတွေအများအပြားရှိနေတယ်လို့သိရပါတယ်။ ရွှေကူမြို့နယ်ထဲက ဗန်းမော်မြို့နယ်အစပ် နောင်မိုကနေ စစ်ကိုင်းအစပ် ဘိုကုန်းကျေးရွာအပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်လုံးမှာစက်လှေ၊ သံခွန်တွေအသုံးပြုပြီးရွှေအလွန်အကျွံတူးဖော်နေတာကြောင့် ရွာပေါင်း ၂၀ နီးပါးလောက်က လယ်ယာစိုက်ခင်းတွေပျက်စီးနေတယ်လို့သိရပါတယ်။ “ဘယ်ရွာကနေဘယ်ရွာအထိရယ်မဟုတ်ဘူး ရွှေကူတစ်နယ်လုံးကမြစ်ကြောင်းတစ်လျှောက်မှာ…

    Read More »
Back to top button