ဧရာဝတီမြစ်

  • Jan- 2026 -
    6 January
    စစ်ပြေးဒုက္ခသည်များ

    ကသာ စစ်ဘေးရှောင်တွေကို စေတနာထားကူညီကြတဲ့ ဧရာဝတီမြစ်ဘေးက ကျေးရွာများ

    ကသာမြို့သိမ်းတိုက်ပွဲ ပြင်းထန်လာတာနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေး‌ရှောင်တွေအပေါ် စေတနာထား ကူညီကြတဲ့ ကသာမြို့ပြင် ဧရာဝတီမြစ်ဘေးကကျေးရွာတွေကို ကျေးဇူးတင်ကြောင်း စစ်ဘေးရှောင်တချို့က KNG ကို ပြောကြပါတယ်။ ကသာမြို့တွင်း နေထိုင်ကြတဲ့ မြို့လုံးကျွတ်ဒေသခံတွေဟာ တိုက်ပွဲနဲ့ဘေးလွှတ်ရာတွေကိုတိမ်းရှောင်နေကြရပြီး ရှမ်းပြည်နယ် မဘိမ်း၊ ကချင်ပြည်နယ် မိုးညှင်း၊ မြစ်ကြီးနားမြို့နဲ့…

    Read More »
  • Dec- 2025 -
    2 December
    လူ့အခွင့်အရေးချိုးဖောက်မှု

    ဗန်းမော်မြို့တစ်ဖက်ကမ်း ရွှေလုပ်ကွက်နေရာ နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံရ အရပ်သား ၃ ဦးသေဆုံး

    ကချင်ပြည်နယ် ဗန်းမော်မြို့ဧရာဝတီမြစ်ရဲ့တစ်ဖက်ကမ်းရှိ မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာတွေနားက ရွှေလုပ်ကွက်နေရာတစ်ချို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Banmaw Scout Team ကသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့နဲ့ မနေ့က ဒီဇင်ဘာလ ၁ ရက်နေ့ နှစ်ရက်ဆက်တိုက် ဗန်းမော်မြို့ရဲ့တစ်ဖက်ကမ်းမှာ ရှိတဲ့ ရွှေလုပ်ကွက်နေရာတွေကိုလေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၃ ဦးအထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူက လူဦးရေ ၃၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ‌စက်လှေနဲ့စက်ပစ္စည်းတစ်ချို့လည်းပျက်ဆီးခဲ့ရတယ်လို့ Banmaw Scout Team အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။ “တစ်နေ့ကတော့ကြဲသွားတာကနှစ်စီးပေါ့ အဲ့နှစ်စီးက ဗုံးချတယ် လေယာဥ်မှာပါတဲ့သေနတ်နဲ့ပစ်တယ်။ အဲ့မှာ လူသုံးယောက် သေဆုံးသွားတယ်။ ပြီးသွားရင် စက်ပစ္စည်းတွေပျက်ဆီးသွားတယ်။ ဒဏ်ရာရတဲ့သူကလည်း ၃၀ ဝန်းကျင်လောက်တော့ရှိတယ်”လို့ Banmaw Scout Team တာဝန်ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် မနေ့ကနေ့လည်ပိုင်း ၁ နာရီဝန်းကျင်လောက်မှာလည်း အဆိုပါ မိုးစိမ်းကျွန်းအနီးက ရွှေလုပ်ကွက်တစ်ဝှိုက်ကို လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ထပ်မှန်ပြုလုပ်ခဲ့တယ်လို့ပြောပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုမှာတော့ လူထိခိုက်သေဆုံးမှုတစ်စုံတစ်ရာမရှိခဲ့ဘဲ ရွှေဖောင်နှစ်စီးတော့ထိခိုက် ပျက်ဆီးခဲ့ရတယ်လို့ Banmaw Scout Team အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ “မနေ့ကတိုက်ခိုက်မှုလည်းဒီပုံစံပါပဲဗျ။ ဒီရွှေလုပ်ကွက်တစ်ကွက်ကိုပဲတိုက်ခိုက်တာ။ တစ်နေ့ကကြဲခံရတဲ့အနားဝန်းကျင်ပါပဲ။ ဗုံးချတယ်။ သေနတ်နဲ့ပစ်သွားတယ်အဲ့ပုံစံပါပဲ”လို့အထက်ပါ Banmaw Scout Team အဖွဲ့ရဲ့တာဝန်ခံကဆက်ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ကချင်လွပ်လပ်ရေးတပ်မတော် တို့အကြားကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော် ဗန်းမော်အပါအဝင်၊ ကျောက်စိမ်းမြို့တော် ဖားကန့် နဲ့ အချက်အချာကျတဲ့ ဝိုင်းမော်မြို့တွေမှာ ၂၀၂၅ ခုနှစ်နှောင်းပိုင်းကာလတွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေပါတယ်။…

    Read More »
  • Oct- 2025 -
    14 October
    သတင်း

    လျှပ်စစ်မီးအဆင်မပြေမှုကြောင့် စစ်ရှောင်ကလေးတွေ စာကျက်ဖို့ အခက်အခဲဖြစ်နေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဧရာဝတီမြစ်တစ်လျှောက် နောင်ချိန်း၊ လဘန်ကျေးရွာ၊ အင်ဂန်းကျေးရွာက စစ်ရှောင်စခန်းတွေမှာ လျှပ်စစ်မီးသေချာမရရှိတာကြောင့် ကလေးတွေအတွက် ညဘက် စာကျက်ဖို့ အခက်ခဲဖြစ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေကနေ သိရပါတယ်။ ပုံမှန်အားဖြင့် ကလေးတွေ စာကျက်ချိန်ဖြစ်တဲ့ ည ၇ နာရီကနေ…

    Read More »
  • Sep- 2025 -
    8 September
    လူ့အခွင့်အရေးချိုးဖောက်မှု

    စစ်သင်္ဘောအုပ်စု စုန်ဆင်းလာချိန် လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်လို့ အရပ်သား ၁၁ ဦးသေဆုံး

    ဧရာဝတီမြစ်ကြောင်းအတိုင်းစုန်ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စုအတွက် လမ်းကြောင်းရှင်းရင်း စစ်ကောင်စီကလက်နက်ကြီး နဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထီးချိုင့်မြို့နယ်မှာ အရပ်သား ၁၁ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ ဗန်းမော်မြို့ကနေ စစ်သင်္ဘောတွေ စုန်ဆင်းလာချိန်စစ်ကောင်စီကY 12 ၊…

    Read More »
  • 5 September
    သတင်း

    ဗန်းမော်ရောက် စစ်သင်္ဘောများ ပြန်စုန်ဆင်း

    ကချင်ပြည်နယ် ဗန်းမော်ကို ရောက်ရှိနေတဲ့စစ်သင်္ဘောတွေ ဧရာဝတီမြစ်ကြောင်းအတိုင်း စက်တင်ဘာလ ၅ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာပဲ ပြန်စုန်ဆင်းသွားပြီလို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ စုစုပေါင်းစစ်သင်္ဘော ၆ စီးလို့သိရပြီး ဒီစုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ဩဂုတ်လ ၁ ရက်နေ့ကပဲ ဗန်းမော်မြို့ကို ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့လူအင်အားတွေတင်ပို့ခဲ့တဲ့စစ်သင်္ဘောတွေပဲဖြစ်ပါတယ်။…

    Read More »
  • Jul- 2025 -
    21 July
    သတင်း

    စစ်သင်္ဘောဆန်တက်လာတဲ့အတွက် မြစ်ကမ်းတစ်လျှောက်နေထိုင်တဲ့ပြည်သူတွေ ကြိုတင်တိမ်းရှောင်

    မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်ကောင်စီတပ်ရဲ့သင်္ဘောတွေဆန်တက်လာနေတဲ့အတွက် မြစ်ကမ်းနံဘေးနေထိုင်တဲ့ဒေသခံပြည်သူတွေ ဘေးလွှတ်ရာကြိုတင်တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီတပ်ဟာ သင်္ဘောဆန်တက်ချိန် မြစ်ကမ်းတစ်လျှောက် လေကြောင်း၊ လက်နက်ကြီးအသုံးပြုပြီး ပစ်ခတ်မှုတွေရှိနေတဲ့အတွက် မြစ်ကြောင်းတစ်လျှောက်နေထိုင်တဲ့ပြည်သူတွေ ကြိုတိမ်းရှောင်နေရတာဖြစ်တယ်လို့ ကသာမြို့ဒေသခံအမျိုးသားတစ်ဥိီး ပြောပါတယ်။ “တစ်ချို့ကတော့မနေ့ကတည်းကတိမ်းရှောင်နေကြတယ်။ မော်တော်ကြီးမော်တော်ငယ်တွေနဲ့ကိုရှောင်ကြတာ။ အခြေနေကတော့အားလုံးကစောင့်ကြည့်ပြီးလှုပ်ရှားနေရတာ အဆင်သင့်ပြင်ဆင့်ထားရတာပေါ့ သတင်းကိုအဆက်မပြတ်နားထောင်ပြီးတော့”လို့ပြောပါတယ်။ ဒီတစ်ကြိမ်ဆန်တက်လာတဲ့ သင်္ဘောတွေဟာ စစ်သင်္ဘော ၅ စီး၊ နောက်တွန်းထောက်ပို့သင်္ဘော ၇ စီးဖြစ်ပြီး လက်ရှိ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာ အမှတ် (၁၃ )တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(တကက ၁၃) မှာရောက်ရှိနေပြီး ပြန်ဆန်တက်ဖို့ပြင်ဆင်မှုတွေလုပ်နေတယ်လို့သိရပါတယ်။ ဒါကြောင့် စစ်သင်္ဘောရောက်နေတဲ့ အထက်ဘက်ကမြို့နယ်တွေဖြစ်တဲ့ ထီးချိုင့်၊ ကသာမြို့နယ်တွေရဲ့ မြစ်ကမ်းနံဘေးက ကျေးရွာပေါင်းများစွာ စစ်သင်္ဘောနဲ့လေကြောင်းအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်တာ ဘေးလွှတ်ရာတွေကိုတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ ထီးချိုင့်မြို့နယ်ကဒေသခံတွေကတော့ စစ်သင်္ဘောတွေ မန္တလေးမြို့ကနေစတက်လာတဲ့ ဇူလိုင် ၁၇ ရက်နေ့နောက်ပိုင်းကစလို့ မြစ်ကမ်းနံဘေးတစ်လျှောက်နေထိုင်တဲ့ဒေသခံတွေကို ကြိုတင်ပြင်ဆင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကတစ်ဆင့်ဆော်ဩခဲ့ပြီး တိမ်းရှောင်ခဲ့ကြတယ်လို့ သိရပါတယ်။ တစ်ဖက်မှာ ဒီကနေ့ ဇူလိုင် ၂၁ ရက်နေ့နေ့ခင်းပိုင်းမှာ ကသာမြို့နယ်တစ်ဝှိုက် စစ်ကောင်စီရဲ့ Y 12 အမျိုးအစားရဟတ်ယာဥ်တစ်စီးဝဲနေပြီးကင်းထောက်စောင့်ကြည့်တာလုပ်နေတာလို့ ယူဆရကြောင်းဒေသခံတွေကပြောပါတယ််။ “ထီးချိုင့်မြို့နယ်လည်းရှောင်ပြီးပြီ တော်တော်များများကကြောက်နေကြတာ စိုးရိမ်ပူပန်နေကြတာပေါ့။ ညဆိုလည်းလေကြောင်းကိုသတိထားပြီး အိပ်နေရတဲ့အခြေနေဖြစ်နေတာ။ ပြီးတော့ Y12 ကလည်းကသာမြို့နယ်ထဲလာပတ်နေတာ ကြိုတင်ထောက်လှမ်းတဲ့သဘောရှိတယ်”လို့ နောက်ထပ်ကသာမြို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ အဆိုပါစစ်သင်္ဘောတွေဟာ သပိတ်ကျင်း–တကောင်း–ထီးချိုင့်–ကသာ–ရွှေကူ–ဗန်းမော်မြို့ လမ်းကြောင်းအတိုင်း ကချင်ပြည်နယ်အထိတက်လာနိုင်တယ်လို့ဒေသခံတွေနဲ့စစ်ရေးအခြေနေစောင့်ကြည့်သူတွေကခန့်မှန်းထားကြပါတယ်။ တစ်ဖက်မှာအခုလို စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့မြစ်ကြောင်းတစ်လျှောက်ကျေးရွာတွေကိုပစ်ခတ်လေ့ရှိသလို မြေပြင်စစ်ကြောင်းထိုးတာလေကြောင်းတိုက်ခိုက်တာတွေလုပ်လေ့ရှိပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်းနှစ်စဥ်ရှိခဲ့တာပါ။ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ညနေပိုင်းကလည်း စစ်သင်္ဘောတွေဆန်တက်နိုင်ဖို့ လမ်းကြောင်းရှင်းလေကြောင်းပစ်ခတ်တာကြောင့် ဝက်လက်မြို့နယ်ထဲကကျေးရွာ ၃ ရွာကိုလေကြောင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် အရပ်သား ၂၀ ကျော်သေဆုံးခဲ့ရပါတယ်။ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကလည်း ဧရာဝတီမြစ်ကိုအသုံးပြုကာ အထက်ဘက် တကောင်း၊ ထီးချိုင့်၊ကသာ၊ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်မြို့တွေအထိ စစ်လက်နက်နဲ့ရိက္ခာတွေဖြည့်တင်းနိုင်ခဲ့ပါတယ်။ ကချင်ပြည်နယ်အတွက်အရေးပါတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း ဗန်းမော်မြို့ကိုကာကွယ်ဖို့စစ်လက်နက်နဲ့ရိက္ခာတွေကိုရတဲ့နည်းနဲ့ သယ်ယူပို့ဆောင်ဖို့ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Jun- 2025 -
    18 June
    သတင်း

    လူပေါင်းတစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တဲ့ ကချင်ပြည်နယ်ရဲ့ရေကြီးရေလျှံမှု

    ရေကြီးရေလျှံမှု ၂ နှစ်ဆက်တိုက်ကြုံတွေ့ခဲရတဲ့ ကချင်ဒေသမှာ ဒီနှစ်မှာလည်း မေခ၊မလိခမြစ်ရေ၊ဧရာဝတီမြစ်ရေမြင့်တက်မှ၊တောင်ကျချောင်းရေလျှံမှုကြောင့် အရပ်သားပြည်သူတစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး ပြည်သူ ၆ ဦးသေဆုံးခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မေလ ၂၃ ရက်နေ့ကစပြီး ဇွန်လ ၂ ရက်နေ့အထိ ကချင်ပြည်နယ်အထက် ချီဖွေ၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး၊လန်ဆယ်၊ ဆဒုံး၊ကံပိုက်တည်နဲ့ ဝိုင်းမော်၊…

    Read More »
  • 2 June
    သတင်း

    မြစ်ရေတက်နေတဲ့ ဝိုင်းမော်မြို့နယ် ကျေးရွာတချို့မှာ သွားလာရေးအတွက် ငွေကျပ် ၆ သောင်းထိ ကုန်ကျနေရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အင်ဂန်းကျေးရွာ လမ်းနေရာတချို့မှာ ‌ဧရာဝတီမြစ်ရေမြင့်တက်နေပြီး လမ်းတစ်ခါ ဖြတ်ကူးနိုင်ဖို့ ငွေကျပ် ၆ သောင်းခန့်အထိ ပေးနေရတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ လက်ရှိ အင်ဂန်းကျေးရွာကနေ ထွက်နိုင်ဖို့အတွက် ရေကြီးသွားတဲ့ နေရာ ငါးခုလောက်ရှိပြီး ဆိုင်ကယ်နဲ့ ဖြတ်မရတဲ့အတွက် စက်လှေတွေကို အသုံးပြုနေရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း…

    Read More »
  • Apr- 2025 -
    24 April
    သတင်း

    ကချင်ပြည်နယ်အထက်ပိုင်း မိုးသည်းထန်စွာရွာသွန်းနေလို့ ဧရာဝတီမြစ်ရေမြင့်တက်လာ

    ကချင်ပြည်နယ် အထက်ပိုင်းဒေသမှာ မိုးသည်းထန်စွာရွာသွန်းလို့ မေခ၊ မလိခမြစ်ရေကြီးပြီး ဧရာဝတီမြစ်ရေမြင့်တက်လာနေတယ်လို့ ဒေသခံတွေပြောပါတယ်။ ဧပြီလ ၂၁ ရက်နေ့ကစလို့ ကချင်ပြည်နယ်အထက်ပိုင်းဒေသတွေဖြစ်တဲ့ ပန်းနန်ဒင်၊နောင်မွန်း၊ဆော့လော်၊ခေါင်လန်ဖူးနဲ့လန်ဆယ်ဒေတစ်လျှောက်မှာ မိုးဆက်တိုက်ရွာသွန်းနေပြီး ချောင်း၊တံတားပျက်စီးတဲ့အထိ မိုးကြီးနေတယ်လို့ သိရပါတယ်။ အဲဒီနောက် ဧပြီလ ၂၃ ရက်ညစပြီး မေခ၊မလိမြစ်ရေစတင်မြင့်တက်လာတာလို့…

    Read More »
  • 11 April
    သတင်း

    ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ချို့ သောက်သုံး‌ရေရှားပါးတဲ့ပြဿနာ ကြုံနေရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတစ်ချို့မှာ သောက်သုံးရေ ရှားပါးတဲ့ပြဿနာကြုံ‌နေရတယ်လို့ စစ်ရှောင်ပြည်သူတွေ ဆီကနေ သိရပါတယ်။ အဓိကအားဖြင့် ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိနောင်ချိန်း၊လဘန်ကျေးရွာတွေမှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ သောက်ရေနဲ့ သုံးရေ ရှားပါးတဲ့ ပြဿနာကို ကြုံနေရတယ်လို့ KNG ကိုပြောပါတယ်။…

    Read More »
Back to top button