မဲရုံကိစ္စဖြင့် တရားစွဲဆိုထားသည့် ပညာရေးဝန်ထမ်းများပတ်သက်သည့် သတင်းအမှား

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲပြုလုပ်ကျင်းပခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ NLD ၏ ပြိုင်ဘက်ပါတီအချို့ မဲရုံကိစ္စဖြင့် တရားစွဲဆိုထားသည့် ပညာရေးဝန်ထမ်းများအတွက် တာဝန်ယူဖြေရှင်းသွားမည်မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးက ပြောကြားလိုက်သည်ဟု လူမှုကွန်ယက်ပေါ်များတွင် ပျံ့နှံ့နေပါသည်။ နိုင်ဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်း ၅ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် Tone Tone အမည်ရှိ လူမှုကွန်ယက်စာမျက်ပေါ်မှာ ‘မဲရုံကိစ္စများဖြင့် တရားစွဲဆိုခံရသည့် ပညာရေးဝန်ထမ်းများအတွက် ဝန်ကြီးဌာနက တာဝန်ယူဖြေရှင်းပေးရန် အစီအစဉ်မရှိဟု…