KIO/KIA
-
Feb- 2025 -5 Februaryသတင်း
‘နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို စစ်မြေပြင်မှာမရှာဖို့’ KIO ဥက္ကဋ္ဌ က အာဏာသိမ်း စစ်ခေါင်းဆောင်ကို ပြောဆို
လေးနှစ်တာအထိ ပြည်သူအာဏာ လုယူထားဆဲဖြစ်တဲ့ အာဏာသိမ်းစစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပေါင်းအပါတွေအနေနဲ့ ‘နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို စစ်မြေပြင်မှာ မရှာဖို့’ (၆၄) နှစ်မြောက် ကချင်တော်လှန်ရေးနေ့မှာ KIO/KIA ဥက္ကဋ္ဌ ပြောဆိုလိုက်ပါတယ်။ “မြန်မာနိုင်ငံရဲ့ အာဏာကို သိမ်းယူထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ SAC တာဝန်ရှိသူတွေကိုလည်း ဒီကနေ ပြောလိုက်ချင်ပါတယ်။ နိုင်ငံရဲ့…
Read More » -
Dec- 2024 -11 Decemberသတင်း
KIO/KIA ဥက္ကဌ ဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ( CPPCC)အဖွဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံနေ
ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ( CPPCC) အဖွဲ့ ဒီနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးပွဲလုပ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ကြိမ် တရုတ်အစိုးရနဲ့ KIO တွေ့ဆုံဆွေးနွေးမှုမှာ တရုတ်အစိုးရဘက်က CPPCC ဗဟိုကော်မတီဝင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Wu Ken နဲ့ တွေ့ဆုံနေကြတာဖြစ်ပြီး အရင်ဆွေးနွေးမှုတွေကို ဦးဆောင်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန်းရှီးကျွင်းထက် အဆင့်မြင်တဲ့ အရာရှိဖြစ်တယ်လို့ KIO နဲ့ နီးစပ်သူတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ လက်ရှိ KIO အစိုးရနဲ့ တရုတ်အစိုးရဘက်က ဦးဆောင်ပါဝင် ဆွေးနွေးနေတဲ့ CPPCC (Chinese People’s Political Consultative Conference ) ဗဟိုကော်မတီဝင် ဝူ့ခန့် (Wu Hken) ဟာ ယခင်က ဂျာမနီနိုင်ငံရဲ့ တရုတ်နိုင်ငံဆိုင်ရာတရုတ်သံအမတ် လုပ်ခဲ့သူတစ်ဦးဖြစ်ပြီး ဒီနှစ် စက်တင်ဘာလအတွင်းမှာပဲ တရုတ်နိုင်ငံ ပေကျင်းမြို့ကို ပြန်လည်ရောက်ရှိလာသူတစ်ဦးလည်းဖြစ်ပါတယ်။ KIO နဲ့ တရုတ်အစိုးရတွေ့ဆုံမှုမှာ KIO ဘက်က KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ KIO အထွေထွေအတွင်းရေးမှူး ဦးကွမ်ထပ်ထိန်နန်၊ KIC ဒု– ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်၊ KIO အုပ်ချုပ်ရေး DGA တာဝန်ခံ ဗိုလ်လဖိုင်ဇော်ယော်၊ ဗိုလ်ချုပ် လဖိုင်ခွန်နောင်တို့ပါဝင်နေတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်အတွင်း ဧရာဝတီအရှေ့ဘက်ခြမ်း KIA သိမ်းပိုက်ဖို့ နောက်ဆုံးကျန်ရှိနေတဲ့ ဗန်းမော်နဲ့ မံစီ မြို့နယ် ၂ ခုမှာ KIA ရဲ့ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ အချိန်အတွင်းမှာပဲ တရုတ်အစိုးရဘက်က တွေ့ဆုံဖို့ ဖိတ်ခေါ်မှုကြောင့် KIO အစိုးရဘက်က သွားရောက်တွေ့ဆုံနေတာလည်းဖြစ်ပါတယ်။ ဒီကနေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ KIO နဲ့ တရုတ်အစိုးရ နှစ်ဖွဲ့တွေ့ဆုံဆွေးနွေးနေတာနဲ့ ပတ်သက်ပြီး အကြောင်းအရာအသေးစိတ်မသိရသေးတာလည်းဖြစ်ပါတယ်။ KIO နဲ့ နီးစပ်သူတွေက သုံးသပ်ပြောဆိုချက်အရ ဒီတစ်ကြိမ်တွေ့ဆုံမှုဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကချင်နဲ့ တရုတ်နှစ်နိုင်ငံထိစပ်နေတဲ့ နယ်စပ်ဂိတ်ရှိတဲ့ မြို့နယ်တစ်ချို့ကို သိမ်းပိုက်မှုနဲ့ ဆက်စပ်နိုင်တယ်လို့လည်း ဆိုကြပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Sep- 2024 -16 Septemberသတင်း
ရှမ်းမြောက် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား ဒေသခံပြည်သူတွေ နေထိုင်ရခက်နေ
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား ဒေသခံပြည်သူတွေ နေထိုင်ရခက်နေတယ်လို့ ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မူဆယ်ခရိုင် မုံးပေါ်ဒေသရှိ စစ်ကောင်စီတပ်စခန်းတွေကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့် MNDAA တပ်ဖွဲ့တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ အဲဒီနောက် မုံးပေါ်ဒေသအားလုံး KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ အုပ်ချူပ်မှုအောက်ရောက်ရှိသွားပြီး ဒေသအတွင်းရံဖန်ရံခါတင်းမာမှုတွေရှိနေတာကြောင့် ပြည်သူတွေနေထိုင်သွားလာရေး အဖက်ဖက်ကနေ ခက်ခဲနေတယ်လို့ မုံးပေါ် မန်နောင်ရွာဒေသခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “အစကတည်းက KIO/KIA ရှိနေပြီးသားနေရာဖြစ်ပေမဲ့ ကိုးကန့်တပ် MNDAA က စစ်တပ်ကို မောင်းထုတ်နိုင်ခဲ့တာဆိုတော့ သူတို့သိမ်းတဲ့နေရာ သူတို့ဟာဆိုပြီး သတ်မှတ်ထားပုံရတယ် အဲကြောင့် အခုက ဒီအဖွဲ့က ဟိုအဖွဲ့ နောက်မပါရဘူး ဟိုဘက်ကလည်း ဒီဘက်ကို မပါရဘူးဆိုပြီး ပြောထားတာတွေ ရှိတယ်။ ပြည်သူတွေက နှစ်ဖွဲ့စလုံးကို ကြည့်နေရတာဆိုတော့ ကြားထဲမှာ နေရခက်နေတယ်။ လို့ ပြောပါတယ်။ မုံးပေါ်ဒေသကို MNDAA သိမ်းပိုက်ထားပြီဖြစ်ပေမယ့် အရင်ကတည်းက ကချင်တိုင်းရင်းသားမျိုးနွယ်စုအများစုနေထိုင်တဲ့နေရာဒေသဖြစ်သလို ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ရဲ့လှုပ်ရှားနယ်မြေ၊ တပ်မဟာ ၆ အခြေချနယ်မြေအဖြစ် အုပ်ချုပ်မှုယန္တရားလည်ပတ်နေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် KIO/KIA ရဲ့လွမ်းမိုးမှုရှိခဲ့တဲ့ မုံးပေါ်ဒေသမှာ ကိုးကန့် MNDAA ဝင်ရောက်လာချိန်မှာတော့ လက်ရှိ အဖွဲ့အစည်း ၂ ဖွဲ့၊ အစိုးရ ၂ ခုလိုဖြစ်နေပြီး အချင်းချင်းလုပ်ငန်းတွေတားမြစ်ပိတ်ဆို့ကာ ပြဿနာတွေဖြစ်နေကြတာလို့ ဒေသခံတွေဆိုပါတယ်။ “အခု ဒီမှာက ဘယ်အဖွဲ့က အုပ်ချုပ်နေတာလားတောင် မသိဘူး။ အဖွဲ့က ၂ ဖွဲ့ရှိတာဆိုတော့ ပြည်သူတွေက သွားလာရေးမှာ အဆင်မပြေတာတွေရှိတယ်။ ရွာမှာ အဖွဲ့နှစ်ဖွဲ့နဲ့ ရှုပ်ယှက်ခတ်နေလည်း ဒီလိုပဲနေနေတယ်။ သူတို့အချင်းချင်း တစ်ခါတလေတော့ ပြဿနာတွေဖြစ်၊ တစ်ခါတလေတော့ ပြန်အဆင်ပြေကြနဲ့ အဲလိုပဲရှိနေတယ်။ ပိုပြီး နေရခက်လာတာတော့ရှိတာပေါ့ သွားလာရေးကခက်၊ ငွေရေး ကြေးရေးရှာဖွေဖို့လည်း ပိုခက်သွားတာတွေရှိသွားတာပေါ့။” လို့ မုံးပေါ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ သို့သော် လက်ရှိချိန်ထိ အုပ်ချုပ်မှုယန္တရားကို KIO/KIA နဲ့ MNDAA နှစ်ဖက်စလုံးက အတည်တကျအုပ်ချုပ်နိုင်တာမျိုးမရှိသေးဘူးလို့လည်း ဒေသခံတွေ ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ မုံးပေါ်ဒေသ မုံယာ(Mungya)၊ မုံးဟောမ်(Mungghawm)ကျေးရွာမှာ KIO အဖွဲ့လိုက်ကပ်ထားတဲ့ မူးယစ်တိုက်ဖျက်ရေးသတိပေး ဆိုင်းဘုတ်၊ ဗီနိုင်းတွေကို ကိုးကန့်တပ် MNDAA ကအင်အားနဲ့ အတင်းအဓမ္မ လိုက်လံဖျက်ဆီး၊ ဖြုတ်သိမ်းခဲ့သလို စက်တင်ဘာလ ၁၁ ရက်နေ့မှာလည်း လောက်ကိုင်ဘက်သွားလမ်း နမ့်ဂျရပ်(Nam Jarap) ကျေးရွာမှာ KIO ရဲ့ မူးယစ်တိုက်ဖျက်ရေးဆိုင်းဘုတ်တွေကို ကိုးကန့်ဘက်က လိုက်လံဖြုတ်သိမ်းခဲ့တာကြောင့် နှစ်ဖက်တပ်အကြား ပြဿနာဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒါ့အပြင် ကိုးကန့်တပ် MNDAA တပ်ဟာ KIO အောက် ပညာရေးကျောင်းဖွင့်တာ၊ ကျေးရွာနာမည်စရင်းကောက်ခံတာ၊ စျေးတန်း အခွန်ကောက်ခံတာ၊ သစ်တောတားမြစ်ချက်များ၊ မူးယစ်တိုက်ဖျက်ရေးနဲ့ဆိုင်တဲ့ လုပ်ငန်းများ လိုက်လံပိတ်ဆို့ တားမြစ်နေတာတွေကြောင့် တပ်ဖွဲ့နှစ်ခုကြား မြေပြင်မှာ ပြဿနာတွေဆက်တိုက်ဖြစ်နေပါတယ်။ အခုလို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်ပြီး ပြဿနာတွေဆက်တိုက်ဖြစ်နေတာဟာ ကျေးရွာဒေသခံတွေအတွက် စိတ်မချမ်းမြေ့စရာနေထိုင် နေရပြီး ပြည်သူလူထု လိုလားတဲ့အစိုးရကိုတရားမျှတတဲ့လမ်းစဉ်နဲ့ ဦးဆောင်အုပ်ချုပ်စေချင်တယ်လို့ ပြောဆိုနေကြပါတယ်။ “အစက စစ်ကောင်စီအစိုးရရှိတဲ့အချိန်က KIA/KIO လည်းအတူရှိတယ်။ အဲဒီအချိန်တုန်းက ဥပမာ ကိုးကန့်တွေရွာထဲဝင်မယ်ဆိုရင် KIA ဆီခွင့်တောင်းရတယ်။ ဘယ်မှာဝင်လို့ရမယ်၊ ဘယ်မှာနားမယ်၊ဘာတွေလုပ်မယ်ဆိုပြီး အသိပေးမှ KIA က ရတယ်၊ ခွင့်ပြုတယ်ဆိုမှ ဝင်နား၊ ဝင်အိပ်လို့ရတာဖြစ်တယ်။ဒီနေ့ စစ်ကောင်စီတပ်ကို မောင်းထုတ်လိုက်နိုင်တဲ့အချိန်ကျတော့ ငါတို့ပစ်တာ ငါတို့သိမ်းတာ ငါတို့ပဲအုပ်ချုပ်မယ်ဆိုပြီး လုပ်လာတာပေါ့။ ဒီမှာ အရင်ဆုံးဖြစ်တဲ့ပြဿနာက စျေးတန်းမှာအခွန်ကောက်တဲ့ကိစ္စမှာ အချင်းချင်း ပစ်ခတ်ခါနီးအထိဖြစ်လာကြတာ၊ အဲလိုတွေဖြစ်ကြတာဟုတ်တယ်။”လို့ မုံးပေါ်ဒေသခံ မိုင်ဖန်ရွာကဒေသခံအမျိုးသားတစ်ဦးကလည်း ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း မုံးကိုး၊ မုံးပေါ်ဒေသကို ကိုးကန့်တပ် MNDAA ဘက်ကသိမ်းလိုက်ပြီးနောက် မူးယစ်ဆေးဝါးချက်လုပ်တဲ့လုပ်ငန်းနေရာတွေလည်း ထပ်တိုးလုပ်ဆောင်လာတာလည်းရှိတယ်လို့ ဒေသခံတွေက ပြောဆိုတာတွေလည်း ရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကိုးကန့် MNDAA တပ်ဖွဲ့ကို KNG သတင်းဌာနမှသီးသန့်ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ဒေသခံပြည်သူတွေ စစ်အာဏာရှင်စနစ်ကို မလိုလားတာကြောင့် အားလုံးကန့်ကွက်တိုက်ထုတ်တွန်းလှန်ခဲ့ကြတာဖြစ်ပေမဲ့ လက်ရှိ ကိုးကန့်တပ် MNDAA က တရုတ်ကွန်မြူနစ်စနစ်နဲ့ ပိုပြီးအာဏာရှင်ဆန်တဲ့လုပ်ရပ်တွေနဲ့ အုပ်ချုပ်နေတာကြောင့် ဒေသခံတွေမလိုလားကြတာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ By – ဂျာဘောက်ရာ
Read More »