MNDAA

  • Feb- 2026 -
    27 February
    သတင်း

    ကိုးကန့်တပ်ရဲ့ တောင်းဆိုမှုကြောင့် မုံးကိုးမြို့မှာ မနောပွဲကျင်းပ

    ရှမ်းမြောက် မုံးကိုးမြို့မှာ ကိုးကန့် MNDAA တပ်ဖွဲ့ရဲ့တောင်းဆိုမှုကြောင့် မနောပွဲကိုကျင်းပခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဒီမနောပွဲတော်ဖြစ်မြောက်ဖို့ ကိုးကန့် MNDAA တပ်ဖွဲ့ဟာ မုံးကိုးမြို့ကိုစတင်တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နှစ်ကစပြီး နှစ်စဉ် ဒေသခံကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့တွေကို ဆက်တိုက်တွန်းအားပေးတောင်းဆိုခဲ့ရာ ဒီနှစ်မှာတော့ မနောပွဲဖြစ်မြောက်ခဲ့တယ်လို့ ဒေသခံတွေပြောပါတယ် ကချင်ရိုးရာမနောပွဲကို မုံးကိုးမြို့တွင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစပြီး ၂၄ ရက်နေ့အထိ မနောအိမ်တော်ဖွင့်ပွဲ နဲ့မနောပွဲတစ်ခုကို ကိုးကန့် MNDAA တပ်ဖွဲ့နဲ့အတူ ဒေသခံလူထုတွေ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။  “တကယ်ဆိုရင် ရိုးရာယဉ်ကျေးမှုအဖွဲ့လည်း မနောပွဲမလုပ်ချင်ပါဘူး။ အခုချိန်က ကျမတို့ ပြည်သူတွေလည်း အများကြီးခက်ခဲနေတဲ့အချိန်၊ သွေးစွန်းနေကြရတဲ့ကာလဖြစ်နေလို့ မနောပွဲမလုပ်သင့်လို့ ရိုးရာအဖွဲ့က အမျိုးမျိုးငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ် ၂၀၂၆ လည်း ပြန်ပြီးသူတို့ပြောတယ် ဒီနှစ်တော့ မလွတ်တော့ဘူးပေါ့။ ကိုးကန့်ကလည်း သူတို့ အုပ်ချူပ်ခဲ့ တာ ၃နှစ်ရှိလာပြီဆိုတော့ မနောအကပွဲ ပြုလုပ်ပေးဖို့ တောင်းဆိုတာ။ ဒါပေမဲ့ ပွဲကတော့ အဓိကမနောအိမ်တော်ဖွင့်ပွဲ အဖြစ် မနောပွဲ ကျင့်ပခဲ့ခြင်းဖြစ်ပါတယ်”လို့ မုံးကိုးဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။  မနောပွဲဆိုတာ အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးရှိပြီး Padang manau( အောင်ပွဲခံ မနောပွဲ) Sut manau, Kungdawn manau, Hpaji manau, စသဖြင့် အဓိပ္ပာယ်လိုက် ပြုလုပ်ရတဲ့အပြင် မုံးကိုးမြို့မှာ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ရဲ့ မနောအိမ်တော်လည်းမရှိသေးတာကြောင့် မနောပွဲကျင်းပလို့ မရကြောင်း ရိုးရာအဖွဲ့မှ ကိုးကန့်ကို နှစ်စဉ်ငြင်းဆိုခဲ့တာလို့ သိရပါတယ်။ ဒါပေမဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာတော့ ကိုးကန့်ဘက်မှ မနောပွဲကိုမဖြစ်ဖြစ်အောင်လုပ်ဆောင်ပေးဖို့ ဒေသခံရိုးရာအဖွဲ့ကို ဆက်လက်တွန်းအားပေးခဲ့ကာ လိုအပ်တဲ့မနောအိမ်တော်တည်ဆောက်ဖို့အတွက်လည်း မတင်ငွေ တရုတ်ယွမ် ၂ သိန်းကိုလည်း MNDAA ဘက်ကကူညီပေးခဲ့တာလို့ ဆိုပါတယ်။…

    Read More »
  • 24 February
    သတင်း

    နမ့်တောင်းမှာ ဒေသခံတွေရဲ့စိုက်ပျိုးမြေကို တရုတ်လုပ်ငန်းရှင်တစ်ဦး အတင်းအဓ္ဓမလိုက်လံသိမ်းယူနေ

    ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်၊ နမ့်တောင်းကျေးရွာမှာ ကိုးကန့်တပ် MNDAA အမည်ခံထားတဲ့ တရုတ်လုပ်ငန်းရှင်တစ်ဦး ရွာသားတွေရဲ့ စိုက်ပျိုးမြေတွေကို မတရားသိမ်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နမ့်တောင်းကျေးရွာဒေသခံ အိမ်ခြေ ၆ ရဲ့ ကြံစိုက်ခင်းတွေကို ကိုးကန့်တပ်သားတွေနဲ့အတူ တရုတ်လုပ်ငန်းရှင်တစ်ဦး လိုက်လံဖျက်ဆီးတာတွေလုပ်နေပြီး မြေယာပိုင်ရှင်တွေကိုလည်းသွားလာခွင့်ပိတ်ကာ အတင်းအဓ္ဓမမြေလုယူနေတယ်လို့ နမ့်တောင်းဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “တရုတ် ရှားကွေ့ ဆိုတဲ့တစ်ယောက်က ကိုးကန့်ကို ငွေအများကြီးပေးလိုက်ပြီ။ ကားတွေအထိဝယ်ပေးပြီးပြီဆိုပြီး ကျနော်တို့မြေယာတွေကို လာသိမ်းနေတာ ဟုတ်တယ်။ ကျနော်တို့ကဘာမှမသိပါဘူး ကျနော်တို့သိတာက ကိုယ့်မြေကိုယ့်ယာမှာ လွတ်လပ်စွာလုပ်ကိုင်စားသောက်ခွင့်ရှိပြီဆိုပြီး ပြန်လုပ်ကိုင်နေကြတာ ဒီနေ့ ၁၀ နှစ်တောင်ရှိနေပြီ။ အခုက MNDAA ကိုးကန့်အမည်ခံပြီးအဲဒီတရုတ်လုပ်ငန်းရှင်က ကျနော်တို့ကို လာခြိမ်းခြောက် လာလုယူနေတာ အခု သူတို့သိမ်းယူထားတဲ့မြေတွေမှာ ကော်ဖီတွေ စိုက်ပျိုးနေကြတယ်။ ကျနော်တို့က ကြံစိုက်ပျိုးထားတော့ ၄ နှစ်၊ ၅နှစ်စာအတွက် စိုက်ပျိုးထားတာဖြစ်တယ်။ အခုက အဲဒီမြေယာတွေကို လာလုနေတာဖြစ်တယ်”လို့မြေယာလုယူခံလိုက်ရတဲ့ နမ့်တောင်းဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလလောက်က ကြံခင်းစတင်ရိတ်သိမ်းတဲ့အချိန်ကစပြီး ကိုးကန့်တပ် MNDAA အမည်ခံထားတဲ့ အဲဒီတရုတ်လုပ်ငန်းရှင်တစ်ဦးဟာ ဒေသခံတွေကို အဲဒီမြေယာမှာ လုပ်ကိုင်စားသောက်ခွင့်မရတော့ကြောင်း ပြောဆိုလာတယ်လို့ သူကဆက်ပြောပါတယ်။ အဲဒီနောက် ကိုးကန့်တပ်သားတွေကို မကြာခဏစေလွှတ်ပြီး မြေပိုင်ရှင်တွေကို လုပ်ငန်းလုပ်ကိုင်ခွင့်တားမြစ်တာ၊ ခြိမ်းခြောက်တာမျိုးတွေဆက်တိုက်လုပ်လာပြီး မြေယာတွေကို မတရားသိမ်းယူလာခဲ့တာလို့ ပြောပါတယ်။  ဒါကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ မြေပိုင်ရှင်တွေက မုံးကိုးမြို့ရှိ ကိုးကန့်ရုံးချုပ်ဆီမြေယာသိမ်းယူခံရတာနဲ့ပတ်သက်ပြီး သွားရောက်တိုင်ကြားပေမယ့် ကိုးကန့်ဘက်က တရုတ်နှစ်သစ်ကူးပြီးမှ ဖြေရှင်းပေးမယ်လို့သာပြောဆိုခဲ့ပြီး လက်ရှိအချိန်ထိ တုံ့ပြန်ပြန်အကြောင်းကြာပြောဆိုလာခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။  အဲဒီတရုတ်လုပ်ငန်းရှင်ဟာ ကိုးကန့်တပ်သားတွေနဲ့အတူ ဒီဖေဖော်ဝါရီလအတွင်းထဲမှာတင် ဒေသခံတွေရဲ့ကြံစိုက်ခင်းတွေမှာ အုပ်ထားတဲ့ပလတ်စတစ်တွေကို လိုက်သိမ်းပြီး အခင်းတွေကိုလိုက်ဖျက်ဆီးတာတွေ ၂ ကြိမ်ပြုလုပ်ခဲ့ပြီး အခင်းသွားလမ်းတွေကိုလည်း ပိတ်ပင်ထားတယ်လို့ ဒေသခံတွေပြောပါတယ်။ “မြေယာအခင်းဆီ သွားသွားလာလာလုပ်ရင်လည်း ပေးမသွားဘူး သွားခွင့်မပြုဘူး။ နင်တို့သွားရင်တော့ ပစ်မှာ ဘာညာနဲ့ ပြောဆိုခြိမ်းခြောက်နေတာ။ အဲဒီလိုခြိမ်းခြောက်နေလို့ ကျမတို့လည်း လုပ်ငန်းလုပ်ရတာလည်း အဆင်မပြေအရမ်းခက်ခဲနေတယ်။ ကျမတို့အုပ်ထားတဲ့ ပလတ်စတစ်တွေက အခုပဲ လာလာလှန်ပေးလိုက်တာ၊သိမ်းပေးလိုက်တာမျိုးတွေ လုပ်နေတာ ဒီမြေယာတွေက ကျမတို့ အရင်ကတည်းကလုပ်ကိုင်စားသောက်နေတဲ့ မြေယာဖြစ်တယ်။အခုလို လာခြိမ်းခြောက် လုယူနေတော့လုပ်ကိုင်ရတာလည်း ခက်ခဲနေတယ်။ ကျမတို့ လိုချင်တာက ကိုယ့်မြေယာမှာ ကိုယ်လွတ်လပ်စွာလုပ်ကိုင်ခွင့်ရချင်ပါတယ်။”လို့…

    Read More »
  • Jan- 2026 -
    8 January
    သတင်း

    နမ့်အွမ်ထိန်းသိမ်းနယ်‌မြေမှာ နေရာယူထားတဲ့ကိုးကန့်တပ်နဲ့ဒေသခံတို့ကြား မြေနေရာကိစ္စသဘောတူညီမှုမရရှိသေး

    ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့ မြေနေရာမှာ ကိုးကန့်တပ် နေရာယူလိုက်တာနဲ့ပတ်သက်ပြီး နေရာဖယ်ပေးဖို့ ဒေသခံတွေဘက်က တောင်းဆိုမှုအပေါ် သဘောညီမှုမရရှိ‌သေးကြောင်း ဒေသခံတွေက ပြောပါတယ်။ နမ့်အွမ်ရွာသားတွေ ထိန်းသိမ်းထားတဲ့မြေနေရာမှာ ဆေးရုံတည်ဆောက်ဖို့ လျာထားပေမဲ့ ကိုးကန့် MNDAA တပ်ဖွဲ့က…

    Read More »
  • Sep- 2025 -
    24 September
    သတင်း

    ကိုးကန့်မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းမလုပ်မနေရဟု ဖိအားပေးနေ

    ရှမ်းမြောက် မုံးကိုးမြို့နယ်ရှိ ဒေသခံပြည်သူတွေကို ကိုးကန့်မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မလုပ်မနေရဟု ကိုးကန့် (MNDAA) တပ်ဖွဲ့ကပြောဆိုနေတဲ့အတွက် ဒေသခံတွေအခက်တွေ့နေတယ်လို့ ပြောပါတယ်။ မုံးကိုးမြို့နယ် ပန်ဆိုင်းမြို့နဲ့ နမ့်တောင်းဒေသခံတွေကို ကိုးကန့်မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မလုပ်ပါက ဒေသခံအဖြစ်သတ်မှတ်မည်မဟုတ်ကြောင်း ဖိအားပေးနေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးပြောပါတယ်။ …

    Read More »
  • Jul- 2025 -
    24 July
    သတင်း

    မုံးကိုးမြို့နဲ့ပန်ဆိုင်းမြို့မှာ ကိုးကန့်အလံဖြုတ်သိမ်းပြီး စစ်ကောင်စီအလံပြောင်းလဲလွှင့်ထူ

    ရှမ်းမြောက် မုံးကိုးမြို့နဲ့ ပန်ဆိုင်းမြို့ရှိ ကိုးကန့် ( MNDAA) ရဲ့ အစိုးရဆိုင်ရဌာနရုံးတွေမှာ ကိုးကန့်(MNDAA ) အလံကိုဖြုတ်သိမ်းပြီး စစ်ကောင်စီအလံပြောင်းလဲလွှင့်ထူထားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်လဆန်းပိုင်းကစပြီး မုံးကိုးမြို့ နဲ့ ပန်ဆိုင်းမြို့ နယ်စပ်ဂိတ်တွေနဲ့ မြို့တွင်းဌာနဆိုင်ရာရုံးအားလုံးမှာ အလံကိုပြောင်းလဲလွှင့်ထူလိုက်သလို ရုံးဝန်ထမ်းတွေကိုလည်း စစ်တပ်လက်အောက်ခံဝန်ထမ်းတစ်ချို့နဲ့တရုတ်နိုင်ငံသားတွေကိုခန့်အပ်ထားတယ်လို့ မုံးကိုးဒေသခံတွေက ပြောပါတယ်။ “ပန်ဆိုင်းဘက်က ဝမ်တိန်ဂိတ်၊ မုံးကိုးဘက်က မန်ဟိုင်းဂိတ်တွေမှာ စစ်ကောင်စီသုံး အလံကို ပြောင်းလဲလွှင့်ထူထားတယ်။ လားရှိုးကို အပ်လိုက်ပြီးနောက် သိပ်မကြာဘူး ဒီဘက်လည်း အဲလိုအပြောင်းအလဲတွေတော့ လုပ်လာတာဖြစ်တယ်။ ကိုးကန့်ထဲမှာလည်း ရဲတို့ ဝန်ထမ်းတို့ကို တရုတ်နိုင်ငံထဲ တရုတ်နိုင်ငံသားတွေကို ခေါ်ယူခန့်အပ်ထားပြီး အုပ်ချူပ်နေတယ်။ စည်းမျဉ်းစည်းကမ်းတွေ ချမှတ် တင်းကြပ်နေတယ်။ MNDAA ဆိုတာက နာမည်ပါပဲ။ အရေးကြီးတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းအားလုံးက တရုတ်နိုင်ငံထဲက တရုတ်လူမျိုးတွေပဲ။” ဟု မုံးကိုးဒေသခံအမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ မုံးကိုးမြို့နဲ့ပန်ဆိုင်းမြို့ကို ကိုးကန့် MNDAA တပ်ကထိန်းချူပ်ထားတယ်လို့ဆိုပေမဲ့ လက်တွေ့ဦးဆောင်လုပ်ငန်းလုပ်နေကိုင်နေသူတွေကတော့ စစ်ကောင်စီအစိုးရရဲ့ဝန်ထမ်းတချို့နဲ့ ကိုးကန့်ကခန့်အပ်ထားတဲ့ တရုတ်နိုင်ငံသားတွေသာ ဖြစ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။   ဒေသခံတွေပြောတာတော့ မြို့နှစ်ခုစလုံးရဲ့ထွေအုပ်ရုံးလိုဌာနဆိုင်ရာရုံးတွေမှာ စစ်တပ်လက်အောက်ခံဝန်ထမ်းတွေခန့်အပ်ထားပြီး  ရဲဝန်ထမ်းလိုနေရာမျိုးမှာတော့  တရုတ်နိုင်ငံထဲက တရုတ်နိုင်ငံသားတွေကို ခန့်အပ်ထားတယ်လို့ ဆိုပါတယ် ဒါ့အပြင် မုံးကိုးမြို့နဲ့ပန်ဆိုင်းမြို့ဘက်ကို စစ်ကောင်စီတပ်ဘက်က ဒီရက်ပိုင်း နေ့ညမပျက်လေယာဉ်နဲ့ ပျံဝဲစောင့်ကြည့်တာ၊ ဒရုံးနဲ့ပျံဝဲတာတွေလည်း ပုံမှန် ပြုလုပ်လျက်ရှိတယ်လို့ မုံးကိုးသေခံတွေက ပြောပါတယ်။ “မုံးကိုးကိုတော့ စစ်ကောင်စီထံ လွယ်လွယ်မအပ်လောက်ဘူးထင်ပေမဲ့ မသိတော့ဘူး။ လက်ရှိ အခြေအနေအရဆိုရင်တော့ မုံးကိုးမြို့လည်း တစ်နှစ်လောက်မကြာဘူး။ ပိတ်ဆို့ခံရပြီး လက်လွတ်လိုက်နိုင်တယ်လို့ ခန့်မှန်းကြတယ်။ မုံးကိုးမြို့ပေါ်မှာ ညညဆို စစ်တပ်က လေယာဉ်နဲ့ ပုံမှန် ပျံဝဲတယ်။ တစ်ခါတစ်လေက မနက်ပိုင်း တစ်ခါခါက နေ့လည်ပိုင်း လေယာဉ်တွေ ပျံဝဲတယ်။ ပုံမှန်ပါပဲ လေယာဉ်ပျံတာ။” ဟု မုံးကိုးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မုံးကိုးဒေသကို ကိုးကန့် MNDAA တပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကာလ စတင်ခဲ့သော ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး မြို့တွင်းအုပ်ချူပ်မှုစနစ်ကို တရုတ်ကွန်မြူနစ် စနစ်နဲ့ အုပ်ချုပ်နေတာလို့ ဒေသခံတွေကပြောပါတယ်။ တရုတ်ဖိအားကြောင့် ကိုးကန့် MNDAA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ဟာ  ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အနည်းဆုံးသုံးကြိမ်တိုင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဩဂုတ်လဆန်းပိုင်းမှာ အပြီးသိမ်းပိုက်ခဲ့တဲ့ လားရှိုးမြို့ကို ၂၀၂၅ ခုနှစ် ဧပြီလကုန်ပိုင်းမှာ ကိုးကန့် MNDAA က စစ်ကောင်စီထံ ပြန်လည်ပေးအပ်လိုက်တာ ဖြစ်ပါတယ်။ လားရှိုးမြို့ကို စစ်ကောင်စီလက်ထံပေးအပ်လိုက်ပြီးနောက် သိန္နီမြို့ကိုလည်း စစ်တပ်ထံလွှဲအပ်ပေးဖို့ တရုတ်အစိုးရကဖိအားပေးခဲ့တာကြောင့် လတ်တလောထွက်နေတဲ့အနေအရ သိန္နီမြို့လည်း စစ်ကောင်စီလက်ထံ အပ်လိုက်တဲ့သဘောမှာရှိနေတယ်လို့…

    Read More »
  • Mar- 2025 -
    5 March
    သတင်း

    ရွှေတူးဖော်မှုကို ကန့်ကွက်တဲ့ ဒေသခံတွေကို ကိုးကန့်တပ် သေနတ်နဲ့ပစ်ခတ်လို့ ဒေသခံ ၆ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိ

    ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပြိန်းခမ်ကျေးရွာမှာ ရွှေတူးဖော်နေတဲ့ ကိုးကန့် ( MNDAA) တပ်ကို သွားရောက်ကန့်ကွက်တဲ့ ဒေသခံတွေသေနတ်ပစ်ခတ်ခံရပြီး KIA တပ်ဖွဲ့ဝင်နှစ်ဦးအပါအဝင် ဒေသခံ ၄ ဦး စုစုပေါင်း ၆ ဦးသေဆုံးကာ၊ နောက်ထပ်…

    Read More »
  • Jan- 2025 -
    24 January
    သတင်း

    ပွင့်လင်း မြင်သာမှုမရှိတဲ့ MNDAA ရဲ့ သက်ငယ် မဒိမ်းမှု စီရင်ချက်ကို ဒေသခံများ ကျေနပ်မှု မရှိ

    ရှမ်းမြောက်၊ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့မှာ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူ ကိုးကန့် MNDAA တပ်အရာရှိကို တရားလိုမိသားစု မပါဝင်ဘဲ ထောင်ဒဏ် နဲ့ ငွေဒဏ်ချမှတ်လိုက်တဲ့အပေါ်  မိသားစုဝင်တွေက ကျေနပ်မှု မရှိဘူးလို့ ပြောပါတယ်။ သက်ငယ် မုဒိမ်းကျူးလွန်သူ တရားခံကိုးကန့် MNDAA အရာရှိ ဦးရှောက်ချိ ကို…

    Read More »
  • 20 January
    သတင်း

    ဝိန်းဆိုင် ကျေးရွာအလယ် တပ်ချဖို့ပြင်ဆင်တဲ့ ကိုးကန့်တပ်ကို ကချင်ဒေသခံများ ကန့်ကွက်

    ရှမ်းမြောက် မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ မုံးပေါ် ကျေးရွာအနီး၊ ဝိန်းဆိုင်ကျေးရွာ အလယ်မှာရှိတဲ့ အများပိုင်ဆန်စက်ရုံကို ကိုးကန့် MNDAA တပ်ဖွဲ့က တပ်စခန်းချဖို့ ပြင်ဆင်လာတဲ့အပေါ် ဒေသခံပြည်သူတွေက ကန့်ကွက်နေကြပါတယ်။ ဇန်နဝါရီ ၂၀ ရက်၊ ဒီမနက် ၁၀ နာရီခန့်မှာ ကချင်ဒေသခံလူထုက သွားရောက်ကန့်ကွက်ခဲ့တယ်လို့ ဝိန်းဆိုင်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “ကိုးကန့် MNDAA တပ်ဖွဲ့က သူတို့ရုံးစိုက်ဖို့ နေရာလာယူတာ၊ အဲဒီနေရာက စျေးနားမှာလည်း ဖြစ်တယ်။ ပြီးတော့ ကလေးတွေ…

    Read More »
  • 2 January
    သတင်း

    ရှမ်းမြောက်မှာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ပျက်စီးမှုရှိ

    ရှမ်းမြောက် သိန္နီမြို့ကို စစ်ကောင်စီတပ်က လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ  ၁ ရက်နေ့ည ၁၁ နာရီ၀န်းကျင်ခန့်က သိန္နီမြို့ ရပ်ကွက် ၃ ရှိ သိန္နီဟိုတယ်တဝိုက်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့်…

    Read More »
  • Dec- 2024 -
    10 December
    သတင်း

    အသက် ၂ နှစ်အရွယ်ကလေးငယ်ကို မုဒိမ်းမှုကျူးလွန်တဲ့ ကိုးကန့်အရာရှိကို  သေဒဏ်စီရင်ပေးဖို့ ဒေသခံတွေတောင်းဆို

    ရှမ်းမြောက် (ကြူကုတ်)ပန်ဆိုင်းမြို့မှာ အသက် ၂ နှစ်အရွယ် ကလေးငယ်ကို မုဒိမ်းကျင့်တဲ့ MNDAA အရာရှိကို သေဒဏ်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေပါတယ်။ ပန်ဆိုင်းမြို့ ၊ ရပ်ကွက် ၇ မှာနေထိုင်သူ အသက် ၂ နှစ်အရွယ် သမီးငယ်ကို ကိုးကန့် (MNDAA )တပ်ဖွဲ့ အရာရှိတစ်ဦး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက် နေ့လည် ၁ နာရီဝန်းကျင် အိမ်စီးကားနဲ့ နေအိမ်ကနေလာခေါ်သွားပြီးနောက်  တရုတ်နယ်စပ်ချောင်းဘေးတစ်နေရာမှာ မဒိမ်းကျင့်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့ ပန်ဆိုင်းဒေသခံအမျိုးသမီးတစ်ဦး ကချင်သတင်းဌာန KNG ကို အခုလိုပြောပါတယ်။ “နေ့လည် ၁ နာရီကတည်းက ကလေးကို ကားခေါ်စီးမယ်ဆိုပြီး ခေါ်သွားတာ မုန့်တွေ ဖျော်ရည်တွေလည်း ဝယ်ကျွေးတယ်တဲ့ ပြီးတော့ နယ်စပ်ချောင်းနားမှာ မဒိမ်းကျင့်ပြီး အိမ်ပြန်ခေါ်လာတာ။ ညနေ ၆ နာရီလောက်မှာ ကလေးအမေက သူ့ကလေးကို သွားပြန်ခေါ်တဲ့အချိန် ကလေးက နုံးနေပြီ။ ကလေးမိန်းမကိုယ်ကနေ သွေးတွေ တရပြွတ်ထွက်ပြီး အန်တဲ့အချိန်လည်း အမျိုးသားသုတ်ရည်တွေပါနေတဲ့ ကလေးအမေက ကိုးကန့်ကိုပြောတော့၊ ကိုးကန့်ဘက်က ဆေးရုံခေါ်သွားပေးတယ်၊ Rape case မလို့ ပန်ဆိုင်းမှာလက်မခံဘူး၊ လားရှိုးဆေးရုံကို ခေါ်သွားပေးတယ်။ ကလေးမိန်းမကိုယ်က အားလုံးစုတ်ပြဲသွားလို့ သုံးဆင့်ထပ်ပြီး ချူပ်ခဲ့ရတယ်လို့ပြောတယ်။”လို့ ပန်ဆိုင်းဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ မုဒိမ်းပြုကျင့်ခံရသူ သမီးငယ်ဟာ အသက် ၂ နှစ် ၅ လအရွယ်သာရှိပြီး ပန်ဆိုင်းမြို့ဆေးရုံခေါ်သွားချိန် ကလေးကမေ့မျောနေပြီဖြစ်ကာ ပန်ဆိုင်းဆေးရုံမှာ လက်မခံတာကြောင့် ကိုးကန့်တပ်ဖွဲ့က လားရှိုးဆေးရုံကို ခေါ်သွားပေးတယ်လို့ ဆိုပါတယ်။  ဒေသခံတွေပြောချက်အရ မုဒိမ်းကျင့်ခံရတဲ့ ကလေးငယ်ရဲ့ ခါးနှစ်ဖက်မှာ လက်နဲ့ကိုင်ညစ်တဲ့ဒဏ်ရာအပြင် မိန်းမကိုယ်အင်္ဂါလည်း ဆိုးရွားစွာစုပ်ပြဲသွားတဲ့အတွက် သုံးဆင့်ထပ်ချူပ်လိုက်ရပြီး လားရှိုးမြို့ဆေးရုံမှာ ၃ ရက်ခန့်ဆေးကုသခံယူပြီးနောက် လက်ရှိ ပန်ဆိုင်းဆေးရုံမှာ ဆက်လက်ဆေးကုသနေတယ်လို့ ဆိုပါတယ်။ သက်ငယ်မုဒိမ်းပြစ်မှုကျူးလွန်သူဟာ ကိုးကန့် MNDAA တပ်ဖွဲ့ထဲက ကားဆရာ အသက် ၅၅ နှစ်အရွယ် ဦးရှောက်ချိဆိုသူဖြစ်ပြီး ဇနီး၊ သား၊သမီး၊မြေးတွေရှိတဲ့အပြင် MNDAA အရာရှိတစ်ဦးလည်းဖြစ်ပြီး ကလေးငယ်မိသားစုနေအိမ်နဲ့ အိမ်နီးချင်းကပ်ရပ်ဖြစ်တဲ့အပြင် ပုံမှန်ဝင်ထွက်လေ့ရှိကာ အချင်းချင်း ခင်မင်ရင်းနှီးကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကလေးငယ်ကိုကားလျှောက်ပတ်စီးဖို့ ခေါ်သွားတာဖြစ်ပြီး နေအိမ်ကနေ ၁ ဖာလုံလောက်အကွာရှိ တရုတ်နယ်စပ်ချောင်းဘေးမှာ မဒိမ်းကျင့်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ “ကလေးအမေက ကလေးကိုသွားခေါ်တဲ့အချိန် ကလေးအခြေအနေကြောင့် ထိတ်လန့်ပြီး ပြစ်မှုကျူးလွန်သူကို သွားပြောတယ်။ အဲဒီအချိန် အဲဒီပြစ်မှုကျူးလွန်တဲ့ကိုးကန့်အရာရှိက သူတာဝန်ယူမယ်လို့ပြောတယ်တဲ့။ ဒါပေမဲ့ ဘာမှတာဝန်မယူဘူးကလေးမိဘတွေက MNDAA တပ်ဖွဲ့ကို ပြန်တိုင်တယ်။ MNDAA က ကလေးမိခင်ကိုလည်း အိမ်မှာပဲနေဖို့ပြောပြီး ဆေးရုံကိုမလိုက်ခိုင်းဘူး။ ကလေးအဖေနဲ့ ကလေးကိုပဲ ဆေးရုံခေါ်သွားပေးတာဟုတ်တယ်။ ကလေးအမေက သူ့ကိုဆေးရုံလည်း မလိုက်ခိုင်းဘူးဆိုတော့ အချိန်ပြည့် ငိုပဲငိုပြီး ရွာက အမျိုးသမီးအဖွဲ့တွေကို ပြောပြမှ သိရတာဟုတ်တယ်။” လို့ ပန်ဆိုင်းအမျိုးသမီးကဆက်ပြောပြပါတယ်။ မုဒိမ်းမှုကျူးလွန်ခံရသူ ကလေးငယ်ဟာ လက်ရှိအနေအထားမှာ ကိုးကန့်တပ်သားတွေကို တွေ့ရင်လည်း ကြောက်ရွံ့ပြီး ငိုယိုတာတွေရှိတယ်လို့ ဆိုပါတယ်။ ကိုးကန့် MNDAA တပ်ဖွဲ့ ကလေးကို တာဝန်ယူပြီး ဆေးကုသပေးတာတွေလုပ်ပေးနေပေမဲ့ ဒီအမှုကို ပျောက်ကွယ်သွားအောင် ဖုံးဖိဖို့ကြိုးစားတာတွေလုပ်လာတာကြောင့် ဒေသခံအမျိုးသမီးအဖွဲ့တွေနဲ့ ရွာသားတွေ လူအင်အား ၂၀၀ (နှစ်ရာ) ဒီဇင်ဘာလ ၅ ရက်နေ့က ဆန္ဒပြလှုပ်ရှားခဲ့တာကြောင့် အမှုကျူးလွန်သူကို ကိုးကန့် MNDAA တပ်ဖွဲ့က တာဝန်ယူပြီး စုံစမ်းစစ်ဆေးနေပြီလို့ သူမကဆက်ပြောပါတယ်။ “အဲဒီပြစ်မှုကျူးလွန်သူကို သူ့တို့ကအစပိုင်းမှာ မဖမ်းဘူး။ ပြစ်မှုကျူးလွန်သူကို သူတို့က နေရာရွှေ့လိုက်မယ်၊ ထွက်ပြေးခိုင်းလိုက်မယ်ဆိုတဲ့ သတင်းတွေကြားတာနဲ့ ဒေသခံတွေ အမျိုးသမီးအဖွဲ့တွေ လူထုနဲ့ ဆန္ဒပြသွားပြောတော့မှ သူတို့က အခုလိုပြစ်မှုကျူးလွန်သူကို ပြန်စစ်ဆေးဖို့ ချူပ်နှောင်တာတွေ လုပ်လာတာ။ ကိုးကန့်က သတင်းလည်းဖုံးဖိလိုက်ဖို့ ကြိုးစားတယ်။ သတင်းမထွက်အောင်ကြိုးစားတယ်။ ဒေသခံတွေ လူထုနဲ့ အုံကြွပြီးဆန္ဒပြချိန်လည်း ဖုန်းတွေအားလုံးယူပြီး သက်သေတွေ၊ ပုံတွေ၊ဗီဒီယိုတွေ အကုန်ဖျက်ပေးလိုက်ကြတယ်။”လို့ ပန်ဆိုင်းဒေသခံအမျိုးသမီးက ပြောပါတယ်။ သက်ငယ်မုဒိမ်း ပြစ်မှုကျူးလွန်သူ ကိုးကန့်အရာရှိ ရှောက်ချီကတော့ ကိုးကန့်တပ်ဖွဲ့စစ်ဆေးတဲ့ချိန် သူမဟုတ်ကြောင်းငြင်းဆိုထားတယ်လို့သိရပြီး ကလေးရဲ့ ကိုယ်အင်္ဂါကို လက်နဲ့ခိုက်မိသွားတာလို့ လိမ်လည်ထွက်ဆိုတာရှိတယ်လို့ဆက်လက်သိရပါတယ်။ လက်ရှိမှာတော့ အမှုသက်သေအထောက်အထားတွေ စုစည်းပြီး ပြစ်မှုကျူးလွန်သူကိုလည်း စုံစမ်းစစ်ဆေးနေဆဲကာလဖြစ်ကာ တရားစီရင်ရေးနဲ့ စီရင်ချက်ချတာတွေတော့ မပြုလုပ်သေးတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာလည်း ပန်ဆိုင်းမြို့ရှိ မိဘမဲ့ဂေဟာကျောင်းလာဖွင့်တဲ့ တမူးဘက်က ချင်းအမျိုးသားတစ်ဦးက ကလေးတွေကို နှိပ်စက်ပြီး အဓမ္မပြုကျင့်တာတွေရှိခဲ့လို့ ဒေသခံအမျိုးသမီးအဖွဲ့နဲ့ ပြည်သူလူထုက ကိုးကန့် MNDAA ကိုတာဝန်ယူဖြေရှင်းပေးဖို့ အမှုအပ်ခဲ့တယ်လို့ သိရပါတယ်။ ကလေးငယ်ညှင်းပန်းနှိပ်စက်မှုနဲ့ သက်ငယ်မဒိမ်းမှုကျူးလွန်သူ အဲဒီချင်းအမျိုးသားကိုတော့ ကိုးကန့် MNDAA တပ်ဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ လောက်ကိုင်မှာ ရာဇဝတ်မှုကျူးလွန်သူ ၂၁ ဦးကို သေဒဏ်စီရင်ခဲ့တဲ့ထဲ ပါဝင်စီရင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒါကြောင့် ယခုမုဒိန်းမှုကျူးလွန်တဲ့ ကိုးကန့်အရာရှိကိုလည်း သေဒဏ်စီရင်ပေးဖို့ ကလေးမိဘ၊ ဒေသခံတွေနဲ့အမျိုးသမီးအဖွဲ့တွေက တောင်းဆိုနေကြပါတယ်။ “အမှုကျူးလွန်သူကို သေဒဏ်ပေးလိုက်မှ ဒီမှာရှိတဲ့ မိခင်တွေအားလုံးလည်း စိတ်အေးရမယ်။ စိတ်လုံခြုံမှုရမယ်။ သူသာအသက်ရှင်နေသရွေ့ ကလေးအတွက်လည်း အဆင်မပြေဘူး။ အားလုံးအတွက် စိတ်လုံခြုံမှုမရှိဘူး။”လို့ ပန်ဆိုင်းဒေသခံအမျိုးသမီးတစ်ဦး ဆက်ပြောပါတယ်။ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)…

    Read More »
Back to top button