သတင်း

မုံးကိုးမြို့နဲ့ပန်ဆိုင်းမြို့မှာ ကိုးကန့်အလံဖြုတ်သိမ်းပြီး စစ်ကောင်စီအလံပြောင်းလဲလွှင့်ထူ

စစ်တပ်လက်အောက်ခံဝန်ထမ်းနဲ့တရုတ်နိုင်ငံသားတွေကို ဝန်ထမ်းအဖြစ်ခန့်အပ်ထား

ရှမ်းမြောက် မုံးကိုးမြို့နဲ့ ပန်ဆိုင်းမြို့ရှိ ကိုးကန့် ( MNDAA) ရဲ့ အစိုးရဆိုင်ရဌာနရုံးတွေမှာ ကိုးကန့်(MNDAA ) အလံကိုဖြုတ်သိမ်းပြီး စစ်ကောင်စီအလံပြောင်းလဲလွှင့်ထူထားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

ဇူလိုင်လဆန်းပိုင်းကစပြီး မုံးကိုးမြို့ နဲ့ ပန်ဆိုင်းမြို့ နယ်စပ်ဂိတ်တွေနဲ့ မြို့တွင်းဌာနဆိုင်ရာရုံးအားလုံးမှာ အလံကိုပြောင်းလဲလွှင့်ထူလိုက်သလို ရုံးဝန်ထမ်းတွေကိုလည်း စစ်တပ်လက်အောက်ခံဝန်ထမ်းတစ်ချို့နဲ့တရုတ်နိုင်ငံသားတွေကိုခန့်အပ်ထားတယ်လို့ မုံးကိုးဒေသခံတွေက ပြောပါတယ်။

ပန်ဆိုင်းဘက်က ဝမ်တိန်ဂိတ်၊ မုံးကိုးဘက်က မန်ဟိုင်းဂိတ်တွေမှာ စစ်ကောင်စီသုံး အလံကို ပြောင်းလဲလွှင့်ထူထားတယ်။ လားရှိုးကို အပ်လိုက်ပြီးနောက် သိပ်မကြာဘူး ဒီဘက်လည်း အဲလိုအပြောင်းအလဲတွေတော့ လုပ်လာတာဖြစ်တယ်။ ကိုးကန့်ထဲမှာလည်း ရဲတို့ ဝန်ထမ်းတို့ကို တရုတ်နိုင်ငံထဲ တရုတ်နိုင်ငံသားတွေကို ခေါ်ယူခန့်အပ်ထားပြီး အုပ်ချူပ်နေတယ်။ စည်းမျဉ်းစည်းကမ်းတွေ ချမှတ် တင်းကြပ်နေတယ်။ MNDAA ဆိုတာက နာမည်ပါပဲ။ အရေးကြီးတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းအားလုံးက တရုတ်နိုင်ငံထဲက တရုတ်လူမျိုးတွေပဲ။” ဟု မုံးကိုးဒေသခံအမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

မုံးကိုးမြို့နဲ့ပန်ဆိုင်းမြို့ကို ကိုးကန့် MNDAA တပ်ကထိန်းချူပ်ထားတယ်လို့ဆိုပေမဲ့ လက်တွေ့ဦးဆောင်လုပ်ငန်းလုပ်နေကိုင်နေသူတွေကတော့ စစ်ကောင်စီအစိုးရရဲ့ဝန်ထမ်းတချို့နဲ့ ကိုးကန့်ကခန့်အပ်ထားတဲ့ တရုတ်နိုင်ငံသားတွေသာ ဖြစ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။  

ဒေသခံတွေပြောတာတော့ မြို့နှစ်ခုစလုံးရဲ့ထွေအုပ်ရုံးလိုဌာနဆိုင်ရာရုံးတွေမှာ စစ်တပ်လက်အောက်ခံဝန်ထမ်းတွေခန့်အပ်ထားပြီး  ရဲဝန်ထမ်းလိုနေရာမျိုးမှာတော့  တရုတ်နိုင်ငံထဲက တရုတ်နိုင်ငံသားတွေကို ခန့်အပ်ထားတယ်လို့ ဆိုပါတယ်

ဒါ့အပြင် မုံးကိုးမြို့နဲ့ပန်ဆိုင်းမြို့ဘက်ကို စစ်ကောင်စီတပ်ဘက်က ဒီရက်ပိုင်း နေ့ညမပျက်လေယာဉ်နဲ့ ပျံဝဲစောင့်ကြည့်တာ၊ ဒရုံးနဲ့ပျံဝဲတာတွေလည်း ပုံမှန် ပြုလုပ်လျက်ရှိတယ်လို့ မုံးကိုးသေခံတွေက ပြောပါတယ်။

မုံးကိုးကိုတော့ စစ်ကောင်စီထံ လွယ်လွယ်မအပ်လောက်ဘူးထင်ပေမဲ့ မသိတော့ဘူး။ လက်ရှိ အခြေအနေအရဆိုရင်တော့ မုံးကိုးမြို့လည်း တစ်နှစ်လောက်မကြာဘူး။ ပိတ်ဆို့ခံရပြီး လက်လွတ်လိုက်နိုင်တယ်လို့ ခန့်မှန်းကြတယ်။ မုံးကိုးမြို့ပေါ်မှာ ညညဆို စစ်တပ်က လေယာဉ်နဲ့ ပုံမှန် ပျံဝဲတယ်။ တစ်ခါတစ်လေက မနက်ပိုင်း တစ်ခါခါက နေ့လည်ပိုင်း လေယာဉ်တွေ ပျံဝဲတယ်။ ပုံမှန်ပါပဲ လေယာဉ်ပျံတာ။” ဟု မုံးကိုးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မုံးကိုးဒေသကို ကိုးကန့် MNDAA တပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကာလ စတင်ခဲ့သော ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး မြို့တွင်းအုပ်ချူပ်မှုစနစ်ကို တရုတ်ကွန်မြူနစ် စနစ်နဲ့ အုပ်ချုပ်နေတာလို့ ဒေသခံတွေကပြောပါတယ်။

တရုတ်ဖိအားကြောင့် ကိုးကန့် MNDAA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ဟာ  ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အနည်းဆုံးသုံးကြိမ်တိုင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဩဂုတ်လဆန်းပိုင်းမှာ အပြီးသိမ်းပိုက်ခဲ့တဲ့ လားရှိုးမြို့ကို ၂၀၂၅ ခုနှစ် ဧပြီလကုန်ပိုင်းမှာ ကိုးကန့် MNDAA က စစ်ကောင်စီထံ ပြန်လည်ပေးအပ်လိုက်တာ ဖြစ်ပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီလက်ထံပေးအပ်လိုက်ပြီးနောက် သိန္နီမြို့ကိုလည်း စစ်တပ်ထံလွှဲအပ်ပေးဖို့ တရုတ်အစိုးရကဖိအားပေးခဲ့တာကြောင့် လတ်တလောထွက်နေတဲ့အနေအရ သိန္နီမြို့လည်း စစ်ကောင်စီလက်ထံ အပ်လိုက်တဲ့သဘောမှာရှိနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦး ခုလိုသုံးသပ်ပါတယ်။ 

သိန္နီမြို့ကို စစ်ကောင်စီလက်ထံ အပ်လိုက်တဲ့သဘောရှိနေတယ်။ လားရှိုးကနေ သိန္နီ၊ သိန္နီကနေ ကွတ်ခိုင် အဲကနေ ဒီဘက်နယ်စပ်တွေဘက်အားလုံး ပြန်လည်ဖိအားပေးရယူလိုက်တဲ့သဘောရှိနေတယ်လို့ ခုအခြေအနေကိုကြည့်ပြီး သုံးသပ်ရင် နယ်စပ်ဒေသဘက်အားလုံးဖိအားပေးပြန်ယူလိုက်တဲ့သဘောပဲ။” လို့ ကိုးကန့် MNDAA နဲ့ နီးစပ်သူတဲ့မုံးကိုးဒေသခံ အမျိုးသားတစ်ဦး ဆက်ပြောပါတယ်။

လားရှိုးမြို့ကို တရုတ်ဖိအားကြောင့် စစ်ကောင်စီထံပေးအပ်လိုက်ပြီးနောက် ရှမ်းမြောက်ရှိ ကိုးကန့်သိမ်းပိုက်ထားတဲ့ နောက်ထပ်နယ်စပ်အချက်အချာကျတဲ့ မြို့တွေကိုလည်း စစ်ကောင်စီထံ ဆက်ပြီးပေးအပ်ရမဲ့အလားအလာရှိနေတယ်လို့ ဒေသခံတွေအကြား သုံးသပ်ပြောဆိုနေကြပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button