SNA
-
Nov- 2024 -28 Novemberသတင်း
ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာ ၅ ရွာကို ဟုမ္မလင်း PDF ပူးပေါင်းတပ်သိမ်းပိုက်
ကချင်ပြည််နယ်စပ် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာ ၅ ရွာကို ဟုမ္မလင်း PDF ပူးပေါင်းတပ်သိမ်းပိုက်ရရှိထားတယ်လို့ ကာကွယ်ရေးတပ်ကနေ သိရပါတယ်။ ဖားကန့်မြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဟုမ္မလင်းမြို့နယ် အရှေ့ဘက်ခြမ်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အထိုင်ချထားတဲ့ ရွာ ၅ ရွာကို ဟုမ္မလင်း PDF ပူးပေါင်းတပ် နိုဝင်ဘာ ၂၁ ရက်နေ့ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ ၄ ရက်အတွင်း သိမ်းပိုက်လိုက်နိုင်တယ်လို့ ဟုမ္မလင်း PDF တပ်ရင်း (၁) နဲ့နီးစပ်တဲ့ အမျိူးသားတစ်ဦး KNG ကိုပြောပါတယ်။ “၂၁ ရက်နေ့က စတိုက်တာ ၂၄ ရက်နေ့အထိတိုက်ပွဲတွေဆက်တိုက်ဖြစ်တယ် ၄ ရက်အတွင်းမှာ ဟိုဘက်ကနားမော်အထိရထားတယ် နားမော်ကနေ မှန်ဟုန်အထိကို PDF တွေသိမ်းထားတယ် အခု ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ။ တိုက်ပွဲခနပြန်ငြိမ်နေတယ်ရထားတဲ့နေရာတွေကိုရှင်းနေတုန်း”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ လက်ရှိ PDF တွေသိမ်းပိုက်ထားတဲ့ ကျေးရွာတွေဟာ နားမော်၊မှန်ဟုန် ၊ နောင်ကောင်ကောင်း၊ ပါဟုတ် ၊ ငွန်စီရွာ စတဲ့ကျေးရွာတွေဖြစ်ပြီး အဲ့ဒီကျေးရွာတွေမှာ SNA တွေ စစ်အာဏာသိမ်းနောက်ပိုင်း ဂိတ်ထိုင်ကာ အခွန်ကောက်နေတဲ့ ရွာတွေဖြစ်တယ်လို့ နောက်ထပ် ပါဟုတ် အမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ “ပထမနေ့ကတော့ နားမော်ဂိတ်ကိုစတိုက်တာပဲ ရွှေတူးသွားတဲ့လမ်းမှာသူတို့ကဂိတ်ထိုင်တာအဲ့ဂိတ်ကို စသိမ်းတာ SNA တွေကတချို့လက်နက်ချအလင်းဝင်တဲ့လူဝင် တချို့ပြေးတဲ့လူပြေးပါ့ အသေအပျောက်လည်းမနည်းဘူး”လို့ ပြောပါတယ်။ ဟုမ္မလင်း PDF တပ်ပေါင်းစုတွေသိမ်းပိုက်ထားတဲ့ နားမော်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ကျန်တဲ့ကျေးရွာတွေက အိမ်ခြေ ၈၀ ကနေ ၁၅၀ ဝန်းကျင်အထိရှိတယ်လို့ သိရပါတယ်။ အဲ့ဒီကျေးရွာတွေဟာ SNA တပ်သားအင်အား ရာနဲ့ချီတပ်ချထားတဲ့ နောင်ပိုအောင်ကျေးရွာနဲ့တဆက်တည်းရှိနေတဲ့ကျေးရွာတွေဖြစ်ပြီး လတ်တလောမှာတော့ နောင်ပိုအောင်ကျေးရွာအပါအဝင် အထက်ဖော်ပြပါကျေးရွာတွေနဲ့စုစုပေါင်းကျေးရွာ ၁၀ ရွာခန့်က ပြည်သူတွေ တောတောင်ထဲ စစ်ရှောင်းနေရတယ်လို့ နောင်ပိုအောင်ကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “နောင်ပိုအောင်ရွာထဲမှာလည်း သုံးပုံတစ်ပုံပဲကျန်တယ်အကုန်ပြေးနေကြပြီ နောင်ပိုအောင်၊နားမော်၊ခုန်ခမ်းတလျှောက်ကရွာတွေအကုန်ပဲ ဟုမ္မလင်းဘက်ကလမ်းပိတ်ထားလို့ပြေးမရဘူးရွှေမော်တွေဘက်ပြေးနေရတယ်”လို့ သူကပြောပါတယ်။ အခုလိုစစ်ရေးတင်းမာနေတာကြောင့် နောင်ပိုအောင်၊ဟုမ္မလင်းကားလမ်းပိုင်းကိုလည်း SNA တပ်က နောင်ပိုအောင်တံတားကနေပိတ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ ဟုမ္မလင်းနယ်ထဲက SNA တွေတပ်ထိုင်နေတဲ့ကျေးရွာအချို့ကို ဟုမ္မလင်းPDF နဲ့ KIAပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဟုမ္မလင်းPDFတပ်ပေါင်းစုတွေဟာ ဒီနှစ်ထဲမှာ ဖားကန့်မြို့နယ်နဲ့နီးတဲ့ဟုမ္မလင်းနယ်ထဲကကျေးရွာအများအပြားကိုသိမ်းပိုက်ထားပြီဖြစ်သလို ဟုမ္မလင်း အနောက်ခြမ်းရှိ ဖောင်းပြင်နယ်တကြော ကျေးရွာအများအပြားကိုလည်းသိမ်းပိုက်ရရှိထားတယ်လို့သိရပါတယ်။ By – Zaw Zaw
Read More » -
25 Novemberသတင်း
ဟုမ္မလင်းနယ် နတ်မော်ကျေးရွာမှာ တိုက်ပွဲပြင်းထန်နေ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နတ်မော်ကျေးရွာမှာ SNA စစ်ကောင်စီပူးပေါင်းတပ်နဲ့ ဟုမ္မလင်း PDF တပ်ပေါင်းစုကြား တိုက်ပွဲပြင်းထန်နေတယ်လို့ နတ်မော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာအနီးမှာရှိတဲ့ နတ်မော်ကျေးရွာမှာ နိုဝင်ဘာ ၂၂ ရက်နေ့မွန်းလွဲပိုင်းကနေစပြီး ဒီနေ့ထိတိုက်ပွဲပြင်းထန်နေဆဲပဲလို့ နတ်မော်ကျေးရွာနေ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “အသံတွေကတော့ တဒုန်းဒုန်း တဒိုင်းဒိုင်းကြားနေရတာ အခုအထိပဲ ညလည်းမရပ်ဘူးတစ်ညလုံးပစ်နေကြတာ အဲ့မှာရှမ်းနီတပ်တွေနဲ့ စစ်ကောင်စီတပ်ပေါင်းထိုင်တာရှိတယ်။ ကာကွယ်ရေးတပ်တွေက အဲ့စခန်းကိုဝင်သိမ်းနေတာလို့ သိရတယ်။ အခုထိတော့မရသေးဘူး ပစ်နေကြတုန်း”လို့ ပြောပါတယ်။ နတ်မော်ကျေးရွာမှာ SNA နဲ့စစ်ကောင်စီတပ်ပူးပေါင်းအင်အား ၅၀ ထက်မနည်းတပ်ထိုင်တာလို့သိရပြီး ကာကွယ်ရေးတွေဘက်က ထိုးစစ်ဆင်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ရှိလာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းအထိ တိုက်ပွဲပြင်းထန်နေတဲ့နေရာကို နတ်မော်ကျေးရွာအနီးဝန်ကျင်နဲ့ နောင်တံတားကျေးရွာအနီး စစ်တပ်ဘက်က လေကြောင်းနဲ့ သုံးကြိမ်တိတိဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ “ဒီနေ့က လေယာဥ်နဲ့ ၃ ကြိမ်လာကြဲတယ်။ တိုက်ပွဲကတော့ ပြင်းထန်နေသေးတယ် ထိခိုက်တာတော့ရှိမှာပဲ ဒီလောက်ကြဲနေတာ ဖုန်းလိုင်းမကောင်းလို့ အသေးစိတ်မသိရသေးဘူး”လို့ ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နတ်မော်၊ နောင်တံတားကျေးရွာနဲ့အနီးဝန်းကျင် ကျေးရွာနေပြည်သူတွေဟာ တောတောင်တွေ နိုဝင်ဘာလ ၂၃ ရက်နေ့စပြီး တောတောင်ထဲတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ နတ်မော်ကျေးရွာဟာ နောင်ပိုအောင်ကျေးရွာနဲ့ သုံးမိုင်ခန့်သာကွာဝေးပြီး နောင်ပိုအောင်ကျေးရွာကတော့ ဟုမ္မလင်းနယ်မှာ ရှမ်းနီတပ်တွေအများဆုံးတပ်ထိုင်ထားတဲ့ ကျေးရွာဖြစ်ပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက တော်လှန်ရေးတပ်ပေါင်းစုတွေအနေနဲ့ ဟုမ္မလင်းအရှေ့ခြမ်းဘက် ရွှေပြည်အေးမြို့၊ လွှစင်ကုန်းကျေးရွာနဲ့အခြားကျေးရွာပေါင်းငါးရွာခန့်ကိုသိမ်းပိုက်ထားပြီလို့သိရပြီးဟုမ္မလင်းအနောက်ခြမ်း ဖောင်းပြင်နယ်တကြောက ကျေးရွာအများအပြားကိုလည်းသိမ်းပိုက်ထားပြီလို့သိရပါတယ်။ By – Zaw Zaw
Read More » -
19 Novemberသတင်း
စစ်ကိုင်း-ကချင်အစပ် SNA တပ်စခန်း ၃ ခု KIA ထပ်သိမ်း
စစ်ကိုင်း– ကချင်အစပ် ဟုမ္မလင်းမြို့နယ် SNA တပ်စခန်း ၃ ခုကို KIA ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာ တစ်ဖက်ကမ်းမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်၊ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ပျူစောထီး ပူးပေါင်းတပ်စွဲထားတဲ့ ရွှေတွင်းတပ်စခန်းနဲ့ရာလာတီးတပ်စခန်းကို KIA ပူးပေါင်းတပ်က နိုဝင်ဘာလ ၁၈ ရက်နေ့ သိမ်းပိုက်လိုက်ပြီး စိုင်းပန်ရွာစခန်းကုန်းကို ဒီမနက်ပိုင်း ၅ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်လိုက်နိုင်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ် တစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ဒီဘက်ကို ကျနော်တို့ ၂၅ ရက်နေ့ကနေစတိုက်တာ မနေ့က ရွှေတွင်းလမ်းဆုံစခန်းနဲ့ရာလာတီးစခန်းကိုသိမ်းတယ်။ စိုင်းပန်တပ်စခန်းကိုမနေ့ကတည်းက ပိတ်ဆို့ထားတာ အထဲမှာသူတို့မရှိဘူး ပြေးကုန်ပြီ အဲကြောင့် စိုင်းပန်ကိုလည်း ဒီမနက်ပိုင်းမှာ သိမ်းလိုက်နိုင်တာ”လို့ ပြောပါတယ်။ စစ်ကိုင်း– ကချင်အစပ်ရှိမှာရှိတဲ့ SNA တပ်စခန်းတွေကို KIA ပူးပေါင်းတပ်က အောက်တိုဘာလ ၂၅ ရက်နေ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဟုမ္မလင်းမြို့နယ်က ရှစ်မျက်နှာဘုရားကုန်းနဲ့ ပန်ချယ်ဆိုတဲ့ တပ်စခန်းနှစ်ခုကို နိုဝင်ဘာလ ၃ ရက်နေ့ တိုက်ခိုက်သိမ်းယူထားပြီးနောက် နှစ်ပတ်အကြာ နောက်ထပ်တပ်စခန်း ၂ ခုကို ထပ်ပြီးသိမ်းပိုက်နိုင်တာဖြစ်ပါတယ်။ KIA ပူးပေါင်းတပ် ထိုးစစ်တိုက်ခိုက်နေတဲ့နေရာဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် နဲ့ ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာအကြားမှာရှိတဲ့ စခန်းတွေဖြစ်ပြီး အဲစခန်းတွေက KIA ရဲ့ တပ်ရင်း (၂၆) ထိန်းချုပ်နယ်မြေမှာရှိတာလည်းဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းအသုံးပြုပြီး နေ့တိုင်းဆိုသလို ပစ်ခတ်တိုက်ခိုက်တာတွေရှိတဲ့အတွက် KPDF တပ်သား ၂ ဦးကျဆုံးပြီး SNA ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။ “တိုက်ပွဲတော့ တော်တော်လေးပြင်းတယ်လို့ ပြောလို့ရတယ်။ ကျနော်တို့ဘက်ကလည်း ကျတာရှိတယ်။ လပြည့်နေ့မှာဘဲတစ်ယောက်ကျထားတာ မနေ့ကလည်းတစ်ယောက်ထပ်ကျတယ်။ SNA ဘက်ကလည်း ကျတာများတယ်။လေယာဉ်ကို မနေ့ကလည်း ၂ ကြိမ်လာပစ်သွားတယ်”လို့ KPDF တစ်ဦး ပြောပါတယ်။ လတ်တလော KIA သိမ်းပိုက်လိုက်တဲ့ တပ်စခန်း ၅ ခုစလုံးမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ စစ်တပ်လက်အောက် ပျူစောထီးအဖွဲ့ပူးပေါင်းအထိုင်ချတဲ့ တပ်စခန်းတွေဖြစ်ပြီး အင်အား ၂၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ တိုက်ပွဲအခြေနေနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG ကဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပါဘူး။ ဟုမ္မလင်းမြို့နယ်နဲ့ဆယ်ဇင်းတစ်လျှောက် ဥရုချောင်းအရှေ့ခြမ်းနဲ့မာန်စိမ်းချောင်းဖျားရှိ SNA ပူးပေါင်းတပ်စခန်းကို KIA ပူးပေါင်းတပ်က အောက်တိုဘာလ ၂၅ ရက်နေ့ စတင်ထိုးစစ်ဆင်နေပြီး ခုဆိုရင် ၃ ပတ်ဝန်းကျင်ရှိပြီဖြစ်ပါတယ်။ By – Zami
Read More » -
11 Novemberသတင်း
SNA တပ်သားသုံးဦး PDF ထိန်းချုပ်ထားတဲ့ရွာဘက် ဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေ၊ တစ်ဦးဖမ်းခံရ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ SNA တပ်သားသုံးဦး PDF တပ်ထိန်းချုပ်ထားတဲ့နယ်မြေထဲဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး SNA တစ်ဦးသေဆုံးကာ တစ်ဦးအရှင်ဖမ်းမိထားပြီး နောက်တစ်ဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဟုမ္မလင်းကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၂နာရီဝန်းကျင်အချိန် ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ထဲက တပ်သားသုံးဦး ဟုမ္မလင်းမြို့နယ် PDF တပ်ပေါင်းစုထိန်းချုပ်ထားတဲ့ နောင်ပိုအောင်ကျေးရွာ သဲနုတ်ဆွတ်ကျေးရွာ စားသောက်ဆိုင်တစ်ဆိုင်မှာ ဝင်ရောက်လာရာကနေ ပစ်ခတ်မှုဖြစ်တာလို့ ဟုမ္မလင်းPDF နဲ့နီးစပ်တဲ့နောင်ပိုအောင်ကျေးရွာနေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “SNA သုံးယောက်ကနယ်မြေကျူးကျော်လာတာ သဲနုတ်ဆွတ်က PDF တွေပိုင်နက်လေး အဲ့မှာလာစားသောက်ကြတာ PDF တွေသိသွားတော့ဝင်ပစ်တာ တစ်ယောက်ကပွဲချင်းပြီးတစ်ယောက်မိတယ် တစ်ယောက်ကထွက်ပြေးသွားတယ်”လို့ သူကပြောပါတယ်။ ပစ်ခတ်မှုအတွင်းသေဆုံးသွားတဲ့ SNA တပ်ဖွဲ့ဝင်ဟာ လက်ရှိ ဆပ်ကယားကျေးရွာမှာနေထိုင်တဲ့သဲနုတ်ဆွတ်ကျေးဇာတိဖြစ်ပြီး အသက် ၂၀ ကျော် အရွယ်ရှိ အမည်(စုံစမ်းဆဲ) ဖြစ်ပြီး ဖမ်းဆီးထားသူကိုလည်း စစ်ဆေးနေတုန်းပဲလို့သိရပါတယ်။ နောင်ပိုအောင်ကျေးရွာနဲ့ ၅ မိုင်လောက်အကွာမှာရှိတဲ့ကျေးရွာချင်းဆက်နေတဲ့ ဆပ်ကယားကျေးရွာနဲ့ သဲနုတ်ဆွတ်ကျေးရွာဟာရွှေမှော်ဒေသတွေဖြစ်ပြီး လက်ရှိဆပ်ကယားကျေးရွာကို SNA ထိန်းချုပ်ထားသလို သဲနုတ်ဆွတ်ကျေးရွာကိုလည်း PDF တွေ ကထိန်းချုပ်ထားတာဖြစ်ပါတယ်။ “အဲ့နှစ်ရွာကနီးနီးလေးပဲ ဆပ်ကယားမှာက SNAနေတယ် သဲနုတ်ဆွတ်က pdfတွေနေတယ် နှစ်ရွာလုံးက ရွှေအရမ်းထွက်တာ နယ်မြေကျူးကျော်လာတော့ပစ်ကြ ခတ်ကြတာ”လို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသမီးတစ်ဦးကဆက်ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်ပိုင်း ဆပ်ကယားမှာထိုင်တဲ့ SNA တပ်ကနေ ညဘက်သဲနုတ်ဆွတ်ကျေးရွာဘက်ကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် နောင်ပိုအောင်ကျေးရွာအလွန် ကချင်နဲ့စစ်ကိုင်းအစပ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ ဟုမ္မလင်းနယ်ထဲက သံယောဇဉ် ရွှေမော်အနီးမှာလည်း SNA နဲ့ PDF တို့ နိုဝင်ဘာလ လဆန်းကစပြီး တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေတာကြောင့် ကျေးရွာနေပြည်သူအများအပြားထွက်ပြေး တိမ်းရှောင်နေရတယ်လို့သိရပါတယ်။ By – Zaw Zaw
Read More » -
Oct- 2024 -18 Octoberသတင်း
ဟုမ္မလင်းနယ်ထဲက SNA ဂိတ်တွေမှာ အခွန်အဆမတန်ကောက်ခံနေ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း ရှမ်းနီအမျိုးသားတပ်မတော် SNA စစ်ဆေးရေးဂိတ် ၄ နေရာလောက်မှာ အခွန်အဆမတန်ကောက်ခံနေတဲ့အတွက် သွားလာတဲ့ ဒေသခံပြည်သူတွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။ ရှမ်းနီ SNA တပ်တွေ န်းချုပ်ထားတဲ့ ဟုမ္မလင်းအရှေ့ဘက်ခြမ်း နောင်ပိုအောင်၊ နောင်တော၊ မိုင်းကိုင်း၊ဆပ်ကယား စတဲ့ကျေးရွာတွေမှာ SNA ဂိတ်ထိုင်ထားပြီး…
Read More » -
16 Octoberသတင်း
ဟုမ္မလင်းနယ်မှာ လူငယ်အများအပြားဖမ်းဆီးခံနေရ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ လူငယ်တွေအများအပြားဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ရဲ့ တပ်သားသစ်စုဆောင်းမှုတွေကြောင့် လူငယ်တွေမကြာခန ဖမ်းဆီးခံနေရပြီး ဒီနှစ်ဝက်အတွင်း ရာနဲ့ချီဖမ်းဆီးခံရတယ်လို့ တော်လှန်ရေးမှာပါဝင်လှုပ်ရှားနေတဲ့ ဟုမ္မလင်းမြို့ဒေသခံ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “အရင်ကမဖမ်းပါဘူး အခုနောက်ပိုင်းမှာမှဖမ်းလာတာ စစတုန်းကတော့ ခရီးသွားတဲ့လူငယ်တွေပြီးတော့ညဘက် လမ်းပေါ်ထွက်တဲ့လူငယ်တွေလောက်ဖမ်းတာ။ အခုနောက်ပိုင်းက အိမ်ထဲထိကိုခြင်ထောင်ထဲထိကိုဝင်ဖမ်းတော့တာ မကတော့ဘူးနော် သုံး–လေး ရာတောင်မကလောက်ဘူးတစ်နယ်လုံးဆိုရင်”လို့ အသက် ၅၀…
Read More » -
12 Octoberသတင်း
အင်းတော်ကြီးဒေသ နန့်မွန်းမြို့အဝင်ထွက်မှာ SNA တပ်ဖွဲ့ စစ်ဆေးရေးတင်းကြပ်ပြီးတပ်သားစုဆောင်းနေ
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့အဝင်အထွက်မှာ SNA တပ်က စစ်ဆေးရေးတင်းကြပ်ထားပြီး တပ်သားစုဆောင်းနေတယ်လို့ နန့်မွန်းဒေသခံတွေ ပြောပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့ နန့်မွန်းမြို့အဝင်ဂိတ်မှာ လူငယ် ၄ ဦးကိုဖမ်းဆီးသွားတဲ့အပြင် အောက်တိုဘာလအတွင်းမှာလည်း ၈ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ ဒေသခံတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “ဟိုနေ့က လူငယ် ၄ ယောက်ဖမ်းခံရတယ်။ ပြန်လွတ်သလား မလွတ်လားတော့ မသိဘူး”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့စ SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်ဟာ နန်းမွန့်မြို့တွင်း နေရာ ၄ နေရာမှာ ဂိတ်အထိုင်ချပြီး စစ်ဆေးရေးတင်းကြပ်ကာ တပ်သားသစ်အတွက် လူငယ်တွေကိုဖမ်းဆီးနေတာဖြစ်တယ်လို့ အသက် ၅၀ ကျော်အရွယ် အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ လက်ရှိ နန့်မွန်းမြို့ထဲ မြို့အထွက်မှာတစ်နေရာ၊ နန့်မွန်းမြိို့အဝင်မှာတစ်နေရာနဲ့ မြို့လယ်ခေါင် KBC ဘုရားကျောင်းအနီးမှာတစ်နေရာ၊ နန့်မွန်းဘုန်းတော်ကြီးကျောင်းမှာ တစ်နေရာ စုစုပေါင်းနေရာ ၄ နေရာမှာ ဂိတ်ထိုင်ပြီးစုဆောင်းရေးလုပ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဟာ ဖမ်းဆီးစုဆောင်းထားတဲ့သူတွေထဲက တစ်ချို့ကို ပိုက်ဆံနဲ့ပြန်ရွေးယူခွင့်ပြုပေမယ့် အများပိုင်းက ပြန်လွှတ်ပေးတာမျိုးမရှိဘဲ ဖမ်းဆီးစုဆောင်းရသူတွေကို ဟုမ္မလင်းဘက်ပို့ပြီး စစ်သင်တန်းပေးနေတာတွေလုပ်နေတယ်လို့ နန့်မွန်းဒေသခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “အခုမှပထမအသုတ်ဟုတ်တယ် အခုသင်တန်းတက်နေကြပြီ ပြီးတောင်ပြီးတော့မှာ အများကြီးပဲ အယောက် ၂၀၀ လောက်ရှိမယ် ကားဆယ်စီးနဲ့ရောက်လာခဲ့တာရွာပေါင်းစုံကနေ တချို့အသက် ၅၀ ကျော်တွေတောင်ပါတယ်”လို့ ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့မှာလည်း လမ်းသွားလမ်းလာ လူငယ် ၅၀ ဦးခန့်ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။ ခုလို လမ်းသွားလမ်းလာ လူငယ်တွေကို စစ်ဆေးမေးမြန်းတာ မသင်္ကာသူတွေကိုလက်ကိုင်ဖုန်းစစ်ဆေးတာတွေကြောင့် နန့်မွန်းမြိို့တွင်း လမ်းသွားလမ်းလာ နည်းပါးနေတယ်လို့သိရပါတယ်။ နန့်မွန်းမြို့ခံပြည်သူ သုံးပုံနှစ်ပုံက ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ် KiA KPDF ပူးပေါင်းတပ်တွေက ဝှေလုံ၊ချောင်းဝ ၊ညောင်ပင်ရွာ စစ်ကောင်စီတပ်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကတည်းက နေရပ်စွန့်ခွာတိမ်းရှောင်သွားကြတာဖြစ်ပါတယ်။ အဲဒီနောက် ဇွန်လ တတိယပတ်ကတည်းကနေ SNA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ နန့်မွန်းမြို့ထဲအင်အားအလုံးအရင်းနဲ့တပ်ထိုင်လာတာဖြစ်ပါတယ်။ By – Zami
Read More » -
Aug- 2024 -26 Augustသတင်း
ဟုမ္မလင်းမြို့နယ် လောင်းမင်းရွာတိုက်ပွဲ SNA တပ်သား ၅ ဦးဖမ်းဆီးရမိ
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် လောင်းမင်းကျေးရွာတိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့ဝင် ၅ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်း တစ်ချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဒီကနေ့ ဩဂုတ်လ ၂ ရက်နေ့ရက်စွဲနဲ့…
Read More » -
Jul- 2024 -18 Julyသတင်း
နန့်မွန်းမြို့မှာ လူငယ် ၅၀ ထက်မနည်းဖမ်းဆီးခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြိို့ထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းပြီး လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကစ SNA နဲ့ စစ်ကောင်စီစစ်သားတွေဟာ နန်းမွန့်မြို့တွင်း နေရာ ၄ နေရာမှာ စစ်ဆေးရေးဂိတ်အထိုင်ချပြီး တပ်သားသစ်အတွက် လူငယ်တွေကိုဖမ်းဆီးနေတာဖြစ်တယ်လို့ အသက် ၅၀ ကျော်အရွယ် အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ “နန့်မွန်းမြို့ထဲမှာကို ဂိတ်က နေရာ ၄ နေရာရှိတယ် အစစ်အဆေးများတယ်ဂိတ်အသစ်ထိုင်တဲ့ဟာတွေပဲ လူငယ်တွေကိုဆိုရင်သိပ်မသွားခိုင်းတော့ဘူး ဖမ်းတယ်။ လူငယ်ပိုင်းတွေကိုဖမ်းတာ ပြည်သူ့စစ်အတွက်ဖမ်းနေတာ ကချင်ကလေးတွေကိုမဖမ်းဘူးရှမ်းတွေကိုပဲဖမ်းတာ စုဆောင်းရေးပါ့ ဘာအကြောင်းပြချက်မှမရှိပဲဒီတိုင်းဖမ်းသွားတာ”လို့ ပြောပါတယ်။ လက်ရှိ နန့်မွန်းမြို့ထဲ SNA နဲ့စစ်ကောင်စီတပ်တွေရဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွေဟာ မြို့အထွက်မှာတစ်နေရာ၊ နန့်မွန်းမြိို့အဝင်မှာတစ်နေရာနဲ့ မြို့လယ်ခေါင် KBC ဘုရားကျောင်းအနီးမှာတစ်နေရာနဲ့နန့်မွန်းဘုန်းတော်ကြီးကျောင်းမှာ တစ်နေရာစုစုပေါင်းနေရာ ၄ နေရာမှာ ဂိတ်ထိုင်ပြီးစုဆောင်းရေးလုပ်နေတာကြောင့် လူငယ် ၅၀ ဦးထက််မနည်းဖမ်းဆီးခံထားရပြီလို့ဒေသခံတွေကဆိုပါတယ်။ “အသက် ၂၀ ကျော်လူငယ်တွေဆိုဖမ်းတယ် အများကြီးဖမ်းသွားပြီကောမနည်းတော့ဘူး စျေးသွားစျေးလာကစစစ်ဆေးတာတွေလုပ်တယ်”လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ မနေ့ကအထိဖမ်းဆီးခံရတဲ့လူငယ် ၅၀ ဦးခန့်ရှိပြီလို့သိရပြီး အဲ့ဒီလူငယ်တွေကို ငွေနဲ့ပြန်ရွေးထုတ်ခွင့်မပေးသလို လတ်တလောမိဘတွေနဲ့လည်းတွေ့ခွင့်မပေးသေးဘူးလို့ ဆိုပါတယ်။ အထက်ဖော်ပြပါစစ်ဆေးရေးဂိတ်တွေမှာ လူငယ်တွေကိုဖမ်းဆီးတာ လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းတာ မသင်္ကာတဲ့သူတွေကိုလက်ကိုင်ဖုန်းစစ်ဆေးတာတွေကြောင့် ဒီရက်ပိုင်းနန့်မွန်းမြိို့ထဲမှာ အသွားအလာလည်းပါးနေတယ်လို့သိရပါတယ်။ နန့်မွန်းမြို့ခံပြည်သူ သုံးပုံနှစ်ပုံလောက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ်က KiA KPDF ပူးပေါင်းတပ်တွေက ဝှေလုံ၊ချောင်းဝ ၊ညောင်ပင်ရွာတွေထဲက စစ်ကောင်စီတပ်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကတည်းက ကြိုတင်တိမ်းရှောင်သွားကြတာဖြစ်ပါတယ်။ SNA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ အင်းတော်ကြီးဒေသထဲက ဝှေလုံ ၊ချောင်းဝ၊ညောင်ပင် တပ်စခန်းတွေသိမ်းပိုက်ခံရပြီးနောက် ဇွန်လ တတိယပတ်ကတည်းကနေ နန့်မွန်းမြို့ထဲအင်အားအလုံးအရင်းနဲ့တပ်ထိုင်လာတာ ဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
May- 2024 -27 Mayသတင်း
ဟုမ္မလင်းနယ်မှာ SNA နဲ့ စစ်တပ်တို့ တပ်စွဲနေထိုင်တဲ့ ရွာ ၄ ရွာကို PDF တိုက်ခိုက်သိမ်းပိုက်
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် အထက်ပိုင်းထဲက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်နဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းတပ် တပ်စွဲနေထိုင်တဲ့ကျေးရွာပေါင်း ၄ ရွာကို ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်လို့ သိရပါတယ်။ အဲဒီရွာတွေဟာ ဟုမ္မလင်းအထက်ဘက် ချင်းတွင်းမြစ်တစ်ကြောမှာရှိတဲ့ မုက္ကလီ၊ တုံမာဟဲ၊ ပုရစ်…
Read More »









