ကချင်
-
Aug- 2024 -20 Augustသတင်း
ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အော်ရီဒူးဖုန်းလိုင်းပြန်ရ
ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ ဒီနေ့ကစပြီး အော်ရီဒူး ( Oredoo) ဖုန်းလိုင်းတွေ ပြန်ရနေပြီဖြစ်တယ်လို့ မြစ်ကြီးနားဒေသခံတွေကပြောပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့စ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းပြတ်တောက်နေတဲ့ ကချင်ပြည်နယ်မှာ ဇူလိုင်လ ၂၉ ရက်နေ့စပြီး မြစ်ကြီးနားမြို့တွင်း MPT ဖုန်းလိုင်း အကန့်အသတ်နဲ့ရနေပြီး ဩဂုတ်လ ၂၀ ရက်နေ့ အော်ရီဒူးဖုန်းလိုင်းပြန်ရပြီဖြစ်တယ်လို့ မြစ်ကြီးနားဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “အော်ရီဒူးဖုန်းလိုင်းက ခုနေ့လည်လောက်ကတည်းက ရနေတယ် ဖုန်းလိုင်းလည်းတော်တော်ကောင်းတယ်။ အင်တာနက်လိုင်းတော့မရသေးဘူးဗျ”လို့ ပြောပါတယ်။ အလားတူ မိုးညှင်းမြို့နယ်နဲ့ မိုးကောင်းမြို့နယ်တွေမှာလည်း ဩဂုတ်လ ၇ ရက်နေ့ကစ MPTဖုန်းလိုင်းရခဲ့ပြီး ဩဂုတ်လ ၂၀ ရက် ဒီနေ့ကစ အော်ရီဒူး ( Oredoo) ဖုန်းလိုင်းရနေပြီဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ကချင်ပြည်နယ်အတွင်း မြို့နယ် ၁၈ မြို့နယ်အနက် မြစ်ကြီးနားမြို့မှာ MPTနဲ့ Ooredoo ဖုန်းလိုင်းရနေပြီး၊ မိုးကောင်းမြိို့နယ်မှာ MPT လိုင်းအကန့်အသတ်နဲ့ Oredoo ဖုန်းလိုင်းနေရာတစ်ချို့ ၊ မိုးညှင်းမြို့နယ်မှာ Oredoo ဖုန်းလိုင်း၊ချီဖွေမြို့နယ်မှာ တယ်လိီနော ( Telenor) ၊ ဆင်ဘိုမြို့မှာ တယ်လီနော၊ MPT ၊ နောင်မွန်းမြို့နယ်မှာ MPT၊ MEC ဖုန်းလိုင်းတွေရနေပြီး ကျန်တဲ့မြို့နယ်တွေမှာတော့ ဖုန်းလိုင်းတွေ မရရှိသေးပါဘူး။ ဖုန်းလိုင်းမရသေးတဲ့ ဖားကန့်မြို့ထဲမှာ တစ်နာရီ ကျပ် ၃၀၀၀ ဝန်းကျင်အထိ ပေးပြီး အင်တာနက်လိုင်းသုံးနေရသလို တိုက်ပွဲဇုန်အနီးမှာရှိတဲ့ ဗန်းမော်မြို့နယ်မှာ စစ်တပ်လက်အောက် ဆက်သွယ်ရေးရုံးကနေ ပြည်သူတစ်ဦး ၃ မိနစ်နဲ့ဖုန်းပြောခွင့်ရနေတာလို့ သိရပါတယ်။ “ဖားကန့်မှာ မရသေးဘူး ကျနော့်ဖုန်းထဲမှာ အော်ရီဒူးကဒ်ထည့်ထားတယ် ဖုန်းလိုင်းမရသေးပါဘူး။ ဒီမှာက အင်တာနက်ကို ဆိုင်မှာသုံးနေရတုန်းပါ”လို့ ပြောပါတယ်။ အထက်ဖော်ပြပါ အချက်လက်တွေဟာ KNG ကစုစည်းထားတဲ့ အချက်လက်သာဖြစ်ပြီး မြို့နယ်တစ်ချို့ရဲ့ ဖုန်း၊အင်တာနက်လိုင်းအခြေနေအသေးစိတ်တော့ မသိရသေးပါဘူး။ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ ဇူလိုင်လ ၂၁ ရက်နေ့စလို့ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းအားလုံးပြတ်တောက်သွားတာဖြစ်ပြီး တစ်လအကြာမှာ အော်ရီဒူးလိုင်းပြန်ရရှိလာတာလည်းဖြစ်ပါတယ်။ ခေတ်မီတိုးတက်လာတာနဲ့အမျှ လူတွေဟာ ပညာရေး၊ကျန်းမာရေ၊ စစ်ရေးသတင်းအချက်လက်သိရှိဖို့ ဆိုရှယ်မီဒီယာကို သုံးစွဲလာကြသလို သတင်းအချက်အလက် ရယူပိုင်ခွင့်ကလည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ သို့သော် စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက်ပိုင်း မြန်မာနိုင်ငံအတွင်း ဖုန်းနဲ့အင်တာနက်သုံးစွဲမှုတွေကို ကန့်သတ်တာ၊ ဖြတ်တောက်တာပိုမိုလုပ်ဆောာင်လာနေတာဘဲဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်တဲ့အစီအရင်ခံစာမှာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်မှု အဆိုးဆုံးခံနေရတဲ့ တရုတ်ပြီးရင် ဒုတိယ အဆိုးဆုံးနိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ By – zami
Read More » -
19 Augustသတင်း
ကချင်ပြည်နယ်အတွင်း မြို့တစ်ချို့မှာ ဖုန်းလိုင်းအကန့်သတ်နဲ့ပြန်ရ
တစ်လဝန်းကျင် ဖုန်းနဲ့အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်အတွင်း မြို့တစ်ချို့မှာ ဖုန်းလိုင်းအကန့်အသတ်နဲ့ ပြန်ရနေပြီလို့ ဒေသခံတွေနဲ့ကချင်ပြည်နယ် ပြင်ပရောက်ပြည်သူတွေဆီက သိရပါတယ်။ ခရိုင် ၄ ခု၊ မြို့နယ် ၁၈ မြို့နယ်၊ မြို့ ၃၃ မြို့၊ လူဦးရေ တစ်သန်းကျော်ရှိတဲ့ ကချင်ပြည်နယ်မှာ ဇူလိုင်လ ၂၁ ရက်နေ့စ မြို့အားလုံးနီးပါး ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်း ပြတ်တောက်သွားခဲ့ပေမယ့် ချီဖွေမြို့နဲ့ ဆင်ဘိုမြို့မှာ ဖုန်းလိုင်းတွေရရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ဆင်ဘိုမြို့မှာ ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်သွားခြင်းမရှိဘဲ တယ်လီနော၊ MPT ဖုန်းရောအင်တာနက်လိုင်း နှစ်ခုလုံးရနေပြီး စက်သုံးဆီလိုအပ်ချက်ကြောင့်သာ တစ်ခါတစ်ရံ လိုင်းပြတ်တောက်တာတွေရှိတယ်လို့ ဆင်ဘိုဒေသခံတစ်ယောက်ကပြောပါတယ်။ “ဆင်ဘိုမှာကတော့ KIA သိမ်းထားတဲ့နေရာဆိုတော့ သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာပဲပြည်သူတွေနေနေကြ ပါတယ်။ ဖုန်းလိုင်းက တယ်လီနောရတယ် MPT ရတယ် တစ်ခါတစ်လေ ဆီကုန်သွားရင်တော့ လိုင်းမရဘူး ပေါ့။ အင်တာနက်ရောရတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ချီဖွေမြို့နယ်မှာလည်း တယ်လီနောဖုန်းလိုင်း၊အင်တာနက်ပါ အသုံးပြုလို့ရနေတယ်လို့သိရပြီး တစ်ခြားသော ဖုန်းအော်ပရေတာတွေကတော့ အားလုံးပြတ်တောက်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ကချင်သတင်းဌာန KNG ပြုစုထားတဲ့စာရင်းတွေအရ ဇူလိုင်လ ၂၉ ရက်နေ့စပြီး မြို့တော် မြစ်ကြီးနားမြို့မှာဆိုရင် ဌာနဆိုင်ရာရုံးတွေရှိတဲ့ရပ်ကွက်တွေ၊ MPT ရုံးအနီး တစ်ဝှိုက် နဲ့ လယ်ကုန်းရပ်ကွက်၊ ပလနရပ်ကွက် ရဲ့နေရာတစ်ချို့တွေမှာဖုန်းလိုင်းရရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ သို့သော် ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့နယ်အတွင်းမှာတော့ စစ်တပ်လက်အောက် ဆက်သွယ်ရေးရုံးမှာသာ ပြည်သူ တစ်ဦးကို ၃ မိနစ်ဖုန်းပြောခွင့်ပြုနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာပြည်ရဲ့ကျောက်စိမ်းမြေ ဖားကန့်မြို့နယ်မှာတော့ ဖုန်းရောအင်တာနက်လိုင်းပါလုံးဝမရရှိပဲ တစ်မိနစ် ၂၀၀၀ ပေးပြီးဖုန်းဆက်လို့ရတဲ့ ဆိုင် ၂ ဆိုင်၊ တစ်နာရီကို ကျပ် ၃ သောင်းပေးပြီး IP Star နှင့် Star link အင်တာနက်ကိုအသုံးပြုလို့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “လိုင်းကတော့ကောင်းပါတယ်။ Starlink က VPN လည်းမလိုဘူး ဆိုင်တွေက မနက် ၇ နာရီလောက်က နေ ည ၉ နာရီအထိရတယ်။ IP Star ကတော့ ဖုန်း လေးငါးလုံးပဲ သုံးလို့ရတာ။ Facebook အတွက်ဆို VPN လိုတယ်”လို့ဖားကန့်ဒေသခံတစ်ဦးကပြောပါတယ်။ မိုးကောင်းမြို့နယ်အတွင်းမှာ ဩဂုတ်လ ၇ ရက်နေ့ကစပြီး ကျွန်းတောတံတား၊ ဆားမှော်တံတားအနီးတစ်ဝှိုက်တို့မှာ ဖုန်းလိုင်းရရှိနေပြီး မိုးညှင်းမြို့မှာ ဩဂုတ်လ ၁၃ ရက်နေ့ MPT ရုံးနီးပတ်ဝန်းကျင်ဖုန်းလိုင်းရနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲတွေကြောင့် လမ်းပိုင်းပိတ်ဆို့မှုခံခဲ့ရတဲ့ ပူတာအိုမြို့မှာလည်း MPT ဖုန်းလိုင်းတစ်ချို့ရရှိသလို မြစ်ကြီးနား–ပူတာအို လမ်းပိုင်းပေါ်က နောင်မွန်မြို့အနီးတစ်ဝှိုက်မှာလည်း MEC ဖုန်းလိုင်းတစ်ချို့ရရှိနေတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ဖုန်းနဲ့အင်တာနက်လိုင်းတွေကို ပြီးခဲ့တဲ့ဇူလိုင်လ ၂၁ ရက်နေ့ကတည်းက ရုတ်တရက်ဖြတ်တောက်ခဲ့တာဖြစ်ပြီး အခုဆိုရင် လိုင်းတွေပြတ် တောက်နေတာ တစ်လနီးပါးရှိလာပြီဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းတိုက်ပွဲတွေပြင်းထန်နေတဲ့ ဒေသတွေမှာ သတင်းစီးဆင်းမှုပိတ်ဆို့တဲ့အနေနဲ့ ဖုန်းအင်တာနက်လိုင်းတွေကိုဖြတ်တောက်လေ့ရှိပါတယ်။ ကချင်ပြည်နယ်အတွင်း ဖုန်းနဲ့အင်တာနက်လိုင်းပြတ်တောက်နေတာကတော့ စစ်ကိုင်းတိုင်းထဲက တိုက်ပွဲတွေကြောင့် ကေဘယ်လ်ကြိုးပြတ်တောက်တာတွေရှိတဲ့အတွက် လိုင်းမရတာလို့ ကချင်ပြည်နယ်ဝန်ကြီး ဦးခက်ထိန်နန်က ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့က KNG ကိုဖြေကြားခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံဟာ အိမ်နီးချင်း တရုတ်နိုင်ငံနည်းတူ ဒစ်ဂျစ်တယ်အခွင့် အရေး ချိုးဖောက်မှုမှာ ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်လာတယ်လို့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ထုတ်တဲ့ Free Expression…
Read More » -
16 Augustလူ့အခွင့်အရေးချိုးဖောက်မှု ဆောင်းပါး
ကချင်မှာ နှစ်ဝက်အတွင်း ခရစ်ယာန်ဘာသာရေးဆရာ ၁၄ ဦးဖမ်းဆီးခံရ
KNG မှ စာရင်းပြုစုထားချက်အရ ဇူလိုင်လအထိ ခရစ်ယာန်ဘာသာရေးဆရာများအား ဖမ်းဆီးမှုစစ်ဆေးမှု စုစုပေါင်း ၇ ကြိမ်ခန့် ရှိနေပြီ ဖြစ်သည်။
Read More » -
6 Augustသတင်း
ကချင်မှာ ဖုန်းအင်တာနက်လိုင်းဖြတ်ထားတဲ့အတွက် ပြည်ပမှာကျောင်းတက်နေသူတွေငွေကြေးခက်ခဲမှုကြုံနေရ
ကချင်ပြည်နယ်တစ်ခုလုံး ဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေတဲ့အတွက် အိမ်ကထောက်ပံ့ငွေနဲ့ ပြည်ပမှာကျောင်းတက်နေတဲ့ ကချင်ပြည်နယ်က ကျောင်းသား၊သူတွေ ငွေကြေးခက်ခဲနေကြတယ်လို့ သိရပါတယ်။ ဇူလိုင်လ၂၁ရက်နေ့စပြီး ကချင်ပြည်နယ်တစ်ပြည်နယ် ဖုန်းနဲ့အင်တာနက်၊ဝိုင်ဖိုင်လိုင်းတွေ စတင်ပြတ်တောက်နေတာ ခုဆိုရင်နှစ်ပတ်ကျော်လာပြီး တစ်ဖက်မှာ အိမ်ကထောက်ပံ့ငွေနဲ့နိုင်ငံခြားမှာကျောင်းတက်နေတဲ့ ကချင်ပြည်နယ်က ကျောင်းသား၊သူတွေဟာ အိမ်နဲ့အဆက်အသွယ်ပြတ်ပြီး ငွေကြေးဆိုင်ရာအခက်အခဲတွေကြုံတွေ့နေရတယ်လို့ မြစ်ကြီးနားကနေ ချင်းမိုင်မှာကျောင်းတက်နေတဲ့ ကျောင်းသားတစ်ဦးက ခုလိုပြောပါတယ်။ “လိုင်းပြတ်တာက အချိန်အကြာကြီးဖြစ်နေအုံးမယ်ဆိုရင်တော့ ကျောင်းစရိတ်ထည့်ရမဲ့အချိန်မှာ မထည့်နိုင်ရင်တော့ ကျောင်းတွေထွက်လိုက်မယ့်အခြေအနေတွေရှိတာပေါ့”လို့ ပြောပါတယ်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်သွားတဲ့နောက် ကချင်ပြည်နယ်မှာ Mobile Banking နဲ့ Kpay ဝန်ဆောင်မှုတွေအားလုံးရပ်တန့်သွားတာကြောင့် အိမ်နဲ့အဆက်သွယ်ပြတ်တောက်သွားတဲ့ကျောင်းသား၊သူများများစွာရှိနေပြီး ကျောင်းစရိတ်၊စားနပ်ရိက္ခာအတွက် ငွေကြေးအခက်ကြုံနေကြတာလည်းဖြစ်ပါတယ်။ အလားတူ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ စီးပွားရေးမေဂျာမှာတက်နေတဲ့ကျောင်းသားတစ်ဦးကလည်း အင်တာနက်လိုင်းပြတ်တောက်မှုကြောင့် အိမ်ငှားခနဲ့အစားအသောက်စရိတ်တွေပေးဖို့ အခက်တွေ့နေတယ်ဆိုပြီး ခုလိုပြောပါတယ်။ “ကျွန်တော်က ငွေလွဲတဲ့ချိန် Kpayနဲ့ဘဲလွဲတာဆိုတော့ အင်တာနက်လိုင်းမရတဲ့အချိန်ဒုက္ခရောက်နေတာပေါ့ ခုလည်းဒီလကုန်ရင်ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး ကျောင်းစရိတ်က ပထမနှစ်ဝက်အတွက်သွင်းထားပြီဖြစ်ပေမယ့် အိမ်လခနဲ့စားစရိတ်က ဒီတစ်လအတွက်ဘဲရှိတော့တယ်”လို့ ဆိုပါတယ်။ နိုင်ငံခြားမှာ အိမ်ကထောက်ပံ့မှုနဲ့ကျောင်းတက်နေရတဲ့ ကချင်ပြည်နယ်သား၊သူတွေဟာ ငွေကြေးပြဿနာတွေ ကြုံတွေ့နေရကြောင့် ကျောင်းဆက်တက်နိုင်ဖို့ အချိန်ပိုင်းအလုပ်တွေလုပ်နေတဲ့သူတွေရှိသလို ပညာသင်ဆုတွေရအောင် ကြိုးစားပြင်ဆင်နေသူတွေလည်းရှိနေပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်တစ်ခုလုံး စစ်ရေးပြင်းထန်လာတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် အိမ်ကငွေကြေးထောက်ပံ့မှုတွေလည်း ရပ်တန့်သွားမှာကို စိုးရိမ်နေကြတဲ့သူတွေကတော့ ကျောင်းထွက်ပြီး အလုပ်လုပ်ဖို့ကိုပြင်ဆင်နေတဲ့သူတွေလည် ရှိနေပါတယ်။ ဇူလိုင်လ ၂၉ ရက်နေ့ကစပြီး မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့တချို့နေရာတွေမှာ MPTဖုန်းလိုင်းတွေရနေပေမယ့် အကန့်အသတ်တွေရှိနေတဲ့အတွက် ဖုန်းဆက်ရဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ ဖုန်းအင်တာနက်လိုင်းပြတ်တောက်မှုနဲ့ပက်သက်ပြီး KNG သတင်းဌာနကနေပြီးတော့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကို ဇူလိုင်လ ၃၁ရက်နေ့မှာ မေးမြန်းကြည့်ရာ စစ်ကိုင်းတိုင်းဘက်မှာ Cable ကေပယ်ကြိုးတွေပျက်နေပြီး မပြုပြင်ရသေးတဲ့အတွက် ပြတ်တောက်ရတာဖြစ်တယ်လို့ဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်ဟာ မကြာခနဖုန်းလိုင်းဖြတ်တောက်ခံထားရပြီး ဒီတစ်ကြိမ်ဖုန်းလိုင်းပြတ်တောက်မှုဟာ စစ်ရေးအခြေနေပေါ်မှုတည်နိုင်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ချို့က သုံးသပ်ပြောဆိုနေကြပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံရမှု ဒုတိယ အဆိုးဆုံး နိုင်ငံဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ၂၀၂၃ အောက်တိုဘာလက ထုတ်ပြန်တဲ့ Freedom on the Net ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။ အလားတူ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ အရ လူတိုင်း လွတ်လပ်စွာ ယူဆနိုင်ခွင့်နှင့်လွတ်လပ်စွာ ဖွင့်ဟပြောဆိုပိုင်ခွင့်ရှိသည်။အဆိုပါအခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင် နယ်နမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနဲ့သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာပါဝင်ဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နဲ့ဝေငှဖြန့်ချီနိုင်ခွင့်တို့ပါဝင်ပါတယ်။ By –…
Read More » -
Jul- 2024 -31 Julyသတင်း
မြစ်ကြီးနားမှာ ဖုန်း၊ အင်တာနက်လိုင်းပြတ်တောက်နေချိန် စစ်တပ်က စစ်ရေးပြင်ဆင်နေ
ကချင်တစ်ပြည်နယ်လုံ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေချိန် စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားမြို့တွင်း မြို့ပြင် စစ်ရေးပြင်ဆင်တာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း ပလနကျေးရွာနဲ့ နောင်နန်းကျေးရွာတစ်ဝိုက် စစ်ကောင်စီဘက်က တပ်ချနေရာယူပြီး လက်နက်ကြီးတပ်ဆင်ထားတဲ့အပြင် နောင်နန်းကျေးရွာ ၁၀ မိုင် အထက်တန်းကျောင်းနဲ့ ဂျော်ဘွမ်ဆုတောင်း တောင်မှာလည်း တပ်စွဲထားတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦး KNG ကို အခုလိုပြောပါတယ်။ “သူတို့အရင်ဆုံး KTCS ဓမ္မကောလိပ်ကျောင်းထဲကို ဝင်တယ်။ ကျောင်းကတာဝန်ရှိသူတွေက ကျောင်းထဲမှာ လူအရမ်းများပြီး နေရာမရှိကြောင်းပြောလို့ အဲကနေထွက်လာပြီး ၁၀ မိုင်စာသင်ကျောင်း မှာတစ်ဖွဲ့ နေနေတယ်။ ကျောင်းက ဆောက်လုပ်နေဆဲ အဆောင်သစ်ထဲမှာ နေနေတယ်။ ဂျော်ဘွမ်မှာလည်း အင်အား ၂၀ ၊၃၀ လောက်ရှိတယ်။ အားလုံး ၆၀၊ ၇၀ လောက်ရှိမယ်။ ဂျော်ဘွမ်မှာတပ်ချနေတဲ့ အဖွဲ့က သွားလာတဲ့ဆိုင်ကယ်တွေကို ရပ်ခိုင်းပြီး မေးတာမြန်းတာရှိတယ်။ KIA တွေလာမစရင်တော့ဘာမှမဖြစ် လောက်ဘူး။ ဘာစရင်တော့ KTCS ကျမ်းစာကျောင်းကို စစ်တပ်က နှောက်ယှက်လိမ့်မယ်။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဇူလိုင် ၂၉ ရက်နေ့မနက်ကစပြီး အင်အား ၆၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မကောလိပ်ကျောင်း KTCS ဝင်းထဲ ဝင်ရောက်လာပြီး တပ်ချနေရာယူဖို့ ပြင်ဆင်လာတာလို့ ဆိုပါတယ်။ ဒါပေမဲ့ KTCS ဓမ္မကောလိပ်ကျောင်းဝင်းထဲ ကျောင်းသား၊သူများတာကြောင့် နေရာမရှိတဲ့အတွက် လက်ရှိ ဂျော်ဘွမ်ဆုတောင်းတောင်မှာတစ်ဖွဲ့ ၊ နောင်နန်း ၁၀ မိုင်အထက်တန်းကျောင်းထဲမှာတစ်ဖွဲ့ စသဖြင့် နှစ်ဖွဲ့ခွဲပြီး တပ်ချနေရာယူထားတယ်လို့ သိရပါတယ်။ လက်ရှိ ၁၀ မိုင်အထက်တန်း စာသင်ကျောင်းမှာ ကလေးတွေကျောင်းတက်နေပေမဲ့ စစ်တပ်က တပ်ချနေရာယူထားပြီး ဂျော်မဆတ်နှစ်ခြင်းဘုရားကျောင်းနဲ့ KTCS ဓမ္မကောလိပ်ကျမ်းစာကျောင်းနဲ့ အနီးဆုံးမှာလည်း နေရာယူထားတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း ပလန မရောက်ခင် ရွှေစက်ရပ် ကွက် လမ်းမဘေး ဘုန်းကြီးကျောင်းထဲမှာလည်း လက်နက်တပ်ဆင်ထားပြီး ပလနမီးသတ်ရုံးနဲ့ ရဲစခန်းနေရာတစ် လျှောက် နေရာယူအင်အားဖြည့်ထားတယ်လို့ ဆက်သိရပါတယ်။ လတ်တလော မြစ်ကြီးနားမြို့ထဲမှာ စစ်ကောင်စီတပ်ဟာ ညတိုင်း ကင်းလှည့်လှုပ်ရှားတာတွေ၊ မြို့ပြင်ဘက်တွေမှာ နေရာယူ တပ်ချထားပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။ ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာ ဖုန်းလိုင်း၊အင်တာနက်အားလုံး ပြတ်တောက်နေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက် ကချင်ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်က ကချင်သတင်းဌာန KNG ကိုအခုလိုပြောပါတယ်။…
Read More » -
25 Julyသတင်း
ကချင်မှာ ဖုန်းအင်တာနက် ပြတ်တောက်နေပေမဲ့ အစိုးရရုံးနဲ့ MPT ရုံးတွေမှာ လိုင်းရရှိနေတယ်လို့ ဒေသခံတွေပြော
ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ဖုန်း၊အင်တာနက်လိုင်းတွေပြတ်တောက်နေတာ ၅ ရက်မြောက်ရှိလာပြီး မြစ်ကြီးနားမြို့ အစိုးရရုံးနဲ့ MPT ရုံးအနီးတစ်ဝှိုက်မှာ ဖုန်းလိုင်းရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကတည်းက ကချင်ပြည်နယ်တစ်ဝှမ်း ဖုန်း နဲ့အင်တာနက်လိုင်းတွေ ရုတ်တရက် ပြတ်တောက်သွားတာဖြစ်ပြီး ဒီကနေ့ပဲ…
Read More » -
16 July
-
May- 2024 -30 Mayသတင်း
KIA က ရွှေလီမြစ်ဝှမ်းတစ်ကြောကိို တပ်မဟာ (၁၁) သတ်မှတ်ဖွဲ့စည်း
ကချင် နဲ့ ရှမ်းအစပ်မှာရှိတဲ့ ရွှေလီမြစ်ဝှမ်း(N-mau Hka) တစ်ကြော ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ နေရာတွေကို KIA တပ်မဟာ ၁၁ နယ်မြေအဖြစ် သတ်မှတ်ဖွဲ့စည်းလိုက်ပြီလို့ KIA ဘက်ကပြောပါတယ်။ KIA အရှေ့ပိုင်းစစ်ဌာနချုပ်ရဲ့ အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ တပ်မဟာ ၃ လက်အောက် တပ်ရင်း (၁၂) နဲ့ (၂၇) နေရာတွေကို KIA တပ်မဟာ (၁၁) နေရာအဖြစ် သတ်မှတ်ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “တပ်မဟာ ၁၁ နယ်မြေဖွင့်လိုက်တာမှန်ပါတယ်။ ရွှေလီမြစ်ဝှမ်း(N-mau Ginwang)ထဲမှာဖွင့်လိုက်တာဖြစ်တယ်။ ပြီးခဲ့တဲ့ KIA အရှေ့ပိုင်းစစ်ဌာနချုပ်က အုပ်ချုပ်ရေးနယ်မြေမှာပါတဲ့ အူလန်ပါဒေသ (U Lang Pa Ginwang)၊ ရွှေကူဒေသ(Shwe Gu) တပ်ရင်းအနေနဲ့တော့ ၁၂ နဲ့ ၂၇ တွေကိုသတ်မှတ်လိုက်တာဖြစ်ပါတယ်”လို့ပြောပါတယ်။ KIA တပ်မဟာ (၁၁) နယ်မြေသတ်မှတ်လိုက်တဲ့ နေရာဒေသဟာ အဓိကအားဖြင့် ရွှေလီမြစ်ဝှမ်းတစ်လျှောက် KIA သိမ်းပိုက်ရရှိထားတဲ့ မန်ဝန်းကြီး၊ မဘိမ်းနဲ့ ရွှေကူဒေသအထိပါဝင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ခုလို KIO/KIA အနေနဲ့ တပ်မဟာတစ်ခုကို ထပ်မံတိုးချဲ့လိုက်တာနဲ့ပတ်သက်ပြီး KIA ရဲ့ အုပ်ချုပ်ရေးနယ်မြေ အရင်ကထက် ပိုပြီးကျယ်ပြန့်လာတဲ့အတွက် တိုးချဲ့လိုက်တာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ “အခုအဲဒီဘက်မှာ မြေနေရာဒေသ ကျယ်ပြန့်လာတယ်။ မူလအုပ်ချုပ်ရေးဒေသဖြစ်တဲ့ အရှေ့တိုင်းစစ်ဌာနချုပ်ကနေဘဲ အုပ်ချုပ်တာ သိပ်ပြီးလက်လှမ်းမမှီလာတော့ဘူး။ အဓိကတော့ ပြည်သူလူထုတွေရဲ့ ငြိမ်းချမ်းစွာရပ်တည်နေထိုင်ရေးအတွက် အုပ်ချုပ်ရေးယန္တရားတွေကို ထပ်မံတိုးချဲ့တဲ့ သဘောပါပဲ”လို့ပြောပါတယ်။ KIA တပ်မဟာ ၁၁ နေရာကို မန်ဝန်းကြီးဒေသမှာ…
Read More » -
27 Mayသတင်း
စစ်ကိုင်း နဲ့ ကချင်အစပ်ကမြို့တွေမှာ တိုက်ပွဲပြင်းထန်နေ
စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ မြို့နယ် ၃ မြို့မှာ စစ်ကောင်စီတပ်၊ ရှမ်းနီးအမျိုးသားတပ်မတော် SNA ပူးပေါင်းအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား ဒီရက်ပိုင်းအတွင်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။ တိုက်ပွဲဟာ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကတည်းကစတင်ဖြစ်ပွားနေတာဖြစ်ပြီးတော့ စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကောလင်း၊ ဝန်းသို နဲ့…
Read More » -
8 Mayသတင်း
ကသာမှာ တိုက်ပွဲဖြစ်
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ ဒီကနေ့မနက်ပိုင်း ၇ နာရီလောက်ကစလို့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ ကသာမြို့ရဲ့ မြို့အစွန်ရပ်ကွက်၊ မြို့ပြင်ကရွာတွေကို စစ်ကြောင်းပတ်ထိုးနေတဲ့ အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား မြို့ပြင်က…
Read More »









