နမ္မတီးမြို့

  • Dec- 2025 -
    1 December
    သတင်း

    ဖားကန့်လမ်းနဲ့လီဒိုလမ်းမပေါ်က စစ်ရှောင်တွေအတွက် နေရာထိုင်ခင်းအကူညီလိုအပ်နေ

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ထဲ တိမ်းရှောင်နေကြတဲ့ ဖားကန့်စစ်ဘေးရှောင်တစ်ထောင်ဝန်းကျင်အတွက် နေရာထိုင်ခင်းအကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။ တိုက်ပွဲကြောင့် ဖားကန့်လမ်းနဲ့ လီဒိုလမ်းမပေါ် ကျေးရွာတွေထဲကနေ နမ္မတီးမြို့ထဲထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ရှောင်အများပိုင်း နေရာထိုင်ခင်းအခက်အခဲဖြစ်နေတာကြောင့် ရာသီအကူအပြောင်းတွေကြား ဖျားနာသူတွေနဲ့ အခက်ခဲများစွာ ကြုံနေကြရတယ်လို့ ဆိုပါတယ်။ “မိုးရာသီမှာတောင် အရမ်းကို ဒုက္ခရောက်ကြတာ တစ်ချို့ဆို သစ်ပင်အောက်တွေမှာနေတယ်။ တစ်ချို့က ကွင်းပြင်၊ လယ်ယာပြင်မှာတဲဆောက်ပြီးနေကြတော့ လေတိုက်ပြီဆိုတာနဲ့ အကုန်လွှင့်၊ မိုးပက်ပြီး နေလို့မရကြဘူး။ ဆိုတော့ မိုးရာသီလည်း မိုးရာသီဒုက္ခကို အံတုနေရတယ်။ အခု ဆောင်းရာသီဆိုလည်း ဆောင်းရာသီကို အဲလိုပဲ အံတုရင်း နေကြရမယ်။ ထွေထွေထူးထူး အကူအညီရတာမျိုးတွေလည်း မရှိဘူး။”လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။  ဖားကန့်လမ်းနဲ့ လီဒိုလမ်းမပေါ်ရှိ နန့်ယား၊ ဒွမ်ဘုန်း၊ လဝါး၊ လဂေါင်၊ ကွမ်စိုင်ယန်–စတဲ့ ကျေးရွာတွေထဲက ဒေသခံပြည်သူတစ်ထောင်လောက်ဟာ လက်ရှိ နမ္မတီးမြို့ပေါ်  ၆ နေရာလောက်မှာ ခိုလှုံနေကြတာ ဖြစ်ပါတယ်။ ဒီစစ်ရှောင်တွေဟာ စစ်ရှောင်ကာလကြာလာတာနဲ့အမျှ မိုးကာတွေနဲ့သာဆောက်လုပ်ထားတဲ့ မိုးကာတဲတွေလည်း ယိုယွင်းပျက်စီးလာပြီဲဖြစ်တဲ့အတွက် ပြန်လည်ပြုပြင်ဖို့လိုအပ်နေတယ်လို့ သိရပါတယ်။ “အစထွက်ပြေးလာခဲ့ကြတဲ့အချိန်ကလို မဟုတ်တော့ဘူး။ အခု နေရာထိုင်ခင်းရဖို့အတွက်ပဲ အဓိက ဦးစားပေးဖြစ်သွားပြီ။ တခြား ဆောင်းရာသီရောက်ရင်တို့၊ မိုးရာသီရောက်ရင်တို့ ၊ ဟိုဟာနာ ဒီဟာဖျားလာရင်ဆိုပြီး တွေးပူနေရမယ့်အဆင့်တောင် မရောက်နိုင်တော့ဘူး။ နေရာတကာ ခြံတွေ၊ ဝင်းတွေ နည်းနည်းလွတ်တဲ့နေရာတွေ အားလုံးမှာ စုပြုံပြီးနေကြတယ်။ တချို့ကတော့ အဲလိုစစ်ဘေးရှောင်စခန်းမှာ မနေဘဲ ပိုင်ရှင်တွေမရှိတာ ဒါမှမဟုတ် ပိုင်ရှင်ရှိတဲ့ ခြံဝင်းတွေမှာ တဲဆောက်ယူပြီး နေကြတယ်။ ခက်ခက်ခဲခဲနဲ့ ကံလှ၊ မြို့သစ်၊ ညောင်တော၊ ၀အောင် တွေမှာ အပြည့်ပဲ” လို့ သူမက ဆက်ပြောပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာအသင်းတော်တွေဘက်ကလည်း စစ်ရှောင်တွေအတွက်လုံလောက်တဲ့ ကူညီထောက်ပံ့မှုတွေမပေးနိုင်ပဲ အရေးပေါ် ခွဲစိတ်ရမယ့်လူနာတွေကိုသာ ကူညီနိုင်တယ်လို့ သိရပါတယ်။  လက်ရှိ နိုင်ငံရေးအခြေအနေကြပ်တည်းမှုတွေကြား လူ့အခွင့်အရေးအတွက် ကူညီထောက်ပံ့တဲ့အဖွဲ့အစည်းတွေလည်း အရင်လိုမရှိတော့တဲ့အတွက် ဒီနှစ်တွေမှာ တိုက်ပွဲကြောင့်တိမ်းရှောင်ရတဲ့ စစ်ရှောင်တွေအဖို့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ကိုယ်ထူကိုယ်ထရပ်တည်နေကြရတာလို့ သိရပါတယ်။  ပြီးခဲ့တဲ့ ဧပြီလ ဖားကန့်တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရတဲ့ ဖားကန့်စစ်ဘေးရှောင်တွေအပြင် နောက်ထပ် ဝိုင်းမော်တိုက်ပွဲကြောင့် ဧရာ၀တီမြစ်ကမ်းဘေးတွေမှာ တိမ်းရှောင်ခိုလှုံနေကြရတဲ့ နောင်းချိန်းစစ်ဘေးရှောင်တွေအတွက်လည်း ကူညီမှုတွေလိုအပ်နေတယ်လို့ သိရပါတယ်။  ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး UNCHR ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း စစ်ရှောင် တစ်သိန်းကျော် ထပ်တိုးလာတယ်လို့ သိရပါတယ်။…

    Read More »
  • Aug- 2025 -
    7 August
    သတင်း

    နမ္မတီးမြို့မှာ ခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူ နှစ်ထောင်ကျော်အတွက် နေရာထိုင်အခင်း၊စားနပ်ရိက္ခာအကူညီလိုအပ်

    ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တိုက်ပွဲဖြစ်တာကြောင့် နမ္မတီးမြို့မှာ ထောင်နဲ့ချီ လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအသောက်နဲ့ ဆေးဝါးကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ မိုးတွင်းကာလအတွင်း  စစ်ဘေး၊ ရေဘေးကြောင့် အဓိကခက်ခဲနေသူတွေဟာ နမ္မတီးသကြားစက်ဝင်းမှာခိုလှုံနေကြတဲ့ လဝါးကက်သလစ်အသင်းသူ၊သားများနဲ့ ဖားကန့် ခွမ်စိုင်ယန်ပြည်သူတွေကြဖြစ်ပြီး မိုးရေကြောင့်စစ်ရှောင်စခန်းတွင်း…

    Read More »
  • Jun- 2025 -
    24 June
    သတင်း

    လမ်းခွကျေးရွာမှာ စစ်‌ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့ ဖိအားပေးခံနေရ

    ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ရှိ လမ်းခွကျေးရွာ(Lambraw Yang Mare) မှာ ကြားကာလအုပ်ချုပ်ရေးစနစ်နဲ့သွားနေတဲ့ အုပ်ချုပ်ရေးယန္တရားကိုရုတ်သိမ်းပြီး စစ်ကောင်စီတပ်ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့ ဖိအားပေးမှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ကနေ ယနေ့ အချိန်အထိ ဒေသခံပြည်သူတွေ…

    Read More »
  • Dec- 2023 -
    14 December
    သတင်း

    လမ်ဘရော့ယန်မှာ တိမ်းရှောင်နေကြတဲ့ ကဆုန့် စစ်ရှောင်များ မီးဖိုချောင်ဆောက်လုပ်ဖို့ အကူအညီလိုအပ်နေ

    မိုးကောင်းမြို့နယ် နမ္မတီးမြို့ လမ်ဘရော့ယန်(Lambraw Yang)ကျေးရွာမှာ တိမ်းရှောင်နေကြတဲ့ ကဆုန့် စစ်ရှောင်ပြည်သူများအတွက် မီးဖိုချောင်ပြုပြင်ဖို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ လမ်းခွကျေးရွာ ကချင်နှစ်ခြင်းဘုရားကျောင်းနယ်မြေထဲ  ခိုလှုံနေကြတဲ့ ကဆုန့်စစ်ရှောင်တွေရဲ့ မီးဖိုချောင်အမိုးတွေဟာ ယိုယွင်းပျက်စီးလာပြီး ခေါင်မိုးပေါက်နေတာကြောင့် ချက်စားလို့မရတဲ့ အခြေအနေထိရှိနေတယ်လို့ စစ်ရှောင်တာဝန်ခံက ကိုပြောပါတယ်။ “ကျွန်တော်တို့…

    Read More »
  • Aug- 2022 -
    8 August
    သတင်း

    စစ်ကောင်စီတပ်ရှိနေသော နမ္မတီးမြို့ အထက်တန်းကျောင်း ဖေါက်ခွဲခံရ

    နမ္မတီးမြို့ အထက်တန်းကျောင်းဝင်းတွင် ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် မိုင်းပေါက်ကွဲခဲ့သည်ဟု ဒေသခံများ ပြောသည်။ ကျောင်းဝင်းတွင် စစ်ကောင်စီတပ်သားများ ရှိနေသဖြင့် အမည်မသိအဖွဲ့ တစ်ဖွဲ့ ထောင်ထားသော မိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု နမ္မတီးဒေသခံတစ်ဦးက KNG သတင်းဌာနကို…

    Read More »
  • Jul- 2022 -
    18 July
    သတင်း

    နမ္မတီး ရဲစခန်းနှင့် စည်ပင်ရုံး မိုင်းဖောက်ခွဲခံရ

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ မြို့လှရပ်ကွက်ရှိ ရဲစခန်းနှင့် စည်ပင်ရုံး ၂နေရာ ယမန်ည ၉နာရီဝန်းကျင်တွင် မိုင်းဖောက်ခွဲခံရ သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ “ဖောက်ခွဲခံရတဲ့အချိန်က ၉နာရီလောက်ရှိပြီ။ ဖောက်ခွဲတာက တစ်ကြိမ်ဘဲဖြစ်တာ။ ရဲစခန်းအတွင်းမှာဘဲ ကွဲတာ။…

    Read More »
Back to top button