သတင်း

နမ္မတီး ရဲစခန်းနှင့် စည်ပင်ရုံး မိုင်းဖောက်ခွဲခံရ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ မြို့လှရပ်ကွက်ရှိ ရဲစခန်းနှင့် စည်ပင်ရုံး ၂နေရာ ယမန်ည ၉နာရီဝန်းကျင်တွင် မိုင်းဖောက်ခွဲခံရ သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

“ဖောက်ခွဲခံရတဲ့အချိန်က ၉နာရီလောက်ရှိပြီ။ ဖောက်ခွဲတာက တစ်ကြိမ်ဘဲဖြစ်တာ။ ရဲစခန်းအတွင်းမှာဘဲ ကွဲတာ။ စည်ပင်ရုံးကဟာက မကွဲဘူးတဲ့။ သူတို့ ဒီမနက် မိုင်းကို ပြန်သိမ်းယူလိုက်ပြီလို့သိရတယ်။ အဲ့ကြောင့် ထိခိုက်မှုတွေက မရှိဘူး။ ဘယ်သူလုပ်တယ်ဆိုတာက ကျနော်တို့လည်းမသိရဘူး”ဟုပြောဆိုသည်။

ရဲစခန်းအတွင်းမှာ ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့သည့်နောက်ပိုင်း ၉နာရီခွဲဝန်းကျင်ခန့်တွင် စစ်ကောင်စီအဖွဲ့က မြို့တွင်း လမ်းမကြီးတစ်လျှောက်သွားနေသော ပြည်သူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်မှုများပြုခဲ့ကြောင်းသိရသည်။

ဒေသခံပြည်သူများပြောဆိုချက်အရ နမ္မတီး ရဲစခန်းအတွင်း စစ်ကောင်စီ စစ်သားများ တပ်စွဲနေထိုင်နေသည့်အတွက် ဖောက်ကွဲခံရမှုဖြစ်နိုင်သည်ဟု ဒေသခံပြည်သူများ ပြောဆိုချက်မှသိရသည်။

နမ္မတီးမြို့တွင် စစ်ကောင်စီအဖွဲ့နှင့် သက်ဆိုင်သည့် ဌာနဆိုင်နေရာများတွင် ဖောက်ခွဲခံရမှုသည် ပထမဆုံအကြိမ်ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button