နယ်မြေရဲစခန်း

  • Dec- 2025 -
    2 December
    သတင်း

    မြစ်ကြီးနားမှာ နယ်ထိန်းရဲတွေက မူးယစ်ဆေးရောင်းသူများကို ဒဏ်ရိုက်ပြီး ပြန်လွတ်နေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့် ဒဏ်ငွေရိုက်ရုံမျှသာလုပ်ပြီး ပြန်လွှတ်ပေးနေတယ်လို့ တပ်နဲ့နီးစပ်သူများထံမှသိရပါတယ်။ မြစ်ကြီးနားမြို့တွင်း နယ်ထိန်းရဲခေါင်းဆောင်တွေဖြစ်တဲ့ ဖြိုးကိုကို၊ ကိုနေဖြိုး ၊ ရဲဒုတပ်ကြပ် မောင်မောင်ကြီး၊ ရဲဒုတပ်ကြပ် ဇော်ဝင်းမိုး၊ တပ်သား ကျော်ထွေးအောင်တို့ဟာ ရမ်ပူ၊ယုဇန၊ခေမာသီရိရပ်ကွက်ရှိ မူးယစ်ဆေးဝါးရောင်းချတဲ့နေအိမ်တွေမှာ ဝင်ရောက်စစ်ဆေးတာတွေလုပ်နေပေမယ့် ပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆိးခြင်းမပြုပဲ ပြန်လွတ်ပေးနေတာလို့ တပ်နဲ့နီးစပ်တဲ့အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “နယ်ထိန်းခေါင်းဆောင် ကိုနေဖြိုးအပါအဝင် ယုနဇ ရပ်ကွက်ထဲက မူးယစ်ရောင်းတဲ့သူစီက သိန်း (၅၀၀) တောင်းသွားတယ် ဟိုနေ့က ။ အရင်လက ရမ်ပူရပ်ကွက်မှာလည်း အတူတူပဲ သိန်း ၂၈၀ ပေးပြီးပြန်လွှတ်ပေးတာ။ အရပ်စကားနဲ့ပြောမယ်ဆိုရင် ဖားရိုက်နေကြတာပေါ့လေ”လို့ ပြောပါတယ်။ အမှတ်(၂) နယ်ထိန်းခေါင်းဆောင် ဖြိုးကိိုကိုအပါအဝင် အထက်မှာဖော်ပြထားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာလည်း ရမ်ပူရပ်ကွက် မူးယစ်ဆေးရောင်းတဲ့နေအိမ်တစ်အိမ်ဝင်စစ်ပြီး ငွေသိန်း ၂၈၀၊အိမ်စီးကား၊ ဘိန်းဖြူနဲ့တစ်ခြားမူးယစ်ဆေးဝါးတွေကိုဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးသိမ်းသွားတဲ့အိမ်စီးကားကို ရပ်ကွက်ထဲမှာစီးနေတဲ့အတွက် ကားပိုင်ရှင်ဘက်မှတိုင်ကြားဖို့ပြင်ဆင်လာချိန် ကားကိုလည်းထပ်ရောင်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ အလားတူ နိုဝင်ဘာလ ၂၀ ရက်နေ့မှာလည်း ခေမာသီရိရပ်ကွက် မူးယစ်ဆေးရောင်းတဲ့နေအိမ်တစ်အိမ်ကို ရဲကား ၃ စီးနဲ့ရောက်လာပြီး ငွေကျပ် သိန်းတစ်ရာဒဏ်ရိုက်သွားတယ်လို့ဆိုပါတယ်။ ဒါ့အပြင် နယ်ထိန်းခေါင်းစဉ်အဖွဲ့တွေဟာ မြစ်ကြီးနားမြို့ထဲ နှစ်လုံး၊ သုံးလုံးရောင်းသူတွေ ၊ မူးယစ်ဆေးဝါးရောင်းသူတွေကို နယ်မြေခံရဲတပ်ရင်း၊ တပ်ရင်း (၃၀) ၊ မူးယစ်တားစီးရေး ရဲတပ်ဖွဲ့တွေပေါင်းပြီး ချဲဒိုင်အသေး၊အကြီးပေါ်မှုတည်ကာ ငွေကြေးတောင်းခံတာတွေလုပ်နေတယ်လို့ သိရပါတယ်။ “မဖမ်းဘူး လုံးဝ မဖမ်းဘူး ကျနော်တို့ဖြစ်စေချင်တာမြစ်ကြီးနားမြို့ထဲက မူးယစ်ဆေးရောင်းတဲ့သူတွေဆိုထိထိရောက်ရောက်ဖမ်းဆီးပေးရမှာလေ ခုသူတို့လုပ်ပုံက ငွေလေးယူလိုက်ပြန်ရောင်းခိုင်းလိုက်နဲ့စီးပွားရှာခိုင်းနေတာ”လို့ ရမ်ပူရပ်ကွက်နေ ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။ မြစ်ကြီးနားမြို့ဒေသခံတွေလိုလားတာက မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူပေးဖို့တောင်းဆိုနေကြတာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်ရဲ့မြို့တော်မြစ်ကြီးနားမြို့မှာ မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှု တစ်နေ့ထက်တစ်နေ့ပိုပြီး ဆိုးရွာလာနေသလို မြို့ပေါ်ရပ်ကွက်တွေမှာ လောင်းကစားဝိုင်းအသေး၊အကြီး စုစုပေါင်း ၅၀ ဝိုင်းခန့်ရှိတယ်လို့ တပ်နဲ့နီးစပ်သူကဆက်ပြောပါတယ်။ “လောင်းကစားဝိုင်းက ၅၀ လောက်ရှိတယ်။ အဲဒါကသူတို့ရဲ့ပုံမှန်ဝင်ငွေရတဲ့နေရာတွေလေ အားလုံးပေါင်းပြီးလုပ်စားနေကြတာ”လို့ ပြောပါတယ်။ ခုလိုမူးယစ်ဆေး၊လောင်းကစားဝိုင်းများလာတာနဲ့အတူ ခိုးမှု၊ဓါးပြမှု၊လုယက်မှုတွေကလည်း နေ့စဉ်နဲ့ဖြစ်နေပါတယ်။ ဒါ့အပြင် ရဲ့တပ်ဖွဲ့ဝင်တွေဟာ ည ၈ နာရီဝန်းကျင် လမ်းဆုံ၊လမ်းခွတွေမှာစောင့်နေပြီး လမ်းသွားလမ်းလာလူငယ်တွေကို အကြောင်းမဲ့ခြိမ်းခြောက်ကာ ငွေတောင်းတာတွေလုပ်နေတယ်လို့လည်း သိရပါတယ်။ By – CJ

    Read More »
  • Jan- 2024 -
    15 January
    သတင်း

    မြစ်ကြီးနား နယ်မြေရဲစခန်းနီးတစ်ဝိုက် မိုင်းပေါက်ကွဲ

    မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ကြားမှာရှိတဲ့  အမှတ် (၂) နယ်မြေရဲစခန်းနဲ့ ခရိုင်ရဲစခန်း အနီးတစ်ဝိုက် မိုင်းပေါက်ကွဲခဲ့တယ်လို့ ရမ်ပူရပ်ကွက်နေထိုင်သူတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ ဒီကနေ့ညနေ ၇ နာရီဝန်းကျင်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး တစ်ဆက်တည်း သေနတ်ပစ်ခတ်သံများလည်း ကြားရတယ်လို့…

    Read More »
  • Apr- 2022 -
    22 April
    သတင်း

    ပလန ရဲစခန်းတိုက်ခိုက်မှု စစ်ကောင်စီဘက်က ထိခိုက်မှုရှိ၊ လူနေအိမ်တစ်ချို့ထိမှန်

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပလနရပ်ကွက် နယ်မြေ ၃ ရှိ နယ်မြေရဲစခန်းကို ဒေသပြည်သူ့ကာကွယ်ရေးဖွဲ့ PDF အဖွဲ့များမှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိအခိုက်ရှိနိုင်ပြီး လူနေအိမ်အချို့လည်းထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်းသိရသည်။ ယမန်နေ့ ဧပြီ ၂၁ ရက်နေ့ည ၈နာရီဝန်းကျင်ခန့်အချိန်တွင် ပလန…

    Read More »
Back to top button