သတင်း

မြစ်ကြီးနား နယ်မြေရဲစခန်းနီးတစ်ဝိုက် မိုင်းပေါက်ကွဲ

မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ကြားမှာရှိတဲ့  အမှတ် () နယ်မြေရဲစခန်းနဲ့ ခရိုင်ရဲစခန်း အနီးတစ်ဝိုက် မိုင်းပေါက်ကွဲခဲ့တယ်လို့ ရမ်ပူရပ်ကွက်နေထိုင်သူတွေဆီကနေ သိရပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့ ဒီကနေ့ညနေ ၇ နာရီဝန်းကျင်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး တစ်ဆက်တည်း သေနတ်ပစ်ခတ်သံများလည်း ကြားရတယ်လို့ ရမ်ပူရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။

ဆက်တိုက် အတန်းလိုက် ကွဲသလိုမျိုးမီးပွင့်တောင် မြင်ရတယ်။ မိနစ်တောင်မခြားဘူး စက္ကန့်အတွင်း တစ်ရပ်စက်ပေါက်ကွဲတာ။ အဲနားက အမှတ် ၂ နယ်မြေရဲစခန်းနဲ့ ခရိုင်ရဲစခန်းဘဲရှိတယ်လေလို့ ပြောပါတယ်။

မိုင်းပေါက်ကွဲတဲ့နေရာဟာ စစ်ကောင်စီတပ်လက်အောက်ခံ အမှတ် ()ရဲစခန်းနဲ့ ခရိုင်ရဲစခန်းနေရာတစ်ဝိုက်ဖြစ်ပေမယ့် ထိခိုက်မှုရှိ မရှိကိုတော့ အသေးစိတ်မသိရသေးပါဘူး။

ဒီပေါက်ကွဲမှုဟာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာဖြစ်နိုင်တယ်လို့အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတစ်ချို့သုံးသပ်‌ပြောဆိုနေကြပေမယ့် လက်နက်အကြောင်း သိနားလည်တဲ့ နောက်ထပ်မြို့ခံတစ်ဦးပြောတာ‌ကတော့ ပဒေသာမိုင်းထောင်ပြီး ဖောက်ခွဲတဲ့ ပုံစံမျိုးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါက ထောင်ပြီးအဝေးထိန်းခလုတ်နဲ့ဖောက်ခွဲတဲ့ပုံစံဘဲ။ လက်နက်ကြီးဆို အသံက အဲလိုမဟုတ်ဘူး။ ခုဟာက တစ်ဆက်တည်းပေါက်ကွဲတာလို့ရမ်ပူရပ်ကွက်မှာနေထိုင်သူ တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် စစ်ကောင်စီတပ် လက်အောက်ခံ ရဲစခန်းနဲ့ထွေအုပ်ရုံးတွေ မကြာခနပစ်ခတ်ခံရတာတွေရှိခဲ့သလို ရမ်ပူရပ်ကွက်မှာရှိတဲ့ အမှတ် ၂ ရဲစခန်းကလည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ တစ်ကြိမ်ပစ်ခတ်ခံရတာ ရှိခဲ့ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button