နေရပ်ပြန်စစ်ရှောင်
-
May- 2026 -27 Mayသတင်း
ကချင်ဒေသ နေရပ်ပြန်စစ်ရှောင်များ ကူညီမှုလိုအပ်နေ
ကချင်ဒေသမှာ နေရပ်ပြန်စစ်ဘေးရှောင်တွေအတွက် ပြန်လည်ထူထောင်ရေးနဲ့ လူမှုစာနာထောက်ထားရေးအပိုင်းတွေမှာ ဒေသတွင်း ကချင်အမျိုးသားရေးအဖွဲ့အစည်းတွေအနေနဲ့ ရေရှည်မူဝါဒတွေ သေချာထားရှိပြီး ကူကာကွယ်ပေးသင့်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ထောက်ပြနေပါတယ်။
Read More » -
Mar- 2026 -25 Marchသတင်း
နေရပ်ပြန် နမ်ဆာရွာပြည်သူတွေအတွက် ကူညီထောက်ပံ့မှုလိုအပ်နေ
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ နမ်ဆာကျေးရွာက နေရပ်ပြန်ပြည်သူတွေအတွက် နေရာထိုင်ခင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ နမ်ဆာကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကရောက်ရှိလာကြတဲ့ အိမ်ခြေ ၅၀ ကျော်နဲ့ မတ်လ ၁၈ရက်နေ့ ပြန်လည်ရောက်ရှိလာကြတဲ့ အိမ်ခြေ ၂၁ အိမ်၊ စုစုပေါင်း အိမ်ခြေ ၇၀ ကျော်နဲ့ လူဦးရေ ၃၀၀ ဝန်းကျင်ပြန်လည်ရောက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဆယ်စုနှစ်ကျော်စွန့်ခွာခဲ့ရတဲ့ ရွာဖြစ်တာကြောင့် နေအိမ်တွေ အကုန်ပျက်စီး ယိုယွင်းသွားခဲ့ပြီဖြစ်တဲ့အတွက် နေအိမ်တွေပြန်ဆောက်ဖို့ သွပ်၊ မိုးကာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင် တာဝန်ခံတစ်ဦး KNG ကို ခုလိုပြောပြပါတယ်။ “တဲအိမ်တွေဆောက်တဲ့နေရာမှာတော့ ကျွန်တော်တို့တောရွာမှာက သစ်၊ ဝါးတွေက အဆင်ပြေသလို ခုတ်ယူလို့ရတယ် ပိုက်ဆံပေးစရာမလိုဘူး ။ ဒါပေမယ့်လည်း အမိုးအတွက် သွပ်မရရင်တောင် ပလပ်စတစ် မိုးကာတွေ ကူညီပေးဖို့ တောင်းဆိုချင်တာပေါ”လို့ဆိုပါတယ်။ လက်ရှိ ကျေးရွာထဲပြန်လည်ရောက်ရှိလာတဲ့သူတွေထဲမှာ မသန်စွမ်းဖြစ်နေတဲ့ သက်ကြီးရွယ်အို ၅ ဦး၊ နို့တိုက်အရွယ် မိခင်နဲ့ကလေး ၄ ဦး နဲ့ စာသင်အရွယ်ကလေးသူငယ် ၇၀ ဝန်းကျင်ထိရှိတယ်လို့သိရပါတယ်။ ဒါပေမယ့် လက်ရှိနမ်ဆာကျေးရွာမှာနေရပ်ပြန်နေတဲ့ကျေးရွာဖြစ်ပြီး ဆေးပေးခန်း၊ ဆေးရုံတွေမရှိတဲ့သေးတဲ့အတွက် နေရပ်ပြန်ပြည်သူတွေဟာ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ ဆက်ပြောပါတယ်။ “တောင်ပေါ်ပြန်ရောက်တော့ ဆေးခန်းတွေမရှိတဲ့အတွက် သူတို့အတွက် စိုးရိမ်တာတွေလည်း ရှိတာပေါ့။ ဒါပေမယ့်လည်း သက်ဆိုင်တဲ့ တာဝန်ရှိသူတွေအနေနဲ့ အချိန်မှီ လုပ်ဆောင်ပေးမယ်လို့တော့ သူတို့ မျှော်လင့်နေကြတာပေါ့”လို့ စစ်ရှောင်တာဝန်ခံက ပြောပါတယ်။ နမ်ဆာကျေးရွာပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်တစ်ကြော့ပြန် တိုက်ပွဲဖြစ်ကတည်းကနေ မန့်ဝိန်းကြီးမြို့နယ်ခွဲ အင်ဘာပါကျေးရွာအနီး လနားဇွပ်ဂျာစစ်ဘေးရှောင်စခန်းမှာ တိမ်းရှောင်နေခဲ့တာ ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီကစပြီး နေရပ်ပြန်နေကြပြီဖြစ်ပါတယ်။…
Read More » -
Jul- 2023 -7 Julyသတင်း
ကျေးရွာ ၃ ရွာက နေရပ်ပြန်ပြည်သူတွေအတွက် ဆေးဝါးကူညီထောက်ပံ့မှုလိုအပ်နေ
မြစ်ကြီးနား- ဗန်းမော် လမ်းပေါ် မှာရှိတဲ့ ဝိုင်းမော်မြို့နယ် ဂါးရာယာန်၊ ကဇူး၊ ဒဘတ် ကျေးရွာက နေရပ်ပြန်ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇွန်လကစပြီး ဖျားနာသူတွေများလာနေတဲ့အတွက် ဆေးဝါး ကူညီထောက်ပံ့မှု လိုအပ်နေတယ်လို့ ဒဘတ်ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “တစ်ယောက်ဖျားပြီး တစ်ယောက်ပြန်ပျောက်လိုက်နဲ့ပေါ့ ကျွန်တော်တို့ရွာက ကလေးတွေဆိုအကုန်နီးပါးကိုဖျားကြတာ တုတ်ကွေး ငှက်ဖျား ပျောက်ဆေးတွေ တစ်ခြားဆေးဝါးခြင်ထောင်တွေကအစပေါ့ အကူအညီ တွေလိုအပ်နေတာ။ ဒီမှာက မိသားစုတစ်ခုမှာ အလုပ်လုပ်တဲ့သူကဖျားရင် ဝင်ငွေမရှိ အခက်အခဲဖြစ်ကြရမှာ” လို့ပြောပါတယ်။…
Read More »


