နောင်းချိန်း

  • Jan- 2025 -
    14 January
    သတင်း

    ဝိုင်းမောင် နောင်းချိန်း စစ်ရှောင်များ အနွေးထည်နဲ့ စောင်မလုံလောက်ဘဲ ဆောင်းအအေးဒဏ်ကို ကျော်ဖြတ်နေရ

    ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာနဲ့ လဘန်ကထောင်ကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိ ဆောင်းရာသီအအေးဒဏ်ကို စောင်နဲ့ အနွေးထည်လုံလောက်မှုမရှိဘဲ ဖြတ်သန်းနေရတဲ့အတွက် အကူညီလိုအပ်နေပါတယ်။ ၂၀၂၄ တစ်နှစ်တာမှာ တိုက်ပွဲ၊ ရေဘေးဒဏ်ကြုံတွေ့ခဲ့ရပြီးနောက် ဆောင်းအအေးဒဏ်တွေကြား လက်ရှိချိန် အနွေးထည်တွေနဲ့ စောင်လုံလောက်မှု မရှိတဲ့အကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက KNG ကို ပြောဆိုပါတယ်။ “ကျမတို့က…

    Read More »
  • Dec- 2024 -
    18 December
    သတင်းphoto- မြစ်ကြီးနားမြို့တွင်းတစ်နေရာက စစ်ကောင်စီတပ်ဖွဲ့ဝင်များ

    ဝိုင်းမော်မြို့နယ် ဂွေထုရွာဘက် စစ်ကောင်စီတပ်စစ်ရေးလှုပ်ရှားမှုရှိလာတာကြောင့် ပြည်သူတစ်ချို့ ကြိုတင်တိမ်းရှောင်

    ကချင်ပြည်နယ် ၊ဝိုင်းမော်မြို့နယ်ထဲ လဘန်၊နောင်းချိန်း၊ဂွေထုရွာဘက် စစ်ကောင်စီတပ်စစ်ရေးလှုပ်ရှားမှု ခပ်စိပ်စိပ်လုပ်နေတာကြောင့်  ပြည်သူတစ်ချို့ထပ်မံတိမ်းရှောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လဘန်ကထောင်၊နောင်းချိန်း၊ဂွေထုကျေးရွာဘက်မှာ ဒီဇင်ဘာ ၅ ရက်နေ့စ စစ်ရေးလှုပ်ရှားမှု ခပ်စိပ်စိပ်ဖြစ်လာနေတာကြောင့် ပြည်သူတစ်ချို့ မြစ်ကြီးနားမြို့ဘက်တိမ်းရှောင်တာတွေရှိနေတယ်လို့  နောင်းချိန်းစစ်ရှောင်အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ပြီးခဲ့အတဲ့အပတ်ကတည်းက ဂွေထု၊နောင်းချိန်းသွားတဲ့ ရွာတွေမှာတနေ့တနေ့အင်အားတွေလာချသွားတယ်။ တချို့မပြန်ပဲအဲ့မှာပဲကင်းပုန်းဝပ်နေတာတွေအများကြီးပဲ။ အဲ့ကြောင့် တိုက်ပွဲဖြစ်လာမှာဆိုးလို့ ဒီဘက်ရောက်လာတာ”လို့ ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ ဝိုင်းမော်ဘက်ခြမ်း ဗလမင်းထင်အထက်ဘက် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မခေါယန်၊ လဘန်၊နောင်ချိန်း ၊ဂွေထုကျေးရွာတွေထဲမှာ စစ်ကောင်စီစစ်သားတွေ အင်အားဖြည့်နေသလို လဘန်ကထောင်နဲ့ မခေါဒီရွာတောစပ်တွေမှာလည်း ကင်းပုန်းဝပ်တာ၊လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတာတွေရှိနေတယ်လို့ နောက်ထပ် နောင်းချိန်းဘက် စစ်ရှောင်နေတဲ့ အမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။  “သူတို့က လမ်းမှာတားပြီးစစ်တယ် ဘယ်ကလာသလဲ၊ဘယ်သွားမလဲ စစ်ရှောင်တွေပါလို့ပြောလည်း နိတို့ကိုဘယ်သူရှောင်ခိုင်းတာလဲ၊ဘယ်ရွာကလဲ အရမ်းမေးစစ်တယ်။ အဲဒါကြောင့် ဒီဘက်မှာလည်း ခုသွားရလာရ ခက်နေတယ်”လို့ ပြောပါတယ်။ ခုလို စစ်ကောင်စီစစ်သားတွေစစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေတာကြောင့် အဲဒီကျေးရွာမှာ သွားရောက်တိမ်းရှောင်နေကြတဲ့ ဝူယန်၊နောင်ဟီး၊စန်းကားဘက်က စစ်ဘေးရှောင်ပြည်သူတွေဟာ မြစ်ကြီးနားမြို့ပေါ်တစ်ဆင့် ထပ်မံတိမ်းရှောင်လာကြတယ်လို့ မြစ်ကြီးနားမြို့တွင် စစ်ရှောင်တွေကိုလိုက်လံကူညီပေးနေတဲ့အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “ဒီတလောမြစ်ကြီးနားက စစ်ရှောင်တွေနဲ့ပြည့်နေတာ ဖားကန့်ဘက်ကကော၊ဝိုင်းမော်ဘက်ကတွေကောအခုလည်းထပ်ရောက်လာတယ်။ နောင်းချိန်းတို့ဘက်ကတဲ့ မနေ့ကလည်းလိုက်ပို့ရသေးတယ် နောင်းချိန်းဘက်ကရှောင်လာတာတဲ့ဟာ အခြေနေမကောင်းလို့ဆိုပြီးရောက်လာကြတာ”လို့ အသက် ၄၀ ကျော်အရွယ်မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဗလမင်းထင်တံတားအထက်မှာရှိတဲ့ ဂွေထုကျေးရွာဟာ ပြည်သူ့စစ်ဦးလဆန်အောင်ဝါထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပါတယ်။ သို့သော် အသက် ၈၀ အရွယ်ရှိ လဝါယာန်ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါ နိုဝင်ဘာလ ၁၆ ရက် မနက်အစောပိုင်း ကွယ်လွန်သွားခဲ့ပြီးနောက် သူ့နေရာမှာ လက်ရှိ ဦးမဂျီနော်လီကို လဝါယာန်ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ခန့်အပ်ထားတာဖြစ်ပါတယ်။ လတ်တလော ကချင်ပြည်နယ်ရဲ့ ဒုတိယအရေးအပါဆုံးမြို့ဖြစ်တဲ့ဗန်းမော်မြို့ကို KIAနဲ့ပူးပေါင်းတပ် ပြီးခဲ့တဲ့ဒီဇင်ဘာလ ၄ ရက်နေ့ကနေစပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွဲလာတဲ့ချိန်ကစ ဗန်းမော်– မြစ်ကြီးနားလမ်းပိုင်းရှိ ဝိုင်းမော်မြို့နယ်ထဲမှာ အခုလိုစစ်ရေးလုပ်ရှားမှုခပ်စိပ်စိပ်ပြုလုပ်လာတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ရှေ့တန်းစခန်းအများပိုင်းနဲ့ စစ်ကောင်စီစစ်တပ်တွေအထိုင်ချထားတဲ့ ကျေးရွာအားလုံးကို KIAပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့မေ လကတည်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိ ဝိုင်းမော်မြို့တွင်းတပ် ခ.လ.ရ ၅၈ တပ်တစ်ခုထဲသာကျန်ရှိတာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Sep- 2024 -
    25 September
    သတင်း

    စစ်ရှောင် ၇ လ ကျော်ကြာလာတဲ့ ဝိုင်းမော်မြို့နယ် စစ်ဘေးရှောင်များ စားနပ်ရိက္ခာနဲ့ဆေးဝါးများကူညီထောက်ပံ့မှုလိုအပ်

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲရက်ကြာရှည်လာတာနဲ့အမျှ စစ်ရှောင်ပြည်သူတွေ အစားအသောက်ပြတ်လပ်လာပြီး  ကူညီထောက်ပံံ့မှုတွေလိုအပ်နေတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။ စစ်ရေးအခြေနေကြောင့် နေရပ်ပြန်လို့မရပဲ ဆက်လက်တိမ်းရှောင်နေရတဲ့ ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာနဲ့ လဘန်ရွာအပါအဝင် ကျေးရွာအများစုက စစ်ရှောင်တွေဟာ ဇူလိုင်လ မတိုင်ခင်အထိ World Food Program (WFP) ကနေ ငွေကြေး၊ရိက္ခာ ကူညီမှုရခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့…

    Read More »
  • Jul- 2024 -
    2 July
    သတင်း

    ရေဘေးကြုံတွေ့နေကြတဲ့ နောင်းချိန်းနဲ့လဘန်ရွာ စစ်ဘေးရှောင်များ အစားသောက်နဲ့ဆေးဝါးကူညီထောက်ပံ့မှုအရေးပေါ်လိုအပ်နေ

    ဝိုင်းမော်မြို့နယ် နောင်းချိန်းနဲ့ လဘန်ကျေးရွာမှာ ရေဘေးဒုက္ခကြုံနေတဲ့ စစ်ရှောင်ပြည်သူများတွက် အစားအသောက်နဲ့ ဆေးဝါးအကူညီထောက်ပံ့မှုအရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တာဝန်ခံတွေကပြောပါတယ်။ ဇူလိုင် ၂ ရက်နေ့ ဒီနေ့မနက်ပိုင်းကစပြီး ဧရာ၀တီမြစ်ရေတဖြည်းဖြည်းကျဆင်းသွားပြီဖြစ်ပေမဲ့ ရေကြီးမှုကြောင့်ပျက်စီးသွားတဲ့ အဆောင်တွေရှိသလို တစ်ချို့စစ်ရှောင်စခန်းမှာတော့ ရေပြည့်နေသေးတယ်လို့ ပြောပါတယ်။ “လောလောဆယ် ရေကျပြီဆိုပေမဲ့ နေစရာခက်သွားပြီ။ ဟိုတလောကပဲ စစ်ရှောင်ကူညီရေးအဖွဲ့ကပဲ ဆောက်ပေးထားတဲ့ အဆောင်တွေလည်း ရေထဲမျှောသွားတဲ့ဟာတွေလည်း ပါတယ်။ အခုက နောင်းချိန်းအထကကျောင်းမှာ အားလုံးစုပြုံနေကြသေးတယ်။ ရေကျနေတယ်ဆိုပေမဲ့ စစ်ရှောင်စခန်းတွေမှာ နေလို့မရသေးဘူး ရေပြည့်နေသေးတယ်။”လို့ နောင်းချိန်းက စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက KNG သတင်းဌာနကို ပြောပါတယ်။ ကချင်ပြည်နယ်မှာ ဇွန် ၃၀ ရက်နေ့ညနေပိုင်းကစပြီး ကချင်ပြည်နယ်အထက်ပိုင်းကို မိုးသည်ထန်စွာရွာသွန်းတာကြောင့် ဧရာ၀တီမြစ်ရေမြင့်တက်လာပြီး မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့အားလုံးနီးပါး ရေဘေးအန္တရယ်ကြုံနေရပြီး နောင်းချိန်ရွာမှာရှိတဲ့ စစ်ဘေးရှောင်စခန်းနဲ့ လဘန်ကျေးရွာကစစ်ဘေးရှောင်စခန်းတွေမှာရေဝင်ရောက်လာတာကြောင့် စစ်ဘေးရှောင်များ ရေလွတ်ရာ ရွှေ့ခဲ့ကြတာဖြစ်ပါတယ်။ မြစ်ရေကြီးလာတာနဲ့ နောင်းချိန်းရွာက စစ်ရှောင်ပြည်သူတွေကတော့ စစ်ရှောင်စခန်းကနေနောင်းချိန်းဘုရားကျောင်းကိုရွှေ့ခဲ့ပေမဲ့ နောင်းချိန်းဘုရားကျောင်းထိ ရေပြန်ရောက်လာတာကြောင့် နောင်းချိန်းအထက်တန်းစာသင်ကျောင်းကိုထပ်မံရွှေ့ခဲ့ကြတာဖြစ်ပါတယ်။ ခုလိုရေဘေးအန္တရယ်ကြုံတွေ့နေကြတဲ့ စစ်ရှောင်တွေမှာ ပစ္စည်းတွေသယ်ယူနိုင်ခဲ့တဲ့သူတွေရှိသလို အဝတ်တစ်ထည်နဲ့ကိုယ်လွတ်ရှောင်ခဲ့ရသူတွေလည်းရှိတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံကပြောပါတယ်။ “အရေးပေါ် အစားအသောက်ဖြစ်တယ်။ တချို့က ဆန်တွေ၊ စပါးတွေ၊ အိပ်ယာတွေ၊ အိမ်မွေးတိရစ္ဆာန်တွေ အကုန်ရေထဲပါသွားပြီ။ အဝတ်အစားနဲ့အိပ်ယာတွေ တချို့က ရလိုက်ပေမဲ့ တချို့ကမယူလိုက်ရဘူး။ ရေမြှင့်တက်နှုန်းကအရမ်းမြန်တော့ ပစ္စည်းတွေအားလုံးမထုတ်နိုင်သေးခင် ရေကအကုန်ပြည့်သွားတယ်။ ပစ္စည်းတွေ ရတဲ့သူက ရလိုက်တယ်။ မရတဲ့သူတွေက ဝက်တွေကအစ၊ နွားတွေကအစ အကုန်မျှောပါသွားတယ်။ ဒါကြောင့်အခု သောက်ရေတွေ ၊အဓိက အစားအသောက်တွေ ခက်ခဲနေတာပေါ့။” လို့ သူကဆက်ပြောပါတယ်။ နောင်းချိန်းကျေးရွာမှာ စစ်ဘေးရှောင်စခန်း ၁၄ ခုရှိပြီး လူဦးရေ ၂ ထောင်ကျော်စစ်ရှောင်နေပြီး လဘန်ကျေးရွာမှာတော့ စခန်း ၆ ခုလောက်ရှိပြီး လူဦးရေ ၁ ထောင်ကျော်ရှိကာ တစ်ဆက်တည်းရှိတဲ့ရွာတွေဖြစ်ပါတယ်။ အဲဒီစစ်ရှောင်စခန်းတွေမှာ ဂါးရာယန်၊ ရွှေညောင်ပင်၊ အောင်မြေ ၁ ၊ အောင်မြေ ၂ ၊ ဝူယန်၊ လမြန် စတဲ့ကျေးရွာက ဒေသခံပြည်သူတွေ အများပိုင်းတိမ်းရှောင်နေကြတာဖြစ်ပြီး စစ်ရှောင်ကာလ ၃ လခန့်ရှိလာပြီဖြစ်ပါတယ်။ စစ်ရှောင်တွေ အားလုံးနီးပါး စစ်ဘေးကနေ ရေဘေးဒုက္ခပြန်ပြီးကြုံတွေ့ရတာကြောင့် စိတ်ကျန်းမာရေးထိခိုက်နေတဲ့သူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒါအပြင် တစ်ဖက်မှာလည်း ရေကြီးရေလျှံမှုဘေးဒဏ် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက် ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။ “စစ်ဘေးဒုက္ခအတွေ့အကြုံရှိတဲ့သူတွေကအဲ့လောက်မဟုတ်ပေမဲ့ အတွေ့အကြုံမရှိသေးတဲ့သူတွေအများပိုင်း အဓိကစိတ်ကျန်းမာထိခိုက်နေတဲ့သူတွေလည်းပါတယ်။  အများပိုင်းက ရေကြီးပြီးနောက် ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးခံစားတော့မှာ စိုးရိမ်နေတယ်။ အခုတောင် ဝမ်းပျက်၊ဝမ်းလျှော အဓိကဖြစ်နေသူတွေ ကျနော်တို့အဖွဲ့ထဲမှာတောင် ၁၀၀ မှာ ၃၀ ယောက်လောက်က ဖြစ်နေပြီ။ ဒါကြောင့် ဆေးဝါးတွေလည်း အဓိကလိုအပ်နေတယ်။” လို့ နောင်းချိန်းက စစ်ရှောင်စခန်းတာဝန်ခံကဆက်ပြောပါတယ်။ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချူပ် KBC လူမှုကူညီရေးအဖွဲ့ HDD မှ ပြုစုထားတဲ့စရင်းအရ ကချင်ပြည်နယ်မှာ တိုက်ပွဲကြောင့် စစ်ဘေးရှောင်စုစုပေါင်း ၃ သောင်းကျော် ၊ အိမ်ခြေ ၇ ထောင်ကျော် ထပ်တိုးခဲ့ကြောင်း သိရပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • May- 2024 -
    15 May
    သတင်း

    စစ်ဘေးရှောင်စခန်းက ကလေးငယ်တစ်ချို့ ကျောင်းနားရမယ့် အခြေနေကြုံနေရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ဘေး၊ နောင်းချိန်းကျေးရွာအုပ်စု လဘန်ရွာမှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေထဲက ကျောင်းသား/သူတွေ တစ်ချို့ ကျောင်းနားရမယ့် အခြေနေကြုံနေကြရတယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတွေဆီကသိရပါတယ်။ လဘန်ရွာက စစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့တဲ့ ဝိုင်းမော်မြို့နယ်…

    Read More »
  • Dec- 2022 -
    2 December
    သတင်း

    အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

    ဝိုင်းမော်မြို့နယ် နောင်းချိန်းအုပ်စု အင်ဂန်းကျေးရွာတွင် ယမန်နေ့ည နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပြီး မိသားစုဝင် ၇ ဦး သေဆုံးသွားကြောင်း သိရသည်။ ဒီဇင်ဘာ ၁ ရက်ည ၁၁ နာရီခန့်တွင် ထပ်ခိုးတိုက် အိမ် ၁ အိမ် ဝါယာရှော့ခ်ဖြစ်ပြီး မီလောင်ခဲ့ရာ ကလေး ၆ ဦး နှင့် သက်ကြီးရွယ်အို တစ်ဦး စုစုပေါင်း…

    Read More »
Back to top button