စစ်ပြေးဒုက္ခသည်များသတင်း

စစ်ဘေးရှောင်စခန်းက ကလေးငယ်တစ်ချို့ ကျောင်းနားရမယ့် အခြေနေကြုံနေရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ဘေး၊ နောင်းချိန်းကျေးရွာအုပ်စု လဘန်ရွာမှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေထဲက ကျောင်းသား/သူတွေ တစ်ချို့ ကျောင်းနားရမယ့် အခြေနေကြုံနေကြရတယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတွေဆီကသိရပါတယ်။

လဘန်ရွာက စစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့တဲ့ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာ အနီးတစ်ဝှိုက် ပြည်သူ့စစ်၊ စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ ကေအိုင်အေပူးပေါင်းအဖွဲ့တွေရဲ့တိုက်ပွဲအကြား ပိတ်မိခဲ့ကြတဲ့ အောင်မြေ ၂ ရွာနဲ့ ရွှေညောင်ပင်ရွာက အရပ်သားတွေအများစုခိုလှုံနေကြတာပါ။

စစ်ဘေးရှောင်စခန်းမှာရှိတဲ့ ကလေးတွေက ဘာသာရေးအခြေပြုကျောင်းတက်သူ၊ အစိုးရကျောင်းတက်သူ နဲ့ ဘာသာစကားလေ့လာနေတဲ့ ကျောင်းသား /သူတွေဆိုပြီး စုစုပေါင်း ၂၀၀ ရှိတဲ့ထဲက ကလေး ၅၀ ဝန်း ကျင်ဟာ ကျောင်းဆက်တက်ဖို့ အစစအရာရာခက်ခဲနေတာကြောင့် ကျောင်းနားရတော့မယ့် အခြေနေကြုံနေရတယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ခံတစ်ယောက်ကပြောပါတယ်။

လက်ရှိရှောင်နေတဲ့ရွာမှ အစိုးရကျောင်းက ၉ တန်းအထိဖွင့်တယ်။ အဲ့မှာထည့်ဖို့စီစဥ်နေတယ်။ ဒါပေမဲ့ ၉ တန်းအထက်တွေကျတော့ ကျောင်းမရှိဘူး မြစ်ကြီးနားမှာအဆောင်တွေဖွင့်တာကလည်း သိန်း ၃၀ ၊ ၄၀ ဆိုတော့ စစ်ရှောင်ကာလအခြေနေမှာ မတတ်နိုင်တဲ့မိဘတွေက ကျောင်းမတက်တော့ဘူး အခြေနေရောက်နေတယ်။ ဘာသာစကားလေ့လာမယ့်ကလေးတွေကတော့ တက်ဖို့ကျောင်းတွေမရှိဘူး မြစ်ကြီးနားမှာသွား နေဖို့လည်းအခက်အခဲရှိတယ် တချို့ကတော့ ကျောင်းနားရမယ့်အခြေနေတွေရင်ဆိုင်နေရပါတယ်လို့ပြောပါတယ်။

တစ်ဖက်မှာတော့ ဘာသာရေးအခြေပြုကျောင်းတက်မယ့်ကလေးငယ်တွေအ‌‌နေနဲ့လက်ရှိတိမ်းရှောင်နေတဲ့ရွာမှာ ဘာသာရေးကျောင်းရှိပေမယ့်လို့ လူဦးရေအကန့်အသတ်ရှိကြောင့် အခက်ကြုံနေရသူတွေ လည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် လက်ရှိတိမ်းရှောင်နေတဲ့နေရာမှာပဲ ဘာသာရေးအခြေပြုကျောင်းဖွင့်ဖို့စီစဥ်နေပြီး အဲ့ဒီအတွက် အကူညီတွေလိုအပ်နေတယ်လို့ သူကဆက်ပြောပါတယ်။

ဘာသာရေးအခြေပြုကျောင်းတက်မယ့်ကလေးတွေကလည်း တစ်ခြားရွာတွေကိုတက်ဖို့လည်းခက်တယ် သူတို့ကို ဒီရွာမှာရှိတဲ့ကျောင်းမှာ သွားထည့်ဖို့ကလည်း ဘာသာရေးအခြေပြုကျောင်းက ကျောင်းသားဦးရေ နဲ့ဆိုတော့ လက်ခံမယ့်အတိုင်းအတာမရှိဘူး ဒါ့ကြောင့် ကျောင်းဖွင့်ပေးဖို့စီစဥ်နေပါတယ် ဒါပေမဲ့ ဆရာ အခက်အခဲရှိတယ်၊ ဆရာတွေအတွက် ပေးဖို့စားရိတ်တွေ၊ အဆောက်အဦးဆောက်ဖို့ကျောင်းသုံးအကူ ပစ္စည်း အခက်အခဲဖြစ်နေတယ်လို့ပြောပါတယ်။

ကျောင်းနားရမယ့်အခြေနေနဲ့ရင်ဆိုင်နေရတဲ့ ကျောင်းသား/သူ ဦးရေဟာ ၅၀ ကျော်ရှိနေတာဖြစ်ပြီး အဲ့ဒီ စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၁၃၂ အိမ်ထောင်နဲ့ လူဦးရေ ၆၀၀ ကျော် ခိုလှုံနေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်စခန်းအတွင်း စားနပ်ရိက္ခာနဲ့ပတ်သက်လို့ စတင်စစ်ဘေးရှောင်တဲ့ မတ်လ ၁၆ ရက်နေ့မှာ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးသူတွေနဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ကနေလည်းထောက်ပံ့ပေးတာတွေရှိခဲ့ပေမဲ့ လက်တလောမှာတော့ ကူညီသူတွေမရှိဘူးလို့ စစ်ရှောင် စခန်းက တာဝန်ရှိသူတွေဆီကသိရပါတယ်။

ဒီအခြေနေပတ်သက်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စစ်ဘေးရှောင်အရေးကူညီဆောင်ရွက် ပေးနေသူတစ်ယောက်က အခုလိုပြောပါတယ်။

ကျနော်တို့ KBC အနေနဲ့ကတော့ အဲ့ဒီဘက်အခြမ်းကို ရည်ရွယ်ချက်မျိုးစုံတော့လုပ်နေပါတယ် အရေးပေါ် ပေါ့နော် အစားအသောက်တွေပေးတာ၊ အခုထက်ထိလုပ်လည်းလုပ်နေပါတယ်။ အစားအသောက်တွေ လည်း လိုအပ်ချက်အရ ကူညီပေးတာလည်းရှိပါတယ်။ ကလေးတွေရဲ့ အရေးပေါ်စာသင်ခွင့်အနေနဲ့ လိုအပ်တာ ကျောင်းသုံးပစ္စည်းတွေကိုပံ့ပိုးပေးသွားမယ့်အပိုင်းတွေရှိပါတယ်။ အဲ့တာကတော့ ပြင်ဆင်နေ တာရှိပါတယ်။ အသင်းတော်အခြေပြုကျောင်းတွေ၊ အစိုးရကျောင်းတွေတက်မယ်ဆိုတာလည်း ကြားသိရ ပါတယ် အဲ့အတွက်လည်းပြင်ဆင်နေတာတွေရှိပါတယ်လို့ပြောပါတယ်။

ဒါ့အပြင် လက်ရှိအခြေနေမှာ ကချင်ပြည်နယ်အတိုင်းအတာနဲ့ စစ်ဘေးရှောင် နေ့စဥ်တိုးမြှင့်လာ နေတဲ့အတွက် အတူတကွကူညီပေးရေးတွေဆောင်ရွက်ကူညီပေးကြဖို့နဲ့ နိုင်ငံတကာအကူအညီတွေလည်း များစွာလိုအပ်နေတယ်လို့ သူကဆက်ပြောပါတယ်။

အလားတူ ကချင်ပြည်နယ်မှာ တိုက်ပွဲပြင်းထန်နေဆဲနေရာတွေဖြစ်တဲ့ ဗန်းမော်ခရိုင် မံစီမြို့နယ်၊ မိုးမောက်မြို့နယ်၊ ဗန်းမော်မြို့နယ်တွေမှာလည်း စစ်ဘေးရှောင်များ တစ်နေ့ထက်တစ်နေ့ ပိုများလာနေတဲ့အပြင် စစ်ဘေးရှောင်ကလေးငယ်တွေ ကျောင်းတက်ဖို့ အစစအရာရာ အခက်ခဲကြုံနေကြ ရပါတယ်။

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က KIO ဌာနချုပ်ရှိရာလိုင်ဇာမြို့အနီးတစ်ဝှိုက်ကနေစတင်ခဲ့တဲ့ စစ်ရေးအရှိန်ကလည်းဆက်လက်မြင့်တက်နေပြီး လက်တလောမှာတော့ ကေအိုင်အေနဲ့ပူးပေါင်းအဖွဲ့တွေ ဟာ ဗန်းမော်မြို့ကိုသိမ်းပိုက်ဖို့ဆက်လက်ဦးတည်နေတာဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button