ဖားကန့်လမ်း
-
Aug- 2025 -12 Augustသတင်း
ကားမိုင်း – နန့်ယားတစ်ကြောမှာ တပ်ပြန်ထိုင်နိုင်ဖို့ စစ်တပ်က စစ်ကြောင်းပြန်ထိုးလာ
ကားမိုင်း – နန့်ယား ဖားကန့်လမ်းတစ်လျှောက်ကို စစ်တပ်က တပ်နေရာ ပြန်လည်အထိုင်ချဖို့ စစ်အင်အားရာနဲ့ချီရှိတဲ့ စစ်ကြောင်းက ယခုရက်ပိုင်းအတွင်း ပြန်တက်လာတဲ့အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲပြန်လည် ပြင်းထန်လာနိုင်ခြေရှိတယ်လို့ သိရှိရပါတယ်။ ဖားကန့်လမ်းကို စစ်တပ်က ပြန်လည်ဖွင့်ပေးလိုက်တဲ့နောက်…
Read More » -
2 Augustသတင်း
ကားမိုင်း – နန့်ယား ဖားကန့်လမ်းပိုင်း စစ်တပ်က ပြန်ဖွင့်
လေးလခန့်အကြာ ပိတ်ဆို့ထားတဲ့ ကားမိုင်း – နန့်ယား ဖားကန့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ဒီကနေ့ ဩဂုတ်လ ၂ ရက်နေ့ မှာ ကုန်ပစ္စည်းတင်တဲ့ ကုန်ကားတစ်ချို့ ဖားကန့်ထဲကို ဝင်ခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က ထိန်းချုပ်ထားတဲ့ ကားမိုင်း…
Read More » -
Jul- 2025 -16 Julyသတင်း
အင်းတော်ကြီး- ဖားကန့်လမ်းပိုင်းထိန်းချုပ်နိုင်ဖို့ စစ်တပ်အပြင်းထန်ကြိုးပမ်းနေ၊ ကျေးရွာနှစ်ခု KIA လက်လွှတ်လိုက်ရ
ကချင်ပြည်နယ် အင်းတော်ကြီးဒေသ– ဖားကန့်လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်ကအပြင်းထန်ကြိုးစားနေတဲ့အတွက် အင်းတော်ကြီးနေရာဒေသတစ်ချို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ကျေးရွာ ၂ ရွာကိုလည်း KIA ပူးပေါင်းတပ်က လက်လွှတ်လိုက်ရတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ စစ်အင်အား ၅၀၀ ဝန်းကျင်ခန့်ရှိတဲ့ စစ်ကောင်စီပူးပေါင်းတပ် ဇူလိုင်လ ၁၂ ရက် မနက် ၂…
Read More » -
3 Julyသတင်း
ဒုတိယအကြိမ် စစ်ကြောင်းထိုးပြီး ဖားကန့်ဗျူဟာမှူးအပြောင်းလဲလုပ်လိုက်ပြီလို့သိရ
ဖားကန့်ဒေသကို ဒုတိယအကြိမ် ထပ်မံစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ကားမိုင်း – ဖားကန့်လမ်းတစ်လျှောက်ရှိ ကျေးရွာတွေမှာ တပ်စွဲနေရာယူထားပြီး လုံခြုံရေးရယူကာ ဖားကန့်ဗျူဟာမှူးအသစ်ပြောင်းလိုက်တယ်လို့သိရပါတယ်။ ဖားကန့် တပ်မ ၃၃ ၊ တပ်မမှူးအသစ်ခန့်အပ်နိုင်ဖို့ စစ်ကောင်စီတပ်တွေဟာ ဇွန်လ ၂၀ ရက်နေ့ စတင်ပြီး ကားမိုင်းဘက်ကနေ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်အင်အားအများအပြားနဲ့ စစ်အင်အား ၁၅၀ ခန့်က ထပ်မံစစ်ကြောင်းထိုးတက်လာခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ် ပြန်တက်လာတဲ့ စစ်ကြောင်းတွေက နန့်ယား၊ ဆိုင်းဖရာ၊ ခွန်စိုင်ဇွပ်၊ ကပ်မှော်၊ တံတားညီနောင်၊ ပျားအုံ၊ နန့်တိန့် စတဲ့ ကျေးရွာတစ်လျှောက် စစ်အင်အားအများအပြားချထားပြီးတော့ ဖားကန့်ဗျူဟာမှူးအသစ်ပြောင်းလိုက်တယ်လို့ နန့်ယားဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခုအသစ်ပြောင်းလိုက်တဲ့ ဗျူဟာမှူးအသစ်က ကားလမ်းကနေအတိုင်းပဲ တက်လာတာ။ မနေ့ကတောင် ဖားကန့်ဘက်ကို ရောက်သွားပြီလို့ သတင်းရပါတယ်။ အခုဒီမှာ စစ်ကြောင်းပြန်ထိုးတာတဲ့ စစ်ကြောင်းတွေက လုံခြုံရေးယူပေးကြတာဟုတ်တယ်။ အင်အားကတော့ များလို့လေ ခန့်မှန်းရတော့ခက်တယ်။ ကျေးရွာတစ်လျှောက်မှာရှိကြတယ်ဆိုတော့လေ”လို့ပြောပါတယ်။ ဖားကန့် ဗျူဟာမှူးအသစ်ကို လေကြောင်းနဲ့ ပို့ဆောင်ပေးဖို့ အန္တရာယ်များတဲ့အတွက် အခုလို ကားမိုင်း – ဖားကန့် လမ်းကိုပဲ လုံခြုံရေးတင်းကြပ်ထားကာ ပို့ဆောင်လိုက်တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ လက်ရှိ ဖားကန့် ဗျူဟာမှူးအသစ်ခန့်အပ် ခံရတဲ့သူက မိုးကောင်း စကခ(၃) ၊ စကခမှူး ဗိုလ်မှူးကြီး ဇော်ဝင်းဆိုသူဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီကနေ သိရပါပေမယ့် KNG က အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ တပ်မမှူးအပြောင်းအလဲဖြစ်တာနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်မှာ အသစ်ရောက်လာတဲ့ တပ်မမှူးက ဖားကန့် ယမ်းချက်စက်ရုံကနေ ၆ ဘီးကား ၂ စီးအပါ အိမ်စီးကား ၂ စီးနဲ့ ၁၀ နာရီဝန်းကျင်လောက်မှာ ဖားကန့် တပ်မကုန်းဆီ ဝင်ရောက်သွားပြီလို့ ဖားကန့် ဒေသခံတွေ ဆီကနေ သိရပါတယ်။ ဖားကန့် ဗျူဟာမှူးအဟောင်းဖြစ်တဲ့ တပ်မမှူး ဗိုလ်မှူးချုပ်ခ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာပဲ စစ်တပ်က စစ်ရဟတ်ယာဉ်နဲ့ လာရောက် တင်ဆောင်သွားတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။…
Read More » -
Jun- 2025 -20 Juneသတင်း
ဖားကန့်လမ်းမပေါ်က ကျေးရွာတွေကို ပြန်လည်တိမ်းရှောင်ဖို့ သတိပေးထားပြီး အစားအသောက်များ ပြတ်လပ်
တိုက်ပွဲငြိမ်သက်သွားလို့ နေရပ်ပြန်လာနေထိုင်ကြတဲ့ ဖားကန့်လမ်းမပေါ်က ကျေးရွာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပြန်လည်တိမ်းရှောင်ဖို့ သတိပေးထားတယ်လို့ သိရပါတယ်။ နန့်ယားကျေးရွာအပါ ဆိုင်းဖရာ၊ ကပ်မှော်၊ နန်တိန့်၊ တံတားညီနောင်၊ ကပ်မှော်၊ ဂေါ့လူယန် စတဲ့ကျေးရွာနေ ပြည်သူဒေသခံ ၅၀၀၀…
Read More » -
Apr- 2025 -25 Aprilသတင်း
ဖားကန့်လမ်ပိုင်းမှာ တိုက်ပွဲပြင်းထန် နေပြီး ကျေးရွာ ၆ ရွာက ပြည်သူ ထောင်ချီတိမ်းရှောင်
ကချင်ပြည်နယ် ဖားကန့်ဒေသဘက်ကို စစ်ကောင်စီတပ်အင်အားထောင်ချီ စစ်ကြောင်းထိုးတက်လာတဲ့အတွက် ဖားကန့်လမ်းပေါ် မအူပင်မှာ တိုက်ပွဲပြင်းထန်နေပြီး ကျေးရွာ ၆ ရွာက ဒေသခံပြည်သူတစ်ထောင်ဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ ကားမိုင်းလမ်းနဲ့ အင်းတော်ကြီးဒေသ ဂွေခါလမ်းနှစ်ခုကနေ ဖားကန့်ဒေသဘက်ကိုဦးတည်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် လက်ရှိမှာ နန့်ယား၊…
Read More » -
Apr- 2024 -16 Aprilသတင်း
မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းစစ်ရေး အခြေအနေကြောင့်ပိတ်ထားဆဲ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့် မြစ်ကြီးနား– ဖားကန့်ကားလမ်းပိုင်းပိတ်ထားဆဲလို့ ကာကွယ်ရေးတပ်က သိရပါတယ်။ မြစ်ကြီးနား–ဖားကန့်ကားလမ်းပိုင်းမှာရှိတဲ့ နန့်ယားစစ်ကောင်စီတပ်စခန်းကို KIA၊KPDF ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် လက်ရှိအချိန်ထိ ယင်းလမ်းပိုင်းမှာ စစ်ရေးတင်းမာမှုတွေရှိနေဆဲဖြစ်တာကြောင့် ဖားကန့်–မြစ်ကြီးနားကားလမ်းပိုင်း…
Read More » -
Mar- 2024 -14 Marchသတင်း
ကားမိုင်းမြို့အဝင်အထွက်အားလုံး စစ်တပ်ကပိတ်ဆို့ထား
ဖားကန့်သွားလမ်း ကားမိုင်းမြို့မှာ ဒေသခံပြည်သူတွေက တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ဘေးလွတ်တဲ့နေရာကို ထွက်ပြေးတိမ်းရှောင်ကြဖို့ စီစဉ်နေချိန် စစ်တက်က မြို့အဝင်အထွက်အားလုံးကို ပိတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ကားမိုင်းမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကားစစ်တပ်ဗျူဟာကုန်းကို ရှင်းလင်းဆောင်ရွက်မယ်လို့…
Read More » -
Feb- 2024 -13 Februaryသတင်း
ယာယီစစ်ရှောင်စခန်းနဲ့ နေထိုင်ဖို့ပြင်ဆင်နေတဲ့ မအူပင်စစ်ရှောင်တွေ အကူအညီလိုအပ်နေ
“အစားအသောက်တွေလည်း လိုအပ်ပါတယ်။ အခုအရေးတကြီးလိုအပ်နေတာက ဆေးဝါးတွေလည်းဖြစ်တယ်။ ဒီမှာနေတာ တစ်ပတ်လောက်ရှိလာပြီ ဖျားနာတဲ့သူတွေ အရမ်းများလာတယ်။ ပြီးရင် ခြင်ထောင်တွေလည်း လိုအပ်တယ်။ နောက်ပြီး အဝတ်အထည်တွေလည်း လိုအပ်ပါတယ်”လို့ပြောပြပါတယ်။
Read More » -
Jan- 2024 -17 Januaryသတင်း
ဖားကန့်သွားလမ်းကို စစ်တပ်ဘက်က သွားလာခွင့်ပိတ်ဆို့ထား
စစ်ရေးတင်းမာမှုဖြစ်ပွားနေတဲ့ ဖားကန့်သွားကားလမ်းမကြီးတစ်လျှောက် ကုန်တင်ကားနဲ့ ခရီးသည်တွေကို စစ်တပ်ဂိတ် ၃ နေရာမှာ သွားလာခွင့်ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ကစပြီး ကားမိုင်းမြို့အဝင်ဂိတ်၊ နန့်ယားစစ်တပ်ဂိတ်၊ ဖားကန့်လယ်ပြင် ရမ်းချက်စစ်တပ်ဂိတ် နေရာတွေမှာ အတက် အဆင်း လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားတယ်လို့ ကားမိုင်းဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ကားမိုင်းတင်မဟုတ်ဘူး နန့်ယားနဲ့ လယ်ပြင် ရမ်းချက်ဂိတ် ဒီ ၃ နေရာမှာ ပိတ်ထားတယ်။ စစ်တပ်ဘက်ကနေ ပိတ်ထားတာ။ ဘာလို့ပြန်ပိတ်တာလဲတော့ သေချာမသိရဘူး။ ကားတွေက သူတို့ရောက်တဲ့နေရာမှာ သွားလို့မရဘဲ ရပ်စောင့်နေကြတာဟုတ်တယ်”လို့ပြောပါတယ်။ လက်ရှိ မိုးကောင်းမြို့နယ်ကနေ ဖားကန့်ဘက်ကို တက်လာတဲ့ ကုန်တင်ကားတွေက ကားမိုင်းမြို့အဝင်ဂိတ်နေရာမှာ ဆက်တက်လို့မရဘဲ ပိတ်ဆို့ခံထားရပြီး ဖားကန့်မြို့ဘက်ကနေ ဆင်းလာတဲ့ ကုန်တင်ကားတွေကလည်း လယ်ပြင်ရမ်းချက်စစ်တပ်ဂိတ်မှာ ပိတ်ဆို့ခံထားရတယ်လို့ သိရပါတယ်။ ဖားကန့်လမ်းကို စစ်ကောင်စီဘက်က ပိတ်ဆို့လိုက်တဲ့အကြောင်းအရင်းဟာ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ နမ်တိန့်ကျေးရွာမှာ ဇန်နဝါရီလ ၁၅ ရက်နေ့ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ကြားထပ်မံဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် တန်ပြန်ပိတ်ဆို့မှုဖြစ်နိုင်တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဆိုင်းဖရာဒေသခံ အမျိုးသားတစ်ယောက်က သုံးသပ်ပြောဆိုပါတယ်။ “၁၅ ရက်နေ့မှာဖြစ်တဲ့ တိုက်ပွဲမှာ အရာရှိတစ်ယောက်ထိသွားတယ်လို့ကြားတယ်။ အဲဒါဖြစ်တာနဲ့ တစ်ခါတည်း တိုက်လေယာဉ် ၂ စီးနဲ့လာခဲ့တာဟုတ်တယ်။ အဲဒီနောက်မှာပဲ လမ်းပိတ်တာတွေ ဖြစ်လာတာဟုတ်တယ်”လို့ပြောပါတယ်။ ဖားကန့်လမ်းကို ဇန်နဝါရီလ ၁၈ ရက်နေ့အထိ သွားလာခွင့်ပိတ်ဆို့ထားမယ်လို့ သိရပြီးတော့ လမ်းပိတ်ဆို့ခံထားရတာနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့်ပိတ်ဆို့ထားတာကို အသေစိတ်သိရှိဖို့ ခက်ခဲနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို လမ်းကြောင်းပိတ်ဆို့ခံထားရတာကြောင့် ဖားကန့်လမ်းတစ်လျှောက်မှာရှိတဲ့ နန့်ယား၊ ဆိုင်းဖရာ၊ ဂေါ့လူယာန်၊ ပျားအုံ၊ တံတားညီနောင် နဲ့ ကပ်မှော် စတဲ့ ကျေးရွာနေပြည်သူတွေက သွားလာရေးအခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်လောက်ကနေ ဖားကန့်သွား လမ်းမပေါ်မှာရှိတဲ့ နမ်တိန့်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား စတင်တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် လက်ရှိမှာ နမ်တိန့်ကျေးရွာ အပြင် ကျေးရွာ ၇ က ဒေသခံပြည်သူတစ်ချို့လည့် တောတွင်းနေရာတွေမှာ စစ်ဘေးတိမ်းရှောင်နေကြဆဲလည်းဖြစ်ပါတယ်။…
Read More »









