စစ်ရေးသတင်း

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းစစ်ရေး အခြေအနေကြောင့်ပိတ်ထားဆဲ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့် မြစ်ကြီးနားဖားကန့်ကားလမ်းပိုင်းပိတ်ထားဆဲလို့ ကာကွယ်ရေးတပ်က သိရပါတယ်။

မြစ်ကြီးနားဖားကန့်ကားလမ်းပိုင်းမှာရှိတဲ့ နန့်ယားစစ်ကောင်စီတပ်စခန်းကို KIAKPDF ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် လက်ရှိအချိန်ထိ ယင်းလမ်းပိုင်းမှာ စစ်ရေးတင်းမာမှုတွေရှိနေဆဲဖြစ်တာကြောင့် ဖားကန့်မြစ်ကြီးနားကားလမ်းပိုင်း သွားလာခွင့်ကို တားမြစ်ထားတာဖြစ်တယ်လို့ KPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

အခုသူတို့(စစ်ကောင်စီ)ဘက်က ကာမိုင်းဘက်ကနေ အင်အား ၁၅၀ ၊၂၀၀ လောက်နဲ့နန့်ယားဘက်ကို စစ်ကြောင်းထိုးမယ့်အရိပ်အယောင် တွေ့တယ်ဆိုတဲ့အသံကြားနေရတယ်။ အဲ့တာကိုကျွန်တော်တို့ဘက် ကနေလည်းစောင့်ကြည့်နေတယ်။ အဲ့ကြောင့်ပြည်သူတွေလည်း ဖြတ်သန်းသွားလာခွင့်ယာယီပေါ့ ခေတ္တခနတားမြစ်ထားတဲ့သဘောပါပြည်သူတွေ ကြားညပ်သွားမှာဆိုးပါလို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဖားကန့်မြစ်ကြီးနားကားလမ်းပိုင်း မှာအရပ်သားပြည်သူသွားလာခွင့်ကို နန့်ယားကျေးရွာစသိမ်းပွဲတဲ့ ဧပြီ ၁၁ ရက်နေ့ကတည်းက တားမြစ်ထားတာဖြစ်ပြီး လက်ရှိ မိုးကောင်းအင်းတော်ကြီးဝှေခါလမ်းပိုင်းနဲ့သာ ဖားကန့်မြို့နယ်ထဲကို ဝင်ရောက်နိုင်တယ်လို့သိရပါတယ်။

ခုလိုဖားကန့်မြစ်ကြီးနားကားလမ်းတစ်ပတ်ကြာ ပိတ်နေပေမယ့် အင်းတော်ကြီး ဝှေခါကားလမ်းနဲ့သွားလာလို့ရနေတာကြောင့်ဖားကန့်မြို့နယ်ထဲ ကုန်ကျေးနှုန်းထိုးတက်နေတာမျိုးတော့မရှိသေးဘူးလို့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

ဖားကန့်ကာမိုင်းလမ်းပိုင်းကတော့ပိတ်ထားတယ်ဗျ အခုလောလောဆယ်မှာ ဝှေခါ အင်းတော်ကြီးလမ်းကနေတော့သွားလာလို့ရတယ် ဝှေခါလမ်းရှိတော့ကုန်တွေဘာတွေအဲ့လမ်းကနေဝင်တော့ ကုန်စျေးနှုန်းထိုးတက်တာမျိုးတွေတော့မရှိသေးဘူးလို့ သူကပြောပါတယ်။

ပုံမှန်အားဖြင့် ဖားကန့်မြို့နယ်ထဲကိုဝင်ရောက်နိုင်တဲ့ အင်းတော်ကြီးဝှေခါဖားကန့် လမ်းပိုင်းနဲ့ မြစ်ကြီးနားကာမိုင်းဖားကန့်လမ်းပိုင်းနှစ်ခုထဲက မြစ်ကြီးနားကာမိုင်းဖားကန့်လမ်းပိုင်းဟာ လမ်းပိုင်းပိုမိုကောင်းမွန်ပြီး နီးစပ်တာ ကြောင့် ခရီးသည်ကားနဲ့ကုန်ကားတွေအများစုဟာ မြစ်ကြီးနားဖားကန့်လမ်းပိုင်းကိုပိုမိုအသုံးပြုကြတာဖြစ်ပါတယ်။

မြစ်ကြီးနားဖားကန့်ကားလမ်းပိုင်းမှာရှိတဲ့ နန့်ယားကျေးရွာစစ်ကောင်စီတပ်စခန်းကို KIAKPDF တပ်တွေက ဧပြီ ၉ရက်နေ့မနက်မှာစတင်တိုက်ခိုက်ခဲ့ပြီး ဧပြီ ၁၁ ရက်နေ့မှာစစ်ကောင်စီစစ်သားတွေလက်နက်ချသွားတာကြောင့် နန့်ယားကျေးရွာကို KIAKPDF တပ်တွေဧပြီ ၁၁ ရက်နေ့ရတည်းကထိန်းချုပ်လိုက်တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းနောက်ပိုင်း ဖားကန့်မြစ်ကြီးနား ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့KIAKPDF ပူးပေါင်းတပ်တွေကြား မကြာခန တိုက်ပွဲ ဖြစ်ပွားလျက်ရှိတာကြောင့်အခုလို ကားလမ်းပိတ်စို့တာမျိုး မကြာခနရှိနေတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button