ဗျူဟာကုန်း

  • Apr- 2026 -
    7 April
    သတင်း

    ဖားကန့် ဗျူဟာကုန်းပစ်ခတ်ခံရပြီးနောက် စစ်တပ်က စစ်အင်အားပြန်လည်ဖြည့်တင်းပြီး ထိုးစစ်ဆင်နေ

    ဖားကန့်မှာ တပ်မကုန်းပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်ကနေ စစ်အင်အားပြန်လည်ဖြည့်တင်းပြီး ထိုးစစ်ဆင်နေတာကြောင့် လုံးခင်းကျေးရွာအနီး ရွာတစ်ချို့မှာ စစ်ရေးတင်းမာမှုဖြစ်နေတယ်လို့ သိရပါတယ်။

    Read More »
  • Feb- 2026 -
    20 February
    သတင်းဖားကန့် ဒေသ ပြည်သူများရှိသည့် မြင်ကွင်းတစ်နေရာ

    မရှီကထောင်စစ်ရှောင်တွေ အိမ်တွင်းပစ္စည်းသယ်ယူဖို့ စစ်တပ်ငြင်းဆန်

    တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာထားတဲ့ ဖားကန့် မရှီကထောင်ကျေးရွာနေပြည်သူတွေ အိမ်တွင်းပစ္စည်းတွေ သယ်ယူနိုင်ဖို့ စစ်ကောင်စီတပ်ဆီ ခွင့်ပြုပေးဖို့ သွားရောက်ပြောဆိုခဲ့ပေမယ့် လက်မခံဘဲ ငြင်းဆန်လိုက်တယ်လို့ သိရပါတယ်။ နေအိမ်စွန့်ခွာထားတဲ့ မရှီကထောင် စစ်ဘေးရှောင်ပြည်သူတွေ စုပေါင်းပြီး ပစ္စည်းတွေသယ်ယူနိုင်ဖို့ ဖားကန့် ဗျူဟာစစ်ကုန်းက G2…

    Read More »
  • 16 February
    သတင်း

    မြစ်ကြီးနားမြို့မှာ ကုန်ပစ္စည်းနဲ့ အခြေခံဆေးဝါးတစ်ချို့ပြတ်လပ်လာ

    မြစ်ကြီးနားမြို့ရဲ့ကုန်အဝင်အထွက်လမ်းကြောင်းအားလုံး ပိတ်ခံထားရတဲ့အတွက် အခြေခံစားသောက်ကုန်တွေနဲ့ဆေးဝါးတစ်ချို့ပြတ်လပ်လာပြီလို့ မြို့ခံတွေကပြောပါတယ်။ မြစ်ကြီးနားမြို့ရဲ့အဓိက အခြေခံစားသောက်ကုန်တွေကို မြစ်ကြီးနား– မန္တလေး ဗျူဟာလမ်းမကြီးကနေဝင်လို့ရသလို မြစ်ကြီးနား– ကံပိုက်တည်လမ်းကနေလည်း ဝင်ရောက်နိုင်တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် မြစ်ကြီးနား– မန္တလေး ကားလမ်းပိုင်းမှာရှိတဲ့ ရွှေဘိုမြို့အနီီး စစ်တပ်နဲ့ ကာကွယ်ရေးတပ်တွေကြားကတိုက်ပွဲကြောင့် ရွှေကိုးပင်ဂိတ်မှာကုန်ကားတွေပိတ်ခံထားရတာဟာ ခုဆိုရက်ပေါင်း ၂၀ ဝန်းကျင်ကြာမြင့်လာပြီဲဖြစ်ပါတယ်။ အလားတူ မြစ်ကြီးနား– ကံပိုက်တည်လမ်းပိုင်းကနေ ဝင်လာတဲ့ကုန်ကားတွေကိုလည်း စစ်ကောင်စီတပ်က ဗလမင်းထင်တံတားမရောက်မှီ မိုင်းနားကျေးရွာအဝင်မှာပိတ်ပင်ထားတဲ့အတွက် မြစ်ကြီးနားမြို့ထဲ ကုန်ကားတွေမဝင်ရောက်နိုင်တာဟာ ခုဆို နှစ်ပတ်ဝန်းကျင်ရှိလာနေပြီဲဖြစ်ပါတယ်။ မြစ်ကြီးနားမြို့တွင်းကုန်ဈေးနှုန်းအခြေနေနဲ့ပတ်သက်လို့ ဈေးသည်အမျိုးသမီးတစ်ဦးပြောတာက“ကုန်ဈေးနှုန်းတက်ချက်ကပြောမနေနဲ့။ ပစ္စည်းကတက်တိုင်းလည်းဝယ်လို့မရပြန်ဘူး။ ပစ္စည်းကပျက်သလောက်တော့ ပျက်ကုန်ပြီ မရှိဘူးပဲပြောတာ။ ကျမတို့ဖောက်သည်ဈေးနဲ့ ဝယ်တဲ့သူ တွေတောင်မှ ခွဲတမ်းနဲ့ဘဲရောင်းပေးတာ။ ရှိတဲ့သူတွေ ကလည်း ဈေးတွေတင်ရောင်းနေတာပေါ့။ ခါတိုင်းဆိုရင် အောက်ပိုင်းက လေယာဥ်နဲ့ဝင်သေးတယ်။ ဟိုတလောက တစ်ရက် နှစ်ရက် လေယာဥ်လမ်းကြောင်းကလည်းရပ်သွားသေးတာကို။“လို့ပြောပါတယ်။ မြစ်ကြီးနားမြို့တွင်းပြတ်လပ်လာတဲ့ ပစ္စည်းတွေကတော့ ကြက်သား၊ငါး၊ကော်ဖီ၊ Gas တွေပြတ်လပ်နေတဲ့အပြင် နောက်ထပ် ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ကြက်သွန်ဖြူနဲ့အတူ  ဖြည့်စွက်စာ၊ နို့မှုန့် နဲ့ အခြေခံဆေးဝါးတချို့ဖြစ်တယ်လို့ မြို့ခံတွေကပြောကြပါတယ်။ “Gas ဆိုင်တွေဆိုအားလုံးပိတ်ထားကြပြီ ရောင်းစရာမရှိလို့တဲ့ ပြီးရင် ကော်ဖီမစ်တောင်တစ်ချို့ဆိုင်တွေပြတ်နေပြီ တကယ် စျေးကလည်းကြီးမှကြီးအေ နှစ်ဆနီးပါးကိုတက်နေတာ ရှိတဲ့ကုန်တွေကလည်း”လို့ နောက်ထပ်မြို့ခံအမျိုးသားတစ်ဦးပြောပါတယ်။ မြစ်ကြီးနား– မန္တလေးလမ်းမှာ ကုန်ကားတွေပိတ်မိနေတဲ့အဓိကအကြောင်းရင်းကတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကစလို့ ကန့်ဘလူခရိုင်ထဲမှာ အမျိုးသား ညီညွှတ်ရေးအစိုးရ လက်အောက်ခံ PDF ၊ ပကဖ နဲ့ အာရက္ခတပ်တော် AA ပူးပေါင်းတပ်တွေဟာ စုပေါင်း စစ်ဆင်ရေးပြုလုပ်နေ တာကြောင့်ဖြစ်ပါတယ်။ အမှတ် ၁ စစ်‌ဒေသရဲ့ထုတ်ပြန်ချက်အရ ယခုလ ဖေဖော်ဝါရီလအစမှာဆိုရင် မန္တလေး–မြစ်ကြီးနား လမ်းမပေါ်က စစ်ကော်မရှင်နဲ့ လက်အောက်ခံ ပျူစောထီးတပ်စခန်းတချို့ကိုသိမ်းပိုက်ခဲ့ကြပြီး ပြီးခဲ့တဲ့အပတ်ဖေဖော်ဝါရီလအထိကို စခန်းတချို့ကိုသိမ်းပိုက် နိုင်ခဲ့ကြောင်းသိရပါတယ်။ ဒါ့ကြောင့်ခရီးသွားကားလေးတွေကတော့ ရွှေဘို၊ ကန့်ဘလူ၊ ကောလင်းနယ်ထဲက စစ်ကော်မရှင်နဲ့တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲပြင်းထန်နေတဲ့နေရာတွေကို ကွင်းသွားရပြီး မန္တလေး–မြစ်ကြီးနား ခရီးစဥ်က ၅ ရက်နီးပါးကြာမြှင့်နေတယ်လို့ ကားသမား တွေကပြောပါတယ်။ လက်ရှိ မြစ်ကြီးနား–မန္တလေးလမ်းပိုင်း ရွှေဘိုမြို့အထွက် ကိုးပင်ဂိတ်တွင် စစ်ကော်မရှင်တပ်၊ ခင်ဦးလမ်းဆုံအကျော် ယောက်သွားအိမ် နဲ့ ကုက္ကိုလ်ကုန်းဂိတ်တွင် ကာကွယ်ရေးတပ်၊ ကျောက်တန်းဂိတ်တွင် စစ်ကော်မရှင်တပ်တို့က နေရာယူအထိုင်ချ ထားကြပြီး စစ်ရေးအခြေနေပေါ်မူတည်ကာ ခရီးသွားကားတွေကို သွားလာခွင့်ပြုနေတာလို့သိရပါတယ်။ အခုလိုအခြေနေတွေကြောင့် မြစ်ကြီးနား – မန္တလေးခရီးစဥ်ကို ခရီးသွားတွေအနေနဲ့ အရေးပေါ်ကိစ္စတစ်စုံတစ်ရာ မရှိရင် ဖြတ်သန်းသွားလာခြင်းမလုပ်သေးတာကောင်းတယ်လို့ ကားသမားတွေကအကြံပြုထားပါတယ်။ အလားတူ မြစ်ကြီးနား–ကန်ပိုက်တည်လမ်းကြောင်းကနေ ကုန်ကားတွေမဝင်ရောက်နိုင်တာဟာ စစ်တပ်ကအကြောင်းပြချက်မရှိပဲ  ကုန်ကားအားလုံးကို မိုင်းနားကျေးရွာအဝင်နားမှာဖမ်းဆီးထားတားလည်းဖြစ်ပါတယ်။ ဒါကြောင့် မြစ်ကြီးနားမြို့တွင်းမှာနေထိုင်တဲ့ စစ်ရှောင်ပြည်သူတွေနဲ့ ဒေသခံပြည်သူတွေဟာ ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ခံနေရဆဲလည်းဖြစ်ပါတယ်။…

    Read More »
  • Dec- 2025 -
    8 December
    သတင်း

    ဖားကန့်မှာ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်အပါ ဇနီးမောင်နှံနှစ်ဦးသေဆုံး

    ဖားကန့် မှော်ဆီစာကျေးရွာအုပ်စု မလောင်ကျေးရွာ(Marau)ကျေးရွာထဲမှာ စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဆယ်ကျော်သက်ကလေးငယ်တစ်ဦးအပါ လင်းမယားနှစ်ဦးပွဲချင်းအသက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့ည သန်ခေါင်ယံအချိန် ဖားကန့်ဗျူဟာကုန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက မလောင်ကျေးရွာထဲက နေအိမ်တစ်လုံးမှာ ကျမှန်ပေါက်ကွဲခဲ့ပြီး ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါ လင်မယားနှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဖားကန့်ပြည်သူ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ထိခိုက်ပြီး သေဆုံးသွားတာက လင်မယားနှစ်ဦးနဲ့ ကလေးငယ်အပါ သေဆုံးတာ ၃ ဦးရှိတယ်။ အဲ့ထဲမှာ လသားအရွယ်နဲ့ ဆယ်ကျော်သက် နှစ်ယောက်က ထိခိုက်မှုမရှိဘူးလို့ သွားရောက်ကူညီပေးနေတဲ့ လူမှုကူညီရေးအဖွဲ့တွေကပြောလာတယ်”လို့ပြောပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီးကျမှန်ပြီး သေဆုံးမှုဖြစ်ခဲ့တဲ့ဖြစ်စဉ်ထဲမှာ မိသားသားစု ၃ ဦးသေဆုံးသွားပေမယ့် ၁၆ နှစ်အရွယ်တစ်ဦးနဲ့ ၇ လသားအရွယ်တစ်ဦး၊ နှစ်ယောက်က ထိခိုက်မှုမရှိဘဲ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့သူတွေဟာ ၁၃ နှစ်အရွယ် မောင်ဖြိုးဝေထွန်း၊ အသက် ၃၇ နှစ်အရွယ် ဦးဇော်လွင်ဦး၊ အသက် ၃၈ နှစ်အရွယ်ဒေါ်တင်မိုးလှိုင်တို့ဖြစ်ပါတယ်။  “ဒီရက်ပိုင်း ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ဒီနှစ်ရက်အတွင်းမှာဆိုပိုပြီး တိတ်ဆိတ်သွားတယ်ပေါ့လေ။ စစ်ကောင်စီက ညဘက်ဆိုရင် လက်နက်ကြီးရမ်းပစ်တာတွေ၊ သေနတ်ဖောက်တာတွေက ပုံမှန်လုပ်နေတာပဲရှိတယ်။ အခု မလောင်ဘက်ကို ဘာလို့ပစ်ခတ်လဲတော့ ကျနော်တို့လည်း သေချာတော့မသိရပါဘူး”လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ဆက်ဆိုပါတယ်။ ဖားကန့်ပြည်သူတစ်ချို့ရဲ့ ပြောဆိုချက်အရ စစ်တပ်ဟာ ညတိုင်းလိုလို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ဘက်ကို လက်နက်ကြီးခြောက်လန့် ပစ်ခတ်နေတာဖြစ်ပြီး ညအချိန်ပြည်သူတွေ စိုးရိမ်ကြောက်လန့်မှုတွေနဲ့ ကျော်ဖြတ်နေရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာလည်း စစ်တပ်က ဗျူဟာကုန်းကနေ ညအချိန် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဆိုင်းတောင်၊ ကုဋေမှော်၊ မရှီကထောင်၊ တောမှော် စတဲ့ကျေးရွာတွေမှာ လက်နက်ကြီးထိမှန်ပြီး ကလေးငယ်တွေအပါ အပြစ်မဲ့ပြည်သူတွေ အသက်သေဆုံးမှုလတိုင်းကြုံတွေ့နေရတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပဖို့ ကြေညာလိုက်တဲ့နောက်ပိုင်း ဖားကန့်ဒေသထဲမှာ စစ်အင်အားအလုံးအရင်း စစ်ကြောင်းထိုးထားတဲ့အပြင် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြီးခဲ့တဲ့…

    Read More »
  • Jul- 2024 -
    29 July
    သတင်း

    မိုးမိတ်မြို့ ဗျူဟာကုန်းအနီး တိုက်ပွဲဆက်ပြင်းထန်နေ

    ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA ပူးပေါင်းအဖွဲ့အကြား ဒီရက်ပိုင်းအတွင်းတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ TNLA ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ မနေ့က ဇူလိုင်လ ၂၈ ရက်နေ့ ညနေပိုင်းမှာ မိုးမိတ်မြို့နဲ့ ၂ မိုင်ကျော်အကွာ မိုးမိတ်ဗျူဟာကုန်းအနီးတစ်ဝှိုက် စစ်ကောင်စီတပ် စကခ ၂၁ လက်အောက်ခံ ခလရ ၃၄၈၊ ခလရ ၂၇၆ နဲ့ ခလရ ၂၂၃ တပ်ရင်းတွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။ “ပြီးခဲ့တဲ့နှစ်ပတ်လောက်ကကြားတာက ဗျူဟာကုန်းပဲကျန်တယ်တဲ့ မနေ့ကလည်းကြားရတာက ညနေ ၂ နာရီလောက်မှာ ဗျူဟာဘက်မှာ လေယာဥ်တစ်စီးပြီးတစ်စီးနဲ့လာကြဲချနေတာတဲ့ တပ်ဘက်အခြမ်းပဲဖြစ်နေ တာပေါ့ “ လို့ဒေသခံ အမျိုးသားတစ်ဦးပြောပါတယ်။ မိုးမိတ်မြို့တွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့မှာပဲ မြို့တွင်းကနေ တပ်ပြန်ဆုတ်ထားရပြီး တအာင်းတပ်မတော် TNLA နဲ့ပူးပေါင်းအဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မိုးမိတ်မြို့ကို လက်မလွှတ်ရရေးအတွက် မြို့တွင်းက သာသနာ့ဗိမာန် အဆောက်အဦးနဲ့ အရပ်သားနေအိမ်တစ်ချို့မှာ တပ်စွဲပြီးခုခံခဲ့ကြတာလို့ ဒေသခံတွေကပြောပါတယ်။ “မိုးမိတ်မြို့ထဲက ခရိုင်ရဲနဲ့ မြို့နယ်ရဲက သာသနာ့ဗိမာန်မှာပဲအသေထိုင်ပြီးလှုပ်ရှားတာကို မြို့ခံတပ်က လည်း မြို့ထဲမှာ လှုပ်ရှားတပ်ဖွဲ့ရှိတယ်လေ ပြီးခဲ့တဲ့တစ်လလောက်ကတည်းကတိုက်ပွဲဖြစ်တာလေ တအာင်း ပလောင်ဘက်ကတော့ မြို့ကိုတော့ထိန်းချုပ်ထားပြီ ဗျူဟာဘက်တော့မရသေးတာပေါ့” လို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် ခလရ ၃၄၈ တပ်ရင်းနဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက လက်နက်ခဲယမ်းတစ်ချို့သိမ်းပိုက်နိုင် ခဲ့တယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ မိုးမိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့သလို မြို့ကို KIA ဘက်က ထိန်းချုပ်နိုင်ခဲ့ပြီးမှ တပ်ပြန် ဆုတ်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီပထမအကြိမ် တိုက်ပွဲကတည်းက မိုးမိတ်မြို့ဟာ ပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့ပြီး ဒီတစ်ကြိမ် တအာင်းတပ်မတော် TNLA၊ PLA နဲ့ MOD PDF ပူးပေါင်းအဖွဲ့တွေရဲ့ ၁၀၂၇ ဒုတိယအပိုင်းစစ်ဆင်ရေး မှာလည်း မြို့တွင်းရပ်ကွက်တွေက ပျက်စီးဆုံးရှုံးမှုတွေများပြားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAပူးပေါင်းအဖွဲ့ တို့အကြား ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က စလို့ မိုးမိတ်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ စစ်ဆင်ရေးအဖြစ် တကျော့ပြန် တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Feb- 2024 -
    23 February
    သတင်း

    ၃ ရက်အတွင်း လက်နက်ချဖို့ KIA ကစာပို့ခဲ့လို့မြို့လှတပ် စခန်းစွန့်ခွာ

    ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှမြို့က စစ်ကောင်စီရဲ့ ဗျူဟာကုန်းတပ်စခန်း စခန်းစွန့်ခွာသွားတဲ့ နောက် မြို့လှမြို့နဲ့ စခန်းကုန်းကိုပါ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးပူး ပေါင်းတပ်တွေ ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ မြို့လှ PDF က ဒီကနေ့ပဲထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီဗျူဟာကုန်းတပ်စခန်းမှာ…

    Read More »
  • Mar- 2023 -
    17 March
    သတင်းအင်းတော်မြို့

    အင်းတော်မှာ စစ်အင်အား ၅၀၀ ခန့်ဖြင့် ဗျူဟာမြောက်စခန်းတစ်ခု တည်ဆောက်နေ

    ကချင် စစ်ကိုင်းနယ်စပ် စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ အင်တော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက ဗျူဟာမြောက်စခန်းတစ်ခု တည်ဆောက်ရန် ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗျူဟာမြောက် စစ်တပ်စခန်း တည်ဆောက်မယ့်နေရာဟာ အင်းတော်မြို့ကနေ ၂ မိုင်ခန့်ကွာဝေးတဲ့ နေရာမှာရှိပြီး နန်းကင်ကျေးရွာနဲ့ ၁ မိုင်ခန့်သာဝေးတဲ့နေရာက…

    Read More »
Back to top button