သတင်း

၃ ရက်အတွင်း လက်နက်ချဖို့ KIA ကစာပို့ခဲ့လို့မြို့လှတပ် စခန်းစွန့်ခွာ

မြို့နဲ့တပ်စခန်း KPDF ဝင်ရောက်ထိန်းချုပ်

ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှမြို့က စစ်ကောင်စီရဲ့ ဗျူဟာကုန်းတပ်စခန်း စခန်းစွန့်ခွာသွားတဲ့ နောက် မြို့လှမြို့နဲ့ စခန်းကုန်းကိုပါ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးပူး ပေါင်းတပ်တွေ ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ မြို့လှ PDF က ဒီကနေ့ပဲထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီဗျူဟာကုန်းတပ်စခန်းမှာ တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၈၇ တပ်ရင်းနဲ့ ဗျူဟာမှူး ဝင်းသူရအောင် ဦးစီးကွပ်ကဲတဲ့ တပ်စခန်းဖြစ်ပြီး မနေ့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကပဲ ရွှေကူဘက်ကို ဦးတည်ပြီးစခန်းစွန့်ခွာသွားခဲ့တာလို့ မြို့လှPDF က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ကျနော်တို့အဖွဲ့တွေအားလုံး ပြန်တပ်စွဲထားလိုက်ပြီ အခုတော့နယ်မြေရှင်းနေပါတယ် ထိန်းချုပ် လိုက်ပြီပေါ့ မြို့လှမြို့ကိုရော စခန်းကိုပါထိန်းချုပ်လိုက်တာပါဗျလို့ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီတပ်စခန်းမစွန့်ခွာမှီမှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ရက်စွဲဖြင့် အကြမ်းမဖက် လက်နက် ချပြီး ပြည်သူဘက်ကို အလင်းဝင်ဖို့ KIA ကသတိပေးခဲ့တာလို့ သိရပါတယ်။

ကျနော်တို့ က ဝိုင်းထားကြတာဒီစခန်းတွေကို အကြမ်းမဖက်တဲ့ပုံစံနဲ့အလံဖြူထောင်မလားဆိုပြီး ဖိအားတော့ပေးခဲ့တယ် လက်ရှိတော့အဲ့ဒီတပ်ဖွဲ့တွေ ကျောက်ကြီးကိုရောက်နေပြီလို့သိရတယ် ကျောက်ကြီးစခန်းပါစွန့်မယ့်ပုံစံပဲလို့မြို့လှPDF က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

အခုလို ဗျူဟာတပ်စခန်းကုန်းတစ်ခုလုံးတပ်စွန့်ခွာသွားတာဟာ မံစီမြို့နယ်ထဲက စစ်ကောင်စီတပ် စခန်းသိမ်းပိုက်ခံရတာနဲ့ မြို့လှမြို့နဲ့ မိုင်၂၀ အကွာက ဆင်ဘိုမြို့တို့တိုက်ခိုက်ခံနေရာတာကြောင့် ဖြစ်နိုင်တယ်လို့ ကာကွယ်ရေးတပ်တွေဘက်က သုံးသပ်ပါတယ်။

ဒီတပ်စခန်းဟာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ တပ်မဟာ ၈ နယ်မြေအတွင်း အရေးပါ တဲ့တပ်စခန်းကြီးတစ်ခုဖြစ်တယ်လို့ မြို့လှPDF က တာဝန်ရှိသူတစ်ယောက်က အခုလိုပြောပါ တယ်။

ဒီစခန်းက တပ်မဟာ ၈ ရဲ့အရှေ့ခြမ်း အမှတ် ၅ တပ်ရင်းနဲ့မြို့လှPDF တပ်ရင်းတို့ကြားမှာ ဗျူဟာကုန်းအနေနဲ့ထိုင်ထားတာ ပြီးတော့ ဆင်ဘို၊ရွှေကူ၊ကျောက်ကြီးနဲ့ ရွှေငြိမ်းချမ်းတို့ကို လည်း ဒီဗျူဟာကုန်းကနေ လှမ်းပြီးကွပ်ကဲတာ တပ်မဟာ ၈ နယ်မြေတစ်ဝှိုက်တော့ အရေးကြီးဆုံးစခန်း ဖြစ်နေတာပေါ့လို့ပြောပါတယ်။

ဒါ့အပြင် မြို့လှမြို့နဲ့ မိုင်၂၀အကွာက ဆင်ဘိုမြို့ကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးတပ်တွေဘက်က ဝိုင်းပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲကတော့ ရပ်လိုက်နားလိုက် ဖြစ်နေတယ်လို့ သိရပါတယ်။

လက်ရှိစခန်းစွန့်ခွာသွားတဲ့ မြို့လှမြို့ဗျူဟာကုန်းတပ်စခန်းဟာ အင်အား ၂၀၀ လောက်အထိုင်ချ တပ်စွဲထားတဲ့စခန်းကြီးဖြစ်ပြီး မြို့လှမြို့ရဲ့ မြို့အဝင်ဆိုင်းဘုတ်အနီး မြို့နဲ့မီတာ ၁၀၀ လောက် အကွာ မှာပဲရှိတဲ့တပ်စခန်းကြီးလို့ ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။

မြို့လှမြို့နယ်ခွဲဟာ စစ်ကိုင်းကချင်အစပ်မှာရှိတာဖြစ်ပြီး အာဏာသိမ်းပြီးတဲ့နောက် အာဏာသိမ်းပြီးတဲ့နောက် မြို့လှ KPDF ကာကွယ်ရေးတပ်တွေအားကောင်းတဲ့နေရာလည်း ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button