မမုံကိုင်
-
Sep- 2025 -4 Septemberသတင်း
မိုင်းနောင်နဲ့ မမုံကိုင်ကြားမှာ တိုက် ပွဲပြင်းထန်နေ
ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာနဲ့မမုံကိုင်ကျေးရွာကြားမှာ KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်၊ ရှမ်းနီပြည်သူ့စစ်တပ်ပူးပေါင်းတပ်ကြားနှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။ KIA နဲ့ မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ မမုံကိုင်ကျေးရွာဘက်ကို စစ်ကောင်စီနဲ့ရှမ်းနီပြည်သူ့စစ်တပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် စက်တင်ဘာ ၁ ရက်နေ့ကစပြီး…
Read More » -
Aug- 2025 -19 Augustသတင်း
လေကြောင်းနဲ့ ဒရုန်းရန်ကြောင့် မိုင်းနောင်နဲ့ မမုံကိုင်ကို KIA အပြည့်အဝထိန်းချုပ်ဖို့ ခက်ခဲနေသေး
မိုးညှင်းခရိုင်၊ အင်းတော်ကြီးထဲက မိုင်းနောင်၊ မမုံကိုင် ကျေးရွာနှစ်ခုစလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် လေကြောင်းနဲ့ လက်နက်ကြီးဒရုန်းတွေကြောင့် အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ခက်ခဲနေသေးတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၅၊ ၁၆ ရက်တွေမှာ မိုင်းနောင်နဲ့ မမုံကိုင်…
Read More » -
18 Augustသတင်း
လက်လွတ်လိုက်ရတဲ့ မမုံကိုင်ရွာကို KIA ပြန်သိမ်းလိုက်ပြီး မိုင်းနောင်မှာ တိုက်ပွဲပြင်းထန်နေဆဲ
မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA လက်လွတ်လိုက်ရတဲ့ မမုံကိုင်ကျေးရွာကို KIA ဘက်က ပြန်လည်သိမ်းယူလိုက်ပြီး မိုင်းနောင်ကျေးရွာဘက်မှာ ဒီကနေ့ ဩဂုတ်လ ၁၈ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၆ ရက်နေ့မှာ KIA နဲ့…
Read More » -
13 Augustသတင်း
ကချင်ပြည်သူ ၁၄ ဦး အသတ်ခံရပြီးနောက် ရှမ်းနီ နဲ့ ကချင်အတူတကွယှဉ်တွဲနေထိုင်ရေး မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေး
အင်းတော်ကြီးဒေသမှာ ကချင်ပြည်သူ ၁၄ ဦးကို ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်က သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်နဲ့ ကချင်လူထုကို နေထိုင်လို့ မရအောင် လုပ်ဆောင်နေတဲ့လုပ်ရပ်တွေအပေါ် လူမျိုးရေးပြဿနာ မဖြစ်စေရေးအတွက် နှစ်ဖက်လူထုကြား တွေဆုံမှုကို မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။…
Read More » -
2 Augustသတင်း
ကချင်နေအိမ်အတွင်းမှ တန်ဖိုးရှိပစ္စည်းများခိုးယူခံနေရတဲ့အပြင် သတ်ဖြတ်ခံရသူတွေလည်းရှိနေ
ကချင်ပြည်နယ် အင်းတော်ကြီးဒေသမှာ နေထိုင်ကြတဲ့ ကချင်လူမျိုးတွေ လူမျိုးရေးခြိမ်းခြောက်ခံရတာကြောင့် နေရပ်စွန့်ခွာသွားတဲ့ လူနေအိမ်နဲ့ ဘုရားကျောင်းဝင်းနေရာအတွင်းက တန်ဖိုးရှိ ပစ္စည်းတွေကို ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်သားတွေ ခိုးယူဖျက်ဆီးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။ နန့်မွန်မြို့၊ မိုင်းနောင်ရွာနဲ့ မမုံကိုင်ကျေးရွာတွေကို စစ်တပ်နဲ့…
Read More » -
Jul- 2025 -23 Julyသတင်း
အင်းတော်ကြီးဒေသမှာ SNA တပ်က လူမျိုးရေးအခြခံပြီး ခြိမ်းခြောက်မှု ပြုလုပ်နေ
ကချင်ပြည်နယ် အင်းတော်ကြီးဒေသမှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်က ဒေသခံ ကချင်နေအိမ်တွေကို ချိတ်ပိတ်ပြီး ဖမ်းဆီးသတ်ဖြတ်ဖို့အထိ ခြိမ်းခြောက်ပြောဆိုနေတဲ့အတွက် ကချင်လူမျိုးအများစုက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ဟာ ကချင်မျိုးနွယ်စု အများဆုံးနေထိုင်တဲ့ မိုင်းနောင်နဲ့ မမုံကိုင်ကျေးရွာ ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ နောက်ဆုတ်လိုက်ပြီးနောက် အင်းတော်ကြီးဒေသတစ်ခုလုံးကို SNA တပ်က စစ်ဆင်ရေးတစ်ခုအနေနဲ့…
Read More » -
Mar- 2023 -20 Marchမြေယာနှင့် သဘာဝပတ်ဝန်းကျင်
အင်းတော်ကြီးဒေသတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု ပြန်လည်စတင်နေ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မမုံကိုင်ကျေးရွာနှင့် လုံးတုံကျေးရွာကြားတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုပြန်လည်စတင်နေပြီဟု ဒေသခံများ ပြောသည်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်ကြီးဒေသတွင် ရွှေတူးဖော်မှုကြီးကြီးမားမားလုပ်ဆောင်နေသည့်အပေါ် ဒေသခံများကန့်ကွက်နေသည့်အတွက် စစ်ကောင်စီတပ်မှ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင်အပြီးတိုင် ရပ်နားခိုင်းလိုက်ပြီဖြစ်သည်။ သို့သော် တစ်လကျော်ကြာပြီးနောက် မတ်လ ဒုတိယအပတ်မှစတင်ပြီး ထိုနေရာတွင် ရွှေတူးဖော်မှုကို စစ်တပ်ကပြန်လည် ခွင့်ပြုနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ “ခုရွှေပြန်တူးနေတဲ့နေရာက လုံးတုံရွာနားမှာဘဲ စစ်တပ်ရဲ့ စခန်းနဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ဘဲ မိုင်အားဖြင့်က တစ်မိုင်လောက်ဘဲရှိတာလေ သူတို့မသိဘဲနေမလား သူတို့ပြန်ခွင့်ပြုထားလို့ စစ်တပ်ကခွင့်မပြုရင် ဘယ်သူလာလုပ်ရဲမလဲ။ သူတို့ကိုအခွန်ဆောင်ပြီး လုပ်နေကြတာ”ဟုအမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။ ဒေသခံများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်သည် ရွှေတူးဖော်ခွင့်အတွက် ငွေကြေးကောက်ခံကာ ပြန်လည်တူးဖော်ခွင့်ပြုနေခြင်းဖြစ်သည်ဟု ပြောဆိုသည်။ လက်ရှိရွှေတူးဖော်နေသောနေရာသည် လုံးတုံနှင့် မမုံကိုင်ကြားရှိ တောထဲတွင်ဖြစ်ပြီး ရပ်ရွာတာဝန်ရှိသူများ၊ခရစ်ယာန်ဘာသာဝင်များနှင့် ဒေသခံများက ဆက်လက်တူးဖော်ခြင်းမပြုရန် သွားရောက်တားမြစ်ကြသော်လည်းရပ်နားပေးခြင်းမရှိဘဲ ညဘက်တွင် ဆက်လက်တူးဖော်နေကြောင်း သိရသည်။ အဆိုပါမြေနေရာသည် မမုံကိုင်ရွာနှင့် လုံးတုံကျေးရွာအကြားရှိ သင်္ချိုင်းမြေနဲ့အနီးဆုံးနေရာဖြစ်သည့်အပြင်ဒေသခံများစိုက်ပျိုးလုပ်ကိုင်စားသောက်နေကြသည့် လယ်မြေများနှင့်လည်း ရှိနေသည့်အတွက် ရွှေတူးဖော်မှုဆက်လက်လုပ်ဆောင်နေမည်ဆိုပါက သင်္ချိုင်းမြေနေရာ ပျက်စီးလာမည့်အပြင် လယ်မြေများလည်း ထိခိုက်လာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း အခြားဒေသခံတစ်ဦးက ခုလိုပြောသည်။ “မမုံကိုင်ဧရိယာထဲမှာဆိုပေမယ့် သင်္ချိုင်းကတော့ လုံးတုံခရစ်ယာန်ဘာသာဝင်တွေရဲ့သင်္ချိုင်း သူတို့ရွှေတူးနေတဲ့နေရာနဲ့ သင်္ချိုင်းကမဝေးဘူး ပေ ၃၀၀ ကျော်လောက်ပဲရှိမှာ ဓာတ်တိုင် ၂တိုင် စာပဲရှိတယ် အဲ့မှာတူးနေကြတာ။ သူတို့ဆက်တူးနေမယ်ဆိုရင်တော့အဓိက သင်္ချိုင်းမြေပျက်စီးသွားမယ် ပြီးတော့ အခုတူးနေတဲ့အနီးမှာ လယ်တွေရှိတယ်အဲ့ဒီလယ်တွေလည်းထိခိုက်မယ်နောက်တစ်ခုက လယ်တောသွားဘာသွားအသုံးပြုနေတဲ့လမ်းရှိတယ် အဲ့တာတွေပျက်စီးသွားမယ် ဒေသခံတွေကတော့ကန့်ကွက်ကြတာပေါ့”ဟုဒေသခံအမျိုးသားတစ်ဦးကပြောသည်။…
Read More »






