မြစ်ကြီးနား
-
Aug- 2024 -1 Augustသတင်း
မြစ်ကြီးနားမြို့အနီး တယန်ဇွပ်နဲ့ အင်ဆောပ့် စစ်တပ်စခန်း ၂ နေရာကို KIA တိုက်ခိုက်နေ
မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်မပေါ်ရှိတဲ့ တယန်ဇွပ်(Tayang Zup) နဲ့ အင်ဆောပ့်(Nsawp) ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၂ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီနေ့ ဩဂုတ်လ ၁ ရက်နေ့ မနက် ၇ နာရီလောက်ကနေ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အဲဒီတပ်စခန်း ၂ နေရာမှာ ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင်အထိ နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “တယန်ဇွပ်တပ်စခန်းကို ဒီမနက်ကနေ သွားရောက်တိုက်ခိုက်နေတယ်ဖြစ်တယ်။ အခုချိန်အထိ နှစ်ဖက်တိုက်ပွဲတွေဖြစ်နေသေးတာဖြစ်ပါတယ်။ စခန်းသိမ်းပိုက်နိုင်တာကမရှိသေးဘူး”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ နေရာဟာ မြစ်ကြီးနားမြို့နယ်ထဲမှာဖြစ်ပြီး အင်ဆောပ့်နဲ့ တယန်ဇွပ်က ၁၀ မိုင်အကွာမှာရှိတဲ့ ကျေးရွာတွေဖြစ်ပါတယ်။ KIA တပ်တွေက စစ်တပ်စခန်းအကြီးရှိတဲ့ တယန်ဇွပ်တပ်စခန်းကိုသာ အဓိကတိုက်ခိုက်နေတာဖြစ်ပြီး အင်ဆောပ့်မှာက ပစ်ခတ်မှုအနည်းငယ်သာရှိနေတယ်လို့သိရပါတယ်။ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်းပေါ်မှာ ပြီးခဲ့တဲ့ မတ်လအတွင်း KIA တပ်တွေ ဆွမ်ပရာဘွမ့်မြို့ပေါ်တိုက်ပွဲ စတင်ဖော်ဆောင်လိုက်ချိန်မှာ ဆွမ်ပရာဘွမ့်မြို့နဲ့ ၅ မိုင်လောက်အကွာမှာတပ်ချထားတဲ့ မလိယန်နဲ့ ဒိန်ဝါရွမ် စစ်တပ်စခန်းတွေကို ပထမဆုံးအကြိမ် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂ လကျော်အကြာ ဆွမ်ပရာဘွမ့်မြို့တွင်းတိုက်ပွဲပြင်းထန်ခဲ့ပြီး မေလ ၅ ရက်နေ့မှာ ဆွမ်ပရာဘွမ့်မြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ တိုက်ပွဲငြိမ်သက်သွားတဲ့ ၂ လလောက်အကြာမှာ KIA က မြစ်ကြီးနားမြို့နယ်ဘက်ခြမ်းမှာ ကျန်ရှိနေသေးတဲ့ တယန်ဇွပ်နဲ့ အင်ဆောပ့် စစ်တပ်စခန်းကို ထပ်မံသိမ်းပိုက်ဖို့ တိုက်ပွဲဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။ လက်ရှိ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကားလမ်းတစ်ကြော စစ်ရေးအရ တယန်ဇွပ်ကနေ ဆွမ်ပရာဘွမ့်မြို့အထိ KIA တပ်တွေ ထိန်းချုပ်ထားပြီးတော့ တယန်ဇွပ်ကနေ မြစ်ကြီးနားမြို့နယ် တန်ဖရဲ ကျေးရွာအထိ စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် KIA တပ်တွေက မြစ်ကြီးနားမြို့နယ်ထဲမှာ ရှိနေသေးတဲ့ စစ်တပ်စခန်းတွေကို ထပ်မံသိမ်းပိုက်ဖို့ တိုက်ပွဲဖော်ဆောင်လိုက်သလို စစ်မျက်နှာပြင်က မြစ်ကြီးနားမြို့နယ်ဘက်ကို ဦးတည်လာနေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် KIA က မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်းတစ်ကြောလုံးကို ထိန်းချုပ်လိုက်ဖို့ ကြိုးစားလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ အလားတူစွာဘဲ စစ်ကောင်စီတပ်ဘက်က ကချင်ပြည်နယ်တစ်ပြည်နယ်လုံး အင်တာနက်ပြတ်တောက်နေချိန် မြစ်ကြီးနားမြို့ပြင် တယန်ဇွပ်ရွာသွားတဲ့လမ်းမပေါ်ရှိတဲ့ ၁၀ မိုင်ကျေးရွာနဲ့ ဂျော်ဘွမ်ဆုတောင်းတောင် အနီးတစ်ဝိုက်မှာ တပ်စွဲနေရာယူထားပြီး လမ်းသွားလမ်းလာပြည်သူတွေကို စစ်ရေးရေးတင်းကြပ်နေတာလည်းဖြစ်ပါတယ်။ လက်ရှိ ကချင်ပြည်နယ်ဟာ ဇူလိုင်လ၂၁ ရက်နေ့ကစပြီး ဖုန်းအင်တာနက်လိုင်းပြတ်တောက်နေချိန် မိုးမောက် ခမရ ၄၃၇ တပ်စခန်းကြီးနဲ့ ၊ဗန်းမော်မြို့အနီးတစ်ဝိုက်တိုက်ပွဲပြင်းထန်နေသလို ဩဂုတ်လ ၁ ရက်နေ့မှာတော့ မြစ်ကြီးနားမြို့နယ်အထက်ပိုင်းမှာလည်း တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Jul- 2024 -30 Julyသတင်း
စစ်တပ်ဖမ်းဆီးသွားတဲ့ KBC ဆရာ ၄ ဦးထဲကနေ ၂ ဦးလွတ်မြောက်၊ ၂ ဦးကျန်ရှိနေသေး
မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ထဲက ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မဆရာ ၄ ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး ၂ ဦးကိုတော့ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်တွေဆီကနေ သိရပါတယ်။ ဇူလိုင်လအတွင်းမှာ မြစ်ကြီးနား စီတာပူရပ်ကွက်က ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ရဲ့ သိက္ခာတော်ရ Rev. Jumzang Gyung Hkawng ၊ ဆရာ Mading Zung Kyang ၊ ဆရာ Sut Aung တို့ကို စစ်ကောင်စီတပ်တွေက ဇူလိုင်လ ၂၆ ရက်နေ့မှာ အကြောင်းမဲ့ ဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ ၃ ဦးထဲကနေ သိက္ခာတော်ရ Rev. Jumzang Gyung Hkawng ၊ ဆရာ Mading Zung Kyang တို့ ၂ ဦးကို ၂၇ ရက်နေ့မှာ ပြန်လည်လွတ်ပေးခဲ့ပေမယ့် ဆရာ Sut Aung ကိုတော့ ဒီနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီးသိရှိတဲ့ မြစ်ကြီးနား ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “ကျနော်တို့သိထားရသလောက်ဆိုရင် ဆရာဂျုံးခေါင်နဲ့ မဒိန်ဇုန်းကရန်း နှစ်ယောက်က လွတ်လာပြီ။ ဆရာဒဘန် ဆွတ်အောင်က မလွတ်လာသေးဘူးလို့ကြားတယ်”လို့ပြောပါတယ်။ လက်ရှိမှာ ဆရာ ၂ ဦးသာ လွတ်မြောက်လာပြီး လွတ်မြောက်ဖို့ ကျန်ရှိနေသေးတဲ့ ဆရာ ဆွတ်အောင်ကို စစ်တပ်က ဘယ်နေရာမှာ ဖမ်းဆီးထားတာကို မသိရသေးဘူးလို့ ဆိုပါတယ်။…
Read More » -
18 Julyသတင်း
ဘဏ်ငွေထုတ်ခွင့်ကန့်သတ်ချက်တွေကြောင့် Kpay, Wave Pay ကနေငွေသားထုတ်ယူမှု ရာခိုင်နှုန်းတွေမြင့်တက်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘဏ်ငွေထုတ်ခွင့်ကန့်သတ်ချက်တွေကြောင့် Kpay, Wave Pay ကနေ ငွေသားထုတ်ယူရာမှာ ရာခိုင်နှုန်းတွေမြင့်တက်နေတယ်လို့ ဒေသခံတွေနဲ့ကိုယ်စားလှယ်တွေဆီကသိရပါ တယ်။ မြစ်ကြီးနားမြို့နယ်ထဲမှာရှိတဲ့ ငွေလွှဲ၊ ငွေထုတ် ကိုယ်စားလှယ်ဆိုင်အများစုမှာ လက်တလောငွေထုတ်မယ် ဆိုရင် ၃ ရာခိုင်နှုန်းကနေ ၅…
Read More » -
17 Julyသတင်း
ရေဘေးကြောင့် နေအိမ် ၈၀ ကျော်ပျက်စီးသွားတဲ့ မြစ်ဆုံဒေသ ခန်းပူရွာပြည်သူတွေ ကူညီလိုအပ်နေ
မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသ ခန်းပူ(Hkang Pu)ကျေးရွာက နေအိမ် ၈၀ ဝန်းကျင်ရေဘေးသင့်ခဲ့တဲ့ ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေပါတယ်။ ဖုန်းအင်တာနက် ဆက်သွယ်ရေးလိုင်းခက်ခဲပြီး သွားလာရေးအခက်ကြောင့် အကူအညီတွေမရောက်ရှိနိုင်သေးတဲ့ နေရာတွေထဲမှာ ခန်းပူကျေးရွာလည်းတစ်ခုအပါအဝင်ဖြစ်ပြီး လက်ရှိမှာ ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့ပြည်သူတွေ အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ “အိမ်ပျက်စီးသွားတဲ့သူတွေလည်း ဘာမှမလုပ်ယူနိုင်သေးဘူး။ အိမ်ခြေ ၆ ခုက အစကနေ အိမ်ပြန်ဆောက်လုပ်ယူရတော့မယ်။ လောလောဆယ်ဖျားနာတာတွေလည်း အများပိုင်းဖြစ်နေတယ်။ ဆေးဝါးလည်းခက်ခဲတယ်။ ရေဘေးကြုံပြီး အခု ၂ ပတ်ကျော်ထိဆိုရင် ဆန်၊ဆီဆား ကူညီမှု ၂ ဖွဲ့တော့ရောက်တယ်။ ခန်းပူလိုင်းမမိတော့ ရေဘေးကြုံနေတဲ့အချိန်လည်းဘယ်သူနဲ့မှ ချိတ်ဆက်မှုမရဘူး။”လို့ ခန်းပူကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ မြစ်ဆုံဒေသ ဧရာ၀တီမြစ်ကမ်းဘေးရှိ ခန်းပူကျေးရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့အထဲ အိမ်ခြေ ၈၈ က ရေဘေးကြောင့် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ အဲဒီထဲမှာ အိမ်ခြေ ၆ ခုက နေအိမ်တစ်ခုလုံး ရေထဲမျှောပါသွားတာနဲ့ ပျက်စီးသွားတာတွေရှိတာကြောင့် လက်ရှိ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုအပ်နေတဲ့အပြင် ရေကြီးပြီးနောက် ကျန်းမာရေးထိခိုက်တဲ့သူတွေလည်းရှိနေပြီး ဆေးဝါးအခက်အခဲတွေလည်း အခက်ကြုံနေတယ်လို့ ပြောပါတယ်။ “လမ်းတံတားတွေလည်းပျက်စီးသွားပြီဖြစ်တာကြောင့် သွားလာရေးခက်ခဲတယ်။ မီးတိုင်တွေလည်း ကျိုးသွားလို့ မီးလည်းခက်တယ်။ အစားအသောက်နဲ့ ဆေးဝါးတွေ အရမ်းခက်နေတယ်။ အကူအညီတွေလည်း အပြင်ဘက်ကနေ သီးသန့်ဘယ်သူမှ မရောက်နိုင်ဘူး။ အခုက ပြန်လည်ထူထောင်ရေး အဓိက လိုအပ်နေတယ်။ ဒီရွာက ရွာပြင်ဖြစ်တာကြောင့် အားလုံးသိရှိနိုင်ဖို့ခက်တယ်။ ပြီးရင်ရောက်ရှိနိုင်ဖို့ခက်တာကြောင့် မရောက်ရှိသလောက်ဖြစ်နေတယ်။” လို့ သူမက ဆက်ပြောပါတယ်။ လက်ရှိ ရေဘေးအန္တရယ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့နေအိမ်တွေမှာ နေလို့မရတော့တဲ့သူတွေရှိသလို ၊ အိမ်အလုံးလိုက်မရှိတော့တဲ့သူတွေဟာ နီးစပ်ရာ အသိ၊ဆွေမျိုးတွေနဲ့ အဆောက်အဦးတွေမှာ ယာယီခိုလှုံနေကြသေးတယ်လို့ ပြောပါတယ်။ မြစ်ဆုံဒေသ မလိယန်ကျေးရွာနဲ့ ခန်းပူကျေးရွာဟာ ရေကြီးပြီး နေအိမ်တွေထိခိုက်ပျက်စီး၊ ဆုံးရှုံးမှုအဆိုးဆုံးကြုံတွေ့ရတဲ့ကျေးရွာတွေထဲက အပါအဝင်ဖြစ်ပါတယ်။ တစ်ဖက်မှာ မြစ်ဆုံအထက် ဆွမ်ပရာဘွမ်သွားလမ်းပေါ် တယန်ဇွပ်ကျေးရွာမှာလည်း လမ်းခရီးအခက်အခဲကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေမရောက်ရှိနိုင်သေးသလို ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့ အိမ်ခြေများစွာရှိနေတာဖြစ်ပါတယ်။ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့တွေထဲ ရေဘေးအန္တရယ်ကြောင့် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတွေ ရှိနေပေမဲ့ တစ်ဖက်မှာ လမ်းခရီးအခက်အခဲကြောင့် မရောက်ရှိနိုင်သေးတဲ့ ကျေးရွာတွေရှိနေသလို အင်တာနက်အခက်ခဲကြောင့် လူသိရှိသူနည်းပြီး ဒုက္ခရောက်နေသူတွေ များစွာရှိနေပါတယ်။ By – ဂျာဘောက်ရာ
Read More » -
15 Julyသတင်း
မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်းပျက်စီးနေတဲ့အတွက် ကုန်ကား ၈၀ ဝန်းကျင်ပိတ်မိနေ
မြစ်ကြီးနား – ပူတာအိုကားလမ်းပျက်စီးနေတဲ့အတွက် ကုန်တင်ကားအစီး ၈၀ ဝန်းကျင်ပိတ်မိနေဆဲဖြစ်ပြီး အချိန်တိုအတွင်းသွားလာနိုင်ဖို့ရန်အတွက် တာဝန်ရှိတဲ့ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရအနေနဲ့ အမြန်ဆုံးရှင်းလင်းဆောင်ရွက်ပေးဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။ ဇူလိုင်လဆန်းပိုင်းကနေ တစ်ပတ်လောက်အကြာ ကချင်ပြည်နယ်အထက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် မြစ်ကြီးနား– ဆွမ်ပရာဘွမ့်– ပူတာအိုအထိ ကားလမ်းပိုင်းမြေပြိုကျပျက်စီးမှုဟာ ပေ ၂၀၀ ဝန်းကျင်အထိရှည်လျားပြီး ပျက်စီးနေတာကြောင့် အတက်၊အဆင်း လုပ်နေတဲ့ ကုန်ကား ၈၀ ဝန်းကျင် ပိတ်မိနေတာ ခုဆိုရင်ရက်ပေါင်း ၂၀ လောက်ကြာမြင့်လာပြီလို့သိရပါတယ်။ လက်ရှိအများဆုံးမြေပြိုကျပျက်စီးသွားတဲ့နေရာတွေက မြစ်ကြီးနားမြို့နယ်ထဲက တယန်ဇွပ်ကျေးရွာကတ္တရာလမ်းတစ်ကြောနဲ့ ဆွမ်ပရာဘွမ့်နဲ့ ပူတာအိုမြို့နယ်ထိစပ်တဲ့ လမ်းနေရာတွေမှာဖြစ်တယ်လို့ သိရပြီး လမ်းပျက်စီးမှုအများဆုံးဖြစ်နေတဲ့နေရာတွေကို စစ်ကောင်စီတပ်နဲ့ KIO အစိုးရ နှစ်ဖက် ညှိနှိုင်းမှုတွေနဲ့အတူ လမ်းပြုပြင်ဆောင်ရွက်တာတွေလုပ်နေပြီလို့ ဆိုပါတယ်။ ဒါပေမယ့် ကုန်ကားတွေသွားလာနိုင်ဖို့ အချိန်ကြန့်ကြာနိုင်သေးတယ်လို့ တယန်ဇွပ်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “လမ်းတွေက စတင်လုပ်ဆောင်လာတာတွေရှိနေပါတယ်။ လူနဲ့ လုပ်တဲ့နေရာမှလုပ် စက်နဲ့ လုပ်တဲ့နေရာမှာလုပ်။ အခုက မြစ်ကြီးနားနဲ့ တယန်ဇွပ်ကြားမှာ စလုပ်နေပါပြီ။ အဓိကတော့ လူအရင်သွားနိုင်ဖို့၊ ကုန်ကားတွေက ဘယ်လိုလဲတော့မသိဘူး။ အခုသူတို့ လုပ်နေတာက နှစ်ပတ်အတွင်းမှာ တယန်နဲ့ မြစ်ကြီးနားကို သွားနိုင်ဖို့က လုပ်နေကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် မိုးက တိတ်လိုက် ပြန်ရွာလိုက်နဲ့ဆိုတော့ လုပ်တာ ထိရောက်ဖို့တော့ ကြိုးစားနေကြတာပဲ”လို့ပြောပါတယ်။ လက်ရှိ မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်း ပျက်စီးနေတဲ့နေရာတွေထဲက မြစ်ကြီးနားဘက်ခြမ်း တယန်ဇွပ်နေရာတွေကို စစ်ကောင်စီအဖွဲ့ လုပ်ဆောင်နေပြီး ဆွမ်ပရာဘွမ့်ဘက်ခြမ်းကို KIO အစိုးရအဖွဲ့တွေက တာဝန်ယူလုပ်ဆောင်နေတယ်လို့သိရပါတယ်။ မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်းတစ်ကြောမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့စကပြီး ကားလမ်းပိုင်းပျက်စီးသွားတာကြောင့် ဆွမ်ပရာဘွမ့်မြို့နယ်ထဲမှာရှိတဲ့ ပြည်သူတစ်ချို့က ကုန်းလမ်းပျက်စီးနေတဲ့အတွက် တယန်ဇွပ်အထိရေကြောင်းနဲ့ သွားလာပြီးတော့ မြစ်ကြီးနားဘက်ကို ကား၊ ဆိုင်ကယ်တွေနဲ့ ခက်ခက်ခဲခဲထွက်လာရတယ်လို့ သိရပြီး ကုန်ကားတွေကတော့ ဒီနေ့ထိပိတ်မိနေဆဲဖြစ်တယ်လို့ တယန်ဇွပ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “တယန်ကနေ ပူတာအိုအထိ ကားအစီးရေဘယ်လောက်ရှိလဲတော့ မသိဘူး။ ဒါပေမယ့် မြစ်ကြီးနား – ပူတာအို လမ်းတစ်ကြော အားလုံးဆိုရင် ၈၀ လောက်တော့တယ်လို့ သွားလာတဲ့ သူတွေက ပြောနေကြတယ်။ လူလောက်ပဲ သွားလာလို့ရပေမယ့် ကုန်ကားနဲ့ ကားသမားတွေက လုံးဝသွားလာလို့မရတဲ့ အခြေအနေမှာပါ။ အခုပိတ်မိနေတဲ့ ကားသားတွေကလည်း အဆင်းအတက်အကုန်ဖြစ်သွားတာပေါ့လေ”လို့ပြောပါတယ်။ ဒါကြောင့် လက်ရှိ ကားလမ်းပိုင်းပျက်စီးသွားတဲ့အတွက် မြစ်ကြီးနား – ဆွမ်ပရာဘွမ့်တစ်ကြောမှာရှိတဲ့ ပြည်သူတွေက စားသောက်ကုန်ပစ္စည်းတွေ သယ်ယူရခက်နေတဲ့အခြေအနေမှာ ကုန်ပစ္စည်းတွေလည်း ပြတ်လပ်လာတဲ့အတွက် အစားအသောက်တွေကို ချွေတာစားသောက်နေကြရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းအတွင်း မလိခမြစ်ရေကြီးရေလျှံဖြစ်တာကြောင့် မြစ်ကြီးနား – ဆွမ်ပရာဘွမ့် ကားလမ်းပိုင်းတစ်ကြောမှာရှိတဲ့ ဖုန်အိန်ယန်၊ အင်ဂျိပ့်၊ အင်ဆောပ့်၊ တယန်ဇွပ်၊ အင်ဒွပ့်ယန်၊ အင်ထန်းဇွပ် စတဲ့ ကျေးရွာတွေမှာ ကားလမ်းပိုင်းပျက်စီးတဲ့အပြင် ဒေသခံပြည်တွေက ရေဘေးအန္တရာယ်ကိုပါ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဆွမ်ပရာဘွမ့်နဲ့ ပူတာအိုလမ်းပိုင်း ရေကြီးရေလျှံဖြစ်ကြီး လမ်းပိုင်းပျက်စီးတာတွေ နှစ်စဉ်ကြုံတွေ့ရပေမယ့် ဒီနှစ်ရေဘေးအန္တရာယ်ဟာ အဆိုးရွားဆုံးဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ ခုလို ကချင်ပြည်နယ်အထက်ပိုင်းဒေသတွေဖြစ်တဲ့ ပူတာအို၊တနိုင်း၊ချိီဖွေ၊ဆော့်လော်နဲ့ကမ်းဖန့်တို့မှာ ဒီနှစ် ဇွန်လပိုင်းကစပြီး အနောက်တောင်မုတ်သုံလေဝင်ရောက်လာတာကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နေရာဒေသအနှံ့ လမ်း၊တံတားကျိုးပဲ့ပျက်စီးတာ၊ မြေပြိုကျတာတွေအပြင် စံချိန်တင်ရေကြီးရေလျှံမှုဖြစ်ခဲ့တာကြောင့် ပြည်သူတွေအဖက်ဖက်ကနေ ခက်ခဲနေကြတာဘဲဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
15 Julyသတင်း
ပူတာအိုမှာ ဆီကားတွေရောက်ပေမယ့် ဝယ်ယူဖို့ခက်ခဲနေဆဲ
ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဓါတ်ဆီကားတွေ ဝင်ရောက်လာပေမယ့် ဒေသခံတွေ ဆီဝယ်ယူဖို့ ခက်ခဲနေတယ်လို့သိရပါတယ်။ မြစ်ကြီးနား – ပူတာအို ကားလမ်း မြေပြိုမှု ဆိုးဆိုးဝါးဝါးမဖြစ်ခင် ဇွန်လ ၂၈ ရက်နေ့တက်လာတဲ့ ဆီကားတွေ ဇူလိုင် ၈ ရက်နေ့…
Read More » -
8 Julyသတင်း
မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်း မလိခမြစ်ချောင်းတစ်ကြောက လူနေအိမ် ၂၀၀ ခန့် ထိခိုက်ပျက်စီးသွား
မြစ်ကြီးနား – ဆွမ်ပရာဘွမ့် ကားလမ်းမကြီးပေါ် မလိခမြစ်ချောင်းတစ်ကြောမှာရှိတဲ့ ကျေးရွာတွေမှာ ဒီရက်ပိုင်း ရေကြီးရေလျှံဖြစ်ခဲ့တဲ့အတွက် လူနေအိမ် ၂၀၀ ကျော်ထက်မနည်းပျက်စီးဆုံးရှုံးသွားတာကြောင့် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ရေကြီးရေလျှံဖြစ်ပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားတဲ့ ကျေးရွာတွေကတော့ ဖုန်အိန်ယန်(Hpung Ing…
Read More » -
4 Julyသတင်း
မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်း မြေပြိုကျတဲ့နေရာများတဲ့အတွက် ပုံမှန်တိုင်းသွားလာနိုင်ဖို့လချီကျန့်ကြာနိုင်
မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်း နေရာ ၃ ခုမှာ ကားလမ်းပိုင်းမြေပြိုကျပျက်စီးနေတဲ့အတွက် ပုံမှန်အတိုင်းသွားလာနိုင်ဖို့ လချီကြာနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပူတာအိုမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကနေမိုးသည်းထန်ရွာသွန်းမှုကြောင့် မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ့် တက်တဲ့လမ်းပေါ်က တယန်ဇွပ်(Ta…
Read More » -
3 Julyသတင်း
မြစ်ကြီးနားမှာ စက်သုံးဆီဆိုင်ကြီးတွေပိတ်ထားပြီးနောက် ပုလင်းချိန်တွေ စျေးအဆမတန်တင်ရောင်းနေ
ရေဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ မြစ်ကြီးနားမြို့ပေါ်မှာ စက်သုံးဆီဆိုင်ကြီးတွေပိတ်သွားပြီး လမ်းဘေး ပုလင်းချိန်နဲ့ ရောင်းချသူတွေ စျေးအဆမတန်ရောင်းချပေးနေတာကြောင့် ပြည်သူတွေစက်သုံးဆီရရှိဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။ မြစ်ကြီးနား ပြည်သူတွေဟာ လက်ရှိမှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့ စက်သုံးဆီတွေအရေးပေါ်လိုအပ်နေတာဖြစ်ပေမယ့် မြစ်ကြီးနားမြို့ပေါ်မှာ ရောင်းချပေးနေတဲ့ ဆီဆိုင်ကြီးတွေအားလုံးနီးပါးပိတ်ထားတယ်လို့သိရပြီး လမ်းဘေးပုလင်းချိန်နဲ့သာရရှိနေတယ်လို့ မြစ်ကြီးနားပြည်သူတွေကပြောပါတယ်။ “ကျနော်တို့ သိရသလောက် ဆိုင်ကြီးတွေမှာ ဓါတ်ဆီက လုံးဝမရောင်းပေးတော့ဘူး။ အခုက လမ်းဘေးဆိုင်တွေမှာ ဘယ်လိုရလာလဲတော့မသိဘူး။ တစ်လီတာပြည့်မပြည့် ရှိတဲ့ တစ်ပုလင်းကို မနေ့ကအထိတော့ တစ်သောင်းလောက်နဲ့ ရသေးတာ။ ဒီကနေ့ ဆိုင်ရင် တစ်သောင်းခွဲ ၊ နှစ်သောင်းလောက်ရှိနေပြီ။ အဲလိုဆိုတော့ ကျနော်တို့ ပြည်သူတွေက တော်ခက်ခဲနေတဲ့ အချိန်ဖြစ်နေပါတယ်။ သွားဖို့လာဖို့တောင်အရမ်းခက်ခဲသွားပြီ။ အခုဆိုရင် မီးလည်းမလားဘူး။ ရေလည်းကျလာပြီဆိုတော့ ပြည်သူတွေက ဘာပဲဖြစ်ဖြစ် စက်သုံးဆီက အရမ်းကို လိုအပ်နေတဲ့ အချိန်အပေါ့လေ”လို့ပြောပါတယ်။ မြစ်ကြီးနားမြို့မှာ ဇွန်လ ၃၀ ရက်နေ့ကစပြီး ဧရာဝတီမြစ်ရေဟာတစ်မြို့လုံးနီးပါးဝင်ရောက်ခဲ့ပေမယ့် ဇူလိုင် ၂ ရက်နေ့စပြီး တစ်ချို့ရပ်ကွက်တွေမှာ ရေတွေပြန်ကျသွားပြီဖြစ်ပါတယ်။ ခုလိုရေတွေပြန်ကျသွားတဲ့နောက် ပြည်သူတွေဟာသယ်ယူပို့ဆောင်ရေးအတွက်နဲ့ လူနေရပ်ကွက်တွေမှာ ကျန်ရှိနေသေးတဲ့ ရွံ့နွံတွေကို စက်နဲ့စုပ်ထုတ်တာ၊ ရေတွင်းထဲမှာကျန်ရှိနေတဲ့ ရေပုပ်တွေကို စုပ်ထုတ်ဖို့တာတွေလုပ်ဖို့လိုအပ်နေပေမယ့် စက်သုံးဆီတွေပြတ်နေတဲ့အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။ လက်ရှိ စက်သုံးဆီတွေရရှိနေသေးတဲ့ နေရာတွေမှာလည်း တစ်လီတာကို ၂ သောင်းဝန်းကျင်နဲ့ တစ်ဂါလံကို ၈ သောင်းခန့်အထိ စျေးတင်ရောင်းချနေတာကြောင့် ပြည်သူအပိုင်းဝယ်ယူဖို့ခက်ခဲနေတာလည်းဖြစ်ပါတယ်။ မြစ်ကြီးနားမြို့မှာ စက်သုံးဆီတွေပြတ်လပ်နေတာနဲ့ ပတ်သက်ပြီး ရေကြီးရေလျှံဖြစ်တဲ့နောက်ပိုင်း ဆီဆိုင်ကြီးတွေစက်သုံးဆီရောင်းချပေးတာကို ရပ်တန့်လိုက်ပြီး လမ်းဘေးဆိုင်ရောင်းချတဲ့ သူတွေကို စျေးနှုန်းမြင့်တင် ရောင်းချပေးတာကြောင့် အခုလို ဆီစျေးတွေအဆမတန်ထိုးတက်နေတာဖြစ်တယ်လို့ နောက်ထပ် မြစ်ကြီးနား ပြည်သူတစ်ဦးက ဆက်ပြောပါတယ်။ “ရေတွေပြန်ကျလာတဲ့အခါမှာ ပြည်သူတွေက ပြန်လည်ထူထောင်ရေးအတွက် စက်သုံးဆီတွေ အရမ်းလိုအပ်နေတဲ့ အချိန်လို့ပြောလို့ရမယ်။ ဒါပေမယ့် စက်သုံးဆီရောင်းတဲ့ ဆိုင်တွေက အကုန်မရောင်ပေးဘူး။ အဲဒါကြောင့် စျေးနှုန်းလည်းအရမ်းမြင့်သွားတယ်။ တစ်ချို့ဆိုင်မှာက ဒီဇင်တွေက ရသေးတယ်။ ဓါတ်ဆီဆိုရင် ရောင်းကို မရောင်းပေးတော့ဘူး။ တစ်ချို့ဆီဆိုင်တွေက ရေမြုပ်သွားတယ်လို့ ဆိုတာနားလည်တယ်။ တစ်ချို့ဆိုင်တွေက ရှိနေရဲ့သားနဲ့ မရောင်းပေးဘူး။ တစ်ဆင့်ခံစျေးနဲ့ ပြန်ရောင်းတဲ့ သူတွေကိုပဲ ရောင်းပေးနေတယ်။ အဲလိုဆိုရင်တော့ တစ်ပေပါကို သိန်း ၂၀ လောက်ပေါက်သွားတယ်”လို့ပြောပါတယ်။ အခုလို စက်သုံးဆီတွေ ပြတ်လပ်သွားတာကြောင့် ပြည်သူတွေအရေးတကြီးလိုအပ်နေတဲ့ သောက်သုံးရေရရှိဖို့ရေတွင်းနေရာတွေကို အမြန်ရှင်းလင်းဖို့လိုအပ်သလို ရေဝင်ထားတဲ့ နေအိမ်၊ ဂိုဒေါင်တွေကိုလည်း ရှင်းလင်းရေးမလုပ်ဆောင်နိုင်တဲ့ အခြေအနေကြုံတွေ့နေရတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် ရေပြည့်နေသေးတဲ့ရပ်ကွက်တစ်ချို့မှာ အရပ်သားတွေလည်းပိတ်မိတ်နေဆဲဖြစ်ပြီး လူမူကူညီရေးအဖွဲ့တွေအနေနဲ့ သွားရောက်ကယ်ထုတ်ချင်ပေမယ့် စက်သုံးဆီမရရှိတဲ့အတွက် မကယ်နိုင်ဘဲ အစားအသောက်သာသွားရောက်ဝေပေးနေတာတွေရှိတယ်လို့ သိရပါတယ်။ “ခုရေကျသွားလည်း တစ်ချို့နေရာမှာက ရေကျန်နေသေးတယ် သွားကယ်ဖို့ကလည်းလှေရရင် ဆီကမရဘူး အဲဒါကြောင့် ကျနော်တို့က အစားသောက်ဘဲလိုက်ဝယ်နေတော့တယ် ရေကလည်းကျနေပြီဆိုတော့လေ”လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ လူမူကူညီရေးအဖွဲ့တစ်ဖွဲ့က တာဝန်ရှိသူတစ်ဦး ခုလိုပြောပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့ ရေဝပ်နေသေးတဲ့ရပ်ကွက်တွေဟာ ဧရာဝတီမြစ်နဲ့အနီးမှာရှိတဲ့ ရပ်ကွက်တွေဖြစ်တဲ့ စီတာပူ၊ မန်ခိန်၊ မြို့သစ်ကြီး၊ ကြက်ပေါင်ခြံ စတဲ့မြေနိမ့်ပိုင်းနေရာတွေမှာ ရေပြည့်နေဆဲဖြစ်ပြီး ပြည်သူအများပိုင်းက ရေဘေးဒဏ်ကို ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ ဇွန်လ ၂၉ ရက်ကနေ စတင်ပြီး ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အသီးသီးမှာ ရေကြီးရေလျှံဖြစ်ပေါ်နေပြီး မြစ်ကြီးနားမှာက ပြည်သူသောင်းနဲ့ချီ ရေဘေးအန္တရာယ်ကို ကြုံတွေနေရတာဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၁၂၀၀ စင်တီမီတာသာရှိပေမယ့် ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ် မြစ်ရေအမှတ်ဟာ ၁၄၀၈ စင်တီမီတာရှိခဲ့ပြီး ဒီနှစ် ၂၀၂၄ ခုနှစ်မှာ စိုးရိမ်ရေအမှတ် ၁၄၀၄ စင်တီမီတာအထိရောက်ရှိခဲ့တာဖြစ်ပါတယ်။ By…
Read More » -
2 Julyသတင်း
မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေကျနေပြီဖြစ်လို့ အောက်ဘက်ပိုင်းကမြို့တွေ ကြိုတင်ပြောင်းရွှေ့တာတွေ လုပ်ဖို့ မိုး/ဇလ အသိပေး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေတစ်နာရီကို ၄ လက်မနှုန်းနဲ့ကျနေပြီဖြစ်လို့ ဧရာဝတီမြစ်အောက်ဘက်ပိုင်းမြို့တွေက ဒေသခံတွေကြိုတင်ပြင်ဆင်မှုတွေလုပ်ကြဖို့ ကချင်ပြည်နယ် မိုး/ဇလ ဦးစီး အရာရှိကအသိပေးထားပါတယ်။ ဧရာဝတီမြစ်ရေဟာ မနေ့က ည ၉ နာရီခွဲအထိကို စိုးရိမ်ရေအမှတ် ၆ ပေခွဲအထိရှိခဲ့တာဖြစ်ပြီးတော့ ဒီကနေ့ မနက် ၇ နာရီ စိုးရိမ်ရေအမှတ် လေးပေခွဲဝန်းကျင်အထိဆက်ရှိနေပြီး တစ်နာရီကို ၄ လက်မနှုန်းနဲ့ မြစ်ရေပြန် ကျနေတယ်လို့ မိုး/ဇလ ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေဆက်ကျလာတာနဲ့အတူ အောက်ဘက်ပိုင်းက မြို့တွေဖြစ်တဲ့ ထီးချိုင့်၊ ကသာ၊ ရွှေကူ၊ ဗန်းမော်၊ တကောင်း ၊ မန္တလေးနဲ့ စစ်ကိုင်း စတဲ့မြို့တွေက ဒေသခံတွေ ကြိုတင်ပြင်ဆင်တာ တွေလုပ်ကြဖို့ မိုး/ဇလက အသိပေးထားပါတယ်။ ဒါ့ကြောင့် ကသာဒေသခံတစ်ယောက်ကို KNG က ဆက်သွယ်မေးမြန်းတဲ့အခါ မြစ်ရေအရှိန်နဲ့တက်လာနေပြီး မြေနိမ့်ပိုင်းရပ်ကွက်ကဒေသခံတွေတော့ ရွှေ့ပြောင်းနေကြပြီလို့ အခုလိုပြောပါတယ်။ “ရေကတော့ အရှိန်တော့နည်းနည်းပါလာခဲ့ပြီ။ မြစ်ကြီးနားကျမယ်ဆိုရင်တော့ ကျနော်တို့ စိုးရိမ်ရေ အမှတ် တော့ရောက်နိုင်မယ့်အနေအထားအများကြီးရှိတယ်။ အခြေနေလောလောဆယ်တော့ အောက်ဘက် ပိုင်းက ဒေသခံတွေ ရွှေ့ပြောင်းနေတာမျိုးတော့ရှိလာပြီ“လို့ပြောပါတယ်။ တစ်ဖက်မှာ နှစ်ရက်တာ ရေဘေးအန္တရာယ်ကြုံခဲ့ရတဲ့ မြစ်ကြီးနားမြို့မှာတော့ ကူညီကယ်ဆယ်ရေးတွေ ဆက်တိုက်လုပ်ဆောင်နေရသလို ရေကြီးခဲ့တဲ့ရပ်ကွက်တွေမှာ အင်တာနက်၊ ဖုန်းလိုင်းမရတဲ့အပြင် မီးကတော့ မြစ်ကြီးနားမြို့တစ်မြို့လုံးပြတ်တောက်နေတယ်လို့ လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့မှာ မိုးလည်းဆက်ရွာနေသလို ရပ်ကွက်တစ်ချို့တွေမှာတော့ ရေတွေဆက်ဝပ်နေပြီး မြစ်ကြီးနားမြို့အခြေနေနဲ့ပတ်သက်လို့ ဒေသခံတစ်ယောက်က အခုလိုဆက်ပြောပါတယ်။ “မြို့ထဲသွားကြည့်ရသလောက်ကတော့ စီတာပူမနောကွင်းဘက်က မနေ့က ရေတွေအရမ်းကြီးထားတော့ ဒီနေ့လည်းသွားလို့မရဘူးထင်လို့ တပ်ကုန်းလမ်းမကြီးတစ်လျှောက်ပဲလာခဲ့လိုက်တယ်။အဲ့ကနေလာရင်းနဲ့ လမ်းမှာ ဂေါက်ကွင်းရဲစခန်းရှေ့ကရယ် အထက ၂ အဲ့နားတွေကတော့ ဒူးကျော်ကျော်လောက်ရေရှိသေး တယ်။ ကျနော်သွားတဲ့ လမ်းတစ်လျှောက်တော့ အပျက်အစီးတွေမတွေ့ရသလောက်ပဲ။သစ်ပင်လဲတာတို့ တော့ရှိတယ်။ အခုတော့မိုးကရွာနေတယ်။ အရမ်းတော့မရွာဘူး” လို့ပြောပါတယ်။ တစ်ဖက်မှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဘက်မှာလည်း မိုးအဆက်မပြတ်ရွာသွန်းနေတဲ့အတွက် ဥရု ချောင်းရေမြင့်တက်လာပြီးတော့ မနေ့က နေ့လည် ၁နာရီလောက်ကစလို့ ရပ်ကွက်တစ်ချို့ ရေကြီး ရေလျှံ မှုတွေဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်က ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၄၀၇ cm ၊ ၁၉၉၇ ခုနှစ်တုန်း က စိုးရိမ်ရေအမှတ် ၁၄၁၁ cm အထိ မြစ်ရေမြင့်တက်ခဲ့ဖူးပြီး ဒီနှစ် ၂၀၂၄ ခုနှစ်မှာတော့ ဧရာဝတီမြစ်ရေက စိုးရိမ်ရေအမှတ် ၁၄၀၄ cm အထိ တက်ခဲ့တာဖြစ်ပါတယ်။ By – အမိုး
Read More »









