ရေဘေးသင့်

  • Jul- 2025 -
    30 July
    သတင်း

    ရွာလုံးကျွတ် ရေထဲမျောပါသွားတဲ့ ထလာထုရွာပြည်သူများအတွက် အကူအညီလိုအပ်နေ

    ကချင်ပြည်နယ် ၊ပူတာအိုခရိုင် နောင်မွန်မြို့နယ်ထဲက ရေဘေးသင့်ခဲ့တဲ့ ထလာထုကျေးရွာနေပြည်သူတွေဟာ နောင်မွန်မြို့ပေါ်ကို ရွှေ့ပြောင်းလာကြပြီး အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ အိမ်ခြေ ၁၄ အိမ်ရှိတဲ့ ထလာထု ကျေးရွာမှာ ဇွန်လ ပထမပတ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြေအားလုံး ရေစီးထဲမျောပါသွားခဲ့တာဖြစ်ပြီး အဲ့ဒီရေဘေးသင့်ပြည်သူတွေဟာလက်ရှိနောင်မွန်မြို့ပေါ်ကိုပြောင်းရွေ့နေထိုင်လာကြတာကြောင့် အကူအညီတွေလိုအပ်နေတာလို့…

    Read More »
  • Jun- 2025 -
    13 June
    သတင်း

    ရေဘေးသင့် ချီဖွေစစ်ရှောင်တွေကို နေရပ်ပြန်နိုင်ရေး ဦးစားပေးဆောင်ရွက်ပေးမယ်လို့ ချီဖွေအုပ်ချုပ်ရေးအဖွဲ့ပြော

    ကချင်ပြည်နယ်၊ ချီဖွေမြို့တွင်း ရေဘေးသင့်ခဲ့တဲ့ စစ်ဘေးရှောင်ပြည်သူတွေကို မိမိနေရပ်ပြန်လည်နေထိုင်နိုင်ရေး ဦးစားပေးဆောင်ရွက်ပေးသွားမယ်လို့ ချီဖွေမြို့ KIO အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကစပြီး ဇွန်လ ၂ ရက်နေ့အထိ ချီဖွေမြို့မှာ မေခမြစ်ရေကြီးရေလျှံမှုကြောင့် မြစ်ကမ်းဘေးတစ်လျှောက်ရှိ နေအိမ်တွေနဲ့စစ်ရှောင်စခန်းအားလုံးနီးပါး ရေထဲမျှောပါသွားတဲ့အတွက် စစ်ရှောင်အိမ်ခြေ ၁၇၁ အိမ်နဲ့လူဦးရေစုစုပေါင်း ၈၁၈ ဦးရှိရေဘေးသင့်ခဲ့တယ်လို့ သိရပြီး ဒီစစ်ရှောင်အားလုံးကို နေရပ်ပြန်လည်နေထိုင်နိုင်ရေး အဓိကလုပ်ဆောင်သွားမယ်လို့  ချီဖွေမြို့ KIO တာဝန်ရှိသူတစ်ဦး KNG ကို ပြောပါတယ်။ “နေစရာနဲ့ပတ်သက်ရင်တော့ ဒီဘက်မှာတော့ ဘာပဲဖြစ်ဖြစ် စစ်ရှောင်ဆိုပေမဲ့ အခြားစစ်နဲ့ပတ်သက်တာစိုးရိမ်စရာတွေမရှိတော့တာကြောင့် နဂိုမူလ မိမိနေရပ်ကျေးရွာကို ပြန်လို့ရတဲ့သူတွေများတာကြောင့်အဲဒီဘက်ကိုပဲ အားစိုက်ထောက်ပံ့ပေးသွားဖို့ ပြင်ဆင်ထားတယ်။ ဒီမိုးတွင်းတော့မဟုတ်ဘူး။မိုးတွင်းကုန် သွားလာရေးအဆင်ပြေလာပြီဆိုရင်တော့ မိမိမူလနေရပ်ကို ပြန်သွားကြဖို့ အဓိကအစီအစဉ်ဆွဲနေပါတယ်”လို့ ပြောပါတယ်။ လက်ရှိမှာ ရေဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာကို ချီဖွေမြို့သက်ဆိုင်ရာ KIO ကော်မတီအဖွဲ့က ထောက်ပံ့ပေးနေတယ်လို့သိရပြီး ရေဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေအားလုံးက ချီဖွေမြို့ရှိ အသင်းတော်ဘုရားကျောင်းဝင်းတွေနဲ့ ဆွေမျိုးအသိအိမ်တွေမှာ ခိုလှုံနေကြရတယ်လို့ သိရပြီး KBC စစ်ဘေးရှောင်စခန်းနဲ့ လော်ဝေါ်နှစ်ခြင်း စစ်ရှောင်စခန်းထဲက စစ်ဘေးရှောင်ပြည်သူတွေအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ လတ်တလော ဒီရေဘေးသင့်ပြည်သူတွေကို ချီဖွေမြို့သက်ဆိုင်ရာ KIO အစိုးရက အရင်ဦးဆုံး တစ်ပတ်စာ စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ပြီး လက်ရှိမှာတော့ နေရပ်မပြန်သေးခင်ကာလမှာနေဖို့ စစ်ရှောင်တွေအတွက်ယာယီနေရာချထားရေးအတွက် ပြင်ဆင်သွားဖို့ရှိတယ်လို့ပြောပါတယ်။ ဒီနှစ်ရဲ့မေခမြစ်ရေမြင့်တက်မှုဟာ ယခင်နှစ်ထက် စံချိန်တင်မြင့်တက်ခဲ့တာကြောင့် စစ်ရှောင်စခန်းအားလုံးရေထဲမျောပါသွားတဲ့အတွက် စစ်ရှောင်တွေဟာ အခြေခံစားသောက် ကုန်နဲ့အသုံးအဆောင်၊အဝတ်အထည်တွေလည်း အားလုံးဆုံးရှုံးခဲ့ကြရတာလို့ဆိုပါတယ်။ ဒါကြောင့်…

    Read More »
  • 3 June
    သတင်း

    လမ်းပိုင်းမြေပြိုမှုကြောင့် ရေဘေးသင့်ချီဖွေဒေသမှာကုန်စည်ပြတ်လပ်နိုင်

    ကချင်ပြည်နယ်အထက်ပိုင်း မေခမြစ်ရှိရာဒေသတစ်ဝှိုက် မိုးသည်းထန်စွာရွာသွန်းနေလို့ ချီဖွေ–ဝိုင်းမော် လမ်းပိုင်းမြေပြိုမှု တွေဖြစ်နေပြီး ရေဘေးဒဏ်ကြုံထားရတဲ့ချီဖွေဒေသခံတွေ ကုန်ပစ္စည်းပြတ်လပ်မှာကိုစိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကစလို့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ လန်ဆယ် ဒေသတို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် စစ်ရှောင်စခန်း၊ ဒေသခံတွေနေအိမ်တစ်ချို့အပါအဝင်…

    Read More »
  • Jul- 2024 -
    17 July
    သတင်း

    ရေဘေးကြောင့် နေအိမ် ၈၀ ကျော်ပျက်စီးသွားတဲ့ မြစ်ဆုံဒေသ ခန်းပူရွာပြည်သူတွေ ကူညီလိုအပ်နေ

    မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသ ခန်းပူ(Hkang Pu)ကျေးရွာက နေအိမ် ၈၀ ဝန်းကျင်ရေဘေးသင့်ခဲ့တဲ့ ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေပါတယ်။ ဖုန်းအင်တာနက် ဆက်သွယ်ရေးလိုင်းခက်ခဲပြီး သွားလာရေးအခက်ကြောင့် အကူအညီတွေမရောက်ရှိနိုင်သေးတဲ့ နေရာတွေထဲမှာ ခန်းပူကျေးရွာလည်းတစ်ခုအပါအဝင်ဖြစ်ပြီး လက်ရှိမှာ ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့ပြည်သူတွေ အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ “အိမ်ပျက်စီးသွားတဲ့သူတွေလည်း ဘာမှမလုပ်ယူနိုင်သေးဘူး။ အိမ်ခြေ ၆ ခုက အစကနေ အိမ်ပြန်ဆောက်လုပ်ယူရတော့မယ်။ လောလောဆယ်ဖျားနာတာတွေလည်း အများပိုင်းဖြစ်နေတယ်။ ဆေးဝါးလည်းခက်ခဲတယ်။ ရေဘေးကြုံပြီး အခု ၂ ပတ်ကျော်ထိဆိုရင် ဆန်၊ဆီဆား ကူညီမှု ၂ ဖွဲ့တော့ရောက်တယ်။ ခန်းပူလိုင်းမမိတော့ ရေဘေးကြုံနေတဲ့အချိန်လည်းဘယ်သူနဲ့မှ ချိတ်ဆက်မှုမရဘူး။”လို့ ခန်းပူကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။  မြစ်ဆုံဒေသ ဧရာ၀တီမြစ်ကမ်းဘေးရှိ ခန်းပူကျေးရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့အထဲ အိမ်ခြေ ၈၈ က ရေဘေးကြောင့် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ အဲဒီထဲမှာ အိမ်ခြေ ၆ ခုက နေအိမ်တစ်ခုလုံး ရေထဲမျှောပါသွားတာနဲ့ ပျက်စီးသွားတာတွေရှိတာကြောင့် လက်ရှိ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုအပ်နေတဲ့အပြင် ရေကြီးပြီးနောက် ကျန်းမာရေးထိခိုက်တဲ့သူတွေလည်းရှိနေပြီး ဆေးဝါးအခက်အခဲတွေလည်း အခက်ကြုံနေတယ်လို့ ပြောပါတယ်။ “လမ်းတံတားတွေလည်းပျက်စီးသွားပြီဖြစ်တာကြောင့် သွားလာရေးခက်ခဲတယ်။ မီးတိုင်တွေလည်း ကျိုးသွားလို့ မီးလည်းခက်တယ်။ အစားအသောက်နဲ့ ဆေးဝါးတွေ အရမ်းခက်နေတယ်။ အကူအညီတွေလည်း အပြင်ဘက်ကနေ သီးသန့်ဘယ်သူမှ မရောက်နိုင်ဘူး။ အခုက ပြန်လည်ထူထောင်ရေး အဓိက လိုအပ်နေတယ်။ ဒီရွာက ရွာပြင်ဖြစ်တာကြောင့် အားလုံးသိရှိနိုင်ဖို့ခက်တယ်။ ပြီးရင်ရောက်ရှိနိုင်ဖို့ခက်တာကြောင့် မရောက်ရှိသလောက်ဖြစ်နေတယ်။” လို့ သူမက ဆက်ပြောပါတယ်။ လက်ရှိ ရေဘေးအန္တရယ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့နေအိမ်တွေမှာ နေလို့မရတော့တဲ့သူတွေရှိသလို ၊ အိမ်အလုံးလိုက်မရှိတော့တဲ့သူတွေဟာ နီးစပ်ရာ အသိ၊ဆွေမျိုးတွေနဲ့ အဆောက်အဦးတွေမှာ ယာယီခိုလှုံနေကြသေးတယ်လို့ ပြောပါတယ်။ မြစ်ဆုံဒေသ မလိယန်ကျေးရွာနဲ့ ခန်းပူကျေးရွာဟာ ရေကြီးပြီး နေအိမ်တွေထိခိုက်ပျက်စီး၊ ဆုံးရှုံးမှုအဆိုးဆုံးကြုံတွေ့ရတဲ့ကျေးရွာတွေထဲက အပါအဝင်ဖြစ်ပါတယ်။ တစ်ဖက်မှာ မြစ်ဆုံအထက် ဆွမ်ပရာဘွမ်သွားလမ်းပေါ် တယန်ဇွပ်ကျေးရွာမှာလည်း လမ်းခရီးအခက်အခဲကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေမရောက်ရှိနိုင်သေးသလို ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့ အိမ်ခြေများစွာရှိနေတာဖြစ်ပါတယ်။ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့တွေထဲ ရေဘေးအန္တရယ်ကြောင့် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတွေ ရှိနေပေမဲ့ တစ်ဖက်မှာ လမ်းခရီးအခက်အခဲကြောင့် မရောက်ရှိနိုင်သေးတဲ့ ကျေးရွာတွေရှိနေသလို  အင်တာနက်အခက်ခဲကြောင့် လူသိရှိသူနည်းပြီး ဒုက္ခရောက်နေသူတွေ များစွာရှိနေပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 12 July
    သတင်း

    ရေဘေးသင့်ခဲ့တဲ့ ဝိုင်းမော်မှာ နေအိမ်ပျက်စီးမှုတွေများပြားခဲ့ပြီး ပြန်လည်ထူထောင်ရေးကို ကိုယ်ထူကိုယ်ထပဲလုပ်ဆောင်နေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ရေဘေးသင့်ခဲ့တဲ့ကျေးရွာတစ်ချို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းလုပ်ဆောင်ရာမှာ ကိုယ်ထူကိုယ်ထပဲလုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေနဲ့လူမှုကူညီရေးအသင်းတွေ ကပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကနေစပြီး ဧရာဝတီမြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ဝိုင်းမော်မြို့နယ်ထဲက မြေနိမ့်ပိုင်းရပ်ကွက်တွေနဲ့ အမြင့်ပိုင်းကျတဲ့ရပ်ကွက်တစ်ချို့ပါရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး နေအိမ်၊အိမ်သာအများအပြား ထိခိုက်ပျက်စီးသွားတာဖြစ်ပါတယ်။ “ဝိုင်းမော်မြို့ထဲမှာဆိုရင်တော့ ရပ်ကွက်၅အထိရှိတယ်။ ဝိုင်းမော်မြို့ထဲကရေဘေးသင့်ပေမဲ့ အဲ့လောက်ထိ အခက်အခဲမရှိဘူး။ အဓိကကတော့ခတ်ချိုရွာပဲ ရွာသူရွာသားတွေတော်တော်လေးဒုက္ခရောက်ကြတယ်။ အိမ်သာတွေအားလုံးမျှောပါသွားတာတွေရှိတယ်။ အိမ်ခြံစည်းရိုးတွေရောပေါ့။ အခုက သန့်ရှင်းရေးလုပ် တာတွေလည်းခက်ခဲနေကြတယ်။” လို့ဝိုင်းမော်မြို့နယ်ထဲက လူမှုကူညီရေးအသင်းတစ်ဖွဲ့ကတာဝန်ရှိသူ တစ်ယောက်ကပြောပါတယ်။ အထူးသဖြင့်တော့ ဝိုင်းမော်မြို့နယ်မြစ်ကမ်းဘေးကရွာတွေရပ်ကွက်တွေရေဘေးသင့်ခဲ့ရပြီး ခတ်ချိုရပ်ကွက် နဲ့ နောင်တာလောကျေးရွာတို့မှာ နေအိမ်၊အဆောက်အဦးတစ်ချို့ပျက်စီးမှု နဲ့ မျှောပါသွားတာတွေပါရှိခဲ့တယ် လို့ နောက်ထပ် ဝိုင်းမော်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ “နေအိမ်တွေပါသွားတာကတော့ နောင်တာလောဘက်ပဲ ပြီးတော့ ခတ်ချိုဘက်ကပျက်စီးဆုံးရှုံးမှုတွေ များတယ်။ ရေဘေးကိုအဓိကကြုံတာက ခတ်ချိုပဲ ဘာလို့လဲဆိုတော့ရေလမ်းကြောင်းနဲ့ကွက်တိဖြစ်နေလို့ ထူထောင်ရေး တွေလည်းအခုမှကြိုးစားကြတုန်းပေါ့ ခတ်ချိုဘက်ဆို ကားအသေးနဲ့ဆိုမနည်းရုန်းရတယ်။ အခုကတော့ကိုယ်ထူကိုယ်ထနဲ့ပဲ သောက်ရေတို့ဘာတို့နဲ့ထမင်းထုပ်တွေတော့လာကူကြပါတယ်”လို့ပြောပါတယ်။ ဝိုင်းမော်မြို့ပေါ်ကရပ်ကွက်တစ်ချို့နဲ့ ကျေးရွာတစ်ချို့ကတော့ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပေမဲ့ ပျက်စီး ဆုံးရှုံးမှုကြီးကြီးမားမားမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ရေတက်တဲ့ကာလအတွင်းမှာ ဒေသခံတွေဟာ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေလည်းမရှိတဲ့အတွက် အကူအညီတစ်စုံတစ်ရာမရကြသလို တစ်ချို့ဒေသခံတွေဆိုရင်ရေမကျမချင်းအိမ်ခေါင်မိုးပေါ်မှာပဲ နေထိုင်ခဲ့ရသူတွေပါရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ရေကျပြီးတဲ့ကာလမှာလည်း ပြန်လည်ထူထောင်ရေးအတွက်အကူညီများစွာလိုအပ်နေပြီး ရေကြီးပြီးခံစားရတဲ့ ကျန်းမာရေးပြဿနာကိုလည်း ဒေသခံတွေရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အခုလောလောဆယ်တော့ ကျန်းမာရေးပဲပြန်ဖောက်နေကြတယ်။ ရေကြီးပြီးနောက်ပိုင်း ဝမ်းလျှော ဝမ်းပျက်ပြဿနာကတော့ဖြစ်နေကျပဲလေ။ အိမ်သာတွေဆိုလည်း ပြန်လုပ်ရမယ်။ တော်တော်များများ ဖြစ်ကြတယ် ကျန်းမာရေးပြဿနာက “လို့ပြောပါတယ်။ ဝိုင်းမော်မြို့နယ်ဟာ ရေဘေးသင့်ဒဏ်ကြောင့်ဆုံးရှုံးမှုကြီးခဲ့တဲ့ မြစ်ကြီးနားမြို့တစ်ဖက်ကမ်းမှာပဲတည်ရှိ တာဖြစ်ပြီး မြစ်ကြီးနားမြို့လိုပဲ ရေဘေးသင့်ဒဏ်ကြောင့်ဆုံးရှုံးမှုကြီးမားခဲ့ပါတယ်။ ဒါပေမဲ့ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းအခက်အခဲတွေကြောင့်အကူညီတွေမရပဲ ဆုံးရှုံးမှုမှန်သမျှကို ကိုယ်ထူ ကိုယ်ထပဲလုပ်ဆောင်နေကြရတာလို့ ဒေသခံတွေနဲ့လူမှုကူညီရေးအသင်းအဖွဲ့တွေကဆိုကြပါတယ်။ ဝိုင်းမော်မြို့နယ်ဟာ ပြီးခဲ့တဲ့ မတ်လကနေ ရေမကြီးခင်ကာလတွေအထိ စစ်ပွဲကြောင့်ဒေသခံတွေ ကြောက် လန့်နေခဲ့ကြရသလို တစ်ချို့ဘေးလွှတ်ရာတွေပါထွက်ပြေးခဲ့ကြရပြီး ရေဘေးဒဏ်ပါထပ်ပြီးကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 4 July
    အင်တာဗျူး

    ဧရာဝတီ မြစ်ရေစံချိန်ကျော်မြင့်တက်ခဲ့တဲ့ မြစ်ကြီးနားမြို့ အခြေအနေ မေးမြန်းချက်

    မြစ်ကြီးနားမြို့မှာ ဇွန်လ ၃၀ ရက်နေ့ကစပြီးဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာထက် ၆ ပေကျော်မြင့်တက်ခဲ့ပြီး တစ်မြို့လုံးနီးပါးရေဘေးဒဏ်ကြုံခဲ့ပါတယ်။ 

    Read More »
  • Jun- 2024 -
    5 June
    သတင်း

    မျောမောပါရွာက ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်ကူညီထောက်ပံ့မှုလိုအပ်နေ

    ချီဖွေမြို့နယ် မျောမောပါကျေးရွာအထက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြီးရေလျှံမှုကြောင့် တိမ်းရှောင်နေရတဲ့ဒေသခံပြည်သူအယောက် ၂၀၀ ကျော်အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ မနက် ၄ နာရီဝန်းကျင်ကစပြီး ချီဖွေမြို့တစ်လျှောက်နဲ့  ချီဖွေမြို့ကနေ ၈…

    Read More »
Back to top button