လားရှိုး

  • Jun- 2024 -
    26 June
    သတင်း

    နောင်ချိုမြို့တွင်း အစိုးရရုံးအားလုံး TNLA ပူးပေါင်းတပ်ထိန်းချုပ်ထားပြီး တိုက်ပွဲဆက်ပြင်းထန်နေ

    ရှမ်းမြောက် နောင်ချိုမြို့ကို TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်ထိန်းချူပ်ထားပြီး စစ်ကောင်စီတပ်စခန်းကြီးတွေကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။ လားရှိုးနဲ့ ပြင်ဦးလွင်ကြားမှာရှိတဲ့ နောင်ချိုမြို့ထဲကို  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေ ဇွန်လ ၂၅ ရက် မနေ့ကစပြီး မြို့တွင်း ဌာနဆိုင်ရာအစိုးရရုံးအားလုံးကို  သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး နောင်ချိုအခြေစိုက်တပ်ရင်းကြီးတွေကို ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်တယ်လို့ နောင်ချိုပြည်သူတစ်ဦးက Kachin News Group KNG သတင်းဌာနကို ပြောပါတယ်။ “စစ်ကောင်စီတပ်စခန်းကြီးတွေရှိ နေသေးတာကြောင့် သိမ်းပြီလို့ပြောပေမဲ့ အားလုံးမဟုတ်သေးဘူး။ မြို့တွင်းက ဌာနဆိုင်ရာတွေမှာ နေရာယူထားတာလောက် ပဲရှိသေးတယ်။ TNLA နဲ့ PDF တွေ မြို့တွင်းဝင်လာတာနဲ့ ဌာနဆိုင်ရာအသီးသီးကသူတွေ တချို့ထွက်ပြေးသူကထွက်ပြေးနဲ့ အားလုံးရှောင်သွားတာကြောင့်အခုမြို့ထဲကိုတော့ ဝင်ရောက်နေရာယူထားနိုင်ပြီ” လို့ နောင်ချိုတစ်ဝိုက်ဒေသကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။ နောင်ချို့မြို့ထဲရှိ မြို့နယ်ရုံး ၊ရဲစခန်း၊ စည်ပင်၊  မိုးဇလရုံး ၊ စစ်မှုထမ်းဟောင်းရုံး၊ မီးသတ်ရုံးနဲ့ ပြည်သူ့ဆေးရုံစတဲ့ ဌာနဆိုင်ရာ အစိုးရရုံးအားလုံးကို TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နေရာယူထားလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ နောင်ချိုမြို့ထဲက စစ်ကောင်စီတပ်စခန်း ခမရ ၁၁၄၊ ခမရ ၁၁၅ နဲ့ ခမရ ၁၁၇ စတဲ့ စစ်ကောင်တပ်ရင်းကြီးတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။  ဇွန်လ ၂၅ မနေ့က မနက်အစောပိုင်းကစပြီး ရှမ်းမြောက် နောင်ချို၊ ကျောက်မဲ၊ သီပေါ နဲ့ မိုးကုတ်စတဲ့မြို့တွေမှာ စစ်ကောင်စီနဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ PDF တပ်ပေါင်းစုတွေ တိုက်ပွဲပြန်လည်ဖြစ်ပွားလာတာဖြစ်ပါတယ်။ မိုးကုတ်ဘက်မှာတော့ မြို့ပြင်နေရာတချို့မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ကျောက်မဲနဲ့ သီပေါမြို့နားတဝိုက်မှာလည်း တိုက်ပွဲဖြစ်နေပါတယ်။ ဇွန်လ ၂၆ ရက် ဒီမနက်အထိတော့ မြို့ကြီးနဲ့ စစ်ကောင်စီစခန်းသိမ်းတာတွေ သတင်းမရရှိသေးဘူးလို့ PSLF/TNLA ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးက ကချင်သတင်းဌာနကို ပြောပါတယ်။ “တိုက်ပွဲကတော့ ကျမတို့ထုတ်ပြန်ထားတဲ့အတိုင်း တိုက်ပွဲပြင်းထန်နေတယ်။ အဲလိုမျိုးစခန်းသိမ်းတာတော့ ကျမတို့ဆီမှာ သတင်းမရသေးဘူး။တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ကြားသိရတယ်။” လို့ PSLF/TNLA ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးကပြောပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများတယ်လို့သိရပြီး အတိအကျတော့ မသိရှိရပါဘူး။ နောင်ချိုမှာလက်ရှိ စစ်ကောင်စီဘက်က ဖုန်းလိုင်းတွေဖြတ်တောက်ထားတာကြောင့် မြို့တွင်းအိမ်အစောင့်အဖြစ် ကျန်နေတဲ့ ဒေသခံတွေနဲ့ချိတ်ဆက်နိုင်ဖို့လည်း ခက်ခဲနေဆဲဖြစ်သလို နောက်ဆုံးရရှိထားတဲ့သတင်းအရ ဒေသခံအားလုံးနီးပါးတော့ လားရှိုး – ကျောက်ဂူလမ်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ ပြင်ဦးလွင် – နောင်ချို– လားရှိုးလမ်းပိုင်းလက်ရှိချိန် ဖြတ်သန်းသွားလာလို့မရပဲ လားရှိုး – တောင်ကြီးဘက်လမ်းကနေ မန္တလေးအသွားအလာလုပ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ရှမ်းမြောက်မှာ တရုတ်ကြားဝင်မှုနဲ့ စစ်ကောင်စီနဲ့ မဟာမိတ် ၃ ဖွဲ့ကြား အပစ်ခတ်ရပ်စဲရေး သဘောတူစာချူပ်ချူပ်ဆိုထားပေမဲ့ စစ်ကောင်စီဘက်က တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ရှိတဲ့ တပ်စခန်းတွေနဲ့ မြို့နေရာတွေကိုပါ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်တာကြောင့် ပြန်လည်ခုခံခြင်းအားဖြင့် အခုလို တိုက်ပွဲပြန်လည်ဖြစ်ပွားလာခြင်းဖြစ်တယ်လို့ TNLA ဘက်က ပြောဆိုပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 25 June
    သတင်း

    TNLA ဖမ်းဆီးထာ:တဲ့ ပန်ရှော်အုပ်ချုပ်ရေးမှူး နဲ့  မိသားစုတွေ အဆက်သွယ်မရသေး

    လားရှိုးမြို့နယ်က ပန်ရှော်(Bangshau) ကချင်ကျေးရွာအုပ်ချူပ်ရေးမှူးကို TNLA တပ် ဖမ်းဆီးထားတာ နှစ်ပတ်‌ကျော်ကြာလာပေမယ့် မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ ရှမ်းမြောက် လားရှိုးမြို့အရှေ့ဘက် KIO ရဲ့တိုက်နယ်တာဝန်ရှိသူတစ်််ဦးလည်းဖြစ်သူ မိုင်းယော်တိုက်နယ် ပန်ရှော်(Baushau) ကျေးရွာအုပ်ချူပ်ရေးမှူး ဦးရှလောလွမ်းဒိုင်ကို TNLA ကဖမ်းဆီးသွားတာ ခုဆိုရင်…

    Read More »
  • Feb- 2024 -
    7 February
    သတင်း

    TNLA ကအတင်းအဓမ္မ ဘက်ဟိုးနဲ့တူးထားတဲ့ နေအိမ်ခြံဝင်းအမြန်ဆုံးဖြေရှင်းပေးဖို့ ဒေသခံများတောင်းဆို

    “အဲ့ကိစ္စ ကျနော်တို့က လူကြီးတွေကို တင်ပြတော့ သူတို့နဲ့ခေါ်ပြီး ရှင်းလင်းခိုင်းတယ်။ သူတို့တောင်းတဲ့ သိန်း ၅ ထောင်တော့ ကျနော်တို့ မြေကွက်နဲ့ ပြန်ရိုက်ကြည့်မယ်လေ၊ ဘယ်လောက်တန်ဖိုးရှိတယ်ပေါ့။ ဒါမှမဟုတ် သူတို့ကို အခုကျနော်တို့ မြေကွက်ရှာထားပေးတယ်။ မြေကွက်ပေးမယ်၊အိမ်အပါ အဲ့ဒါသူတို့ကိုခေါ်ပြီးပြောမှာပေါ့။ အဲ့အိမ်ပါတဲ့မြေကွက်ယူမယ်ဆိုလည်း ရတယ်။ ဒါမှမဟုတ် မြေကွက်မရချင်ဘူး။ ဒီမြေကွက်တန်ရာတန်ကြေး ကျနော်တို့တော့ ပေးရမှာပဲလေ ဒီနှစ်ခုပဲရှိတယ်။”

    Read More »
  • Dec- 2023 -
    13 December
    သတင်း

    နမ့်ဆန်မြို့ စစ်တပ်ရဲ့လေကြောင်းအပြင် လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သားတစ်ဦးသေဆုံး နေအိမ်အမြောက်အများထိခိုက်ပျက်စီး

    ရှမ်းမြောက် လားရှိုးမြို့အရှေ့ဘက် နမ့်ဆန်မြို့ကို စစ်တပ်ကလေကြောင်းအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး နေအိမ်မြောက်အများ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့ည ၇ နာရီခန့်တွင် စစ်ကောင်စီ ဂျတ်လေယာဉ်နဲ့…

    Read More »
  • 11 December
    သတင်း

    နမ့်ဆန်နဲ့လားရှိုးက စစ်ကောင်စီရဲ့တပ်စခန်း ၃ ခုကို TNLA သိမ်းပိုက်

    ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်နဲ့ လားရှိုးမြို့နယ်ထဲက စစ်ကောင်စီရဲ့တပ်စခန်း ၃ ခုကို ထပ်ပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်း ၅ နာရီလောက်မှာပဲ နမ့်ဆန်မြို့နယ်က လွယ်ဆိုင်တပ်စခန်းနဲ့ရဲစခန်းကို…

    Read More »
  • Nov- 2023 -
    28 November
    သတင်း

    လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး သွားလာခွင့်ပိတ်လိုက်တဲ့နောက် နမ့်ဖတ်ကာရွာက ဒေသခံပြည်သူတွေ အစစအရာရာခက်ခဲနေ

    ရှမ်းပြည်မြောက်ပိုင်း လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး သွားလာခွင့်ပိတ်ထားလိုက်တဲ့နောက် နမ့်ဖတ်ကာရွာက ဒေသခံ ပြည်သူတွေဟာ လုံခြုံရေးနဲ့စားနပ်ရိက္ခာအတွက် စိုးရိမ်နေကြရတယ်လို့ နမ်ဖတ်ကာပြည်သူတွေက ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီးလားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကနေ  သွားလာခွင့်ပိတ်ထားတဲ့အတွက် တခြားဒေသကို ထွက်ပြေးတိမ်းရှောင်ဖို့ခက်တဲ့ နမ့်ဖတ်ကာဒေသခံတွေဟာ အရေးပေါ်ဖျားနာ လာရင်သွားလာနိုင်ဖို့ခက်ခဲနေသလို စစ်ဖြစ်လာရင်လည်း ထွက်ပြေးဖို့ခက်ခဲတာကြောင့် ကတုတ်ကျင်းတူးပြီးပဲ နေနေရတယ်လို့ ဆိုပါတယ်။ “စစ်တပ်နဲ့နီးတဲ့ အိမ်တွေက ကတုတ်ကျင်းတွေတူးပြီး ပြင်ဆင်နေတယ်။ အခုကလမ်းတွေပိတ်ထားတော့ နမ့်ဖတ်ကာထဲကရွာသားတွေ တော်တော်ခက်တယ်။ အစားအသောက် ဝယ်ယူစားသောက်ဖို့နေရာတွေမရှိတော့ဘူး။ ပြီးရင် လမ်းတွေပိတ်လိုက်တော့ ကျမတို့က အခြားနေရာတွေဆီ ပြေးလို့လည်း မရတော့ဘူး။ဘယ်ကိုမှသွားလို့မရတော့ အသက်ကြီးရွယ်အိုတွေက ဘယ်မှပြေးလို့မရဘူး။” ဟုနမ့်ဖတ်ကာဒေသခံ အမျိုးသမီးတစ်ဦးက…

    Read More »
  • Oct- 2023 -
    18 October
    သတင်း

    မူဆယ် – လားရှိုးလမ်းမကြီးမှာ ငွေးကြေးတောင်းခံတဲ့ စစ်တပ်ဂိတ်တွေ ပိုများလာတဲ့အတွက် ကားသမားများအခက်တွေ့နေ

    မူဆယ် – လားရှိုးလမ်းမကြီးတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ မြို့၊ရွာ အဝင်အထွက် တိုင်း ဂိတ်ချပြီး ကားသမားတွေဆီကနေ ငွေကြေးကောက်ခံနေတာကြောင့် ခရီးသွားပြည်သူတွေ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်စုပေါင်းပြီး မြို့အဝင်အထွက်တိုင်း နှစ်ဖက်လုံးမှာဂိတ်ချပြီး ခရီးသွားယဉ် ကားသမားတွေထံကနေ…

    Read More »
  • Jun- 2023 -
    5 June
    တိုက်ပွဲ

    လားရှိုးမြို့ စစ်ကောင်စီတပ် ခမရ ၅၀၇ နှင့် အမှတ်( ၂ ) ရဲစခန်းတိုက်ခိုက်ခံရ

    ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ စစ်ကောင်စီတပ် ခမရ ၅၀၇ နှင့် အမှတ်( ၂ ) ရဲစခန်း ၂ နေရာ ယနေ့ နံနက်ပိုင်း ၄ နာရီဝန်းကျင် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှသိရသည်။ လားရှိုးမြို့ရပ်ကွက်(၅)အထက်မန်အိုင်၊ အကုန်းညောင်တဝိုက်တွင်ရှိသော…

    Read More »
Back to top button