တိုက်ပွဲသတင်း

လားရှိုးမြို့ စစ်ကောင်စီတပ် ခမရ ၅၀၇ နှင့် အမှတ်( ၂ ) ရဲစခန်းတိုက်ခိုက်ခံရ

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ စစ်ကောင်စီတပ် ခမရ ၅၀၇ နှင့် အမှတ်( ) ရဲစခန်း ၂ နေရာ ယနေ့ နံနက်ပိုင်း ၄ နာရီဝန်းကျင် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှသိရသည်။

လားရှိုးမြို့ရပ်ကွက်()အထက်မန်အိုင်၊ အကုန်းညောင်တဝိုက်တွင်ရှိသော စစ်ကောင်စီ တပ်စခန်း ၂ ခုကို လက်နက်ကိုင်တောင်လှန်ရေးတပ်ဖွဲ့ဘက်မှ လာရောက်ပစ်ခတ်ခဲ့ပြီး ၁၅ မိနစ်ခန်အကြာ ပြန်အလှန်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု လားရှိုးမြို့နေ ဒေသခံတစ်ဦးက KNG ကိုပြောသည်။

လက်နက်ကြီးသံ အရင်စကြားရတယ်။ ဟိုဘက်က လက်နက်ကြီးနဲ့ အရင်လာပစ်ပုံပဲ အဲ့တာပြီးမှ လက်နက်ငယ်တွေ ဆက်တိုက်ပစ်တော့တာ။ လက်နက်ကိုင်တပ်ဖွဲ့များတော့ ဘယ်သူတွေလာပစ်တယ်ဆိုတာတော့ အတိအကျမသိဘူး။ အားလုံးတော့ထိတ်လန့်သွားကြတာ။ ဘေးပတ်ဝန်းကျင် အိမ်တွေမှာ လက်နက်ခွံတွေ လက်နက်စတွေ လာကျတာတော့ရှိတယ်ဟု၎င်းကပြောသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုသည် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့မှ လာရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံများပြောဆိုနေကြသော်လည်း  KNG အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ထို ပစ်ခတ်ခံရမှုတွင် စစ်ကောင်စီတပ်စခန်း အနီးပတ်ဝန်းကျင်ရှိ ပြည်သူနေအိမ်တချို့ ၌ လက်နက်ခွံများ လက်နက်စများ ကျရောက်မှုရှိပြီး ပြည်သူများထိခိုက်မှုတစုံတရာမရှိိိိိိိိိိိခဲ့ကြောင်း သိရသည်။

လက်ရှိ လားရှိုးမြို့အတွင်း စစ်ကောင်စီလုံခြုံရေးများချထားပြီး ညီနောင်မဟာမိတ် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များဘက်လည်း အနီးပတ်ဝန်းကျင်တလျှောက်တွင် စစ်ရေးလှုပ်ရှားလျက်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လဆန်းမှ လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA ကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲမကြာခဏ ဖြစ်ပွားလေ့ရှိနေကြောင်း ဒေသခံများပြောသည်။

Show More

Related Articles

Back to top button