မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

TNLA ကအတင်းအဓမ္မ ဘက်ဟိုးနဲ့တူးထားတဲ့ နေအိမ်ခြံဝင်းအမြန်ဆုံးဖြေရှင်းပေးဖို့ ဒေသခံများတောင်းဆို

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အနောက်ဘက်ရှိ နမ္မတူမြို့မှာ ပြည်သူတွေရဲ့နေအိမ်ခြံဝန်းကို တအာင်းတပ်မတော် TNLA က အတင်းအဓမ္မဘက်ဟိုးနဲ့တူးပြီး ဂိတ်တည်ဆောက်နေတာကို အမြန်ဖြေရှင်းပေးဖို့ ခြံပိုင်ရှင်တွေဘက်က တောင်းဆိုနေပါတယ်။

ဖြစ်နိုင်ရင်တော့ လုံး၀မရောင်းချင်ဘူး။ ဒါပေမဲ့သူတို့က မဖြစ်မနေ လုပ်ရမယ်ပြောလို့ အခုကသူတို့ယူလိုက်တဲ့ မြေကွက်လောက်ကို တိုင်းပေးထားပြီ။ တိုင်းပေးပြီးပြီးဖြစ်ပေမဲ့ သူတို့က ငွေမချေဘူး။ ကျမတို့ဖြစ်ချင်တာက ငွေပေးချေမှ အဆောက်အဦး လုပ်စေချင်တယ်။ အခုက ငွေလည်း မပေးဘူး ဆက်လုပ်နေတယ်။ နဂိုကလည်းက ကျမတို့မသိလိုက်ပဲ သူတို့ကြိုက်သလို ဝင်လုပ်နေတာကြောင့် နစ်နာကြေးတောင် ပေးသင့်တာလေဟုအိမ်ခြံဝင်းပိုင်ရှင်ဘက်က ပြောဆိုပါတယ်။

နမ္မတူမြို့ ရပ်ကွက် (က ဒေါ်ပေါင်ဆာရွယ်ရဲ့ခြံဝင်းမှာ အိမ်ရှင်တွေမရှိချိန် ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၀ ရက်နေ့လောက်ကစပြီး ခြံစည်းရိုးကိုဖြတ်ပြီး TNLA က ဘက်ဟိုးနဲ့ အတင်းတူးဆွခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

အိမ်ခြံဝင်းပိုင်ရှင်တွေကို အသိပေးညှိနှိုင်းတာမရှိဘဲ အခုလို အတင်းတူးဝင်လာတာကြောင့် ဇန်နဝါရီလ ၁၆ ရက်နေ့မှာTNLA နမ္မတူတာဝန်ရှိလူကြီးတချို့နဲ့ အိမ်ခြံဝင်းပိုင်ရှင်တွေ တွေ့ဆုံဆွေးနွေးချိန် အိမ်ခြံဝင်းတစ်ခုလုံးကို သိန်း ,၀၀၀ ကျပ်နဲ့ပေးဖို့ အိမ်ရှင်ဘက်က ညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။ 

ဒါပေမဲ့ TNLA ဘက်က ပိုက်ဆံသိန်း ,၀၀၀ ကျပ်ကို မပေးနိုင်တဲ့အပြင် အဲဒီသိမ်းယူထားတဲ့မြေကို အိမ်ရှင်တွေ ရောင်းပေးသည်ဖြစ်စေ မရောင်းပေးသည်ဖြစ်စေ ဂိတ်တည်ဆောက်မှာဖြစ်တယ်လို့ဆိုပြီး အခိုင်အမာ တည်ဆောက်နေတာဖြစ်ပါတယ်။ 

ဒီအကြောင်းနဲ့ပတ်သက်ပြီး KNG သတင်းဌာနက TNLA နမ္မတူမြို့အုပ်ချူပ်ရေးမှူးဆိုသူ တာမောင်ဂို ကို ဆက်သွယ်မေးမြန်းတဲ့အခါ သိမ်းယူခဲ့တဲ့မြေကို ပေကြိုးနဲ့အရင်တိုင်းပြီး ကျသင့်တဲ့ငွေပေးမယ် ဒါမှမဟုတ် တခြားအိမ်ခြံဝင်းတစ်ခုနဲ့ အစားထိုးပေးပြီး ဖြေရှင်းပေးမယ်လို့ ဇန်နဝါရီ ၃၁ ရက်နေ့က ပြောဆိုခဲ့ပါတယ်။  

အဲ့ကိစ္စ ကျနော်တို့က လူကြီးတွေကို တင်ပြတော့ သူတို့နဲ့ခေါ်ပြီး ရှင်းလင်းခိုင်းတယ်။ သူတို့တောင်းတဲ့ သိန်း  ထောင်တော့ ကျနော်တို့ မြေကွက်နဲ့ ပြန်ရိုက်ကြည့်မယ်လေ၊ ဘယ်လောက်တန်ဖိုးရှိတယ်ပေါ့။ ဒါမှမဟုတ် သူတို့ကို အခုကျနော်တို့ မြေကွက်ရှာထားပေးတယ်။ မြေကွက်ပေးမယ်၊အိမ်အပါ အဲ့ဒါသူတို့ကိုခေါ်ပြီးပြောမှာပေါ့။ အဲ့အိမ်ပါတဲ့မြေကွက်ယူမယ်ဆိုလည်း ရတယ်။ ဒါမှမဟုတ် မြေကွက်မရချင်ဘူး။ ဒီမြေကွက်တန်ရာတန်ကြေး ကျနော်တို့တော့ ပေးရမှာပဲလေ ဒီနှစ်ခုပဲရှိတယ်။

အဲ့ဒီနောက် ဇန်နဝါရီလ ၃၁ ရက်နေ့မှာတော့ TNLA ဘက်က သိမ်းယူခဲ့သလောက်ပဲ ပေကြိုးနဲ့လာတိုင်းသွားပေမဲ့ ကျသင့်တဲ့ငွေကြေးကိုလည်း မပြောသလို အိမ်ခြံဝင်းပိုင်ရှင်တွေကို ငွေပေးချေခြင်းမရှိပဲ ဆက်လက်တည်ဆောက်နောတာ ပြီးစီးသလောက်ရှိနေပြီလို့ အိမ်ရှင်ဘက်က ပြောပါတယ်။ 

ဘယ်လိုမှ မလုပ်တတ်တော့လို့ သူတို့ယူထားသလောက် ပေတိုင်းပေးမယ်။ ဒါပေမဲ့ အခုသူတို့က ပိုက်ဆံမရှိဘူးတဲ့။ သူများအိမ်သိမ်းထားတာရှိတယ် အဲ့ဒီတိုက်အိမ်ပေးမယ် အဲ့မှာနေပါတဲ့။ ကျမတို့ မလိုချင်ဘူး မနေဘူးလို့ပြောတယ်။ ဆိုတော့ သူတို့က အဲ့ဒီသိမ်းထားတဲ့အိမ် ရောင်းရမှ ငွေပေးမယ်တဲ့လေ။ မရဘူးလို့ပြောနေတန်းလန်းတောင် အဆက်မပြတ်လုပ်နေတုန်း။ အဆောက်အဦးလုပ်တယ်၊ မြေဝယ်တယ်ဆိုတာ ငွေချေပြီးမှ အဆောက်အဦးလုပ်လို့ရတယ်လေ သူ့ထုံးဥပဒေက။ ဒီလိုက မတရားဘူးလေ။ ငွေ တစ်ပြားမှ မပေးဘူး။ ဘယ်လောက်ကျတယ်လည်း မပြောဘူး။” ဟု အိမ်ခြံဝင်းပိုင်ရှင်တွေဘက်က ပြောပါတယ်။

TNLA သိမ်းယူခဲ့တဲ့မြေက အလျား၊ အနံပေါင်း ပေ ၅၃၀ ရှိပြီး အိမ်ရှင်တွေခွင့်မပြုပေမဲ့  လျော်ကြေးတစ်ပြားမှ မပေးသေးတဲ့အပြင် ဆောက်လုပ်နေတာကို အဆက်မပြတ် ဆောက်လုပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် အိမ်ရှင်တွေက ဆောက်လုပ်ရေးကို ရပ်နားပြီး အမြန်ဖြေရှင်းပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး နစ်နာသူ အိမ်ရှင်တွေဘက်က တအာင်းရိုးရာယှဉ်ကျေးမှုအဖွဲ့ကိုလည်း တောင်းဆိုထားသလို သက်ဆိုင်ရာ KIO တာဝန်ရှိသူတွေထံလည်း တောင်းဆိုထားကြောင်း သိရပါတယ်။

ဒီဖြစ်စဉ် စဖြစ်တာနဲ့ TNLA မြို့နယ်မှူး တာမောင်ဂို နဲ့တွေ့ဖို့ ချိန်းပေမဲ့ အချိန်တွေ ဟိုရွှေ့ ဒီရွှေ့နဲ့ မတွေ့ဖြစ်လိုက်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIO ဌာနချူပ်ဘက်လည်း တင်ပြထားတယ်။ ဒီရှမ်းမြောက်မှာက လက်နက်ကိုင်များတယ်။ အဓိကရန်သူစစ်တပ်ကို တိုက်ထုတ်နေတဲ့အချိန်ဖြစ်တာကြောင့် TNLA ဖြစ်ဖြစ် MNDAA ဘဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် အချင်းချင်းညီအစ်ကိုတွေပဲဖြစ်တာကြောင့် ဖိနှိပ်တာတွေ၊ အချင်းချင်းမောင်းထုတ်ကျတာတွေ လူမျိုးချင်းခွဲခြား အုပ်ချူပ်တာမျိုးတွေက ဘယ်သူ့အတွက်မှ မကောင်းဘူး။ ဒီလိုတော့ ဘယ်သူဖြစ်ဖြစ်မလုပ်သင့်ဘူးလို့ ပြောချင်တယ်။” ဟု နမ္မတူဒေသ KIO အရာရှိတစ်ဦးကပြောပါတယ်။

လက်ရှိ TNLA ဘက်က ဂိတ်တည်ဆောက်နေတဲ့ အဲ့ဒီခြံဝင်းဟာ နမ္မတူမြို့ပြင်ဘက် မန်တုံမြို့– မိုင်းဝီးနဲ့ မိုင်းမော် ဘက်သွားလမ်း လမ်းဆုံအချက်အချာမှာဖြစ်တာကြောင့် ဂိတ်စခန်းချဖို့တည်ဆောက်နေတာဖြစ်ကြောင်း သိရပါတယ်။

ဒီနေရာဟာ မိုင်းမော် နဲ့ မန်တုံမြို့ဘက်သွားလမ်း လမ်းဆုံနေရာဖြစ်ပြီး အချက်အချာကျတဲ့နေရာဖြစ်တယ်။ သူတို့က အဲ့မှာ ဂိတ်ချပြီး အခွန်ကောက်ဖို့ဖြစ်ပုံရတယ်။ သူက မြို့စည်ပင်ဧရိယာနောက်ဆုံးနေရာဖြစ်တယ်။ အရင်ကတော့ ဝါးနဲ့နဲ့ ချပြီးလုပ်နေတာ အခုတော့ အခိုင်အမာဂိတ်စခန်းတည်ဆောက်နေတာပေါ့။ ဟု နမ္မတူဒေသခံတစ်ဦးကလည်းပြောပါတယ်။

လားရှိုးအနောက်ဘက် နမ္မတူမြို့ကို TNLA ဘက်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

ဒါကြောင့် မြို့ပေါ် အုပ်ချူပ်မှု ယန္တရားလည်ပတ်နေပြီဖြစ်ပေမဲ့ ဒေသတွင်း ဒေသခံပြည်သူတွေအပေါ် အခက်ကြုံစေတဲ့ ကိစ္စရပ်မျိုးများရှိနေသလို အုပ်ချူပ်မှုပိုင်း အားနည်းနေတာတွေရှိနေကြောင်း ဒေသခံတွေပြောဆိုနေကြပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button