အင်းတော်မြို့

  • Oct- 2025 -
    20 October
    သတင်း

    ဆိုင်ကယ်ပျောက်သံသယနဲ့ ပကဖလက်ထဲမှာသေဆုံးသွားတဲ့ အမျိုးသားအမှု ကျပ်သိန်း ၁၅၀ နဲ့ကျေအေး

    စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ ဆိုင်ကယ်ပျောက်မှုသံသယနဲ့ အင်းတော်ပကဖရဲ့ ဖမ်းဆီးစစ်ဆေးခံရချိန် သေဆုံးခဲ့ရတဲ့ အမျိုးသားအမှုအတွက် ကျန်ရစ်တဲ့မိသားစုကို ကျပ်သိန်း ၁၅၀ ပေးကျေအေးလိုက်တယ်လို့ ဒေသခံတချို့က KNG ကိုပြောပါတယ်။ ငွေပေးကျေအေးခိုင်းသူဟာ ကသာခရိုင်ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) တာဝန်ခံဖြစ်ပြီး သေဆုံးသူကိုဇော်ထွေးရဲ့ ဦးလေးတော်စပ်သူဖြစ်တယ်လို့…

    Read More »
  • Sep- 2025 -
    20 September
    သတင်း

    ခရိုင်ညွှန်ကြားချက်နဲ့ ယာယီပိတ်သိမ်းခိုင်းတဲ့ KTV ၊အနှိပ်ခန်းတွေ အပြီးပိတ်သိမ်းသင့်ကြောင်း ဒေသခံတစ်ချို့ပြော

    စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊အင်းတော်မြို့နယ်မှာ ခရိုင်ညွှန်ကြားချက်နဲ့ယာယီပိတ်သိမ်းခိုင်းနေတဲ့ KTV နဲ့အနှိပ်ခန်းတွေ အပြီးပိတ်သိမ်းသင့်ကြောင်း ဒေသခံတစ်ချို့ KNG ကိုပြောပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့ကစတင်ပြီး အင်းတော်မြို့နယ်နဲ့ကပ်လျှက်မှာရှိတဲ့ ဗန်းမောက်မြို့သိမ်းတိုက်ပွဲပြင်းထန်လာတဲ့နောက်ပိုင်းအခုလို KTV နဲ့အနှိပ်ခန်းတွေပိတ်သိမ်းဖို့ ကြေညာချက်တွေထွက်လာတာလို့ဒေသခံတွေဆီကသိရပါတယ်။ ဒါပေမဲ့ ဒေသခံတချို့ကတော့ KTV…

    Read More »
  • Jan- 2025 -
    31 January
    သတင်း

    အင်းတော် မြို့သိမ်းတိုက်ပွဲ ကာကွယ်ရေးပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိ

    စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ကာကင်းစခန်း ၂ ခုကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူသုံးပြီး ပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက် ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းနဲ့အတူ ဖမ်းဆီးခံရတဲ့သူတွေလည်းပရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။ “မနေ့ကတော့ ရထားတဲ့ ကာကုန်း၂ခုကို…

    Read More »
  • 29 January
    သတင်း

    အင်းတော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ ကာကင်းစခန်း ၂ ခုကို ကာကွယ်ရေးပူးပေါင်းတပ် သိမ်းပိုက်

    စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့သိမ်းတိုက်ပွဲဆက်လက်ဖြစ်နေပြီး ကာကွယ်ရေးပူးပေါင်းတပ်ဘက်က စစ်ကောင်စီ ကာကင်းစခန်း ၂ ခု သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်အစောပိုင်းကစလို့ ကာကွယ်ရေးပူးပေါင်းတပ်တွေ အင်းတော်မြို့နယ်အတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီအထိုင်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးက“အင်းတော်ကတော့ နေရာနှစ်ခုရလိုက်တယ်ပေါ့နော်။ ရန်သူရဲ့ ဂျပန်လှိုဏ်ဂူရှေ့ကို…

    Read More »
  • 27 January
    သတင်း

    အင်းတော်မြို့သိမ်း တိုက်ပွဲ ပြန်လည်ပြင်းထန်

    စစ်ကိုင်း-ကချင်အစပ် အင်းတော်မြို့သိမ်းတိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေ ပြောပါတယ်။ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်အစောပိုင်းကစလို့ ကာကွယ်ရေး ပူးပေါင်းတပ်ဘက်က အင်းတော်မြို့မှာ ကျန်နေတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက “ဒီနေ့မနက်ပဲပြန်ဖြစ်တာ။…

    Read More »
  • Nov- 2024 -
    11 November
    သတင်း

    အင်းတော်မှာတိုက်ပွဲဆက်ပြင်းထန်နေပြီး  ဂျပန်လှိုဏ်ဂူနေရာနဲ့ ဗျူဟာကုန်းတစ်ခုသာကျန်တယ်လို့ဆို

    စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြောပါတယ်။ အင်းတော်မြို့သိမ်းတိုက်ပွဲအဖြစ် နိုဝင်ဘာလ ၁ ရက်နေ့ကစ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ ကာကွယ်ရေးတပ် PDF အပါအဝင် ကျောင်းသားတပ်မတော် ABSDF ပူးပေါင်းအဖွဲ့ စစ်ဆင်ရေးဆောင်ရွက်နေတာဖြစ်ပြီး မြို့တွင်းရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးတို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ တပ်မ ၇၇ လက်အောက်ခံတပ်ဖွဲ့ အထိုင်ချထားတဲ့ (ဒေသအခေါ်) ဂျပန်လှိုဏ်ဂူနဲ့ ဗျူဟာကုန်းတစ်ခုသာကျန်တော့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ “အင်းတော်က ကချင်ပြည်နယ်ဝင်ပေါက်ကြီးလေ။ သူတို့ကလက်လွှတ်မှာမဟုတ် ဘူး။ ပြီးတော့သူက လမ်းဆုံလေ ထီးချိုင့်ရော၊ ကသာရော၊ ဗန်းမောက်ရော၊ ကချင်ပြည်နယ်ရော၊ ရွှေဘိုဘက်လည်းပြန်ဆင်းလို့ရတယ်။ အင်းတော်မြို့က ဗျူဟာတော်တော်ကျတယ်။ အင်းတော်တစ်မြို့ရရင် ဗန်းမောက်ရော၊ ကသာရော ရပြီလို့ပြောလို့ရတယ် လွယ်သွားတာပေါ့”လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောပါတယ်။ အင်းတော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက တိုက်ပွဲစတင်ဖြစ်ပွားနေတာဖြစ်ပြီး  အောက်တိုဘာလ ဒုတိယအပတ်မှာ တိုက်ပွဲငြိမ်သက်သွားခဲ့ပါတယ်။ ဒါပေမယ့်  နိုဝင်ဘာလ ၁ ရက်နေ့ တိုက်ပွဲတစ်ဖန် ပြန်စတင်လာပြီး ဒုတိယအကြိမ် မြို့သိမ်းတိုက်ပွဲအဖြစ်ဖော်ဆောင်နေကာ နှစ်ဖက်တပ်အကြား နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောပါတယ်။ တိုက်ပွဲ ၁၀ ရက်အတွင်း မြို့ရဲ့ ၆၀ ရာခိုင်နှုန်းခန့်ကို ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုကာ စစ်အင်အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတစ်ဦး ခုလိုပြောပါတယ်။ “ထိတွေ့မှုကတော့နေ့တိုင်းပေါ့ ဘယ်လိုပြောရမလဲ အပြန်အလှန် သေနတ်သံတွေ လက်နက်ကြီးသံတွေ ပစ်ခတ်တာရှိတာပေါ့ လုံးဝမရပ်ဘူး။ အသံကတော့နေ့တိုင်း ကြားနေရတယ်။”လို့ ပြောပါတယ်။ မြစ်ကြီးနား–ရွှေဘို လမ်းမကြီးပေါ်မှာရှိတဲ့ အင်းတော်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် အဲ့ဒီလမ်းပိုင်းကို KIA နဲ့ PDF တွေက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့ ကနေ အကန့်အသတ်မရှိပိတ်ဆို့လိုက်ပြီး မြို့ပတ်လမ်းကိုသာအသုံးပြုနေရပေမယ့် မြို့ပတ်လမ်းကိုလည်း စစ်တပ်ဘက်က နိုဝင်ဘာလ လဆန်းကနေ ပိတ်ထားတာလည်းဖြစ်ပါတယ်။ တစ်ဖက်မှာ တိုက်ပွဲကြောင့် အင်းတော်မြို့နယ်အတွင်းနေထိုင်တဲ့ဒေသခံအများစုဟာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက  စစ်ဘေးရှောင်နေရတဲ့ အင်းတော်မြို့ခံပြည်သူ၊  မြို့နဲ့ နီးတဲ့ကျေးရွာတွေထဲက စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေတယ်လို့သိရပါတယ်။ By – အမိုး

    Read More »
  • 6 November
    သတင်း

    အင်းတော်မြို့ပတ်လမ်း စစ်တပ်ကပြန်ပိတ်

    မြစ်ကြီးနား – မန္တလေးလမ်းပိုင်းရှိ အင်းတော်မြို့မိန်းကားလမ်းမကြီး စစ်ရေးအခြေနေကြောင့်ပိတ်လိုက်တဲ့နောက် ခရီးသွားပြည်သူတွေဟာ အဓိကအသုံးပြုနေတဲ့မြို့ပတ်လမ်းကို စစ်တပ်ဘက်က နိုဝင်ဘာလ ၄ ရက်နေ့ကစပြီး ထပ်ပိတ်လိုက်တယ်လို့ အင်းတော်မြို့ဒေသခံတွေပြောပါတယ်။ “နိုဝင်ဘာ ၄ ရက်နေ့ ပြန်ပိတ်လိုက်တာ တပ်ဘက်ကပိတ်တာဗျ။ ဘာကြောင့်ဆိုဒီတိုင်းပဲရုတ်တရက်ပိတ်ချလိုက်တာ လောလောဆယ်နားစွင့်ရသလောက်အဲ့ဘက်မှာတိုက်ပွဲလည်းပြန်ဖြစ်လာတယ်”လို့ မြစ်ကြီးနား– မန္တလေးလမ်းပိုင်း ကားလိုင်းပြေးဆွဲနေတဲ့ အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦး ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လစပြီး စစ်တပ်နဲ့ ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲပြင်းထန်လာတာကြောင့် အင်းတော်မြို့နယ်ထဲရှိ မိန်းကားလမ်းမကြီးကို နှစ်ဖက်လက်နက်ကိုင်တပ်တွေ အသွားအလာပိတ်လိုက်တဲ့နောက် မြို့ပတ်လမ်းကိုအသုံးပြုနေတာ ခုဆိုရင် ၄ လဝန်းကျင်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒီလမ်းပိုင်းဟာ အညာဒေသဘက်ကနေ ကချင်ပြည်နယ်ဘက်ကို အခြေခံစားသောက်ကုန်၊လူသုံးကုန်တွေကို အဓိက သယ်ယူနေတဲ့ လမ်းကြောင်းဖြစ်ပါတယ်။  ဒါ့အပြင် စစ်တပ်ဘက်က ကားလမ်းပိုင်းပိတ်လိုက်ရတဲ့အကြောင်းအရင်းအသေးစိတ်မသိရပေမယ့် မြို့ပတ်လမ်းပိုင်းကို နိုဝင်ဘာ ၄ ရက်နေ့ကနေ နိုဝင်ဘာ ၁၈ ရက်နေ့ထိ (၁၅)ကြာပိတ်ထားမယ်လို့ သိရပါတယ်။ မြစ်ကြီးနား–မန္တလေးကားလမ်းပိုင်း အင်းတော်မြို့ရှောင်လမ်းကို စစ်ရေးအရ တစ်ရက်(သို့မဟုတ်) နှစ်ရက်ကြာပိတ်ထားတာမျိုးတော့မကြာခနရှိပေမယ့် အခုလိုရက်ရှည်ပိတ်တာမျိုးတော့မရှိဘူးလို့ မြစ်ကြီးနားမြို့ မြစ်ဖျားဧရာအဝေးပြေးကားဂိတ်မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ပိတ်တာတော့ပိတ်တယ်ပိတ်ပေမယ့် ကားတော့ဒီမနက်ထိထွက်သွားကြတယ် ခါတိုင်းလို တစ်ရက် နှစ်ရက်လောက်ပဲပိတ်မယ်ထင်တာပေါ့ လမ်းရောက်မှ ကြာမယ်လို့သိရတော့အခုလမ်းမှာပိတ်မိနေကြတယ်။ စောင့်နိုင်တဲ့လူကလမ်းမှာစောင့်တချို့လှည့်ပြန်တဲ့လူလည်းရှိမှာပဲ”လို့ သူကပြောပါတယ်။ မြစ်ကြီးနား–မန္တလေးမိန်းလမ်းမကြီးပိတ်ထားတာကြောင့် လက်ရှိ ကချင်ပြည်နယ်ထဲကို ကုန်စည်အဝင်မရှိတဲ့အပြင် ကားလမ်းပိတ်ထားတာအချိန်ကြာမြင့်သွားရင် ကုန်စည်ပြတ်လပ်မှုတွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေကြတယ်လို့သိရပါတယ်။ မန္တလေး–မြစ်ကြီးနားကားလမ်းမကြီးကိုတော့ သြဂုတ်လကတည်းက အင်းတော်မြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် နှစ်ဖက်အဖွဲ့အစည်းတွေကပိတ်လိုက်တာဖြစ်ပြီး ဒီကနေ့အထိစစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့်ပြန်မဖွင့်နိုင်သေးတာဖြစ်ပါတယ်။ ခရိုင်လေးခု၊မြို့နယ် ၁၈ မြို့နယ်၊လူဦးရေး တစ်သန်းကျော်နေထိုင်တဲ့ ကချင်ပြည်နယ်ဘက်ကို အညာဒေသနဲ့ တရုတ်နိုင်ငံဘက်ကနေ  အခြေခံစားသောက်ကုန်နဲ့လူသုံးကုန်အဓိက ဝင်ရောက်တာလည်းဖြစ်ပါတယ်။ သို့သော် လတ်တလော တရုတ်နယ်စပ်ဂိတ်အားလုံးကိုလည်း တရုတ်ဘက်က ပိတ်လိုက်တဲ့အပြင် မြစ်ကြီးနား– မန္တလေးကားလမ်းပိုင်း အင်းတော်မြို့နယ်ထဲက တစ်ခုတည်းသွာလာလို့ရနေတဲ့ မြို့ပတ်လမ်းကိုလည်းပိတ်လိုက်တာကြောင့် အဖက်ဖက်ကနေ ခက်ခဲကြပ်တည်းလာနေတယ်လို့ မြစ်ကြီးနား ဒေသခံတွေပြောပါတယ်။ By – Zaw Zaw

    Read More »
  • Aug- 2024 -
    26 August
    သတင်း

    အင်းတော်မြို့သိမ်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းနဲ့အပြင်းထန်တိုက်ခိုက်နေ

    “လေယာဥ်ကတော့မနက်တိုင်း၊နေ့တိုင်းကြဲ ညကိုလဲလာကြဲတယ်။ပြီးရင်လေထီးနဲ့အထုပ်တွေချ နေ့တိုင်းပဲ။  လက်နက်ကြီးတွေဟောင်ဝစ်ဇာတွေနဲ့ကတော့ အထိုင်တပ်ဂျပန်လှိုဏ်ဂူကနေပစ်တာပေါ့။ လေယာဥ်က တော့ နေ့တိုင်းပေါ့ ဒီမနက်လည်းကြဲပြီးသွားပြီ” လို့ပြောပါတယ်။

    Read More »
  • Jul- 2023 -
    26 July
    သတင်း

    အင်းတော်နယ်မှာ မိုင်းနင်းမိပြီး အမျိုးသား နှစ်ဦး ပွဲချင်းပြီးသေဆုံ

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်အုပ်စု အင်ပင်ကျေးရွာအဝင်မှာ အမျိုးသားနှစ်ဦး မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီလူငယ် နှစ်ဦးဟာ အင်ပင်ကျေးရွာအနီးက လယ်တောထဲမှာ စပါးခင်းဆင်းကြည့်ရာကနေ လယ်တောအနီးထောင်ထားတဲ မိုင်းနင်းမိတာဖြစ်တယ်လို့ နန့်သာကျေးရွာနေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “သူတို့…

    Read More »
  • 5 July
    သတင်းမိုးမောက်စစ်ဘေးရှောင်

    အင်းတော်နယ်က စစ်ရှောင်သက်ကြီးရွယ်အိုတွေ ဆေးဝါးမလုံလောက်တဲ့အတွက် အသက်သေဆုံးသူများလာ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်မှာရှိတဲ့ စစ်ရှောင်ပြည်သူသက်ကြီးရွယ်အိုတွေဟာ ဆေးဝါးအလုံအလောက်မရှိတဲ့အတွက် သေဆုံးသူတွေများလာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အင်းတော်မြို့နယ် မော်တိတ်ဒေသက နန့်သာ၊ အောင်းကုန်း၊တုံ့တော်၊ အင်ပင်၊ မော်တိတ်စတဲ့ကျေးရွာတွေက ပြည်သူတွေဟာ စစ်ဘေးရှောင်ကာလ ၃ လ ကျော်ကြာမြင့်နေပြီဖြစ်ပြီး အဲ့ဒီစစ်ရှောင်တွေထဲက အသက် ၆၀…

    Read More »
Back to top button