ခရစ္စမတ်နေ့မြန်မာအစိုးရ တပ်မ (၉၉)ကို KIA မိုင်းခွဲ တိုက်ခိုက်

Unicode
KIA စခန်းကို တိုက်ခိုက်၊ သိမ်းပိုက်၊ မီးရှိုဖျက်ဆီးပြီး ပြန်လာသော မြန်မာအစိုးရ တပ်မ (၉၉) စစ်ကြောင်းကို ဒီဇင်ဘာလ (၂၅)၊ ခရစ္စမတ်နေ့ နံနက်ပိုင်းမှာ KIA မှ မိုင်းဖြင့် စောင့်ကြိုဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း KIA က ဆိုပါသည်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်၊ Mungbaw (မုန်ဘော်)ကျေးရွာ ပတ်ဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၆)လက်အောက် တပ်ရင်း (၃၆) ၏ Ting Sa Kawng စခန်းကို မီးရှိုဖျက်ဆီးပြီး ပြန်လာသည့် အင်အား (၉၀)ခန့် တပ်မ (၉၉) စစ်ကြောင်းကို Mungbaw ဈေးအနီး KIA တပ်ဖွဲ့များ မိုင်းဖြင့် စောင့်ကြိုဖောက်ခွဲ တိုက်ခိုက်ခဲ့သည်ဟု KIA တပ်မဟာ (၆) မှ အမည်မဖော်လိုသူ အရာရှိတစ်ဦး ကချင်သတင်းဌာန KNG ကို အတည်ပြုပြောသည်။
“Mungbaw (မုန်ဘော်)၊ Nam Hkawng Hka (နမ့်ခေါင်ချောင်း)မှာ KIA တပ်ဖွဲ့မှ အခုတလော တပ်ရင်း (၃၆)ကို သိမ်းပိုက်ကာ မီးရှိုဖျက်ဆီးပြီး ပြန်ခေါက်လာတဲ့ မြန်မာအစိုးရတပ်တွေကို စောင့်ဆိုတိုက်ခိုက်ခဲ့တယ်။ ဘေးပတ်ဝန်းကျင်မှ အစိုးရတပ်တွေက လက်နက်ကြီးတွေ ပစ်ကူပေးနေတယ်” ဟု အထက် KIA တပ်မဟာ (၆) အရာရှိ ပြောသည်။
အစိုးရတပ်မှ အရေအတွက်မသိရသည့် ထိခိုက်သေဆုံးမှုရှိပြီး ဒဏ်ရာရရှိသော စစ်သား ၁ဦးကို မူဆယ် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မျက်မြင်များမှ မေးမြန်းသိရသည်။
အဆိုပါ KIA တပ်ရင်း (၃၆)၏ Ting Sa Kawng စခန်း နှင့် တိုက်နယ် အုပ်ချုပ်ရေးရုံး ကို အစိုးရ တပ်မ (၉၉) စစ်ကြောင်းမှ ဒီဇင်ဘာလ (၂၀)ရက်နေ့ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မီးရှိုဖျက်ဆီးကာ ပြန်လာကြစဉ် ယခုလို ခရစ္စမတ်နေ့ KIA ၏ စောင့်ကြိုတိုက်ခိုက်ခြင်း ခံရခြင်းဖြစ်သည်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု NCA စာချုပ်ကို လက်ခံ လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့ဖြစ်ကြသော ကချင် KIA၊ ရခိုင် AA၊ တအာင်း TNLA နှင့် ကိုးကန့် MNDAA တို့သည် မြန်မာအစိုးရ၊ တပ်မတော် တို့နှင့် bilateral အပစ်ရပ် လက်မှတ်ထိုးနိုင်ရန် ကြိုးစားနေဆဲဖြစ်ပြီး၊ တရုတ်အစိုးရ ကြားဝင်ကူညီပေးမှုအရ ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် တရုတ်ပြည် ကူမင်းမြို့မှာ ဒီဇင်ဘာလ (၁၅)ရက်နေ့ ယခုနှစ် နောက်ဆုံး အားဖြင့် တွေ့ဆုံခဲ့သည်။
လာမည့် ၂၀၂၀ နှစ်သစ် ဇန်နဝါရီလမှာလည်း နှစ်ဖက် ပြန်လည်တွေ့ဆုံရန် သဘောတူထားပါသည်။
……………………
Zawgyi
KIA စခန္းကို တိုက္ခိုက္၊ သိမ္းပိုက္၊ မီး႐ိႈဖ်က္ဆီးၿပီး ျပန္လာေသာ ျမန္မာအစိုးရ တပ္မ (၉၉) စစ္ေၾကာင္းကို ဒီဇင္ဘာလ (၂၅)၊ ခရစၥမတ္ေန႔ နံနက္ပိုင္းမွာ KIA မွ မိုင္းျဖင့္ ေစာင့္ၾကိဳေဖာက္ခြဲ တိုက္ခိုက္ခဲ့ေၾကာင္း KIA က ဆိုပါသည္။
ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ခ႐ိုင္၊ Mungbaw (မုန္ေဘာ္)ေက်းရြာ ပတ္၀န္းက်င္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တပ္မဟာ (၆)လက္ေအာက္ တပ္ရင္း (၃၆) ၏ Ting Sa Kawng စခန္းကို မီးရိႈဖ်က္ဆီးၿပီး ျပန္လာသည့္ အင္အား (၉၀)ခန္႔ တပ္မ (၉၉) စစ္ေၾကာင္းကို Mungbaw ေစ်းအနီး KIA တပ္ဖြဲ႔မ်ား မိုင္းျဖင့္ ေစာင့္ၾကိဳေဖာက္ခြဲ တိုက္ခိုက္ခဲ့သည္ဟု KIA တပ္မဟာ (၆) မွ အမည္မေဖာ္လိုသူ အရာရိွတစ္ဦး ကခ်င္သတင္းဌာန KNG ကို အတည္ျပဳေျပာသည္။
“Mungbaw (မုန္ေဘာ္)၊ Nam Hkawng Hka (နမ့္ေခါင္ေခ်ာင္း)မွာ KIA တပ္ဖြဲ႔မွ အခုတေလာ တပ္ရင္း (၃၆)ကို သိမ္းပိုက္ကာ မီး႐ိႈဖ်က္ဆီးၿပီး ျပန္ေခါက္လာတဲ့ ျမန္မာအစိုးရတပ္ေတြကို ေစာင့္ဆိုတိုက္ခိုက္ခဲ့တယ္။ ေဘးပတ္၀န္းက်င္မွ အစိုးရတပ္ေတြက လက္နက္ၾကီးေတြ ပစ္ကူေပးေနတယ္” ဟု အထက္ KIA တပ္မဟာ (၆) အရာရိွ ေျပာသည္။
အစိုးရတပ္မွ အေရအတြက္မသိရသည့္ ထိခိုက္ေသဆုံးမႈရိွၿပီး ဒဏ္ရာရရိွေသာ စစ္သား ၁ဦးကို မူဆယ္ ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း မ်က္ျမင္မ်ားမွ ေမးျမန္းသိရသည္။
အဆိုပါ KIA တပ္ရင္း (၃၆)၏ Ting Sa Kawng စခန္း ႏွင့္ တိုက္နယ္ အုပ္ခ်ဳပ္ေရး႐ုံး ကို အစိုးရ တပ္မ (၉၉) စစ္ေၾကာင္းမွ ဒီဇင္ဘာလ (၂၀)ရက္ေန႔ ထိုးစစ္ဆင္ တိုက္ခိုက္သိမ္းပိုက္ခဲ့ၿပီး မီး႐ိႈဖ်က္ဆီးကာ ျပန္လာၾကစဥ္ ယခုလို ခရစၥမတ္ေန႔ KIA ၏ ေစာင့္ၾကိဳတိုက္ခိုက္ျခင္း ခံရျခင္းျဖစ္သည္။
တႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈ NCA စာခ်ဳပ္ကို လက္ခံ လက္မွတ္ေရးထိုးျခင္း မရိွေသးသည့္ ေျမာက္ပိုင္းမဟာမိတ္ (၄)ဖြဲ႔ျဖစ္ၾကေသာ ကခ်င္ KIA၊ ရခိုင္ AA၊ တအာင္း TNLA ႏွင့္ ကိုးကန္႔ MNDAA တို႔သည္ ျမန္မာအစိုးရ၊ တပ္မေတာ္ တို႔ႏွင့္ bilateral အပစ္ရပ္ လက္မွတ္ထိုးႏိုင္ရန္ ၾကိဳးစားေနဆဲျဖစ္ၿပီး၊ တ႐ုတ္အစိုးရ ၾကား၀င္ကူညီေပးမႈအရ ဒီဇင္ဘာလ (၁၅)ရက္ေန႔တြင္ တ႐ုတ္ျပည္ ကူမင္းျမိဳ႔မွာ ဒီဇင္ဘာလ (၁၅)ရက္ေန႔ ယခုႏွစ္ ေနာက္ဆုံး အားျဖင့္ ေတြ႔ဆုံခဲ့သည္။
လာမည့္ ၂၀၂၀ ႏွစ္သစ္ ဇန္န၀ါရီလမွာလည္း ႏွစ္ဖက္ ျပန္လည္ေတြ႔ဆုံရန္ သေဘာတူထားပါသည္။