Covid-19 Reportingသတင်း

ဖားကန့်မြို့သို့ ဝင်လာသူများ ကိုယ့်စားရိတ်ဖြင့် ၂၁ ရက် Quarantine နေရမည်

လူဦးရေထူထပ်သော ဖားကန့် ရတနာမြေသို့ ဧပြီ ၂၅ရက်နောက်ပိုင်း ဝင်ရောက်လာသော မည်သူမဆို သတ်မှတ်ထားသည့်နေရာတွင် ၂၁ရက် Quarantine ဝင်ရမည်ဟု သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့တွင်းသို့ ဧပြီလ ၁၁ရက်နေ့မှစတင်ကာ အဝင်အထွက်ကန့်သတ်ခဲ့ပြီးနောက် ဒေသန္တရလိုအပ်ချက်အရ ဧပြီ ၂၅ရက်နေ့မှစကာ ဝင်ရောက်လာသည့် မည်သူမဆို သတ်မှတ်ထားသည့်နေရာတွင် Q ဝင်ရန် ထပ်မံထုတ်ပြန်ခဲ့ကြခြင်းကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးပြောသည်။

“Q မလုပ်ဘူးဆိုရင် တံခါးမရှိ ဓါးမရှိဝင်ထွက်ခွင့်ပေးထားသလို ဖြစ်နေတဲ့ချိန်ကျတော့ ကျနော်တို့ တိုင်ပင်ပြီးတော့ ဘယ်ကဘဲလာလာ ၂၁ရက် Q ဝင်ရမယ်။ လက်ရှိအနေအထားတော့ လူစီးကားတွေဝင်တာ အင်မတန်နည်းသွားပါပြီ။ အဓိက ဝင်နေတာက ကုန်စည်စီးဆင်းမူအရ ကုန်ကားတွေ၊ လောင်စာဆီသယ်တဲ့ကားတွေနောက်ပြီးတော့ တစ်သီးပုဂ္ဂလအနေနဲ့ ကုန်ကားသေးတွေဝင်တာလောက်ဘဲ ရ်ှိပါတော့တယ်။ သီးခြားဝင်တာဆိုရင် ဖားကန့်မှာအိုးနဲ့ အိမ်နဲ့အတည်တကျနေတဲ့သူတွေ ဝင်လာတာရှိတယ်။ တစ်ကယ်လို့ ကိုယ့်စရိတ်နဲ့ကိုယ် Qဝင်နိုင်တယ်ဆိုရင်တော့ တက်လာပေါ့။ မဝင်နိုင်ဘူးဆိုရင်တော့ ရောက်တဲ့နေရာဘဲနေပြီး အခြေနေကောင်းမှဘဲပြန်တက်လာ ဒီလိုဘဲရှိတာပေါ့။” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး ဆိုသည်။

ဖားကန့်မြို့တွင်းသို့ဝင်သည့် ဂိတ်ပေါင်း ၄ခု ရှိပြီး လက်ရှိအနေအထားအရ ကုန်ကား၊ လောင်စာဆီကားများသည် တစ်ရက်လျှင် အစီးရေ ၂၀၀ ခန့် ပုံမှန်ဝင်ထွက်မှုရှိနေသည်ဟု သိရသည်။

သို့သော်လည်း ကုန်ကားများတွင်လည်း ကားမောင်းသူနဲ့ ကားစပယ်ယာ စုစုပေါင်း ၂ဦးသာ လိုက်ပါခွင့်ရှိကာ အဆိုပါ ၂ဦးကိုလည်း အခြားသူများနဲ့ ထိတွေ့မှု မရှိအောင် သီးခြားထားရှိကြောင်း ဆက်ပြောသည်။

“အားလုံးက ဒီCovid-9 ရောဂါကာကွယ်ထိန်းချုပ်ဖို့တွက် သက်ဆိုင်ရာက တင်းတင်းကျပ်ကျပ်ဆောင်ရွက်နေတာတွေ့ရတယ်။ ဒါပေမယ့် တစ်ခုရှိတာက Q ဝင်တဲ့သူတွေကို ကိုယ့်စရိတ်နဲ့ကိုယ် ဝင်ရမယ်ဆိုတော့ အဆင်ပြေတဲ့သူရှိသလို အဆင်မပြေတဲ့သူလည်း အများကြီးရှိနိုင်တယ်။ အဲကြောင့်ဖြစ်နိုင်ရင် Qဝင်တဲ့သူတွေကို Q ကာလအတွင်း တစ်ကယ်ခက်ခဲတဲ့သူတွေကို ကူည်ီပေးစေချင်တယ်။” ဟု Green Land အရပ်ဘက်အဖွဲ့စည်းမှ ဒေါ်ခင်စန်းတင့် ယခုလိုပြောသည်။

ဧပြီလ ၁၁ရက်နေ့မှစကာ လက်ရှိကမ္ဘာတစ်ဝှမ်းဖြစ်ပွားနေသည့် Covid-9 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်တွက် ဖားကန့်မြို့တွင်းသို့လူဝင်ထွက်ခွင့်ကန့်သတ်ခြင်း ပြုလုပ်ထားပြီးဖြစ်သည်။

လူနာအမှတ် ၈၂နဲ့ထိစပ်သူ ဖားကန့်မြို့နယ်အတွင်း ၉ဦး ရှိခဲ့ပြီး ယင်း ၉ ဦး တွင်လည်း စစ်ဆေးချက်အရ Nagative ဖြစ်ကြောင်း သက်ဆိုင်ရာမှသိရသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်တွင်း လက်ရှိ Qဝင်သူစုစုပေါင်း ၃၀၀ကျော်ခန့်ရှိသည်။

အစိုးရမှ လူ ၅ ဦးထက် ပိုမစုရဟုအမိန့်ထုတ်ထားသော်လည်း ဖားကန့် ကျောက်စိမ်းမှော်တွင် ရေမဆေးကျောက်ရှာဖွေနေသူများမှာ ပုံမှန်ရှိနေဆဲ ဖြစ်သည်။

 

Show More

Related Articles

Back to top button