Breaking News :

ကဘူဒမ်းစစ်ရှောင်များ နေရပ်ပြန်လိုကြောင်း ပြောဆို

မြစ်ဆုံစီမံကိန်းအပြီးတိုင်ရပ်ဆိုင်းပေးရေ စာချွန်တော်ထုတ်ပေးရန် နေပြည်တော်တရားလွှတ်တော်သို့ပြန်လည်လျှောက်ထား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ရွေ့ပြောင်းအရေး၊ ကြိုတင်မဲနှင့် တပ်တွင်းမဲဆွယ်ခွင့်ကိစ္စအကြောင်း ဘယ်လိုပြောဆိုခဲ့သလဲ (အင်တာဗျူး)

ကချင်စစ်ပြေးဒုက္ခသည်များကို KHCC က နေရပ်ပြန်ပို့

ဖားကန့် မြေပြိုကျမှု သေဆုံးသူ ၁၇၀ ကျော်ရှိလာ

ဆူနာမီ ပုံစံ ဖါးကန့် ကျောက်စိမ်းတွင်း ပြိုကျမှုတွင် လူ ၁၂၀ ကျော် သေဆုံး

ကချင်ပြည်နယ်၏ ဒုတိယ ပိုးတွေ့လူနာ ပိုး မတွေ့သောကြောင့် ဆေးရုံ ဆင်းခွင့်ပြု

လူနာအမှတ်စဉ် ၂၄၉ တွင် ဒုတိယအကြိမ်ထိ ပိုးထပ်မံ မတွေ့

ရှမ်းပြည်နယ် ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဖြင့်တွေ့ဆုံမေးမြန်းခြင်း

မြန်မာ အစိုးရတပ် နှင့် KIA တိုက်ပွဲ ကချင်ပြည်နယ်မှာ ပြန်လည် ဖြစ်ပွားလာ

ငွေပျော်စံပြကျေးရွာတွင် လျှပ်စစ်မီးထပ်မံတပ်ဆင်ပေးရန် တောင်းဆို

ငွေပျော်စံပြကျေးရွာ

မြစ်ကြီးနားမြို့ ငွေပျော်စံပြကျေးရွာတွင် လျှပ်စစ်မီးမရရှိသေးသည့်ဒေသခံအိမ်ခြေတစ်ချို့က ပြည်နယ်အစိုးရထံ တောင်းဆိုထားသည့်အတိုင်း လျှပ်စစ်မီးအမြန်လိုချင်ကြောင်း ပြောဆိုနေကြသည်။

မီးတပ်ဆင်ပေးရန်လိုအပ်နေသေးသော အိမ်ခြေ ၂၁၉ အိမ်အတွက် ပြည်နယ်အစိုးရထံ ၂၀၁၈ မေလ ၂၄ ရက်ကတည်းက စာရင်းတင်ပြတောင်းဆိုခဲ့ပြီးဖြစ်သော်လည်း လက်ရှိချိန်ထိပြန်လည်တုန့်ပြန်အကြောင်းကြားမှုမရရှိသေးကြောင်း သိရသည်။

“လုံးလုံးမတပ်ဆင်ရသေးတာကို ကျွန်တော်တို့ဘယ်သူဘယ်ဝါ မရရှိသေးဘူးဆိုတာလည်း စာရင်းဇယားနှင့်တကွ တင်ပြထားပြီးသားဖြစ်တယ်။ ဓါတ်တိုင်စိုက် ကြိုးကြီးဆွဲတဲ့ အဆင့်တော့လုပ်ထားကြပြီ။ ဒါပေမဲ့အိမ်တိုင်ရာ မီတာတပ်ဆင်ပေးဖို့ ဘယ်နေ့ ဘယ်ချိန်တပ်ဆင်ပေးသွားမယ်ဆိုတာအကြောင်းမပြန်သေးဘူး” ဟု ငွေပျော်စံပြကျေးရွာ အုပ်ချူပ်ရေးမှူး ဦးသောင်းဆာက ပြောသည်။

ငွေပျော်စံပြကျေးရွာတွင် ၂၀၁၄ ခုနှစ်ကတည်းက နေရာချထားသည့် စစ်ရှောင်အိမ်ခြေများကို ယခင်အစိုးရက လျှပ်စစ်မီးတပ်ဆင်ပေးခဲ့ပြီဖြစ်ပြီး နောက်ပိုင်းမှ ပြန်လည်နေရာချလာသူများအတွက်လည်း မီးတပ်ဆင်ရန်လိုအပ်နေသေးသဖြင့် လက်ရှိအစိုးရထံ တင်ပြတောင်းဆိုထားခြင်းဖြစ်သည်ဟု သိရသည်။

မီး မရရှိသေးသော ဒေသခံပြည်သူများအနေဖြင့် အခက်ကြုံနေရပြီး လျှပ်စစ်မီးအမြန်ဆုံးတပ်ဆင်ပေးရန် လိုအပ်နေကြောင်း ယခုလိုပြောပါသည်။

“’မီးမရဘဲ နေခဲ့တော့ ကလေးတွေလည်း စာကျက်ချိန်တိုင်း အရမ်းဒုက္ခရောက်နေတယ်။ မီးတပ်ဆင်ပေးတော့မယ် ပေးတော့မယ်ဆိုပြီး ပြောနေတာကြာလှပြီ ခုချိန်ထိ မပေးသေးဘူး။ ကျွန်မတို့လည်းမီးဘဲမျှော်နေရတယ်။ ဆိုလာပြားပဲသုံးနေရတာ ခုလိုမိုးတွင်းရောက်တိုင်းအရမ်းဒုက္ခရောက်ရတယ်။ ဒါကြောင့်အမြန်ဆုံးမီးတပ်ဆင်ပေးဖို့တောင်းဆိုချင်တယ်။” ဟု ငွေပျော်စံပြကျေးရွာဒေသခံ ဒေါ်ခေါန်နူးက ပြောပါသည်။

ငွေပျော်စံပြကျေးရွာ စတည်ချိန် ယခင်အစိုးရလက်ထက်က အိမ်ခြေစုစုပေါင်း ၁၈၆ ကို လျှပ်စစ်မီးတပ်ဆင်ခဲ့ပြီးနောက် ယခုအစိုးရလက်ထက်တွင်လည်း နောက်ပြန်လည်အခြေချသူများက လျှပ်စစ်မီးရရှိရန် စောင့်ဆိုင်းနေဆဲဖြစ်သည်ဟု သိရသည်။

0 Reviews

Write a Review

Read Previous

ဖားကန့်မြို့အဝင် ကျောက်စိမ်းရိုင်းတုံးထားတော့မည်

Read Next

ပမ္ပတီးစစ်ရှောင်စခန်းတွင် လျှပ်စစ်မီးနဲ့ အခြားအကူညီများလိုအပ်နေ

Leave a Reply

Your email address will not be published. Required fields are marked *