သတင်း

စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲကြောင့် ပန်ဆိုင်းမြို့ခံများ ကားနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီး

ရှမ်းမြောက် ပန်ဆိုင်းမြို့မှာ ယမန်နေ့ည စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲကြောင့် ပြည်သူတွေရဲ့ ကားနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သွားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၅ ရက် ည ၉ နာရီကျော်ကနေ ၁၀ နာရီခွဲဝန်းကျင်အထိ ပစ်ခတ်မှုကြား လက်နက်ကြီးကျရောက်မှုကြောင့် ပျက်စီးသွားတယ်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ အသင်းထောက်နေအိမ် ခြံဝင်းမှာ ကျတယ်။ ကားရော၊ မှန်တွေရော အကုန်ထိကုန်ပြီ။ လူတော့ ဘာမှ မဖြစ်ဘူး။ ထိသွားတဲ့အိမ်တွေ တော်တော်ရှိတယ်။ ထိသွားတဲ့ အိမ်အားလုံး လိုက်မကြည့်နိုင်သေးဘူး။ တရုတ်အိမ် ၂ အိမ် ၃ အိမ်ထိတယ်။ ကိုးကန့်တွေ ဟုတ်တယ်။ မနေ့ည ၉ နာရီ ၄၅ မိနစ် ဝန်းကျင်ကနေ စဖြစ်တာ ၁၀ နာရီခွဲ ဝန်းကျင်ထိ ဖြစ်တယ်။” လို့ မျက်မြင် ဒေသခံ ၁ ဦးက ပြောပါတယ်။

ယခုလအတွင်း ပန်ဆိုင်း (ကြူကုတ်) မြို့မှာ နေ့စဉ်နီးပါး စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲဖြစ်ပွားနေကြောင်း “ဒီကြားထဲမှာ ပန်ဆိုင်းမှာ ဖြစ်တာ။ ရဲစခန်းလည်း လာပစ်တယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေလည်း လှုပ်ရှားသွားလာနေတာတွေ့ရတယ်။” လို့ နောက်ထပ် ဒေသခံ ၁ ဦးက ပြောပါတယ်။

ပန်ဆိုင်းမြို့နယ်ခွဲအတွင်း ဩဂုတ်လ ၄ ရက်နေ့မှ ယနေ့အထိ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲကြောင့် လက်နက်ထိမှန် သေဆုံးခဲ့သူ အမျိုးသမီး ၅ ဦး ရှိပြီး လက်နက်ထိမှန် ဒဏ်ရာပြင်းထန် ရရှိခဲ့သူ အမျိုးသမီး ၁ ဦးရှိကာ ကားနဲ့ ဘုရားကျောင်း အပါအဝင် အရပ်သားပြည်သူတွေရဲ့ နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့တာလည်း ဖြစ်ပါတယ်။

Bum Shep

Show More

Related Articles

Back to top button