,

Breaking News :

ကုန်းလောတွင် စစ်တပ်သတင်းပေးဟု ယူဆရသူတစ်ဦး ပစ်သတ်ခံရ

ကနီနယ်တွင် NUG အစိုးရ လမ်းညွန်မှုဖြင့် မီးသတ်သင်တန်းများပို့ချ

စစ်ကိုင်းတိုင်း ရေဦးမြို့တွင် စစ်ကောင်စီတပ် အရာရှိတစ်ဦးနှင့် စစ်သား ၂ဦးသေဆုံး

ဗန်းမော်-လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွင် မော်တော်ယာဉ်များပုံမှန်အတိုင်းသွားလာနိုင်ပြီဟုသိရ

ဖားကန့် လမ်းမပေါ်တွင် စစ်ကောင်စီတပ်သား ၆ ဦးကို KIA ဖမ်းဆီး

စစစ ရုံး‌ရှေ့ ဝင်ရောက်လာသည့် စစ်ကားတစ်စီး မိုင်းခွဲခံရ

ဝက်လက်နယ် တိုက်ပွဲတွင် ၂ဖက်တပ် အကျအဆုံးများဟုဆို

ဒီပဲယင်းတွင် လေကြောင်းလိုင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာ ၂ခုထွက်ပြေးတိမ်းရှောင်နေရ

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ် သေနတ်လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးထိမှန်

ဖမ်းဆီးခံထားရသည့် PDF တပ်သား ၄ ဦးအနက် ၂ ဦးကို ထောင်တွင်းသတ်ဖြတ်ခံရဟုဆို

နောင်မွန်မြို့  Covid-19 လူများအတွက် အောက်စီဂျင်အိုးများ ထပ်မံ လိုအပ်နေ

နောင်မွန်မြို့

ပူတာအိုခရိုင် နောင်မွန်မြို့ရှိ Covid-19 လူနာများအတွက်အရေးတကြီးလိုအပ်နေသော အောက်ဆီဂျင်အိုးများ သယ်ယူဖို့ လိုအပ်နေသော်လည်း စစ်ကောင်စီက ခွင့်မပြုသဖြင့် အခက်ကြုံနေရကြောင်း သိရသည်။

လူဦးရေ နည်းပါးသော နောင်မွန်မြို့တွင် ကိုဗစ် ကူးစက်ခံရသူ အဆမတန်တိုးလာသောကြောင့် ဆေးဝါးပစ္စည်းများလည်း ကူညီထောက်ပံ့ပေးရန်လိုအပ်နေကြောင်း လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ကျနော်တို့မှာ အောက်ဆီဂျင်ဗူးရရှိဖို့အဆင်မပြေဘူး။ လောလောဆယ်က အစိုးရလို့ခံယူထားတဲ့ အဖွဲ့တွေက သယ်ယူခွင့်ကိုမပေး ဘူး။ မန္တလေးမှာ အလှူရှင်ပေးတာဟုတ်တယ်။ သယ်ယူဖို့အကြိမ်ကြိမ်ကြိုးစားတယ်။ မရတော့ လှူတဲ့အဖွဲ့တွေကို ပြန်ငြင်းလိုက်ပြီး ပြန်အပ်ရတယ်။ ဒါပေမယ့် လျှပ်စစ်နဲ့သုံးလို့ရတဲ့ဟာက သယ်ယူခွင့်ပြုတယ်လို့တော့ ပြောတယ်။ ပြီးရင် ဆေးဝါးတွေလည်း လိုအပ်နေတယ်” ဟုပြောဆိုသည်။

နောင်မွန်မြို့ရှိ ကိုဗစ်-၁၉ လူနာများအတွက် တစ်ရက် အောက်ဆီဂျင် ၁၀ လုံးထက်မနည်းထုတ်လုပ်နိုင်ရန်အတွက် စက်မောင်းနှင်ရန် မီးစက်အကြီးတစ်လုံး လိုအပ်နေသည်ဟုလည်း ဆိုသည်။

“ကျနော်တို့ နောင်မွန်ဆေးရုံမှာက နဂိုကနေ အောက်ဆီဂျင် ၃၊ ၄လုံးလောက်တော့ရှိမယ်ထင်တယ်။ ဆေးရုံမှာက Honda မီးစက်အသေးတစ်ခုဘဲရှိတာ။ အဲ့စက်တစ်ခုထဲနဲ့ အများကြီး ထုတ်မပေးနိုင်ဘူး။ ပြီးတော့ ဒီဘက်က ဆီစျေးကြီးတော့ အလွန်ဆုံး ၃နာရီလောက်ဘဲစက်နိုး နိုင်တယ်။ အဲ့ကြောင့် ဖြစ်နိုင်ရင် ဗို့များတဲ့ စက်တစ်လုံးလည်း လိုအပ်တယ်” ဟု ပြောဆိုသည်။

ကချင်ပြည်နယ်မြောက်ပိုင်း နောင်မွန်မြို့တွင် အောက်တိုဘာလ ၁၅ရက်နေ့တွင် ၁၈ဦးစတင်တွေ့ရှိခဲ့ပြီးနောက် ယနေ့ အောက်တိုဘာလ ၂၆ရက်နေ့အထိ ပိုးကူးစက်ခံရသူ ၇၀ ကျော်ပြီဖြစ်သည်။

နောင်မွန်မြို့ပေါ်ရပ်ကွက် ၅ ခုရှိသည့်အနက် ရပ်ကွက် ၂ နှင့် ၃ တွင် ကူးစက်မှုအများဆုံးဖြစ်သောကြောင့် ဒေသခံတစ်ချို့မှာ နီးစပ်ရာ တောင်ယာအခင်းများသို့ သွားရောက်တိမ်းရှောင်နေရကြောင်း သိရသည်။

ပြီးခဲ့သော စက်တင်ဘာလကုန်ပိုင်း နောင်မွန်အုပ်ချုပ်ရေးမှူးအဖွဲ့များ ဦးဆောင်သော ဘောလုံးပွဲ လူစုလူဝေးများကြောင့် ရောဂါကူးစက်မှုနှုန်း ပိုမိုမြင့်တက်လာသည်ဟု ဒေသခံများ သုံးသပ်ပြောဆိုနေကြသည်။

Read Previous

စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲကြောင့် ပန်ဆိုင်းမြို့ခံများ ကားနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီး

Read Next

မူဆယ်မြို့နယ်မှာ တရုတ်ဘက် နယ်နမိတ်ကျူးကျော် သံဆူးကြိုးခတ်လာမှုကို ဒေသခံများ ပြန်လည်ဖျက်ဆီး

Leave a Reply

Your email address will not be published.