,

Breaking News :

ယုဇန ကုမ္ပဏီထွက်ခွာပြီးနောက် မြေယာ ဦးယူပိုင်ဆိုင်ထားမှုကို KIO ပြန်လည်သိမ်းယူမည်

မြန်မာ့ကြက်သွန်နီ ကားအစီး ၅၀၀ စာခန့် တရုတ်ဘက်ပို့မရလို့ ဆုံးရှုံးမှုဖြစ်ပေါ်နေ

သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နေရာကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်စီးကာ မီးရှို့ဖျက်ဆီး

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီ နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွား

မိုးညှင်း KIA တပ်ရင်း ၂၆ နယ်မြေသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

စစ်ကောင်စီယာဉ်တန်းကို မိုးညှင်းအနီးတွင် KIA မိုင်းခွဲ တိုက်ခိုက်

ဥယျာဉ်ထဲက ပန်းပွင့်များ

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိုးမောက်မြို့ ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းတွင် လက်နက်ကြီးကျ

မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေး ဂိတ်ပေါက် ၂ ပေါက် စတင်ဖွင့်လှစ်

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေ

စစ်ရေးတင်းမာမှုများကြောင့် ဖောင်းဆိုင်ဒေသခံများ စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေ

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲရှိ ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား စစ်ရေးတင်းမာနေတာကြောင့် ဒေသခံများ စပါးရိတ်သိမ်းဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

စပါးရိတ်ရမယ့် လယ်ယာခင်းများမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ နှစ်ဖက်တပ် အလွန်နီးကပ်စွာရှိနေတဲ့အပြင် ဒေသခံတွေကိုလည်း သွားလာခွင့်ကန့်သတ်ထားတယ်လို့ သိရပါတယ်။

“သွားအလုပ်လုပ်လို့ မရဘူး။ မသွားခိုင်းဘူး။ သူတို့ အရမ်းနီးကပ်နေလို့တဲ့။ ဘယ်ကိုမှ မသွားခိုင်းဘူး။ စပါး အရေးတကြီးကို ရိတ်ရတော့မှာ။ မသွားခိုင်းဘူး ဖြစ်နေတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လယ်ယာခင်းမှာ စပါးအမှည့်လွန်နေပြီ ဖြစ်သောကြောင့် တစ်နှစ်စာအတွက် စပါးမရိတ်သိမ်းနိုင်ပါက လာမယ့်နှစ်မှာ အစာပြတ်လပ်မှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကို ဒေသခံတွေကို အသွားအလာကန့်သတ်ထားပြီး ကျေးရွာအပြင်ဘက်တွေမှာလည်း မိုင်းထောင်ထားတာကြောင့် ဖောင်းဆိုင်ကျေးရွာအနီးတစ်ဝိုက်မှာ မိုင်းနင်းမိပြီး အမျိုးသား ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကတည်းက မိုးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် လက်နက်ကြီး ကျည်စထိမှန် သေဆုံးသူ ကလေးငယ် ၁ ဦး ရှိကာ ဒဏ်ရာရသူ ၁ ဦး ရှိတာ လည်းဖြစ်ပါတယ်။

Bum Shep

Read Previous

တနိုင်း-ရှင်ဗွေယန် လမ်းမပေါ်  စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်

Read Next

စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲကြောင့် ပန်ဆိုင်းမြို့ခံများ ကားနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီး

Leave a Reply

Your email address will not be published. Required fields are marked *