Month: January 2022
-
Jan- 2022 -10 Januaryသတင်း
မီတာခမတရားကောက်ခံနေသည့် ဟိုပင်လျှပ်စစ်ရုံးဝန်ထမ်းများကို ဟိုပင် PDFက သတိပေး
ပြည်သူများထံမှ လျှပ်စစ်မီးသုံးဆောင်ခ မတရားကောက်ခံနေသည့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှ လျှပ်စစ်ရုံးဝန်ထမ်းများက ဟိုပင်ဒေသ PDFများက သတိပေးစာထုတ်ပြန်ထားသည်။ ဟိုပင်လျှပ်စစ်ဝန်ထမ်းများသည် ၂၀၂၁ ဒီဇင်ဘာလမှ စတင်ကာ မီတာစာရွက်လာရောက်ဖတ်ခြင်းမပြုဘဲ ပြည်သူများထံမှ မီတာခမတရားကောက်ခံမှုများပြုလုပ်နေပြီး မီတာခမပေးဆောင်ပါက လျှပ်စစ်မီးဖြတ်တောက်မည် ဟု…
Read More » -
10 Januaryသတင်း
ဝိုင်းမော်မြို့၊ ဈေးကြီးအပြင်ဘက် ရောင်းချသည့်ဈေးသည်များ ရောင်းချခွင့်အချိန်ကန့်သတ်ခံရ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ကျန်စစ်သားလမ်းပေါ်တွင်ရှိသော နံနက်စျေးတွင် လာရောက်ရောင်းချသည့် အပြင်စျေးသည်များထံမှ အခွန်မရရှိသဖြင့် စည်ပင်သာယာရေးအဖွဲ့က စျေးရောင်းချခွင့်ကို အချိန်ကန့်သတ်လိုက်သောကြောင့် အပြင်စျေးသည်များ စျေးဆက်ရောင်းချရန် ပြသနာအခက်အခဲကြုံတွေ့နေရကြောင်း ဈေးသည်များထံမှ သိရသည်။ ဇန်နဝါရီလ ၁၀ရက် ယနေ့နံနက်ပိုင်းတွင် ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က…
Read More » -
10 Januaryသတင်း
( ၇၄) ကြိမ်မြောက် ကချင်ပြည်နယ်နေ့အား ဂုဏ်ပြုသည့်အနေဖြင့် ကချင်တိုင်းရင်းသားနေအိမ်အချို့တွင် ကချင်အမျိုးသားအလံ လွှင့်တင်
ဇန်နဝါရီလ ၁၀ရက်နေ့ ကျရောက်သည့် (၇၄)ကြိမ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အား ဂုဏ်ပြုသည့်အနေဖြင့် ကချင်တိုင်းရင်းသားများ၏ နေအိမ်အချို့တွင် ကချင်အမျိုးသားအလံလွှင့်တင်ကာ ဂုဏ်ပြုခဲ့ကြကြောင်း မြစ်ကြီးနားမြို့မှ ကချင်တိုင်းရင်းသား ဒေသခံတစ်ဦးကခုလိုပြောသည်။ “ကချင်ပြည်နယ်နေ့ကို သတိရဂုဏ်ပြုတဲ့အနေနဲ့ အိမ်မှာအလံထောင်ထားရတာပါ။ အိမ်ကကလေးအငယ်တွေ ဘာလို့ဒီနေ့မှ အလံထောင်တာလဲလို့မေးရင် ပြောပြလို့ရတယ်။…
Read More » -
8 Januaryသတင်း
ခေါင်လန်ဖူးဒေသသို့ နယ်လှည့်ဆေးကုမည့် အစီအစဥ်အတွက်ပရဟိတ ဆရာဝန်နှစ်ဦးအရေးပေါ် လိုအပ်နေ
ကချင်ပြည်နယ်မြောက်ဖျားပိုင်း ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ဒေသဘက်သို့ ၁ လကြာ နယ်လှည့်ဆေးကုသမည့်အစီအစဥ်တွင် ပါဝင်ကူညီပေးနိုင်မည့်ပရဟိတ ဆရာဝန်နှစ်ဦးလိုအပ်နေကြောင်း သိရသည်။ ”ကျွန်တော်တို့ဆီမှာ ဆေးဝါးတွေတော့ ရောက်သင့်သလောက်တော့ရောက်ပြီ။ လောလောဆယ်က ကျွန်တော်တို့ ပန်းဥယျာဥ်လူမှုကူညီရေးအသင်းထဲက ဆေးအဖွဲ့တွေပဲဖြစ်နေတယ်။ ပရဟိတဆရာဝန်နှစ်ယောက်လောက်ဆိုပြီး အကူအညီတောင်းနေတာ မရသေးဘူးဖြစ်နေတယ်။…
Read More » -
8 Januaryသတင်း
စီစီဝမ် တောင်မှာ စစ်ကောင်စီနဲ့ KIA တိုက်ပွဲ ဖြစ်
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) မြို့နယ်ခွဲက သမိုင်းဝင်တိုက်ပွဲကြီး ဖြစ်ပွားခဲ့တဲ့ စီစီဝမ်တောင်ဘက်မှာ ဒီကနေ့ ဇန်နဝါရီ ၈ ရက်မနက်အစောပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မနက်အစောပိုင်း ၁…
Read More » -
8 Januaryသတင်း
ဂိတ်စခန်းဖွင့်ကာ ငွေကြေးကောက်ခံနေသော ဝူယန်ပြည်သူ့စစ်ဂိတ်ကို PDF မှ သွားရောက်ပစ်ခတ်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ပြင် ဝူယန်ကျေးရွာတွင် အသစ်တပ်ချထားသည့် ပြည်သူ့စစ်ဂိတ်တစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့က ယနေ့ နံနက်ပိုင်း ၆ နာရီဝန်းကျင်ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ PDF အဖွဲ့က ပျောက်ကျားစနစ်ဖြင့် လက်နက်ကြီး ၅ ကြိမ်ထက်မနည်း…
Read More » -
7 Januaryသတင်း
မြစ်ဆုံနှင့် ချီဖွေဒေသတွင် ကန့်ကွက်နေသည့်ကြား စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်မှု မိုများပြားလာ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထက်ပိုင်း မြစ်ဆုံဒေသတဝိုက် နှင့် ချီဖွေမြို့ မြစ်ကြောင်းတစ်လျှောက်တွင် စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်နှင့်ဆက်နွယ်သူများက စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု အလွန်များပြားလာကြောင်း ဒေသခံများပြောသည်။ မြစ်ဆုံဒေသတဝိုက်တွင် ဒေသခံများကန့်ကွက်နေသည့်ကြား စီးပွားရေးလုပ်ငန်းရှင်အချို့က ငါးမွေးမြူသည့် လုပ်ငန်းအသွင်ယူပြီး ရွှေတူးဖော်သည့် လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း…
Read More » -
6 Januaryသတင်း
ကချင်-တရုတ်နယ်စပ် လွယ်ဂျယ် ကုန်သွယ်ရေးဂိတ်မဖွင့်သည့်အတွက် စိုက်ပျိုးသီးနှံများ စွန့်ပစ်နေရ
ကချင်-တရုတ်နယ်စပ်ဂိတ်ဖြစ်သော လွယ်ဂျယ်ကုန်ဂိတ်ကို ဒီဇင်ဘာလ ၃၁ ရက်နေ့ ဖွင့်ရန် သဘောတူညီမှုရှိခဲ့သော်လည်း ကိုဗစ်ခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံဘက်က ဂိတ်မဖွင့်သေးသောကြောင့် တရုတ်သို့တင်ပို့မည့် စိုက်ပျိုးသီးနှံများပျက်စီးသွားသဖြင့် စွန့်ပစ်နေရကြောင်း သိရသည်။ လွယ်ဂျယ်နယ်စပ် ကုန်ရေးဂိတ်ကို တရုတ်အစိုးရဘက်က ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ်…
Read More » -
6 Januaryသတင်း
ရှမ်းမြောက် မုံးပေါ်ဒေသမှာ စစ်ကောင်စီနဲ့ KIA တိုက်ပွဲ ပြင်းထန်
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်ခွဲ မုံးပေါ်ဒေသမှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ဇန်နဝါရီလ ၂ ရက်နေ့ကနေ မနေ့က ၅ ရက်နေ့အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၅ ရက်နေ့ မနေ့က…
Read More » -
6 Januaryသတင်း
မြစ်ကြီးနား ဇီးအွန် စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာအရေးပေါ်ထောက်ပံ့ရန် လိုအပ်နေ
အိမ်ထောင်စု တစ်ရာကျော် မှီတင်းနေထိုင်သော ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ ဇီးအွန် (ဇီးလွန်) စစ်ရှောင်စခန်းတွင် အစားအသောက်အတွက် အကူအညီလိုအပ်နေကြောင်း စခန်းတာဝန်ခံများမှ သိရသည်။ ”ကျွန်တော်တို့ဆီမှာ အခုလောလောဆယ်တော့ အစားအသောက်ပဲခက်ခဲနေတယ်။ အစားအသောက်ကအရင်ကဆိုရင် လူကယ်ပြန်ကလာပေးတယ် ဆန်တွေဘာတွေလာပေးတယ်။ အခုတစ်လ…
Read More »