သတင်း

မီတာခမတရားကောက်ခံနေသည့် ဟိုပင်လျှပ်စစ်ရုံးဝန်ထမ်းများကို ဟိုပင် PDFက သတိပေး

ပြည်သူများထံမှ လျှပ်စစ်မီးသုံးဆောင်ခ မတရားကောက်ခံနေသည့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှ လျှပ်စစ်ရုံးဝန်ထမ်းများက ဟိုပင်ဒေသ PDFများက သတိပေးစာထုတ်ပြန်ထားသည်။

ဟိုပင်လျှပ်စစ်ဝန်ထမ်းများသည် ၂၀၂၁ ဒီဇင်ဘာလမှ စတင်ကာ မီတာစာရွက်လာရောက်ဖတ်ခြင်းမပြုဘဲ ပြည်သူများထံမှ မီတာခမတရားကောက်ခံမှုများပြုလုပ်နေပြီး မီတာခမပေးဆောင်ပါက လျှပ်စစ်မီးဖြတ်တောက်မည် ဟု ခြိမ်းခြောက်ပြောဆိုမှုများရှိနေသောကြောင့်ယခုကဲ့သို့ သတိပေးစာထုတ်ပြန်ရခြင်းဖြစ်ပြီး ဟိုပင် PDF မှ တာဝန်ရှိသူတစ်ဦးက ခုလိုပြောသည်။

“အဲ့ဒီထုတ်ပြန်ထားတဲ့ကိစ္စက ကျွန်တော်တို့ကိုယ်တိုင်လည်း ကွင်းဆင်းခဲ့တဲ့မြေပြင်အခြေအနေအရ ပြီးတော့ တာဝန်သိပြည်သူတွေရဲ့သတင်းပေးချက်အရကောဒီလျှပ်စစ်ဝန်ထမ်းကနေပြီးတော့မှ မီတာ ကိုဆောင်ခိုင်းတယ် မဆောင်ရင်မီးဖြတ်မယ်လို့ပြောတယ်။အဲ့လိုခြိမ်းခြောက်မှုတွေရှိတယ် အဲ့ဒါ ကြောင့် နောက်ထပ်ဒီလိုခြိမ်းခြောက်မှုတွေ ကောက်ခံမှုတွေမရှိအောင်ပေါ့ ပြည်သူတွေအတွက်ဖြစ်ပါတယ်’’ဟု ဟိုပင် pdfအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထုတ်ပြန်ချက်အား လိုက်နာမှုမရှိ ပါက ထိရောက်သည့် အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဒေသခံပြည်သူများထံ KNGသတင်းဌာနက ဆက်သွယ်စုံစမ်းမေးမြန်းခဲ့ ရာ ဟိုပင်မြို့နေသူတစ်ဦီးက ယခုကဲ့သို့ပြောသည်။

“အခုက မီတာလည်းမဖတ်ဘူးလေး မီတာမဖတ်ပဲနဲ့ပိုက်ဆံကို ငါးသောင်း ခြောက်သောင်း ဆိုပြီးတောင်းကုန်တာ။မီတာ ခကိုလည်းမဖတ်ပဲနဲ့ ရေခဲသေတာသုံးတယ် ဘာသုံးတယ်အဲ့ လိုမျိုးတွေပြောပြီးမှ မီတာခတွေလျှောက် ကောက်တာ။ဟိုတစ်လကနေ စကောက်တယ်’’ဟု ဟိုပင်မြို့နေသူအမျိုးသမီးတစ်ဦီးကပြောသည်။

ဟိုပင်လျှပ်စစ်ရုံးဝန်ထမ်းများအနေဖြင့် မီတာခကိုမတရားကောက်ခံပြီး မီတာခမပေးဆောင်ပါက မီးဖြတ်တောက်မည်ဟု ပြောဆိုမှုများရှိနေသော်လည်း လတ်တလောတွင် မီးဖြတ်ခံရသည့် နေအိမ် မရှိသေးကြောင်း သိရသည်။

“မီတာခကတော့ ဆောင်တဲ့လူတွေတော့ဆောင်ကြတယ် တချို့လည်းလုံးဝမဆောင်ကြတာရှိတယ် မီတာခမဆောင်ရင် မီးဖြတ်မယ်လို့ခြိမ်းခြောက်ပေမယ့် လက်ရှိချိန်ထိတော့ လက်တွေ့မီးဖြတ်ခံ ရတဲ့နေအိမ်တော့မရှိသေးပါဘူး’’ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဟိုပင်မြို့နေသူအမျိုးသမီးတစ် ဦိးကပြောသည်။

ထို့ပြင် ဟိုပင်မြို့တွင် လျှပ်စစ်မီးကို နိုင်ငံတော်၏မဟာဓာတ်အားလိုင်းမှ သွယ်တန်းအသုံးပြုနေခြင်းဖြစ်ပြီး ပြည်သူများအား ဆက်လက်ခြိမ်းခြောက် မတရားအခွန်ထပ်ကောက်နေမည်ဆိုပါက Non-CDMလျှပ်စစ် ဝန်ထမ်းများအား ပြင်းထန်သည့် အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ဟိုပင် pdfအဖွဲ့က ဇန်နဝါရီ ၇ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။

အလားတူ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဓာတ်အားစနစ်လျော့ချမှုကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် နိုင်ငံတစ်ဝှမ်းရှိ တိုင်းနှင့်ပြည်နယ်အချို့တွင် အချိန်နှင့် တပြေးညီ နံနက် ၇ နာရီမှ ည ၁၁ နာရီအတွင်းအချိန်ပိုင်းမီးပြတ်တောက်နိုင်ကြောင်းနှင့် လျှပ်စစ်မီး သုံးစွဲသူများအနေဖြင့် LED မီးသီးမီးချောင်းများကို အစားထိုးသုံးစွဲရန်နှင့် မလိုအပ်ပဲလျှပ်စစ်မီးသီးများကို မဖွင့်ထားပဲပိတ်ထားရန်စသည့်အချက်များပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင်ကို ဇန်နဝါရီလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Show More

Related Articles

Back to top button