တိုက်ပွဲသတင်း

ထီးချိုင့် နှစ်ရက်သာ ထိတွေ့တိုက်ပွဲတွင် ကလေးငယ်တစ်ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDFပူးပေါင်းတပ်များအကြား ၂ ရက်သာတိုက်ပွဲဲဲဲဲတွင် စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးကြောင့် ဒေသခံကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့မှစပြီး အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည်ကသာမြို့နယ်ဘက်မှ ထီးချိုင့်မြို့နယ် ဇီးကုန်းကျေးရွာအနီးသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာမှ မတ်လ၅ ရက်နေ့တစ်ကြိမ်၊ မတ်လ ၇ ရက်နေ့တစ်ကြိမ် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“သူတို့ကစျေးဆိုင်ဖွင့်ထားတာလို့သိရတယ် အဲ့မှာစစ်ကောင်စီအဖွဲ့နဲ့KIA+PDFပူးပေါင်းတပ်တွေနေ့လည် ၂ နာရီ လောက်မှာ ထိတွေ့မူဖြစ်ကြတာ ဒေသခံတွေလည်း ရုတ်တရက်ဆိုတော့မရှောင်လိုက်နိုင်ဘူးပြောတယ် အဲ့မှာကာကွယ်ရေးတပ်တွေဘက်ကပြန်ဆုတ်တော့ စစ်ကောင်စီဘက်ကလက်နက်ကြီးရမ်းပစ်တာကနေ ကလေးက ပွဲချင်းပြီးသေဆုံးတာ”ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။

အဆိုပါ ၂ ရက်သာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်ကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးခဲသည့်အပြင် KIA၊ PDF ဘက်မှ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှလည်း ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်းဒေသခံများကပြောသည်။

ယင်းစစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၇ ရက်ည ဇီးကုန်းရွာကျေးရွာဘက်မှ ပြန်လည်တပ်ဆုတ်သွားပြီးလက်ရှိကျောက်မှော်ရွာ အရှေ့ဘက်သို့ စစ်ရေးလှုပ်ရှားနေသည့်အတွက် ဒေသခံပြည်သူများအနေနဲ့သတိပြုနေထိုင်ရန် ဒေသကာကွယ်ရေးတပ်က အသိပေးထားကြောင်းသိရသည်။

“ဒီစစ်ကြောင်းက ခုကျောက်မှော်ဘက်ကို ရောက်နေတယ် အဲတော့ ရွာထဲမှာနေတဲ့ပြည်သူတွေအနေနဲ့သတင်းတွေနားစွင့်ပြီး နေစေချင်တယ်” ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဟုပြောသည်။

ထီးချိုင့်သည် စစ်ကိုင်း- ကချင်အစပ်တွင်ရှိသည့် မြို့နယ်တစ်ခုဖြစ်ပြီး မကြာခဏဆိုရသလိုစစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။

Show More

Related Articles

Back to top button