သတင်း

တောပုန်းရွာဒေသခံများ ကျောင်းထိုင်ဆရာတော်ကို လစဥ်ငွေကြေးပေးဆောင်နေရ

ကချင်ပြည်နယ် ရွှေကူမြို့နယ် တောပုန်းကျေးရွာမှာရှိတဲ့ တောပုန်းကျောင်းထိုင်ဆရာတော်ကို ရွာသားတွေက တစ်လကို ကျပ်ငွေ တစ်သောင်းပေးဆောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရွှေကူမြို့နဲ့ ၅မိုင်လောက်ဝေးတဲ့ တောပုန်းကျေးရွာကျောင်းထိုင်ဆရာတော်ဟာ စစ်ကောင်စီတပ်နဲ့ပေါ်ပေါ်တင် တင်ပူးပေါင်းဆောင်ရွက်နေတဲ့ပျူစောထီးတွေတောပုန်းရွာမှာရှိလာပေါ်လာပြီးနောက် ဒီနှစ် နှစ်ဆန်းပိုင်းလောက်ကနေ ရွာသားတွေဆီကနေ တစ်အိမ် ကျပ် ၁၀၀၀၀ နှုန်း လစဥ်ကောက်ခံနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

”သူကကျောင်းထိုင်ပါ့အေး သူက ရွာသားတွေတော်တော်များများကိုနိုင်ပြီးသားလေ ထွေထွေထူးထူးပြောစရာမလို့တော့ဘူး ဘုန်းကြီးကြေးကောက်တယ်ပေး။ ကောက်ပြီးရင် ၅၆တပ်နဲ့ ၆၀၂ တပ်ကိုခွဲ ပို့အဲ့လိုလုပ်နေတာ”လို့ အသက် ၃၀ ကျော်အရွယ်ရှိတဲ့ဒေသခံအမျိုးသားကပြောပါတယ်။

အဲ့ဒီတောပုန်းကျောင်းထိုင်ဆရာတော်ဟာ ရွာသားတွေဆီက ကောက်ခံထားတဲ့ ငွေကြေးတွေကို စစ်ကောင်စီတပ် ၅၆ တပ်နှင့်၆၀၂ တပ်ကို ထောက်ပံ့ပေးနေတယ်လို့လည်း ဒေသခံတွေပြောဆိုတာတွေရှိပေမယ့် KNG  သတင်းဌာနအနေနဲ့သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့တောပုန်းကျေးရွာမှာ ကြံ့ခိုင်ရေးပါဝတီဝင်တွေကကျေးရွာအိမ်ခြေရဲ့ထက်ဝက်ကျော်ရှိသလို ကျောင်းထိုင်ဘုန်းကြီးကလည်း ကြံ့ခိုင်ရေးအားပေးသူ လို့ဆိုပါတယ်။

”တောပုန်းရွာက အစိမ်း(ကြံ့ခိုင်ရေးပါတီ) တွေများတယ် အဲ့ဘုန်းကြီးကလည်းအစိမ်းအားပေးပဲလေ စစ်ကြောင်းတွေလာရင် သူ့သံခွန်မော်တော်ကြီးနဲ့သွားကြိုပေးတာ။ ကောက်နေတာတော့မှန်တယ် လတိုင်းကောက်တယ်။ အရင်ကအဲ့လောက်မဆိုး ဘူးအခုနောက်ပိုင်းပိုပိုဆိုးလာတယ်အဲ့ဘုန်းကြီးက”လို့ တော်လှန်ရေးမှာပါဝင်နေတဲ့ ဒေသခံအမျိူးသားတစ်ဦးကပြောပါတယ်။

အဲ့ဒီတောပုန်းဘုန်းကြီးဟာ စစ်ကောက်စီတပ်က သေနတ်အတိုတစ်လက် တပ်ဆင်ပေးထားပြီးရွာသားတွေက ပျူစောထီး ခေါင်းဆောင်ဖြစ်ကြောင်း ပြောဆိုနေကြပေမယ့် KNG ကသီးခြားအတည်ပြုထားခြင်းမရှိသေးပါဘူး။

လစဉ်ငွေကြေားကောက်ခံတာကို ကြံ့ခိုင်ရေးပါဝတီဝင်တွေအချို့က လိုလို လားလားပေးကြပေမယ့် နွေဦးတော်လှန်ရေး ထောက်ခံသူတွေနဲ့ အချို့ကြံ့ခိုင်ရေးပါတီဝင် အိမ်ထောင်စုအချို့ကတော့ မပေးချင်ပေးထည့်ပေးနေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

တော်ပုန်းဆရာတော်မှာ လူ ၁၀၀ နီးပါးဆန့်တဲ့ သံခွန်မော်တော်တစ်စီးရှိပြီး စစ်ကြောင်းသွားလာတဲ့ အခါတိုင်းစစ်တပ် ကိုပေးသုံးနေသလို ဒီနေ့မနက်ပိုင်းက ကျောက်ကြီးကနေတောပုန်းဘက်ကိုလာမယ့်စစ်ကြောင်းကိုလည်း သွားကြိုပေးတယ်လို့သိရပါတယ်။

တောပုန်းကျေးရွာဟာရွှေကူမြို့နောက်ဘက် ခြမ်း ရွှေကူမြို့နဲ့ ၅ မိုင်လောက်ဝေးတဲ့နေရာ မှာတည်ရှိပြီး အိမ်ခြေ ၂၅၀ လောက်ရှိတဲ့ရွာဖြစ်ပါတယ်။

 BY; WL

Show More

Related Articles

Back to top button