ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာရှိတဲ့ ရဲစခန်းနဲ့တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တို့မနေ့ညကတည်း ထိုးစစ်ဆင်နေတာကြောင့် ရဲစခန်းက ရဲအားလုံး တပ်ဆုတ်သွားပြီဖြစ်ပေမယ့် တပ်စခန်းကိုတော့ ဝန်းရံပိတ်ဆို့ထားဆဲဖြစ်တယ်လို့ KPDF တပ်ကနေ သိရပါတယ်။
မတ်လ ၁၃ ရက်နေ့ ညနေ ၈ နာရီကတည်းကနေ KIAနဲ့ KPDF ပူးပေါင်းတပ်တွေဟာ ရွာထဲဝင်ရောက်ပြီးထိုးစစ်ဆင်လာ
“ခုအော်နေတာ လက်နက်ချဖို့ ရဲစခန်းကဟာတွေကတော့ မနေ့ည ၉နာရီမှာ မတိုက်လိုက်ရဘဲ အားလုံးဆုတ်သွားပြီ ခုက တပ်စခန်းကျန်နေတာ လောလောဆယ်အနေထားကတော့ အားလုံးပိတ်ဆို့ထားတယ် လက်နက်ချဖို့ မိုက်တွေနဲ့ သတိပေးနေအော်နေတာ ညနေအထိ လက်နက်မချရင်တော့ တစ်မျိုးတစ်ဖုံပြောင်းသွားလိမ့်မယ်”လို့ ပြောပါတယ်။
အဲဒီဆိုင်းတောင်တပ်စခန်းဟာ တပ်မ ၃၃လက်အောက်ခံတပ်တွေအထိုင်ချထား
ဒါပေမယ့် လက်ရှိချိန်ထိ လက်နက်ချတာမရှိသေးဘဲ ဆက်ပြီးခေါင်းမာတင်းခံနေပါက နောက်ဆက်တွဲအနေနဲ့ လက်နက်နဲ့ဖြေရှင်းသွားမယ့်အခြေ
“တိုက်ပွဲဖြစ်တာတော့ မရှိသေးပါဘူး ဖမ်းဆီးရမိတာလည်း မရှိသေးဘူး ရဲစခန်းကသူတို့ဖာသာဆုတ်သွားတာဆို
လက်ရှိ ရွာထဲ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံပြည်သူတစ်ချို့ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြသူတွေရှိ
ဒါ့အပြင် ဆိုင်းတော်ရဲစခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညမှာလည်း တိုက်ခိုက်ခံရတာရှိခဲ့ပါတယ်။ ဖားကန့်မှာ ဒီနှစ် နှစ်ဆန်းပိုင်းကနေစပြီး KIA၊KPDF ပူးပေါင်းတပ်တွေက စခန်းသိမ်းတိုက်ပွဲဆက်တိုက်ဆင်
By – ဇမီ