စစ်ပြေးဒုက္ခသည်များသတင်း

စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ

ဝိုင်းမော်မြို့နယ်က စစ်ရှောင်စခန်းတစ်ချို့မှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့အာဟာရပြည့်ဝတဲ့အစားအစာတွေ အကူညီလိုအပ်နေတယ်လို့  စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။

လက်ရှိ စစ်ရှောင်စခန်းတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကာကွယ်ဆေးထိုးရမှာဖြစ်ပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတာကြောင့် ကာကွယ်ဆေးမထိုးနိုင်အပြင် ငွေကြေးနဲ့ စားနပ်ရိက္ခာတွေအကန့်အသတ်နဲ့သာရရှိနေတာကြောင့် ဆေးဝါးနဲ့အာဟာရရှိတဲ့အစားသောက်တွေလိုအပ်နေတယ်လို့  စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေက ဆိုပါတယ်။

သူတို့အတွက် ဆေးခန်းတွေပြလို့ရအောင် စီစဉ်ပေးစေချင်တယ် ဗိုက်ထဲက ကလေးက နေကောင်းလား မကောင်းဆိုတာ သိအောင်ပေါ့ ပြီးတော့ အာဟာရပြည့်အောင် နွားနို့လိုဟာမျိုးတွေနဲ့ အားဆေးတွေ သောက်ရမှာဖြစ်ပေမယ့်လည်း မတတ်နိုင်ဘူး ဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ  လဘန်(Laban)ကျေးရွာမှာရှိတဲ့ အောင်မြေ()စစ်ရှောင်စခန်းမှာ ကိုယ်ဝန်ဆောင်မိခင် ၁ ဦး နဲ့ နို့တိုက်မိခင် ၃ဦး၊ ခကွမ်ကျေးရွာစစ်ရှောင်စခန်း ကိုယ်ဝန်ဆောင်မိခင် ၁၂ ဦး ဝန်းကျင်ရှိတယ်လို့ သိရပြီး အလားတူ အင်ဂန်းကျေးရွာမှာရှိတဲ့ နောင်ဟီးကျေးရွာစစစ်ရှောင်စခန်း  ကိုယ်ဝန်ဆောင်မိခင်  ဦးနဲ့ မုတ်ကျတ်နဲ့ နောင်ခရူးကျေးရွာမှာရှိတဲ့ ခါနန်စစ်ရှောင်စခန်းမှာ ကိုယ်ဝန်ဆောင် မိခင် ၂၅ ဦး ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်တာဝန်ခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်စခန်းတွေဟာ မိုးကာနဲ့ယာယီတဲဆောက်လုပ်ထားတာကြောင့် မိုးရွာတိုင်း မိုးယိုတာတွေရှိနေပြီး စစ်ရှောင်စခန်းရေဝင်ရောက်ပြီး နေရာထိုင်ခင်းအဆင်မပြေမှုတွေကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဖျားနာတာတွေလည်း ရှိနေတယ်လို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံက ခုလိုပြောပြပါတယ်။

မြေကြီးက စိုဆွတ်နေတော့ ကိုယ်ဝန်ဆောင်မိခင်တွေချော်လှဲတာမျိုး၊ဖျားတာတွေရှိတယ် တစ်ခုခု ဖြစ်မှာကို စိုးရိမ်တာပေါ့ ပြီးတော့ မိုးစိုတော့ ကလေးအနှီးတွေမြန်မြန်မချောက်တာမျိုးတွေ ကျန်းမာရေးမကောင်းတာတွေဖြစ်တာပေါ့လို့ ဆိုပါတယ်။

လက်ရှိ စစ်ရှောင် စခန်းတွေမှာ ဆေးပေးခန်းတွေရှိပေမယ့်လည်း ကိုယ်ဝန်ဆောင် မိခင်တွေအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးတွေ ရရှိဖို့ ခက်ခဲနေတာဘဲ ဖြစ်ပါတယ်။

အလားတူ တစ်ဖက်မှာလည်း မိုးရာသီရောက်လာတာနဲ့ တစ်ပြိုင်နက် စစ်ရှောင်စခန်းတွေမှာ  သောက်ရေ၊ သုံးရေ၊ မသန့်ရှင်းမှုတွေသုံးနေရတဲ့အတွက် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေဖြစ်နေတဲ့အပြင် ငှက်ဖျားနဲ့ တုပ်ကွေးရောဂါတွေပါ ဖြစ်နေတယ်လို့ စစ်ရှာင်ပြည်သူတွေ ဆီကနေ သိရပါတယ်။

လက်ရှိ စစ်ရှောင်နေတဲ့ ပြည်သူတွေထဲက အောင်မြေ() အောင်မြေ()၊ရွှေညောင်ပင် ကျေးရွာပြည်သူတွေဟာ မတ်လ  ရက်နေ့ KIA ပူးပေါင်းတပ်တွေရဲ့စခန်းသိမ်းတိုက်ပွဲစတင်လာတဲ့ချိန်ကနေ လဘန်ကျေးရွာမှာ ထွက်ပြေးတိမ်းရှောင်လာတာဖြစ်ပြီး  မေလ ၂၁ ရက်နေ့မှာတော့  ဝူယန်နဲ့ ခကွမ်၊ နမ့်ဝါ၊ လမြန်စတဲ့ ကျေးရွာတစ်လျှေက်ပြည်သူတွေဟာ မုတ်ကျိတ်(MukChyik) နောင်ခယူး (Nawng Hkyu)၊ဒိန်ဂျာယန်(Ding Jayang) လဘန်ရွာစတဲ့ရွာတစ်လျှောက်မှာ ထွက်ပြေးခိုလုံနေကြတာဘဲဖြစ်ပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တစ်လျှောက်မှာ ပြီးခဲ့တဲ့ မတ်လ  ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်နဲ့ KIA  တပ်အကြား တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ်က နောင်ဟီး၊စန်းကားကျေးရွာတွေအပါအဝင် ရွာပေါင်း ၃၀ ဝန်းကျင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး လက်ရှိ မိုးတွင်းကာလရောက်နေတာကြောင့် ဖျားနာသူတွေများလာနေတာဘဲဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button