တိုက်ပွဲသတင်း

လားရှိုးမြို့တွင်းနဲ့ အကျဥ်းထောင်အနီးတစ်ဝိုက် တိုက်ပွဲဆက်လက်ပြင်းထန်နေ

စစ်ကြောရေးက နိုင်ကျဥ်းသားတစ်ချို့ လွှတ်မြောက်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်းနဲ့ အကျဥ်းထောင်အနီးတစ်ဝှိုက် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA ပူးပေါင်းအဖွဲ့ ဒီကနေ့ နေ့လည်ပိုင်း ၁၂ နာရီလောက်ထိတိုက်ပွဲဆက်တိုက်ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

လားရှိုးအကျဥ်းထောင်ရှိတဲ့ ရပ်ကွက် ၁၂၊ ခမရ ၅၀၇ ရှိတဲ့ ရပ်ကွက်  နဲ့ ခလရ ၆၈ တပ်ရင်း အနီးတို့မှာ တိုက်ပွဲတွေပြင်းထန်နေတာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

နေ့လည်ပိုင်းအထိ အကျဥ်းထောင်နားမှာတိုက်ပွဲကထပ်ဖြစ်နေတုန်းပဲ။ အကျဥ်းထောင်ပေါက်သွားတယ် ဆိုတာတော့မရှိသေးဘူး။ ရပ်ကွက် ၁၂ အကျဥ်းထောင်ဘက်ပေါ့လေ။ ၆၈ တပ်ရင်းကတော့ ကျပြီလို့ ပြောဖို့ ခက်နေတယ်။ ဆုတ်လိုက် ပြန်ဝင်လိုက် နှစ်ဖက်လုံးကအဲ့လိုဖြစ်နေတော့ အဖွဲ့အစည်းတွေက ခိုင်ခိုင်မာမာထုတ်မှပဲ အတည်ပြုနိုင်မယ် လို့ပြောပါတယ်။

တစ်ဖက်မှာတော့ ခလရ ၄၁ တပ်ရင်းကို သိမ်းပိုက်ချိန် စစ်ကြောရေးရောက်နေတဲ့ နိုင်ငံရေးအကျဥ်းသားတစ်ချို့ နဲ့ တစ်ခြားနိုင်ငံရေးအမှုနဲ့ဆက်စပ်သူတွေလွှတ်မြောက်လာတယ်လို့ သိရပါတယ်။

ဒါ့အပြင် လွတ်မြောက်လာတဲ့ အကျဥ်းသားတွေထဲမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တစ်ချို့လည်းပါဝင်ပြီး အတည်ပြုလို့ရတဲ့အကျဥ်းသားဦးရေကတော့  ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

ခလရ ၄၁ ကျသွားတော့ စစ်ကြောင်ရေးမှာရောက်နေတဲ့ အကျဥ်းသား တချို့တော့ပြန်လွှတ်လာတယ်။ အရေအတွက်တော့အတိအကျတော့မသိဘူး။ ဒါပေမဲ့ လက်နက်မှုတွေကြောင့်ပါတယ်။ တစ်ချို့ကတော့ နိုင်ငံရေး နဲ့ ဆက်စပ်ပြီးဖမ်းခံရသူတွေပါတယ်။ ကျနော်တို့သိတာကတော့  ယောက်သေချာတယ်။ ”လို့ဒေသခံတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကိုးကန့်တပ်ရော၊ TNLA တပ်ဖွဲ့ နှစ်ဖွဲ့လုံးနဲ့ စစ်ကောင်စီ တပ်တို့အကြား အပစ်ရပ်ကြောင်းကြေညာခဲ့သလို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတပ် နှစ်ဖွဲ့အကြား ဒီလကုန်ထိအပစ်ရပ်မယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။

ဇူလိုင်လကုန်ထိအပစ်ရပ်မယ့်ကြေညာချက်ကိုတော့ ကိုးကန့်တပ်ဖွဲ့ MNDAA ကဘဲကြေညာခဲ့တာဖြစ်ပြီး တအာင်းတပ်မတော် TNLA ဘက်ကတော့တစ်စုံတစ်ရာထုတ်ပြန်လာတာ ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့အထိ မတွေ့ရသေးပါဘူး။

လားရှိုးမြို့က ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ နှစ်ဖက်ပစ်ခတ်မှုတွေအကြား မြို့တွင်းလက်နက်ကြီး ကျရောက် ပေါက်ကွဲမှုတွေရှိပြီး အရပ်သား သေဆုံးမှုတွေလည်းရှိနေဆဲဖြစ်သလို နေအိမ်ပျက်စီးဆုံးရှုံး မှုကလည်းမြင့်တက်နေဆဲလို့ ဒေသခံတွေ နဲ့ လူ့အခွင့်ရေးလေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေက ထုတ်ပြန် ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button