ဖမ်းဆီးခံရမှုသတင်း

စစ်တပ်ဖမ်းဆီးသွားတဲ့ KBC ဆရာ ၄ ဦးထဲကနေ ၂ ဦးလွတ်မြောက်၊ ၂ ဦးကျန်ရှိနေသေး

မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ထဲက ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မဆရာ  ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး ၂ ဦးကိုတော့ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်တွေဆီကနေ သိရပါတယ်။

ဇူလိုင်လအတွင်းမှာ မြစ်ကြီးနား စီတာပူရပ်ကွက်က ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ရဲ့ သိက္ခာတော်ရ Rev. Jumzang Gyung Hkawng  ဆရာ  Mading Zung Kyang ၊ ဆရာ Sut Aung တို့ကို စစ်ကောင်စီတပ်တွေက ဇူလိုင်လ ၂၆ ရက်နေ့မှာ အကြောင်းမဲ့ ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့  ဦးထဲကနေ သိက္ခာတော်ရ Rev. Jumzang Gyung Hkawng  ဆရာ  Mading Zung Kyang တို့  ဦးကို ၂၇ ရက်နေ့မှာ ပြန်လည်လွတ်ပေးခဲ့ပေမယ့် ဆရာ Sut Aung ကိုတော့ ဒီနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီးသိရှိတဲ့ မြစ်ကြီးနား ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။

ကျနော်တို့သိထားရသလောက်ဆိုရင် ဆရာဂျုံးခေါင်နဲ့ မဒိန်ဇုန်းကရန်း နှစ်ယောက်က လွတ်လာပြီ။ ဆရာဒဘန် ဆွတ်အောင်က မလွတ်လာသေးဘူးလို့ကြားတယ်လို့ပြောပါတယ်။

လက်ရှိမှာ ဆရာ  ဦးသာ လွတ်မြောက်လာပြီး လွတ်မြောက်ဖို့ ကျန်ရှိနေသေးတဲ့ ဆရာ ဆွတ်အောင်ကို စစ်တပ်က ဘယ်နေရာမှာ ဖမ်းဆီးထားတာကို မသိရသေးဘူးလို့ ဆိုပါတယ်။

ခုလို KBC ဆရာ  ဦးဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး လက်ရှိ ကချင်ဒေသမှာဖြစ်နေတဲ့ စစ်ရေးအရကော၊ စစ်ရှောင်အရေးတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးသွားတာဖြစ်နိုင်တယ်လို့ ဆက်ဆိုပါတယ်။

ဘာလို့ဖမ်းဆီးသွားသလဲဆိုတာက ကျနော်တို့ကလည်း အသေးစိတ်မသိရပါတယ်။ ဒါပေမယ့် အခုလို ဖမ်းဆီးသွားတာက သူတို့နဲ့ဘာမှတော့ မဆိုင်ပေမယ့် လက်ရှိ စစ်ရေးအခြေအနေကြောင့်လည်းပါမယ်ထင်တယ်။ နောက်ပြီး စစ်ရှောင်စခန်းတည်ဆောက်တာနဲ့ ပတ်သက်ပြီးကြားတယ်။ မလုပ်ခိုင်းတဲ့ဟာကို စခန်းတည်ဆောက်တာတွေ လုပ်လို့ ထင်တာပါပဲလို့ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အဲဒီ KBC   ဦးအပြင် ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့မှာ ဝိုင်းမော်မြို့နယ် ကချင်နှစ်ခြင်းခရစ်ယာန် KBC ဥက္ကဋ္ဌ ဖြစ်တဲ့ သိက္ခာတော်ရ Rev. Mading Hkaw Bawm ကိုလည်း ဖမ်းဆီးသွားပြီး ၁၀ ရက်ကျော်ရှိလာပေမယ့် ဒီကနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ နီးစပ်သူတွေ ဆီကနေ သိရပါတယ်။

ဆရာ Mading Hkaw  Bawm ဟာ ဇူလိုင် ၂၇ ရက်နေ့မှာ ဝိုင်းမော်၊ ဝူယန်ပြည်သူ့စစ်တပ်တွေက ပြည်သူ့စစ်တပ်စခန်းဝင်း ပတ်ပတ်လည် နေရာကို ဘက်ဟိုးနဲ့ ကတုတ်ကျင်းတူးဖော်ပြီး လုံခြုံရေးပြင်ဆင်နေတဲ့ ရုပ်သံဗီဒီယိုဖိုင်အတို တစ်ခု လူမှုကွန်ယက်စာမျက်နှာမှာ တင်ခဲ့တာကြောင့် စွပ်စွဲချက်နဲ့ အဲဒီနေ့မှာတင်ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဒါပေမယ့် ဖမ်းဆီးခံရတဲ့ ၁၀ ရက်ကျော်ကြာလာတဲ့အထိ လွတ်မြောက်လာခြင်းမရှိသလို စစ်တပ်က ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ မသိရသေးပါဘူး။

ဖမ်းဆီးခံရတဲ့ ဆရာ  Mading Hkaw  Bawm မဒိန်ခေါဘွမ့်ဟာ ဝိုင်းမော်မြို့နယ် KBC ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နေသလို ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေကို စောင့်ရှောက်ကူညီပေးနေသူ တစ်ဦးလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဟောင်းဖြစ်တဲ့ ဆရာခလမ်ဆမ်ဆွန်ကိုလည်း  ကြိမ်တိုင်တိုင် ဖမ်းဆီးခဲ့ပြီး ယခုလအတွင်းမှာပဲ ပြန်လည်လွတ်ပေးခဲ့တာဖြစ်ပါတယ်။

ပထမအကြိမ်ဖမ်းဆီးမှုမှာ စစ်တပ်က တရားဥပဒေ ပုဒ်မ  ခုနဲ့ တရားစွဲဆိုပြီး ပုဒ်မ  ခုအတွက် ထောင်ဒဏ်  နှစ် ချမှတ်လိုက်ပြီးနောက် မြစ်ကြီးနားကျဉ်းထောင်မှာ တစ်နှစ်နဲ့  လဝန်းကျင်လောက်အကျဉ်းကျခံခဲ့ပြီး ဧပြီလ ၁၇ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။

အဲဒီလွတ်မြောက်လာတဲ့ တစ်ရက်ထဲမှာပဲ စစ်တပ်က ငြိမ်းချမ်းရေးဆွေးရန် ခေါင်းစဉ်နဲ့ ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခဲ့ပြီး မြစ်ကြီးနားအကျဉ်းထောင် နေအိမ်တစ်ခုမှာ  လဝန်းကျင်လောက် အကျယ်ချုပ် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အခုဇူလိုင်လ ၂၂ ရက်နေ့မှာ ဆရာခလမ်ဆမ်ဆွန်ကို စစ်တပ်က ပြန်လည်လွတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်ထဲမှာ စစ်တပ်က ဘာသာရေးဆရာတွေကို အကြောင်းမဲ့ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ USCIRF ရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာထဲမှာ အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာနိုင်ငံ ဧရိယာရဲ့ ၁၇ ရာခိုင်နှုန်းလောက်ကိုပဲ ထိန်းချုပ်ထားနိုင်ပေမယ့်၊ သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာ ဆန့်ကျင်သူတွေကို ဖိနှိပ်တာ၊ လွတ်လပ်ခွင့်တွေကို ကန့်သတ်တာတွေ လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button