သတင်း

ဖားကန့်မြို့နယ်တစ်ခုလုံး ငွေလွှဲ၊ ငွေထုတ် ဆိုင်တစ်ဆိုင်သာရှိပြီး အကန့်အသတ် နဲ့ သာထုတ်ခွင့်ရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ငွေလွှဲငွေထုတ်ဝန်ဆောင်မှုပေးတဲ့ ဆိုင်တစ်ဆိုင်သာရှိပြီး အကန့်အသတ်နဲ့သာထုတ်ပေးနေတာကြောင့် ပြည်သူတွေ ခက်ခဲနေကြတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့ကနေ ဖုန်း၊အင်တာနက်လိုင်းတွေပြတ်တောက်သွားတဲ့နောက် ဖုန်းထဲမှာရှိတဲ့ KPAY နဲ့ wavepay အကောင့်တွေကျသွားတဲ့အတွက်  ငွေတွေထုတ်လို့မရဘဲ မြို့တွင်းထဲမှာရှိတဲ့ လေယာဉ်လက်မှတ်အရောင်းဆိုင်တစ်ဆိုင်မှာသာ ငွေလွှဲငွေထုတ်ရနေတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။

“Sim card လိုင်းပိတ်ထားတော့ လော့ကျကုန်တာ၊ ခု တစ်မြို့လုံးမှာ တစ်နေရာပဲ ငွေထုတ် ငွေလွှဲ ရတယ်။ ဒါတောင် kpay အကောင့်နှစ်ခုပဲ ထုတ်လွှဲရတော့တာတဲ့။ အကောင့် active ဖြစ်လို့ သွားထုတ်ရင်လည်းရတယ် ဒါပေမယ့် မျှထုတ်ပေးတာ လူတစ်ယောက်က ငါးဆယ်ထုတ်ချင်ရင် ထုတ်ပေးလို့မရဘူး တခြားလူလည်း ထုတ်ချင်ကြမှာမို့ ဆိုင်မှာရှိတာ မျှထုတ်ပေးတာလို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိ ဖားကန့်မြို့တွင်း လေယာဉ်လက်မှတ်အရောင်းဆိုင်တစ်ခုသာ Kpay အကောင့်သာ ထုတ်လို့ရနေပြီး ငွေလွှဲချင်သူတွေအနေနဲ့ မနက်  နာရီကနေ  နာရီထိ ငွေလွှဲလက်ခံပြီး ၉နာရီနောက်ပိုင်း ငွေထုတ်ပေးတယ်လို့ သူကဆက်ပြောပါတယ်။

ဒါပေမယ့် ငွေထုတ်လိုသူတွေအနေနဲ့ လိုချင်တဲ့ပမာဏာထုတ်လို့မရဘဲ ဆိုင်မှာရှိတဲ့ ငွေပမာဏပေါ်မှုတည်ပြီး ထုတ်ပေးနေတာလို့ သိရပါတယ်။

“Kpay လွှဲတာက မနက် 7 ကနေ 9 အထိပဲ၊ ထုတ်တာက သူတို့လက်ထဲ ထုတ်ပေးနိုင်တဲ့ ပမာဏအထိပဲ မျှထုတ်ပေးတာ ဥပမာ သိန်း ၂၀ ထုတ်ချင်တဲ့သူဆိုရင် ၁၀ သိန်းလောက်ထုတ်ပေးတယ်။ လိုချင်သလောက်မရဘူး အားလုံးက အရမ်းခက်ခဲနေကြတယ်လို့ ဇူလိုင်လ ၂၉ ရက်နေ့က ငွေထုတ်ခဲ့တဲ့ ဖားကန့်ပြည်သူတစ်ဦးက ပြောပါတယ်။

ခုလို ဖုန်းအင်တာနက်ပြတ်တောက်ပြီး ငွေလွှဲ၊ငွေထုတ်ခက်ခဲသွားတာကြောင့် ကုန်ပစ္စည်းမှာယူသူတွေ နှောင့်နှေးမှုတွေ ပိုများလာတဲ့အတွက် ကုန်ပစ္စည်းပြတ်လပ်တာတွေအပြင် ကုန်စျေးနှုန်းတွေလည်း ပိုမြင့်တက်လာတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ဖုန်းအင်တာနက်လိုင်းအားလုံးပြတ်တောက်နေပြီး ဒီကိစ္စနဲ့ပတ်သက်လို့  KNG သတင်းဌာနက ကချင်ပြည်နယ်စစ်ကောင်စီအဖွဲ့နဲ့ စစ်ကောင်စီသတင်းနဲ့ပြန်ကြားရေး ပြောဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်နေပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူ။

ဒါ့အပြင် ဖုန်း၊အင်တနက်လိုင်းတွေပြတ်တောက်နေတဲ့အတွက် အင်တာနက်လိုင်းတွေကို IPSTARNတပ်ဆင်ထားတဲ့ ဆိုင်  ဆိုင်မှာ တုံကင်စီစနစ်နဲ့သုံးနေရပြီး တစ်နာရီိကို ကျပ်  သောင်းပေးပြီးသုံးနေရတဲ့အပြင် တုံကင်နံပါတ်ကလည်း တစ်ပတ်စာကုန်နေပြီလို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံရမှု ဒုတိယ  အဆိုးဆုံး နိုင်ငံဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ၂၀၂၃ အောက်တိုဘာလက ထုတ်ပြန်တဲ့ Freedom on the Net ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

အလားတူ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ အရ လူတိုင်း လွတ်လပ်စွာ ယူဆနိုင်ခွင့်နှင့်လွတ်လပ်စွာ ဖွင့်ဟပြောဆိုပိုင်ခွင့်ရှိသည်။

အဆိုပါအခွင့်အရေးများထဲ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင် နယ်နမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနဲ့ သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာပါဝင်ဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နဲ့ဝေငှဖြန့်ချီနိုင်ခွင့်တို့ပါဝင်ပါတယ်။

By – CJ

Show More

Related Articles

Back to top button