တိုက်ပွဲသတင်း

မြစ်ကြီးနားမြို့နယ်ထဲက တယန်ဇွပ်(Tayang Zup) စစ်တပ်စခန်း ၃ နေရာခုကို KIA သိမ်းပိုက်

အင်ဆောပ့်(Nsawp) တပ်စခန်းကို ပြန်လည်တိုက်ခိုက်နေ

မြစ်ကြီးနားမြို့နယ် – ဆွမ်ပရာဘွမ့်သွားလမ်းပေါ် တယန်ဇွပ်စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA  ဒီနေ့ ဩဂုတ်လ  ရက်နေ့ မနက်ပိုင်း  နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။

တယန်ဇွပ်မှာ စစ်ကောင်စီတပ်က တပ်စခန်း  နေရာခွဲပြီး တပ်ချထားတဲ့အတွက် တပ်စခန်း  နေရာစလုံးကို အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

တယန်ဇွပ်က ဒီကနေ့ မနက်ပိုင်း  နာရီလောက်မှာ အပြီးသတ်သိမ်းလိုက်တာဖြစ်တယ်။ သူတို့တပ်ခွဲပြီး နေကြတဲ့ စခန်း  ခုစလုံးကို သိမ်းလိုက်တာဖြစ်တယ်လို့ပြောပါတယ်။

KIA တပ်တွေ ဒီနေ့ မနက်ပိုင်း  နာရီခန့်လောက်မှာ တပ်စခန်းတဝက်လောက်ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး   နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

KIA သိမ်းပိုက်လိုက်တဲ့ တယန်ဇွပ်စစ်တပ်စခန်းဟာ မြစ်ကြီးနားမြို့နယ်ထဲကနေ ဆွမ်ပရာဘွမ့်ကို တက်သွားတဲ့လမ်းတစ်ကြောကို အဓိကလုံခြုံရေးရယူထားတဲ့ တပ်စခန်းတစ်ခုဖြစ့်တဲ့အတွက် စစ်ရေးအရ အရေးပါတဲ့ နေရာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ့်ကို တက်သွားတဲ့ လမ်းကို လုံခြုံရေးယူပေးတဲ့ နေရာဖြစ်တယ်။ တယန်ဇွပ်ကနေ ရေကြောင်းနဲ့ စစ်လှေသွားတဲ့ သူတွေကို တားမြစ်ပြီး စစ်ဆေးရေးအရမ်းတင်းကြပ်တဲ့နေရာဖြစ်တယ်။ ပြီးရင် တယန်ဇွပ်ကနေ စက်လှေ တက်သွားရင် KIA တပ်မဟာ (နေရာကို တက်သွားတာလည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် အရေးပါတဲ့ နေရာဖြစ်တယ်လို့ပြောပါတယ်။

လက်ရှိ KIA တပ်တွေက တယန်ဇွပ်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် အထက်ဘက် ၁၀ မိုင်လောက်အကွာမှာရှိတဲ့ အင်ဆော့ပ် (Nsawp Zup) တပ်စခန်းနေရာကိုလည်း ထပ်မံတိုက်ခိုက်နေတယ်လို့သိရပါတယ်။

မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကားလမ်းပေါ်မှာဖြစ်ပွားတဲ့ တိုက်ပွဲဟာ ပြီးခဲ့တဲ့ မေလ  ရက်နေ့ ဆွမ်ပရာဘွမ့်မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက်ပိုင်း  လလောက် တိုက်ပွဲငြိမ်သက်သွားတာဖြစ်ပါတယ်။ 

KIA တပ်တွေက ဆွမ်ပရာဘွမ့်မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့  လအတွင်းမှာ ဆွမ်ပရာဘွမ့်မြို့အပါ မလိယန်နဲ့ ဒိန်ဝါရွမ်စတဲ့ တပ်စခန်းတစ်ချို့ကိုလည်း သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဩဂုတ်လ  ရက်နေ့မှာတော့ မြစ်ကြီးနားမြို့နယ်ခြမ်းဘက်မှာ ကျန်ရှိနေသေးတဲ့ တယန်ဇွပ်၊ အင်ဆောပ့် စတဲ့ စစ်တပ်စခန်းနေရာတွေမှာ တိုက်ပွဲဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button