လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကွတ်ခိုင်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၆ ဦးအထိရှိလာ ဆိုင်ပေါင်း ၄၀၁ ခန်းမီးလောင် ပျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ  ဦးအထိရှိလာပြီး မြို့မဈေးက ဆိုင်ခန်းပေါင်း ၄၀၁ ခန်းမီးလောင်ပျက်ဆီးခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA က သတင်း ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က ဩဂုတ်လ  ရက်နေ့ ညနေပိုင်း  နာရီဝန်းကျင်မှာ ကွတ်ခိုင်မြို့မဈေးနဲ့ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်ကိုလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုက ဒေသခံတွေ အတွက် ကြီးမားတဲ့သက်ရောက်မှုကြီးဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သက်ရောက်မှုကတော်တော်ကြီးတယ်။ အခုလောလောဆယ်ထိတော့ဈေးလည်းသွားမရောင်းရဲသေးဘူး။ အခုလောင်တဲ့နေရာတွေက တန်ဖိုးကြီးပစ္စည်းတွေရောင်းတဲ့ဆိုင်တွေများတယ်။လို့ဒေသခံတစ်ဦးကပြောပါတယ်။

ကွတ်ခိုင်မြို့ခံတွေအားထားရာ မြို့မဈေးမှာ ဗုံး၂လုံး၊ ပြည်ထောင်စုလမ်းမကြီးပေါ်က ဂေါ်ရခါးဘုရားကျောင်း အနီးတစ်ဝှိုက်  လုံး နဲ့ ရပ်ကွက်၃ တာမိုးညဲလမ်းဘေး၌  လုံး ပေါင်၅၀၀ ဗုံးတွေပဲ ၇လုံးတိတိကြဲချခဲ့တာ ဖြစ်ပါတယ်။

တအာင်းတပ်မတော် TNLA ဘက်ကတော့ စစ်ကောင်စီတပ်ရဲ့ဒီလုပ်ရပ်ဟာ လက်နက်ကိုင်တပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမဟုတ်ပဲ အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်တယ်လို့ မနေ့ကပဲ KNG ကိုပြောဆိုထားပါတယ်။

လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်းကစလို့လက်ရှိအချိန်ထိတော့ အဲ့ဒီအနီးတစ်ဝှိုက် လူသူအသွား အလာကင်းမဲ့သွားပြီလို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ဈေးနားတစ်ဝှိုက်ကတော့တစ်ချို့ရှောင်ကြပြီ တစ်ချို့တော့ပစ္စည်းတွေရွှေ့ပေါ့။ မြို့ကတော့ တော်တော် လေး ပြန်ခြောက်ကပ်သွားပြီ။ ဆိုင်တွေလည်းမဖွင့်ကြဘူးလို့ပြောပါတယ်။

စစ်ကောင်စီရဲ့ ဒီလေကြောင်းတိုက်ခိုက်မှုလုပ်ရပ်အပေါ်‌ မြောက်ပိုင်းညီနောင်  ဖွဲ့ကလည်း ကန့်ကွတ်ရှုတ်ချ ကြောင်းထုတ်ပြန်ချက်ထုတ်ထားသလို တရုတ်နိုင်ငံအပါအဝင်နိုင်ငံတကာကိုလည်း စစ်တပ်ရဲ့ကျူးလွန်မှု တွေကို ဝိုင်းဝန်းတားဆီးပေးကြဖို့ တောင်းဆိုထားခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၈၀၀ နီးပါးပြုလုပ်ခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု ISP Myanmar က ဩဂုတ်လ  ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button