ဟုမ္မလင်းမြို့နယ် လောင်းမင်းရွာတိုက်ပွဲ SNA တပ်သား ၅ ဦးဖမ်းဆီးရမိ
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် လောင်းမင်းကျေးရွာတိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့ဝင် ၅ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်း တစ်ချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဒီကနေ့ ဩဂုတ်လ ၂ ရက်နေ့ရက်စွဲနဲ့ သတင်းထုတ် ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့က လောင်းမင်းကျေးရွာမှာတပ်စွဲထားတဲ့ ခမရ ၃၀၉၊ ရှမ်းနီအမျိုးသားတပ် မတော် SNA တပ်ဖွဲ့ဝင်တွေကို ခန္တီးခရိုင် နဲ့ မော်လိုက်ခရိုင်ထဲက ကာကွယ်ရေးတပ်တွေပူးပေါင်းပြီးတော့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လောင်းမင်းရွာကိုပါသိမ်းပိုက်နိုင်ခဲ့တာလို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
လက်ရှိ ဟုမ္မလင်းစစ်ရေးအခြေနေနဲ့ပတ်သက်လို့ ခန္တီးခရိုင်အမှတ် ၁ တပ်ရင်းက ပြန်ကြားရေးတာဝန်ခံက အခုလိုပြောပါတယ်။
“လက်တလော စစ်ရေးထိတွေ့မှုတွေခပ်စိပ်စိပ်ဖြစ်ပွားလာတာပဲရှိပါတယ်။ အဓိကအားဖြင့်တော့ ရေကြောင်းကနေတက်လာတဲ့ စကစဖလက်ခွန်တွေကို အစုန်အဆန်မှာ ကျနော်တို့အဖွဲ့တွေဘက်က သိမ်းပိုက်စိုးမိုးထားတဲ့ မြစ်ကြောင်းတစ်လျှောက်က ဒေသတွေမှာထိတွေ့မှုဖြစ်စဥ်ပိုများတာပေါ့”လို့ ပြောပါတယ်
ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ရဲ့အထက်ပိုင်းမှာရှိတဲ့ လောင်းမင်းရွာကို သိမ်းပိုက်နိုင်ခဲ့မှုအတွင်း ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ၂ ဦးသေဆုံးခဲ့ရသလို အရပ်သား ၄ ဦးလည်း သေဆုံးခဲ့ရတယ်လို့ အမှတ် ၁ စစ်ဒေသရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
လောင်းမင်းရွာကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့အထိ တော်လှန်ရေးအင်အားစုတွေဘက်က ထိန်းချုပ်ထား တာဖြစ်ပြီး ဩဂုတ်လ ၂၁ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က ရေကြောင်းအတိုင်းအင်အားအလုံးအရင်း သုံးပြီး ထိုးစစ်ဆင်လာလို့နောက်ဆုတ်ပေးခဲ့ရတာဖြစ်ပါတယ်။
“လောင်းမင်းက အရင်တည်းက ကျနော်တို့ သိမ်းပိုက်ထားခဲ့တာပါသူတို့ အင်အားအလုံးအရင်းနဲ့ ပြန်လည် ထိုးစစ် ဆင်လာတဲ့အချိန်မှာ ကျနော်တို့ဘက်က ပုံမှန် ကာကွယ်ရေးတပ်စိပ်တွေပဲရှိလို့ အင်အားမမျှတာနဲ့ ခနဆုတ်ခွာပေးခဲ့ရတယ်ပေါ့ ခန့်မှန်း လွန်ခဲ့တဲ့ ငါးရက် တစ်ပတ်လောက်ပါပဲ”လို့ ခန္တီးခရိုင်အမှတ် ၁ တပ်ရင်းက ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
လက်ရှိတော့ လောင်းမင်းရွာကို တော်လှန်ရေးအင်အားစုတွေဘက်ကပြန်လည်သိမ်းပိုက်ထားပြီး အဲ့ဒီတိုက်ပွဲ အတွင်းတော်လှန်ရေးအင်အားစုတွေဘက်က ၂ ဦးလည်းသေဆုံးခဲ့ရပါတယ်။
လတ်တလော လောင်းမင်းရွာကိုသိမ်းပိုက်ပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီပူးပေါင်းတပ်နဲ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေအကြား ထိတွေ့မှုတွေနေ့စဥ်လိုလိုရှိနေတယ်လို့ ကာကွယ်ရေးတပ်တွေဘက်ကပြောပါ တယ်။
ဒါ့အပြင် အမှတ် ၁ စစ်ဒေသရဲ့ ဒီကနေ့ ဩဂုတ်လ ၂၆ ရက်နေ့ထုတ်ပြန်ချက်ထဲမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့က ဟုမ္မလင်းမြို့နယ် ဆပ်ကယားရွာတိုက်ပွဲမှာ ကာကွယ်ရေးပူးပေါင်းတပ်ဘက်က တစ်ဦးကျည် ထိမှန်ဒဏ်ရာရရာကနေ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံခဲ့ရပြီး ခေါင်းဖြတ်အသတ်ခံခဲ့ရတယ်လို့ ဖော်ပြထား ပါတယ်။
By – အမိုး