စစ်ရေးသတင်း

သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေးအားနည်းသူများ ကြိုတင်တိမ်းရှောင်ကြဖို့ ဗန်းမော်ကာကွယ်ရေးတပ် သတိပေး

ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းလက်ရှိစစ်ရေးအခြေနေတွေကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေး အားနည်းသူတွေ ကြိုတင်တိမ်းရှောင်ကြဖို့လုပ်ဆောင်သင့်တယ်လို့ ဗန်းမော်မြို့နယ် ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။

ဗန်းမော်မြို့တွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီရက်ပိုင်းအတွင်း မြို့နဲ့ ၅ မိုင်ပတ်ဝန်းကျင်အကွာက တိုက်ပွဲဖြစ်နေတဲ့နေရာတွေကို လက်နက်ကြီးပစ်ခတ်တာတွေရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် တိုက်ပွဲလုံးဝဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလည်း လက်နက်ကြီးပစ်ခတ်မှုဆက်တိုက်ရှိ‌နေတာကြောင့် ဒေသခံ တွေ ကြိုတင်ပြင်ဆင်သင့်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

စစ်တပ်ဘက်ကလုပ်နေတဲ့ လက်နက်ကြီးပစ်ခတ်မှုတွေမှာ စမ်းသပ်ပစ်ခတ်တာတွေလုပ်နေတာဆိုတော့ ကတုတ်ကျင်းတွေဘာတွေလုပ်ထားသင့်တယ်လို့တော့မြင်တယ်။ ကျနော်ကတော့ မြို့ထဲကလူတွေ အနေနဲ့ ဒီလပိုင်းအတွင်းမှာတော့ သက်ကြီးရွယ်အိုနဲ့လှုပ်ရှားရခက်တဲ့သူတွေကတော့ရှောင်ဖို့အကြံပေးချင်တယ်ဗျလို့ပြောပါတယ်။

ဗန်းမော်မြို့တွင်းတပ်တွေဖြစ်တဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ခလရ ၄၇ တပ် နဲ့ ဗန်းမော်မြို့နယ်ထဲက လက်နက်ကြီးအထိုင်ချထားတဲ့နေရာတွေကနေ နေ့စဥ်လက်နက်ကြီးပစ်ခတ်မှုတွေလုပ်နေတာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေလည်းရှိနေတာဖြစ်ပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ရင်းတွေရဲ့ လက်နက်ကြီးတွေဟာ ဗန်းမော်မြို့နဲ့အနီးဆုံး ဗန်းမော်တက္ကသိုလ်အနီးတစ် ဝှိုက်၊ တိုက်ပွဲဖြစ်နေတဲ့ ကောင်ဂျာယန်၊မံစီ အပါအဝင် စီဟဲရွာတွေဘက်ကိုလက်နက်ကြီးပုံမှန်ပစ်ခတ်လေ့ ရှိတယ်လို့ သိရပါတယ်။

ဒီလိုလက်နက်ကြီးပစ်ခတ်မှုတွေအကြား ဗန်းမော်မြို့တွင်းမှာ ဒေသခံအရပ်သားတွေဟာ ပုံမှန်သွားလာနေကြ ရပြီး မြို့တွင်းစစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးစစ်ဆေးမှုတွေကိုလည်းကြုံနေကြရတယ်လို့ ဗန်းမော်ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

အရပ်သားတွေရဲ့အခြေနေကလုံခြုံမှုမရှိဘူးလို့ပြောလို့ရတယ်ဗျ စစ်တပ်ဘက်ကပစ်ခတ်တဲ့လက်နက်ကြီး တွေရယ် သွားလာနေတဲ့လူငယ် အမျိုးသားတစ်ချို့ကို စစ်တပ်ဘက်ကအကြောင်းမဲ့ဖမ်းဆီးတာတွေရှိနေ တယ်လို့ကြားထားတယ်။လို့ပြောပါတယ်။

တစ်ဖက်မှာအခုလို ဗန်းမော်မြို့ကိုဦးတည်လာတဲ့တိုက်ပွဲတွေကြောင့် အရပ်သားတစ်ချို့လည်း ဘေးလွှတ်ရာ ကိုထွက်ပြေးတိမ်းရှောင်တာတွေရှိပေမဲ့လည်း ငွေကြေးမတတ်နိုင်သူတစ်ချို့နဲ့ ဒေသခံတစ်ချို့ကတော့ အခြေနေအမျိုးမျိုးကြောင့် ဘေးလွှတ်ရာကိုမတိမ်းရှောင်နိုင်ကြသေးတာဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကိုသိမ်းပိုက်ထားပြီး  ဩဂုတ်လ ၂၀ ရက်နေ့မှာ ကောင့်ဂျာယန် တဝိုက်လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းကာကင်း တပ်စခန်း ၂ ခုကိုလည်းသိမ်းပိုက်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button