သတင်း

မြန်မာကျပ်ငွေစျေးကျဆင်းမှုကြောင့် နယ်စပ်တစ်လျှောက်မှာနေထိုင်တဲ့စစ်ရှောင်များ အခက်တွေ့

မြန်မာကျပ်ငွေကျအဆမတန်ကျဆင်းပြီး နိုင်ငံခြားငွေမြင့်တက်မှုကြောင့် တရုတ်မြန်မာနယ်စပ်မှာနေထိုင်တဲ့ စစ်ရှောင်ပြည်သူတွေ အခက်တွေ့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

တရုတ်နယ်တစ်လျှောက်နေထိုင်တဲ့ စစ်ရှောင်ပြည်သူတွေဟာ ကုန်ပစ္စည်းနဲ့ အခြေခံစားသောက်ကုန်ဝယ်ယူတဲ့အခါ တရုတ်ယွင်ကိုအများပိုင်း အသုံးပြုနေရတဲ့အတွက် နယ်စပ်မှာ နေထိုင်တဲ့စစ်ရှောင်တွေအခက်တွေ့နေကြတယ်လို့ လိုင်ဇာမြို့အနီး ဂျယ်အိန်(Jeyang) စစ်ရှောင်စခန်းမှာနေထိုင်တဲ့ မိခင်တစ်ဦးလည်းအပါအဝင်ဖြစ်ပါတယ်။

ငွေဈေးတက်တဲ့အတွက် စိတ်ဓာတ်တွေလည်းကျနေတယ် တရုတ်– မြန်မာနယ်စပ်မှာနေတော့ ပိုပြီးခက်ခဲတယ် ဘယ်မှာမှ မရှာစားတတ်တော့ဘူး ရှာစားမဲ့နေရာလည်းမရှိတော့ ပိုခက်ခဲနေတာပေါ့  ပစ္စည်းတွေဝယ်ရင်လည်း တရုတ်ပိုက်ဆံနဲ့ဘဲ ဝယ်နေရ ကျွန်မတို့မှာ ရှိတာကမြန်မာကျပ်‌ငွေဘဲ ပြန်ဖြစ်နေလို့ သူမကပြောပါတယ်။

 ကချင်လွတ်လပ်ရေးအစိုးရ KIO ထိန်းချုပ်နယ်မြေအားလုံး အခြေခံစားသောက်ကုန်တွေကို မြစ်ကြီးနားနဲ့တရုတ်ပြည်ဘက်က အဓိကတင်သွင်းနေတာဖြစ်တဲ့အတွက် ကုန်ပစ္စည်းဝယ်ယူရာမှာ ယွင်ငွေနဲ့ မြန်မာကျပ်ငွေကို အသုံးပြုတာဖြစ်ပါတယ်။ 

ဒါ့အပြင် နယ်စပ်မှာနေထိုင်ကြတဲ့ ပညာရေးဝန်ထမ်းတွေနဲ့တစ်ခြားသော ရုံးဝန်ထမ်းတွေအားလုံး လုပ်ခလစာဟာ မြန်မာကျပ်ငွေနဲ့သာရရှိကြတဲ့အပြင် ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေလည်း နေ့စားအလုပ်အကိုင်တွေအားလုံး မြန်မာကျပ်ငွေသာ ရရှိတဲ့အတွက် ပိုပြီးခက်ခဲနေကြတာလည်းဖြစ်ပါတယ်။ 

အလားတူဘဲ ပြည်တွင်းမှာနေထိုင်တဲ့သူတွေသာမက အိမ်ကထောက်ပံ့ငွေနဲ့နိုင်ငံခြားရောက်နေကြတဲ့သူတွေလည်း ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် အခက်တွေ့နေကြတာဘဲ ဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကြောင့်  ကချင်ပြည်နယ်ကနေ ထိုင်းနိုင်ငံကိုရောက်နေနေလူငယ်တစ်ဦးကလည်း အိမ်ကပို့ပေးတဲ့ကျပ်ငွေကို ဘတ်ငွေအဖြစ်နဲ့ပြောင်းလဲအသုံးပြုရတဲ့အတွက် စရိတ်စခတွေပိုမိုများလာပြီး ဒုက္ခရောက်နေတာဘဲ ဖြစ်ပါတယ်။

အခုစားဖို့တောင်မရှိတော့ဘူး အိမ်ကလူတွေကိုတော့ ပိုက်ဆံပို့ပေးဖို့ပြောထားတယ် ခေါက်ဆွဲခြောက်ဘဲ ကျန်တော့တယ် အဲတာဘဲ စားနေရတယ် ဆန်လည်းကုန်ပြီး အိမ်ကလည်း ပိုက်ဆံပို့ပေးဖို့အခက်တွေ့နေတယ်လို့ ထိုလူငယ်ကပြောပါတယ်။

လက်ရှိထိုင်းနိုင်ငံမှာ တက္ကသိုလ်တက်နေတဲ့ ကချင်ပြည်နယ်က မိန်းကလေးတစ်ဦးကလည်း ငွေကျပ်တန်ဖိုးကျဆင်းမှုတွေကြောင့် ကျောင်းစရိတ်တွေပိုမိုမြင့်တက်လာပြီးကို အချိန်မှီမထည့်သွင်းနိုင်မှာကို စိုးရိမ်ပူပန်တယ်လို့ဆိုပါတယ်။

ကျောင်းလခကို အချိန်မှီမသွင်းနိုင်ရင်တော့ ကိုယ်က ကျောင်းနားရင်လည်းနားလိုက်ရမှာ ဒါကြောင့်ပိုခက်နေတယ် အစကတော့ ကိုယ်အခြေအနေနဲ့တက်နိုင်တဲ့ကျောင်းကိုတက်တာဖြစ်ပေမယ့်လည်း ဒီမှာငွေဈေးတက်လာတဲ့အတွက် ချွေတာပြီးသုံးနေရတယ်လို့သူမကပြောပါတယ်။

မြန်မာကျပ်ငွေတန်ဖိုးပိုမို ကျဆင်းလာတာနဲ့အတူ အမေရိကန်ဒေါ်လာ၊ တရုတ်ယွန်၊ ထိုင်းဘတ်နဲ့ မလေးရှားငွေတန်ဖိုးတွေ ပိုမိုမြင့်တက်လာတဲ့အတွက် ကုန်ပစ္စည်းတန်ဖိုးလည်း တစ်နေတခြားပိုမို ဈေးတက်လာတာဘဲ ဖြစ်ပါတယ်။

လက်ရှိတရုတ်ယွင် တစ်ရာမှာ မြန်မာကျပ်ငွေ တစ်သိန်းဝန်းကျင်၊ ၁ ဒေါ်လာ ကို ကျပ်ငွေ ငါးထောင် လေးရာဝန်းကျင်၊ မြန်မာကျပ်ငွေတစ်သိန်းကို ထိုင်းဘတ် ခြောက်ရာလေးဆယ်ဝန်းကျင်ထိ မြကျဆင်းနေတာဘဲ ဖြစ်ပါတယ်။  

၂၀၂၄နှစ်စကနေ ဩဂုတ်လထိ ခုနစ်လအတွင်းမှာဘဲ မြန်မာကျပ်ငွေတန်ဖိုးဟာ နှစ်ဆထိကျဆင်းသွားခဲ့တာဘဲ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button