တိုက်ပွဲသတင်း

ဆိုင်းတောင်ရွာကို စစ်တပ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူနေအိမ်အများအပြား မီးလောင်ပျက်စီး

တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ စက်တင်ဘာလ ၁၂ ရက်နေ့  နာရီဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာ  စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်အများအပြား မီးလောင်ပျက်စီးနေပြီး အရပ်သား ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ KIO ပြောပါတယ်။

ဆိုင်းတောင် ရဲစခန်းကို မနက်ပိုင်း  နာရီလောက်မှာ သိမ်းပိုက်နိုင်တယ်လို့ပြောလာတယ်။ အဲဒါကြောင့် ဆိုင်တောင်မှာ စစ်တပ်က လက်နက်ကြီးပစ်သလို လေယာဉ်နဲ့ လာပစ်နေတဲ့အတွက် လူနေအိမ်တွေ မီးလောင်ပျက်စီးနေတယ်။ အခုလေယာဉ်ဗုံးကြဲတဲ့ နေရာက ကျေးရွာထဲမှာဖြစ်တဲ့အတွက် ပြည်သူတွေလည်း ထိခိုက်သေဆုံးတာတွေရှိနိုင်ပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုမသိနိုင်သေးဘူးလို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်း  နာရီဝန်းကျင်လောက် ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲဖြစ်နေတဲ့ Lucky Man Hotel ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေကိုလည်း ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်တပ်ကဖားကန့် စစ်ဗျူဟာကုန်းကနေ ဆိုင်းတောင်ကျေးရွာထဲကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သလို နေ့လည်  နာရီဝန်းကျင်လောက်မှာလည်း ဂျက်လေယာဉ်  စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖားကန့်ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဆိုင်းတောင်ကျေးရွာ ရပ်ကွက်(နဲ့ ဆိုင်းတောင်တံတားအောက်ဖက်နေရာတွေမှာ အဓိကလာရောက်ဗုံးကြဲသွားတဲ့အတွက် လူနေအိမ်အများအပြား မီးလောင်ပျက်စီးနေပြီး အရပ်သားပြည်သူတွေလည်း ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ညနေပိုင်း  နာရီဝန်းကျင်အထိ ဆိုင်းတောင်ကျေးရွာထဲမှာ နှစ်ဖက်စစ်တပ် တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနဲ့ လူနေအိမ်မီးလောင်ပျက်စီးသွားတဲ့ အခြေအနေ အသေးစိတ်ကို သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

တစ်ပတ်အကြာ တိုက်ပွဲနေရာဖြစ်နေတဲ့ Lucky Man Hotel ထဲမှာ စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်လောက်ကို KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေပြီး မြေပြင်မှာ နှစ်ဖက်စစ်တပ် အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေဆဲဲဖြစ်တယ်လို့ သိရပါတယ်။

ဆိုင်းတောင်တိုက်ပွဲဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ  ရက်နေ့နောက်ပိုင်း Lucky Man Hotel ထဲမှာရှိနေတဲ့ KIA နဲ့ PDF တပ်တွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း  ခုနဲ့ ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် အခုလို နှစ်ဖက်စစ်တပ် တိုက်ပွဲပြင်းထန်လာတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button